← Chapters

ဥပဒေသ မျိုးစေ့ သုံးခု

Vol. 87 Ch. 1205

ဥပဒေသ မျိုးစေ့ သုံးခု

Vol. 87 Ch. 1205

မိန်းကလေးများ ငေးမော တွေဝေ နေကြစဉ်မှာပင် ဝေ့ဝူယင်က မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်၏။ သေမျိုး မျက်တောင် တစ်ခပ်စာလောက်မျှ အချိန် တိုတောင်းလှသော အချိန်ကလေး အတွင်းတွင် သူ ဓားချက် သုံးခုကို ခုတ်ယမ်းခဲ့သည်။ သာမည အချိန် ဥပဒေသကို ဆေဘာရည်ရွယ်ချက် အတွင်း ပေါင်းထည့်လိုက်ခြင်း အားဖြင့် ဒြပ်စင်မှာ တစ်ခဏတာမျှ ပြိုင်ဘက်ကင်း သွားခဲ့သည်။ စစ်ဝိညာဉ်များနှင့် အဆက်မပြတ် သန့်စင်ပြီး နောက်တွင် ထိုအခြေတည် ဆေဘာ ဝိညာဉ်မှာ အဆင့်သုံး ဝိညာဉ် တစ်ခု ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ထိုဖြစ်စဉ် ပြီးမြောက်ရန် အတွက် ဝေ့ဝူယင်မှာ ရှစ်နှစ်တိုင်တိုင် အချိန်ယူ ခဲ့ရသည်။

ဒြပ်စင် ‘အဆင့်နှစ်’ အဆင့်တွင် ရှိစဉ်က ဝေ့ဝူယင် ၎င်း၏ စွမ်းရည်များကို စမ်းသပ်ကြည့်ဖို့ အခွင့်အရေး မရခဲ့ချေ။ သို့သော်လည်း... ထိုအဆင့်ကို ဆေဘာ ရည်ရွယ်ချက် ဆန္ဒအား ကြွယ်ဝစေခြင်း အဖြစ် အဓိပ္ပာယ် ဖွင့်ဆို နိုင်လိမ့်မည် ဖြစ်သည်။ ထိုအဆင့်မှာ ဆေဘာ ကျင့်စဉ် တစ်ချို့၏ ထက်မြက်မှုကို သိသိသာသာပင် မြှင့်တင် ပေးနိုင်စွမ်း ရှိသည်။ ထို့အပြင်... ဒြပ်စင်မှ တစ်ဆင့် ဆေဘာ နှလုံးသား ရည်ရွယ်ချက်ကို ဖြန့်ကျက်သည့် အခါ သက်ရောက်နိုင်စွမ်းမှာလည်း ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်ကို တွေ့ရသည်။

အဆင့်သုံး အဆင့်တွင်တော့ အဆိုပါ စွမ်းအင်များမှာ ပိုမို အားကောင်းလာသည့် အပြင် အစစ်အမှန် ဆေဘာ ဆိုသည့် အစွမ်းသတ္တိ တစ်ခုလည်း ပိုမို တိုးလာခဲ့သည်။ ထိုအဆင့်တွင် စစ်အမတေများ၏ အသွင် ပြောင်းလဲခြင်း အခြေအနေကိုလည်း ပိုင်ဆိုင်လာခဲ့သည် ဆိုသော်လည်း ၎င်း၏ မူလ စွမ်းအင်မှာ ဆေဘာ စွမ်းအား မြှင့်တင်ခြင်းပင် ဖြစ်သည်။ ၎င်းကို နက်နဲ သိမ်မွေ့သည့် ဆေဘာ သွေးကြောဟု ခေါ်သည်။

အခြေတည် ဆေဘာ ဝိညာဉ်မှာ ပြင်ပ တည်ရှိမှု တစ်ခု ဆိုသော်လည်း... ၎င်းမှာ ဝေ့ဝူယင်၏ ကျင့်ကြံခြင်း ဝိညာဉ်နှင့် ယာယီ ပေါင်းစည်းနိုင်စွမ်း ရှိသည်။ ထိုနည်းဖြင့် ဆေဘာ စွမ်းအင်ကို အဆင့် တစ်ခု အထိ သန့်စင်နိုင်သည့် စွမ်းရည်ကို ရရှိစေသည်။

ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အခြေခံမှာ သေမျိုးတာအို အကန့်အသတ် အတွင်း ရှိနေသည့်တိုင် ဒြပ်စင် ထုတ်ဖော်နိုင်သည့် စွမ်းအားနှင့် ပြင်းထန်မှုကတော့ မြေကြီး ရှန့်ထို အဆင့်များနှင့် ယှဉ်နိုင်သည့် အဆင့် တစ်ခု၌ ရှိနေပေသည်။ နက်နဲ သိမ်မွေ့သည့် ဆေဘာ သွေးကြောမှာ သူ့ ဆေဘာ စွမ်းအင်များကို ကြယ်တာရာ အဆင့်မှ အထွတ်အထိပ် လျှို့ဝှက် မြေကြီး အဆင့်ထိ ယာယီ မြှင့်တင်ပေးနိုင်စွမ်း ရှိသည်။ အခြား စွမ်းအင်များပါ ထပ်ပေါင်း မွမ်းမံလိုက်သော အခိုက်တွင်တော့ ဘုရင်၏ ဆေဘာ စွမ်းအင်မှာ အိုမီဂါ စွမ်းအင် အဖြစ် ပြောင်းလဲ သွားကာ အဆင့်မြင့် လျှို့ဝှက် လောက အဆင့်ကိုပင် မြင့်တက် သွားခဲ့သည်။

ကံမကောင်းစွာပင် ထိုစွမ်းအင်မှာ ဝေ့ဝူယင်၏ ကိုယ်ပိုင် မဟုတ်ပါချေ။ ထို့အပြင်... ၎င်းကို ဘုရင်၏ လောက ပင်လယ် အတွင်း ဖြည့်တင်းရန်မှာ အလွန်ပင် ခက်ခဲလှကာ သုံးလ တိုင်တိုင် အဆက်မပြတ် ကျင့်ကြံဖို့ လိုအပ်ခဲ့ပေသည်။ သို့သော်လည်း... ယခုတွင်တော့ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် စုဆောင်း ထားသည့် အရာအားလုံးကို သူ အသုံးပြုလိုက်ရပြီ ဖြစ်သည်။

ဝေ့ဝူယင် မျက်လုံးများကို မှိတ်ကာ သူ အသုံးပြုခဲ့သည့် ဆေဘာ အင်အားကို ပြန်လည် စုစည်းဖို့ ကြိုးပမ်း နေခဲ့သော်လည်း... အကွာအဝေး တစ်ခုသို့ ရောက်ရှိ အပြီးတွင် လောကကြီးမှာ ထိုစွမ်းအင်များကို အမှုန့်ကြိတ်ချေကာ ပျောက်ကွယ် သွားစေခဲ့ပုံ ရသည်။ သေမျိုး တာအိုမှာ ကိုယ်တိုင် လှုပ်ရှားခဲ့ကာ ဆေဘာ အင်အား တည်းဟူသော ခြိမ်းခြောက်မှုကို ဖယ်ရှားလိုက်သည့်ပုံ ရသည်။

ထို့အပြင်... ဝေ့ဝူယင်မှာ သူ၏ သေမျိုး တာအို အော်ရာထံမှ လှုပ်ခတ်မှု အနည်းငယ်ကို ခံစားရသည်။ ၎င်းက သတိပေးမှုပင်။ ဆေဘာ အင်အားမှာ သေမျိုး တာအို၏ တည်ဆောက်မှုကို စုတ်ပြဲ စေခဲ့ကာ အနည်းငယ် ထိခိုက် ဒဏ်ရာများ ရစေခဲ့သည်။ ထိုကဲ့သို့ စွမ်းအားမျိုးမှာ သေမျိုး အကန့်အသတ် အတွင်း ရှိမနေသင့်ပါချေ။

ဝေ့ဝူယင် ကောင်းကင်ဘုံ နတ်မျက်လုံးများကို ပြန်ဖွင့်ကာ လောကကို လေ့လာလိုက်၏။ အခြားလူများ မမြင်နိုင်သည့်တိုင် အာကာသနှင့် အချိန် ပျက်သုဉ်းကာ သက်တံ့ရောင် အမာရွတ်များ နေရာ အနှံ့အပြား၌ ပြန့်ကျဲ နေသည်ကို ဝေ့ဝူယင် မြင်တွေ့နေရသည်။ ၎င်းတို့က အလွန် လှပလွန်းလှသည်။ သို့သော်လည်း... အပျက်အစီး မန်နာများက အဆက်မပြတ်ပင် စိမ့်ဝင်နေကာ ထိခိုက် ပျက်စီးမှုများကို ပြုပြင်ဖို့ ကြိုးပမ်းနေသည်ကို တွေ့မြင်ရသည်။

“ငါသာ လျှို့ဝှက် တာအိုရဲ့ အကန့်အသတ်ထဲ ရောက်သွားရင် ဒါမျိုး ကြုံရတော့မှာ မဟုတ်ဘူး”

အခြေအနေကို အကဲခတ်ပြီးနောက် ဝေ့ဝူယင် သုံးသပ်လိုက်၏။ သူ သက်ပြင်း ခပ်လေးလေး တစ်ချက် ချလိုက်သည်။ လျှို့ဝှက် တာအို၏ မိုးကောင်းကင်မှာ ပိုမို အပြောကျယ်လှသည်။ တာအို အပေါ် သူ့ နားလည်မှုက ပိုမို နက်ရှိုင်းလာကာ သတိပေးချက်က ဝိညာဉ် အတွင်း စိမ့်ဝင်လာသလို ဝေ့ဝူယင် ခံစားလိုက်ရသည်။ ၎င်းက အချိန်မြစ်၏ ဒေါသနှင့်ပင် ဆင်တူသယောင် ရှိလှ၏။

ပတ်ဝန်းကျင်ရှိ မန်နာများက အဆောတလျင် ဖျက်ဆီးဖို့ ကြိုးပမ်းနေချိန်မှာပင် ဆေဘာ၊ အင်ပါယာ ကောင်းကင် အော်ရာ၊ ဆန်းကြယ်နှင့် ပျက်သုဉ်းခြင်းတို့၏ ပေါင်းစပ်မှုမှာ ဖျပ်ခနဲ လင်းလက် သွားခဲ့၏။ ထို့နောက်တွင်တော့ စစ်အမှတ်အသားမှာ ပျောက်ကွယ် သွားခဲ့သည်။

ဝေ့ဝူယင်၏ မျက်လုံးများမှာ သူ့ လက်ဝါးကို ပြန်ကြည့်ရင်း ပြူးကျယ် သွားသည်။ ပျက်သုဉ်းခြင်း အမှတ်အသားမှာ လုံးဝ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ သူ စစ်မြေပြင်ကို ဝင်ခွင့် ရခဲ့သည့် လက်မှတ်ပင် ဖြစ်သည်။ ဝေ့ဝူယင် ၎င်းကို သေချာစွာ စူးစမ်း ရှာဖွေနိုင်စွမ်းပင် မရှိသေးချေ။

“ဘာဖြစ်သွားတာလဲ...”

ဝေ့ဝူယင် ကိုယ့်ကိုယ်ကို နားမလည်နိုင်စွာဖြင့် မေးလိုက်၏။ ထို့နောက် ရုတ်ချည်း ဆိုသလိုပင် သူ့ စိတ်အတွင်း ထူးဆန်းသည့် နားလည် သဘောပေါက်မှု တစ်ခု တိုးဝင်လာခဲ့သည်။ ဝေ့ဝူယင် ခပ်မြန်မြန်ပင် စိတ်မျက်လုံးကို ဖွင့်ကာ ဘုရင်ဆီသို့ စေလွှတ်လိုက်၏။ ထိုအခါ သူ့ ဝိညာဉ်ကို ချိတ်ဆက်ကာ ဝိုင်းပတ်နေသည့် အလင်းစက် နှစ်စက်ကို တွေ့လိုက်ရ၏။

“ဥပဒေသ မျိုးစေ့ နှစ်ခု...”

ပျက်သုဉ်းခြင်း အမှတ်အသားနှင့် ပျက်သုဉ်းခြင်း သင်္ကေတတို့မှာ ဥပဒေ မျိုးစေ့ တစ်ခု ဖန်တီးနိုင်ရန် ဒီဇိုင်းရေးဆွဲ ဖန်တီးထားခြင်း ဖြစ်ကြောင်း ဝေ့ဝူယင် အစတည်းက ရိပ်မိခဲ့သည်။ စစ်ကျောက်တိုင်မှာ ဥပဒေသ မျိုးစေ့အား ပျိုးထောင်ရန် လိုအပ်သည့် ဝိညာဉ် အလင်းကို ချီးမြှင့်ပေးနိုင်စွမ်း ရှိသည်။ လောက နှလုံးသား ရည်ရွယ်ချက်ကတော့ ဥပဒေသ မျိုးစေ့ကို ဖွံ့ဖြိုးစေသည်။

ကောင်းကင် စစ်ဝိညာဉ်၏ အဆိုအရ ဆိုလျှင် ဥပဒေသ မျိုးစေ့များမှာ လောက သုံးထောင် ပဲ့တင်ထပ်ခြင်း ဆိုသည့် ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်နိုင်သလို အလွန် အစွမ်းထက်သည့် ကျင့်ကြံသူကြီးများမှာလည်း သူတို့၏ ကလေးများ အတွက် အတုအယောင် ဆက်သွယ်ခြင်းကို သုံးကာ ဥပဒေသ မျိုးစေ့ တစ်ခု ချန်ရစ်နိုင်စွမ်း ရှိသည်။

ကျင်းကျူးနှင့် လုံချန်တို့ နှစ်ယောက်စလုံးမှာ တစ်ကိုယ်ရေ တစ်ကာယ သမားများဟု ထင်ရသည့်တိုင် သူတို့၏ နောက်ကွယ်တွင် ဥပဒေသ မျိုးစေ့ကိုပင် ချီးမြှင့်နိုင်သည့် အလွန် ကြီးကျယ် ခမ်းနားသော လူပုဂ္ဂိုလ်များ သို့မဟုတ် အင်အားစုများ ရှိကောင်းရှိနေနိုင်ပေသည်။

ဝေ့ဝူယင် ဥပဒေသ မျိုးစေ့ နှစ်ခုကို သေချာစွာ မစူးစမ်းနိုင်ခင် သို့မဟုတ်... ကောင်းကင် စစ်ဝိညာဉ်အား မမေးမြန်းရသေးခင်မှာပင် ဝိညာဉ်မှာ နောက်တစ်ကြိမ် တုန်ခါလာသည်ဟု ခံစားလိုက်ရကာ တတိယမြောက် မျိုးစေ့ တစ်ခု ထွက်ပေါ်လာခဲ့လေသည်။

“ဥပဒေသ မျိုးစေ့ သုံးခု...”

“ဟူး... ဟူး...”

သတိပေးချက် တစ်စုံတစ်ရာ မရှိခင်မှာပင် ဥပဒေသ မျိုးစေ့များမှာ အခြားသော ဝိညာဉ် အလင်း အားလုံးကို ပြန်လည် တွန်းထုတ်လိုက်ကာ အိုမီဂါ ဆေဘာ ဝိညာဉ် အလင်းကိုသာ စုပ်ယူလိုက်ကြ၏။ ဝေ့ဝူယင် ၎င်းတို့ တစ်ခုချင်းစီကို သေသေချာချာ စစ်ဆေးကာ အမျိုးအစား ခွဲခြားလိုက်၏။

ဆေဘာ...

ပျက်သုဉ်းခြင်း...

နောက်ဆုံးသော တစ်ခုကတော့ အံ့အားသင့်စွာပင် အင်ပါယာ ဖြစ်နေခဲ့လေသည်။

...

“ဒီတတိယမြောက် ဥပဒေသ မျိုးစေ့ရဲ့ အော်ရာက အင်ပါယာ ကောင်းကင် အော်ရာနဲ့ ဆင်တူနေတယ်...”

ဝေ့ဝူယင်မှာ ထိုရှာဖွေ တွေ့ရှိမှုကြောင့် အံ့အားသင့် သွားခဲ့၏။ အင်ပါယာ အော်ရာ၏ မူလ စွမ်းအားက ဥပဒေသ တစ်ခုခုနှင့် ဆက်စပ်နေသည်လား။ ထိုအရာက အင်ပါယာ ကောင်းကင် အော်ရာ ကြောက်ဖို့ ကောင်းရသည့် အကြောင်းရင်းလား။ အင်ပါယာ ကောင်းကင်ချီ နည်းလမ်းအား မည်သူက ဖန်တီးခဲ့သနည်း။

အင်ပါယာ ကောင်းကင်ချီ နည်းလမ်းမှာ လွယ်လွယ်ကူကူနှင့် ကျင့်ကြံနိုင်သည့် နည်းလမ်း တစ်ခု မဟုတ်ချေ။ ၎င်းအား အောင်မြင်ရန် အတွက် တိကျခိုင်မာသည့် သွေးမျိုးဆက်ကို လိုအပ်သည်။ လုံချန်မှာ ၎င်းကို ကျင့်ကြံရန် အတွက် အင်ပါယာ သွေးမျိုးဆက် ဖြစ်သည့် ဝူပိုင်ကျိုးနှင့် ချစ်တင်းနှောခဲ့ရသည်။ ၎င်းမှာ သာမန် အစွမ်းထက် ကျင့်စဉ် တစ်ခုထက် သွေးမျိုးဆက် ကျင့်ကြံခြင်း နည်းလမ်းတစ်ခုနှင့် ပိုမို ဆင်တူသည်။ ဝူယု၏ မျိုးရိုးက သာမန် မဟုတ်နိုင်ဟု ဝေ့ဝူယင် မှတ်ချက်ချလိုက်မိ၏။

ဝှစ်...

ဥပဒေသ မျိုးစေ့များ အကြောင်း ဝေ့ဝူယင် ထပ်မံ၍ မဆန်းစစ်နိုင်ခင်မှာပင် ကြယ်တာရာ အလင်းတန်း တစ်ခုမှာ နဂါးငွေ့တန်း ကြယ်ကွင်းပြင်၏ အပြင်ဘက်မှ နေ၍ ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် ပျံသန်းလာခဲ့၏။

စက္ကန့် အနည်းငယ် အတွင်းမှာပင် ၎င်းမှာ ဝေ့ဝူယင် အရှေ့သို့ ရောက်ရှိလာကာ လေးစားသည့် အမူအရာနှင့် ရပ်တန့် လိုက်သည်။ သူက အခြားလူ မဟုတ်...။ ဝေ့ဝူယင်၏ အာရုဏ်ဦး အဂ္ဂိရတ် သူရဲကောင်း တစ်ဖြစ်လည်း ဝူယုပင် ဖြစ်လေသည်။

“သေသွားတဲ့လူတွေကို ကယ်လိုက်...”

ဝေ့ဝူယင်က တည်ငြိမ်စွာပင် အမိန့်ပေးလိုက်၏။ အဂ္ဂိရတ် သူရဲကောင်း တစ်ဦး အဖြစ် ဆယ်စုနှစ် နှစ်ခုကျော် တာဝန် ထမ်းဆောင်ခဲ့ပြီး နောက်တွင် ဝူယုမှာ ထိုနေရာကို အသားကျ နေခဲ့ပြီ ဖြစ်သည်။ သူက အေးအေးဆေးဆေးပင် ခေါင်းတစ်ချက် ညိတ်လိုက်ရင်း ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ ထို့နောက်... သူက လက်ဟန် ချိပ်စည်း တစ်ခုကို ဖော်ထုတ်ကာ သေဆုံးမှု ဖြစ်ပွားသွားသည့် နေရာများကို လက်ဖြင့် ညွှန်လိုက်၏။

တစ်ခဏကြာပြီးနောက် သူ၏ အမူအရာက ပြောင်းလဲသွားကာ မျက်မှောင်ကြုတ် လိုက်၏။ စိတ်ထဲမှ ခပ်မြန်မြန် ကောက်ချက်ချလိုက်ရင်း သူ ဝေ့ဝူယင်ဘက်ကို လှည့်လိုက်သည်။

“လုပ်လို့ မရဘူး... သခင်လေး... သူတို့ကို သတ်ထားတဲ့ စွမ်းအားထဲမှာ အချိန်ကို သက်ရောက်နိုင်တဲ့ ထူးဆန်းတဲ့ စွမ်းအင် တစ်ချို့ ပါဝင်နေတယ်... အဲဒါကိုပါ ဖယ်ရှားဖို့ ကြိုးပမ်းမယ် ဆိုရင် ကျုပ်ရဲ့ သက်တမ်းက စက္ကန့်ပိုင်း အတွင်း ကုန်သွားလိမ့်မယ်... ဒါတောင် အောင်မြင်မယ်လို့ အာမမခံနိုင်ဘူး”

“...”

ဝေ့ဝူယင်မှာ ဝူယု၏ စကားအပေါ် အံ့အားသင့်ခြင်း မရှိချေ။ အိုမီဂါ ဆေဘာ အင်အားမှာ အင်ပါယာ ကောင်းကင် အော်ရာ၏ ဖိနှိပ်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည့် အပြင် ပျက်သုဉ်းခြင်း စွမ်းအားကလည်း တစ်ဖက်မှ အားဖြည့် ထားသေးသည်။ ထိုသက်ရောက်မှု အောက်၌ ဒဏ်ရာ ပြန်လည် ကုသရန် သို့မဟုတ် အချိန် ပြောင်းပြန်လှန်ခြင်း စွမ်းအားကို အသုံးပြုရန် အလွန်ပင် ခက်ခဲလှသည်။

ဝေ့ဝူယင် ဝူယုကို နားလည်ဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်ပြကာ လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် သူက လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက် သေဆုံးသွားသည့် နေရာများသို့ ဦးတည်ကာ လက်ကို ပေါ့ပေါ့ပါးပါးပင် ဝှေ့ယမ်းလိုက်သည်။

“ထပ်ပြီး ကြိုးစားကြည့်...”

ဝေ့ဝူယင် ထပ်မံ၍ ညွှန်ကြားလိုက်၏။ ဝူယုက မေးခွန်း ပြန်လည် မထုတ်ပါချေ။ သူက အခင်း ဖြစ်ပွားရာ နေရာများသို့ ပျံသန်းသွားကာ ဂရုတစိုက် စစ်ဆေး ကြည့်လိုက်သည်။ ထို့နောက်... သူ၏ မျက်လုံးများမှာ အံ့အားသင့်သည့် အငွေ့အသက်များနှင့် ပြည့်နှက် သွား၏။ အချိန် ပြောင်းပြန်လှန်ခြင်းအား တားဆီးနေသည့် ထူးဆန်းသည့် စွမ်းအင်များမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဝူယု ထပ်မံ၍ အချိန်ဖြုန်း မနေတော့ချေ။ မြေကြီး ရှန့်ထို အဆင့် စွမ်းအားများနှင့် ဆက်သွယ်ကာ လျှို့ဝှက် လမ်းစဉ်မှ လောကီ မျက်လုံး သင်္ကေတကို အသက်သွင်းလိုက်သည်။ ထို့နောက်ကို စတင်ကာ ပြောင်းပြန်လှန် လိုက်လေ၏။

စက္ကန့် အနည်းငယ် ကြာမြင့်ပြီးနောက်...

“...”

လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်မှာ အတူတကွ မတ်တပ်ရပ် နေကြ၏။ သူတို့၏ မျက်လုံးများက အတွေးများအတွင်း ပျောက်ဆုံးနေကာ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက် နေသည်။ သူတို့ သေဆုံးသွားခဲ့သည်လား...။

***

All Chapters