အခန်း (၆၉)
Vol. 5 Ch. 69
ပွဲကြည့်စင် ခုနှစ်ခု ၏ အောင်ပွဲများသည် ပွဲကြည့်ပရိသတ်များ၏ အသိအမှတ်ပြုခြင်းကို ရရှိပြီး ဖြစ်သည်။
စုရှောင်မို၏ အောင်ပွဲသည်လည်း ပွဲကြည့်ပရိသတ်တို့၏ မျက်စိရှေ့တွင် ရရှိခဲ့ခြင်း ဖြစ်၏။
သို့ပေမဲ့ အမှိုက်တစ်စဟု သတ်မှတ်ခံထားရသော ရှောင်ကျီ သည် ဝမ်လီ ၏ တံတောင်ရိုက်ချက် ကို ခံယူပြီ လက်တစ်ဖက် ဖြင့် လွယ်လွယ်ကူကူ ပြန်လည် တိုက်ခိုက် အနိုင်ယူခဲ့သည်။ ထိုသည်မှာ အလွန်အံ့အားသင့်ဖွယ် ကောင်းသော ဖြစ်ရပ်လည်း ဖြစ်သည်။
တစ်ယောက်က စင်ပေါ်မှ ကျဆင်းသွားချိန်မှာ တစ်ယောက်သည် စင်ပေါ်၌ မတ်မတ်ရပ် ကျန်ခဲ့လေသည်။
“ကြေညာလို့ ရပြီလား” ရှောင်ကျီသည် ဒိုင်အား လှည့်ကြည့်ကာ မေးလိုက်သည်။
သတိပြန်ဝင်လာသော နည်းပြသည် ချက်ချင်းပဲ ကြေညာလိုက်၏ “ပထမတိုက်ပွဲ … အနိုင်ရယူ ရှောင်ကျီ”
တည်နေရာတစ်ခုလုံး ကျယ်လောင်သော အသံများဖြင့် ဆူညံသွားတော့သည်။ သူတို့၏ မျက်လုံးထဲတွင်တော့ မယုံကြည်နိုင်မှုတွေနှင့် ပြည့်နှက်လျက်ရှိ၏။
“ဒါ ဘယ်လို ဟာသမျိုးလဲ။ ကျင့်ကြံခြင်းအဆင့်တောင် မရှိတဲ့ အဆင့်နိမ့်လူတစ်ယောက်က ဘယ်လိုလုပ် ဝမ်လီကိ နိုင်သွားတာလဲ။ ဝမ်လီ က အဆင့်ကိုး စွမ်းအင်ဖွင့်ခြင်းအဆင့် မဟုတ်လား”
“နေလုံးက အနောက်က ထွက်ကုန်ပြီ”
“သူ သမားရိုးကျမဟုတ်တဲ့ နည်းလမ်းကို သုံးခဲ့တာလား”
လူအားလုံး၏ သံသယအကြည့်အောက်မှာတော့ ရှောင်ကျီသည် စင်မြင့်ပေါ်မှ ဆင်းသက်ပြီး ပွဲကြည့်စင်ပေါ်ရှိ ကျွင်းချောင်ရှောင်းအား လှမ်းကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် တောက်ပသည့် အပြုံးတစ်ခု ရှိနေခဲ့သည်။
ဂိုဏ်းချုပ် … ကျွန်တော် ဂိုဏ်းချုပ်ရဲ့ ယုံကြည်မှုကို အလေးထားတယ်။
ထိုင်ခံပေါ် နောက်မှီလျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် သဘောတကျ နှင့် ပြောလိုက်သည် “မဆိုးဘူး .. မဆိုးဘူး ..။”
ရှောင်ကျီ ၏ လုပ်ဆောင်မှုသည် သူ ထင်မှတ်ထားခဲ့သည့်အတိုင်းပင် ဖြစ်သည်။ ထို့အပြင် ဆယ်ရက်ကျော် ပယ်ပယ်နယ်နယ် အရိုက်ခံခဲ့ရသည်မို့ အောင်မြင်မှု နှင့် ထိုက်တန်လှ၏။
“ဒင် …”
“တပည့် ငါးယောက်လုံး ဒုတိယအဆင့် ကို ရောက်ရှိသွားသည့်အတွက် အထူးတာဝန် အောင်မြင်မှုနှုန်း ၁၀ ရာခိုင်နှုန်း ရှိခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၂၀ ကို ရရှိသည်။”
ဒင် ..
ဂိုဏ်းစုဆောင်းမှတ် - ၆၂ / ၅၀၀။
ကျွင်းချောင်ရှောင်း အံ့အားသင့်မိသွားသည် “ဆုက ဒီလိုလည်း ရတယ်လား”
စနစ်မှ ပြောလိုက်သည် “တပည့်ငါးယောက်လုံး ဒုတိယအဆင့်ကို တက်ရောက်တယ် ဆိုတော့ တာဝန်ကျရှုံးနိုင်မှု နှုန်းထားကလည်း ကျဆင်းလာသည်။ ထို့ကြောင့် သတ်မှတ်ထားသော ဆုလဒ်အား ရရှိခြင်း ဖြစ်သည်။”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည် “တတိယအဆင့်ကို ရောက်မယ် ဆိုရင် ဆုက ပိုပြီး ကြီးမှာလား”
“အမှန်ပါပဲ” စနစ်မှ ပြောလိုက်သည်။
ကျွင်းချောင်ရှောင်း “အထူးတာဝန်က တော်တော်ကြီးစိတ်ဝင်စားဖို့ကောင်းတယ်”
“ဟမ်”
ရုတ်တရက် ဆိုသလိုပဲ သူ့အကြည့်တွေသည် ရှောင်ကျီအား စူးစိုက်၍ ကြည်ရှုနေသော ရှောင်ကလန် အကြီးအကဲ ဆီသို့ ရောက်ရှိသွားသည်။ သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ရဲရဲတောက်လျက် ရှိနေသည်ကို ကျွင်းချောင်ရှောင်း သတိပြုမိသွား၏။
သူ မျက်မှောင်ကုတ်ကာ တွေးလိုက်မိသည် “ဒီအဘိုးကြီးက အန္တရာယ်ပဲ”
….
“ခေါင်းဆောင် … ဒီကောင်လေး ဘယ်လိုလုပ် အဆင့်ကိုး စွမ်းအင်ဖွင့်ခြင်း ကျင့်ကြံသူ တစ်ယောက်ကို နိုင်အောင် တိုက်နိုင်တာလဲ” ရှောင်ကလန် အကြီးအကဲ က မယုံကြည်နိုင်သလို ပြောလိုက်သည်။
“ဟမ့်..”
ခေါင်းဆောင်က အေးစက်စက် ပြောလိုက်၏ “ဒီအမှိုက်က ခန္ဓာကိုယ်ကို ကျင့်ကြံထားတာ ဖြစ်ရမယ်”
ရှောင်ကလန်၏ ကျွမ်းကျင်သူ တစ်ယောက် ပီသစွာပဲ တစ်ချက်ကြည့်လိုက်သည်နှင့် ရှောင်ကျီ၏ အားသာချက်ကို သူ ကောင်းကောင်းသိခဲ့သည်။
ဘေးတွင်ရှိနေသော အကြီးအကဲ က အထင်သေးသလို ပြောလိုက်၏ “လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အားအင် ဆိုတာက အကန့်အသတ် တစ်ခု ရှိတယ်။ ဒီအလှည့်မှာ ကံကောင်းသွားတယ် ဆိုရင်တောင်မှ နောက်တစ်လှည့် သူ့ထက် အားကောင်းတဲ့ ပြိုင်ဘက် တစ်ယောက်ယောက် နဲ့ တွေ့တာနဲ့ နာပြီပဲ”
အကြီးအကဲသည် အလွန်အမင်း ဒေါသထွက်မိနေသည်။
အရင်တုန်းက ရှောင်ကျီ ဤပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အတွက် သူ စိတ်မကျေနပ်ခဲ့ပေ။ ယခု ရှောင်ကျီ အနိုင်ယူသွားနိုင်သောကြောင့် ပို၍ စိတ်တိုနေမိ၏။
ရှောင်မိသားစု၏ အကြီးအကဲကို သတိထားနေသော ကျွင်းချောင်ရှောင်း သည် ရှောင်မိသားစု အကြီးအကဲ၏ မျက်လုံးထဲမှ သဘောထားများကို ကောင်းကောင်းမြင်နိုင်သည် “ရှောင်ကျီသာ ဗိုလ်လုပွဲ တက်သွားရင် ဒီအဘိုးကြီး စိတ်တိုလွန်းလို့ သွေးအန်သေမလား မသိဘူး”
သို့မဟုတ် သူ ကိုယ်တိုင် ဆင်းပြီး ရှောင်ကျီအား သတ်ဖြတ်လာနိုင်သည်။
“မဖြစ်ဘူး။ မဖြစ်သေးဘူး” ကျွင်းချောင်ရှောင်း ပြောလိုက်သည် “သတိအပြည့်နဲ့ ကြိုတင်ကာကွယ်ရမယ်။”
သူ ကန္တာရ လင်းယုန်အား ထုတ်ယူပြီး ကျည်ဖြည့်ကာ အဆင်သင့် ကိုင်ထားလိုက်၏။
သူ လက်တစ်ဖက်ကိုမြှောက်၊ မျက်စိတဘက်မှိတ်ပြီး အကြီးအကဲ နှင့် သူ၏ ကြား အကွာအဝေးအား တွက်ချက်လိုက်သည်။ “မီတာ ငါးဆယ်လောက် ဆိုတော့ ကောင်းကောင်းပစ်နိုင်တဲ့ အကွာအဝေးပဲ”
ကျွင်းချောင်ရှောင်း ခြေချိတ်ထိုင်ကာ အဆင်သင့်ပြင်ထားလိုက်၏။
သတိဆိုသည်မှာ ပိုသည်ဟူ၍ မရှိချေ။ ထိုအဘိုးကြီး လျစ်လျူရှုထားမိလျှင် ရှောင်ကျီအား သတ်ဖြတ်သွားနိုင်သည်။ ထိုအချိန်မှ သူ၏ သေနတ်အား ဆွဲထုတ်လျှင် အလုပ်မဖြစ်နိုင်ချေ။
“ဟမ် …”
ဘေးနားတွင် ရှိနေသော တော်ဝင်နီဂိုဏ်း၏ အကြီးအကဲသည် အံ့အားသင့်သွားသည် “ဂိုဏ်းချုပ်ကျွင်း .. လက်ထဲမှာ ဘာကိုကိုင်ထားတာလဲ”
“အရုပ်ပါ” ကျွင်းချောင်ရှောင်း ပြောလိုက်၏။
တော်ဝင်နီဂိုဏ်း၏ ခပ်ဝဝ အကြီးအကဲသည် နှုတ်ခမ်းများ တဆတ်ဆတ် တုန်ရင်သွားရသည် “ဂိုဏ်းချုပ်ဖြစ်ပြီး အရုပ်နဲ့ဆော့ရတယ်လို့”
…..
ရှောင်ကျီသည် အနိုင်ရသူများ နားနေရာ နေရာဆီသို့ ဆင်းသက်သွားသည်။
တိုက်ဆိုင်စွာနှင့် သူ့အား ကြည့်ရှုနေသော အခြားနေရာရှိ ရှောင်လင်းရီ နှင့် မျက်လုံးခြင်း ဆုံမိသွား၏။ ရှောင်လင်းရီ၏ မျက်လုံးထဲတွင်တော့ အံ့အားသင့်သော အရိပ်အယောင်များနှင့် ပြည့်နှက်လျက် ရှိ၏။
ရှောင်ကျီသည် သူ့အား လျစ်လျူရှုပြီး မျက်စိမှိတ်ကာ အနားယူလိုက်၏။
သူ့ထက် အရင်ကြိုရောက်လျက်ရှိသော ပြိုင်ပွဲဝင်များသည် အံ့အားတသင့်ဖြင့် ကြည့်မိနေကြသည်။
အဝေးတစ်နေရာရှိ ရှောင်ကလန် မှ မျိုးဆက်များသည်လည်း ယုံကြည်ရန် ခက်ခဲလှသော မျက်နှာများဖြင့် ရှောင်ကျီအား ကြည့်လျက်ရှိ၏။ သူတို့သည် ရှောင်ကျီအား လှောင်ပြောင်ရန် လာရောက်ခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ သူတို့ပင် အနိုင်မယူနိုင်သော အဆင့်ကိုး စွမ်းအင်ဖွင့်ခြင်း အဆင့် ကျင့်ကြံသူအား ရှောင်ကျီသည် အနိုင်ယူခဲ့၏။
ရှောင်ကလန်၏ တိုက်ရိုက်မျိုးဆက် လူငယ်များသည် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံး ရှိသူတောင်မှ အဆင့်ခုနှစ် စွမ်းအင်ဖွင့်ခြင်း အဆင့်ဖြစ်သည်။ ထို့ကြောင့် သူတို့အတွက် လက်ခံရခက်ဖြစ်နေကြသည်။
ဟိုးယခင်ကဆိုလျှင် ထိုသူတို့သည် ရှောင်ကျီ နားတွင် ကပ်ဖားရပ်ဖား ဖြင့် မျက်နှာလို ၊ မျက်နှာရ လုပ်ကာ နေခဲ့ကြသူများဖြစ်၏။ ရှောင်ကျီ နိမ့်ကျသွားချိန်တွင် အမူအယာများပြောင်းကာ ရှောင်သူက ရှောင် ၊ အနိုင်ကျင့်သူက ကျင့် လုပ်ကြသူများမှာလည်း ထိုသူများပင် ဖြစ်တော့သည်။
ထို့ကြောင့် ကလန်၏ အမှိုက်သည် သူတို့ထက် ပို၍ အားကောင်းလာသည်ကို လက်မခံလိုကြခြင်း ဖြစ်၏။
သို့ပေမဲ့ သူတို့ လက်မခံလိုလျှင်တောင်မှ အမှန်တရားအရမှာတော့ ရှောင်ကျီသည် ဝမ်လီအား အနိုင်ယူခဲ့ပြီ ဖြစ်သည်။
ရှောင်ကလန် မျိုးဆက်တို့၏ ရင်ထဲတွင် နှလုံးသားအား ဓားထက်ထက် ဖြင့် လှီးဖြတ်ခံရသလို ခံစားနေရတော့သည်။
….
ပြိုင်ပွဲ၏ ပထမအကျော့သည် ဆက်လက် တိုက်ခိုက်နေတုန်းပင် ဖြစ်သည်။ အနိုင်ယူပြီးသောသူ တို့သည် ခြေချိတ်ထိုင်၍ စိတ်ဝိညာဉ်စွမ်းအင်များအား စုစည်းလျက်ရှိသည်။
သံမဏိအရိုးဂိုဏ်း တပည့်များသည် အနိုင်ယူခဲ့သည် ဆိုသော်လည်း အားပင် သိပ်မစိုက်ခဲ့ရချေ။ ရှောင်ကျီ ဆိုလျှင် စိတ်ဝိညာဉ် စွမ်းအင်ကိုပင် မသုံးခဲ့။
တစ်နာရီလောက်ကြာတော့ ….
ပြိုင်ပွဲ၏ ပထမအကျော့သည် ပြီးဆုံးသွားခဲ့သည်။ အဆင့်တက်ရောက်နိုင်သူ ၁၂၈ ယောက် တိတိ ရှိ၏။ ထို့ကြောင့် တစ်ဖွဲ့လျှင် ၃၂ ယောက်ဖြင့် လေးဖွဲ့ ခွဲလိုက်ကြ၏။
လီချင်းယန်သည် အဖွဲ့ တစ် ၊ စုရှောင်မိုသည် အဖွဲ့ နှစ် ၊ လုချင်းချင်း က အဖွဲ့သုံးတွင် ဖြစ်ပြီး ထျန်းချီ နှင့် ရှောင်ကျီ တို့မှာတော့ အဖွဲ့လေး တွင် အတူတူ ကျရောက်သည်။
အဖွဲ့များခွဲပြီးနောက် အဖွဲ့တစ်ခုချင်းစီရှိ လူများသည် မဲနှိုက်ကာ ယှဉ်ပြိုင်ဘက်အား ရွေးချယ်ရမည် ဖြစ်သည်။ ထိုသို့ အဆင့်ဆင့် ယှဉ်ပြိုင်ရင်း နောက်ဆုံး လေးယောက် စာရင်း ပေါ်လာမည် ဖြစ်သည်။
ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်၏ “သူတို့ အဖွဲ့တွေရဲ့ နံပါတစ် နေရာကို ရရင် အထူးတာဝန် ပြည့်စုံပြီလို့ သတ်မှတ်နိုင်ပြီပေါ့”
ပြဿနာရှိနေသည်မှာ အဖွဲ့ လေး ဖြစ်၏။
ထျန်းချီ နှင့် ရှောင်ကျီ တို့သာ အရင်ဆုံး ဆုံတွေ့မည် ဆိုလျှင် အောင်မြင်နိုင်မှု ရာခိုင်နှုန်း နည်းပါးသွားပေလိမ့်မည်။
ကံကောင်းစွာဖြင့် မဲနှိုက်ချိန်မှာတော့ ထျန်းချီ သည် နံပါတ် နှစ် ကျ၍ ရှောင်ကျီသည် သုံးဆယ့်တစ် ကျ၏။ ထို့ကြောင့် သူတို့ချင်း တွေ့ဆုံနိုင်မှုသည် နောက်ဆုံး အဆင့်သို့ ရောက်ရှိသွား၏။
“ဒုတိယ အကျော့ .. ပထမဆုံးပွဲ .. ချမ်ချုံး နဲ့ ဟယ်ဝေ” အဖွဲ့တစ် ဒိုင်မှ ကြေညာလိုက်သည်။
တခြားသော အဖွဲ့ သုံးခု မှ ဒိုင်များ၏ ကြေညာသံများလည်း တပြိုင်နက်တည်း ထွက်လာ၏။ ပြိုင်ပွဲဝင် ရှစ်ယောက်သည် စင်ပေါ်သို့တက်၍ လက်သီးဆုပ်ကာ အချင်းချင်း နှုတ်ဆက်လိုက်သည်။
ဒုတိယအကျော့ပွဲများသည် တရားဝင်စတင်ပြီ ဖြစ်၏။
ထျန်းချီသည် နံပါတ်နှစ် ကတ် အား ကိုင်ဆောင်၍ အဖွဲ့လေး ၏ စင်မြင့်ပေါ်သို့ တက်လိုက်သည်။ သူ၏ ပြိုင်ဘက်မှာ နံပါတ် တစ် ကတ်အား ကိုင်ထားသည့် ရီတာရှစ် ဟု အမည်ရသော လူငယ်ဖြစ်သည်။ ထိုသူသည် စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်နှစ်လည်း ဖြစ်သည်။
“စမယ်” ဒိုင်လူကြီးမှ ကြေညာလိုက်သည်။
ထျန်းချီ၏ ပထမတိုက်ပွဲကို မြင်ဖူးသော ရီတာရှစ် သည် ထန်းချီ၏ အမြန်နှုန်းအား ကောင်းကောင်း နားလည်သည်။ ထို့ကြောင့် ချက်ချင်းဆိုသလိုပဲ ပြေးဝင်ပြီး အနီးကပ် အချိန်ကိုက် တိုက်ခိုက်လိုက်တော့၏။