← Chapters

အခန်း (၇၁)

Vol. 5 Ch. 71

အခန်း (၇၁)

Vol. 5 Ch. 71

ရှောင်ကျီ ၏ အောင်ပွဲပြီးဆုံးသည်နှင့် တပြိုင်နက် ဒုတိယအကျော့သည်လည်း ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ အဖွဲ့လေးဖွဲ့တွင် စုစုပေါင်း လူဦးရေ ၆၄ ယောက်သာ ကျန်ရှိတော့သည်။

ခဏလောက် အနားယူပြီးနောက်မှာတော့ ပြိုင်ပွဲ၏ တတိယအဆင့်သည် စတင်ပြီဖြစ်၏။

ဤအဆင့်သို့ ရောက်ရှိလာကြသူများမှာ စွမ်းအင်ဖွင့်ခြင်းအဆင့် ဆယ့်နှစ် အနည်းဆုံးရှိကြသောကြောင့် တိုက်ပွဲမှာ ပိုမို ခက်ခဲလာသည်။

သို့ပေမဲ့ ပြိုင်ပွဲစသည် ဆိုသည်နှင့် တပြိုင်နက် သံမဏိအရိုးဂိုဏ်းတပည့်များမှာ မြန်မြန်ဆန်ဆန်ပဲ ယှဉ်ပြိုင်ဘက်များအား ရှင်းလင်းနိုင်ခဲ့သည်။

ခန္ဓာကိုယ်အားကိုသာ အသုံးပြုသော ရှောင်ကျီသည်ပင်လျှင် သူ၏ ပြိုင်ဘက်မှား အနောက်မှ သိုင်းချုပ်ကာမချီ၍ ကောက်ပေါက်ခဲ့သည်။ တစ်ဖက်လူသည် ခေါင်းနှင့် မြေပြင် မိတ်ဆက်သွားခဲ့သောကြောင့် ဆက်လက် တိုက်ခိုက်နိုင်စွမ်းမရှိတော့ချေ။

များပြားလှသော ကျွမ်းကျင်သူများသည် ရှောင်ကျီအား သားရဲရိုင်းတစ်ကောင်ဟုပင် ကင်ပွန်းတပ်လာကြ၏။

စုရှောင်မို အံ့အားတသင့်ဖြင့် ပြောလိုက်သည် “ဂျူနီယာ ညီလေးရှောင် ရဲ့ ခန္ဓာကိုယ်က အဲလောက်တောင် အားကောင်းတာလား”

လီချင်းယန် လေးလေးနက်နက်ပြောလိုက်၏ “တစ်နေ့ကို ကြွက်သားတည်ဆောက်ခြင်း အခန်းထဲ နာရီ နှစ်ဆယ်တောင် နေခဲ့တာလေ။ ငါတို့ သူ့ကိုယှဉ်လို့ ဘယ်ရမလဲ”

ရှောင်ကျီ၏ ခန္ဓာကိုယ် အားအင် တိုးတက်လာမှု၏ တစ်ဝက်သည် ကြွက်သား တည်ဆောက်ခြင်း အခန်းကြောင့် ဖြစ်ပြီး ကျန်တစ်ဝက်မှာ ခန္ဓာကိုယ် ဖြစ်တည်ခြင်း ဆေးလုံးကြောင့် ဖြစ်၏။

လက်ရှိအချိန်၌ သူ၏ ခန္ဓာကိုယ်အရေပြား တစ်ထောက်ချင်းစီတိုင်းသည် အကြိမ်ထောင်သောင်းချီ ထုနှက်ခံထားရသော ပန်းပဲဖိုထဲမှ လက်နက်တစ်ခုလိုပင် ဖြစ်လို့နေပြီ ဖြစ်သည်။

ဆယ်ရက်အတွင်းမှာပဲ ကျွင်းချောင်ရှောင်းသည် ရှောင်ကျီအား နတ်ဆိုးတစ်ပါးကဲ့သို့ အသွင်ပြောင်းပေးခဲ့သည်။ ခံနိုင်ရည်တင်မဟုတ်ဘဲ တိုက်ခိုက်မှု အားအင်ကလည်း ကြောက်ခမန်းလိလိပင်။

ထိုသို့ဖြစ်ရခြင်းမှာ လေ့ကျင့်မှု၏ ရလဒ်ကြောင့်ပင် ဖြစ်၏။

ဒင် ..။

တပည့်များသည် လေးဆင့်မြောက်သို့ တက်ရောက်သွားခဲ့သည်။ အထူးတာဝန် အောင်မြင်နိုင်မှု နှုန်းသည် ၃၀ ရာခိုင်နှုန်း ရှိသွားခဲ့ပြီ။ ထို့ကြောင့် လက်ခံသူ အနေဖြင့် ဂိုဏ်းစုဆောင်းမှတ် ၂၀ ကို ရရှိပါသည်။

ဒင် …။

ဂိုဏ်းစုဆောင်းမှတ် - ၁၀၂ / ၅၀၀။

သူ၏ ဂိုဏ်းစုဆောင်းမှတ်သည် ပထမဆုံးအကြိမ် တစ်ရာကျော်လာသည်ကို မြင်တော့ ကျွင်းချောင်ရှောင်း ပြုံးလိုက်မိသည်။

“ငါ စတိုးကို refresh လုပ်ပြီး တစ်ခုခု ကောင်းမွန်တာ ရှိအုံးမလား ကြည့်ရမယ်”

ဒင် ….။

ဂိုဏ်း စုဆောင်းမှတ် - ၉၂ / ၅၀၀။

ကျွင်းချောင်ရှောင်းသည် အခြေခံစတိုးအား ဖွင့်ကြည့်လိုက်တော့ ပစ္စည်းသစ်တစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။

“မှော်အဆင့်မြင့်တင်ထားသော ၈ ဆ မှန်ဘီလူး ….” သူ၏ နှုတ်ခမ်းများသည် တဆတ်ဆတ် ဖြင့် တုန်ရင်သွားသည် “ဒါ စနှိုက်ပါတွေမှာ တပ်ရတဲ့အရာ မဟုတ်လား။”

သူ အသေးစိတ်အား နှိပ်ကာကြည့်လိုက်၏။

ပစ္စည်းအမျိုးအစား - မှော်အဆင့်မြင့်တင်ထားသော ၈ ဆ မှန်ဘီလူး ..။

မိတ်ဆက် - ပစ်မှတ်အား အတည်ပြုနိုင်သည်။ အဝေးရောက် ပစ်ခတ်ခြင်းများတွင် အသုံးဝင်သည်။

အစွမ်း .. ရိုင်ဖယ် နှင့် စနိုက်ပါ ရိုင်ဖယ် များတွင် တပ်ဆင်အသုံးပြုလျှင် ပစ်မှန်အား အလိုလို ချိန်ပေးမှာဖြစ်သည်။

ကြာချိန် - ထာဝရ။

အားနည်းချက် - ပစ်ပြီးလျှင် တစ်နာရီ စောင့်ရသည်။

ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၂၀။

ဖော်ညွှန်းချက်များအား ကြည့်ရှုရင်း ကျွင်းချောင်ရှောင်း ဆွံ့အသွားမိသည် “ပစ်မှန်ကို အလိုလို ချိန်ပေးတာ ဟုတ်လား။ ဒါက ဆာဗာခိုးပြီး ဆော့တာနဲ့ ဘာထူးမှာလဲ”

စနစ်မှ ပြောလိုက်သည် [လက်ခံသူသည်လည်း စနစ်နှင့် လာသောသူ ဖြစ်သောကြောင့် ဆာဗာခိုးဆော့သူ ဖြစ်သည်။]

ဟုတ်ပါပြီ။ မင်းပဲ မှန်ပါတယ်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “နေပါအုံး … ဒီတစ်ခါတော့ ဘာလို့ ဒါကို ဝယ်ဖို့ အာမမခံတော့တာလဲ။”

စနစ်မှ ပြောလိုက်သည် “၈ ဆ မှန်ဘီလူးဆိုသည်မှာ ရိုင်ဖယ်တွင် တပ်ရသော အရာဖြစ်သည်။ ရိုင်ဖယ် ပေါက်ရန် မှာ ဖြစ်နိုင်ချေ အလွန်နည်းသည်။ ထို့ကြောင့် လက်ခံသူအား ဝယ်ယူရန် အာမမခံခြင်း ဖြစ်သည်။”

“တော်တော် စဉ်းစားတတ်တာပဲ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

ပြီးနောက် သူ ပစ္စည်းများအား မွှေနှောက်ရှာဖွေကြည့်လိုက်တော့ ဘာတစ်ခုမှ အသုံးဝင်သည့် ပစ္စည်းမရှိကြောင်း မြင်လိုက်ရ၏။

ထို့ကြောင့်သူ နောက်တစ်ကြိမ် စတိုးအား refresh လုပ်ရန် စဉ်းစားလိုက်၏။

စနစ်မှ ပြောလိုက်သည် “စတိုးအား refresh လုပ်မည် ဆိုလျှင် လက်ခံသူ အနေဖြင့် အနည်းဆုံး ပစ္စည်း တစ်မျိုးအား အရင် ဝယ်ယူရန် လိုအပ်သည်။”

“ချီးတဲ့မှ ….”

ကျွင်းချောင်ရှောင်း ရူးချင်သွားသည် “ငါ ဂိုဏ်းစုဆောင်းမှတ် ဆယ်မှတ်တောင် သုံးပြီးပြီလေ။ တစ်ခုမှ အသုံးဝင်တာကို မတွေ့ရသေးဘူး။ ဒါက များလွန်းတယ်”

သူ ပြောလိုက်သည် ဆိုသော်လည်း မည်သည့် ပစ္စည်းအား ဝယ်ယူရမည် ဆိုသည်ကို တစ်ခါတည်း စဉ်းစားနေမိသည်။ “ထားလိုက်ပါတော့။ မှန်ဘီလူးပဲ ယူလိုက်မယ်။ ငါ့ကံက ကောင်းရင် စနှိုက်ပါကို ပေါက်ရင် ပေါက်နိုင်တယ်”

“စနှိုက်ပါ ရိုင်ဖယ် ပေါက်နိုင်ဖို့ ဆိုသည်မှာ တစ် ရာခိုင်နှုန်းသာ ရှိသည်။ လက်ခံသူ .. ကျေးဇူးပြု၍ စဉ်းစားပါ”

“ဒါဆို မှန်ဘီလူး ပေါက်နိုင်ဖို့ က ဘယ်နှစ်ရာခိုင်နှုန်းလဲ”

“ဝ.၁ ရာခိုင်နှုန်းပါ”

ကျွင်းချောင်ရှောင်းသည် မျက်လုံးပြူးသွား၏ “ဝ.၁ ရာခိုင်နှုန်းပဲ ရှိတဲ့ မှန်ဘီလူးကိုတောင် ပေါက်သေးတာပဲ။ တစ် ရာခိုင်နှုန်းရှိတဲ့ ရိုင်ဖယ်က ဘာလို့ မပေါက်နိုင်ရမှာလဲ။ ဝယ်မယ်”

ဒင် ..။

လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၂၀ အား အသုံးပြု၍ ၈ဆ မှော်မှန်ဘီလူးအား လဲလှယ်ခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်လိုက်ပါပြီ။

ဒင်။

ဂိုဏ်းစုဆောင်းမှတ် - ၇၂ / ၁၀၀။

ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခုကို တွေးမိသောကြောင့် မှန်ဘီလူးအား အပြင်သို့ ထုတ်ကာ အပြင်ဘက် မြင်ကွင်းအား ကြည့်လိုက်မိသည်။ စင်မြင့်ပေါ်ရှိ တိုက်ခိုက်နေသူများ၏ ကိုယ်ပေါ်မှ ချွေးစက်ကိုပင် မြင်နေရ၏။

သူ့တွင် ရိုင်ဖယ်မရှိသောကြောင့် တပ်၍ မပစ်နိုင်သော်လည်း မှန်ဘီလူးအဖြစ် ကြည့်ရှု၍ ရနေသေးသည်။

ဘေးတစ်ဖက်တွင် ရှိနေသော တော်ဝင်နေဂိုဏ်း၏ အကြီးအကဲသည် စိတ်ဝင်တစားဖြင့် မေးလာ၏ “ဂိုဏ်းချုပ်ကျွင်း … ခင်ဗျားလက်ထဲက ရှည်မျောမျော အရာက ဘာကြီးလဲ”

“ကစားစရာ” ကျွင်းချောင်ရှောင်း ပြီးစလွယ်ဖြေလိုက်သည်။

“လေးဆင့်မြောက် … ပထမပွဲ လုချင်းချင်း နှင့် ရှဲ့ဟုန်လီ”

ဒိုင်လူကြီးအော်လိုက်သည်နှင့် တပြိုင်နက် ပြိုင်ပွဲဝင်များသည် စင်မြင့်ပေါ်သို့ တက်လာကြသည်။ ကျွင်းချောင်ရှောင်းသည် သူ၏ ၈ ဆ မှန်ဘီလူးနှင့် လုချင်းချင်းအား သေချာကြည့်လိုက်၏။

အနီးကပ်မြင်လိုက်ရချိန်မှာတော့ ဤမိန်းကလေး၏ မျက်နှာသည် ပစ်မျိုးမှဲ့မထင် မျက်နှာမျိုးဖြစ်ကြောင်း သိရှိလိုက်ရသည်။

“စမယ် …” ဒိုင်လူကြီးက ပြောလိုက်သည်။

ရှဲ့ဟုန်လီ သည် လုချင်းချင်း၏ စိတ်ဝိညာဉ်စွမ်းအင်များ အလွန်အမင်း အားကောင်းကြောင်း သိရှိပြီးဖြစ်သည်။ ထို့ကြောင့် သူ၏ မြန်ဆန်လွန်းသော ခြေလှမ်းကွက်အား အသုံးပြုခဲ့သည်။ သို့ပေမဲ့ သူ ခြေတစ်လှမ်းတောင် မလှမ်းရသေးခင်မှာပဲ စိတ်ဝိညာဉ်စွမ်းအင် လှိုင်းတစ်ခုက သူ့အား အောက်သို့ ရိုက်ချသွားတော့၏။

“သိုင်းတပည့် ..”

“ဒီမိန်းကလေးက သိုင်းတပည့်အဆင့်ပဲ”

စွမ်းအင်ဖွင့်ခြင်းအဆင့် ဆယ့်နှစ် ကျင့်ကြံသူတစ်ယောက်အား စိတ်ဝိညာဉ်စွမ်းအင်ဖြင့် တွန်းထုတ်လိုက်သည်ကို မြင်တော့ လုချင်းချင်း၏ ကျင့်ကြံခြင်းအဆင့်အား အားလုံးက အကြမ်းဖျဉ်း တွက်ချက်သွားနိုင်ကြသည်။

ကျွင်းချောင်ရှောင်းသည် ၈ဆ မှန်ဘီလူးနှင့် ကြည့်နေတုန်းပင် ဖြစ်သည်။ သူ အတည်ပြုလိုက်၏ “သူမက သိုင်းတပည့်အဆင့် ရောက်ပြီပဲ”

အဘယ့်ကြောင့် ယခုမှ သိုင်းတပည့်အဆင့်သို့ရောက်သည်ဟု သူ အတည်ပြုရသနည်း ဆိုသော် “ရီကျင်ကျင်း” ကျင့်ကြံခြင်း နည်းစနစ်သည် စွမ်းအင်ဖွင့်ခြင်းအဆင့် ကျင့်ကြံသူသာ စတင်၍ ကျင့်ကြံနိုင်သောကြောင့် ဖြစ်သည်။

ထို့ှကြောင့် သူမသည် အရင်တုန်းက စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်နှစ် ကျင့်ကြံသူတစ်ယောက်ဖြစ်ရမည်။

“ဂိုဏ်းချုပ်ကျွင်း ..”

တော်ဝင်နီဂိုဏ်း အကြီးအကဲ က ပြုံးကာ ပြောလိုက်သည် “ခင်ဗျား တပည့်က ကိုယ့်အားအင်ကို ဖွက်ထားတာပဲ။ ကျုပ် အထင်အရ ဆိုရင် အဖွဲ့သုံး ရဲ့ နံပါတစ် နေရာကို သူမ ယူသွားမယ် ထင်တယ်”

များပြားလှသော တခြားကျင့်ကြံသူများသည်လည်း ထိုသို့ တွေးမိကြသည်။ ထို့အပြင် သူမသည် ပြိုင်ဘက်များအား စိတ်ဝိညာဉ်စွမ်းအင်သက်သက်ဖြင့် တွန်းချခဲ့ခြင်းဖြစ်သည်။ တစ်ခါမှ တိုက်ကွက် မထုတ်ဖော်ခဲ့ချေ။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “အဖွဲ့တစ်ခုမှာ နံပါတ်တစ် ဖြစ်ဖို့ ကျုပ် စိတ်မဝင်စားဘူး။ တကယ့် နံပါတ်တစ် ကို ယူမှာ”

တော်ဝင်နီဂိုဏ်းအကြီးအကဲသည် ခေါင်းခါယမ်းလိုက်မိသည်။ ပြီးနောက် ငွေရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်အား လက်ညိုးထိုးပြလိုက်သည် “သူက ကျန်းလင်းဟဲ .. အဆင့်ခြောက် သူရဲကောင်းဂိုဏ်းကပဲ။ သူလည်း သိုင်းတပည့်အဆင့်ဖြစ်ပြီး ဒီနှစ်မှာ ဗိုလ်ဆွဲဖို့ ရေပန်းစားနေတယ်”

“ဪ …”

ကျွင်းချောင်ရှောင်း မှန်ဘီလူးနှင့် လှမ်းကြည့်လိုက်သည်။ လူငယ်၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ရှိနေပြီး မောက်မာသော အရိပ်အယောင်များ နှင့် ဖြစ်သည်။

“သူက ရှောင်မို နဲ့ တစ်ဖွဲ့တည်းပဲ။ နောက်ဆုံးပွဲမှာ တွေ့လောက်တယ်”

တော်ဝင်နီဂိုဏ်းအကြီးအကဲက ရှောင်လင်းရီ အား ထပ်မံ၍ လက်ညိုးထိုးပြလိုက်သည် “ဒါက ရှောင်မိသားစု ရဲ့ တိုက်ရိုက်မျိုးဆက်ပဲ။ အဆင့်ခြောက် ကျူးရင် တောင်ကြားရဲ့ တပည့်။ သူလည်း ရေပန်းစားနေတယ်။”

ကျွင်းချောင်ရှောင်း သေချာလှမ်းကြည့်လိုက်သည်။ ရှောင်လင်းရီ ကိုင်ထားသော နံပါတ်ပြား အရ နောက်တစ်ပွဲတွင် ရှောင်ကျီ နှင့် ထိပ်တိုက်တွေ့ဆုံနိုင်သည်။ မဟုတ်လျှင်လည်း နောက်ဆုံးပွဲမှာ တွေ့ကြမှာပင်။

ညီအစ်ကိုတွေ တစ်ခါတည်း ကျရောက်သည် ဆိုသည်မှာ ကံကြမ္မာ၏ မျက်နှာသာပေးမှုပင် ဖြစ်သည်။

“လေးဆင့်မြောက် .. ပိုင်ယု နှင် ရှောင်ကျီ”

ကျွင်းချောင်ရှောင်း လှမ်းကြည့်လိုက်တော့ သူတို့ စားသောက်ဆိုင်သို့ တည်းခိုရန် လာသည့် လမ်းတွင် တွေ့ရသော ရို့ .. ရို့နှင့် စကားပြောတတ်သူ ပိုင်မိသားစု မှာ ပိုင်ယု ဖြစ်နေသည်ကို မြင်လိုက်ရ၏။

ဒီကောင်လည်း အဖွဲ့လေးထဲ ရောက်နေတာလား။

ရှောင်ကျီရေ .. သေအောင်သာ ရိုက်ပေတော့။

All Chapters