← Chapters

အခွင့်အရေးနှင့် တာဝန်

Vol. 87 Ch. 1207

အခွင့်အရေးနှင့် တာဝန်

Vol. 87 Ch. 1207

လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက်မှာ ပြန်လည် ထွက်ခွာ သွားကြပြီ ဖြစ်သည်။ အာဏာရှင် အဖွဲ့ဝင်သစ်များ ဖြစ်လာခြင်းနှင့် အတူ သူတို့၏ ရပိုင်နှင့် ဦးစားပေးများမှာလည်း ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ ပထမဆုံး အနေဖြင့် သူတို့ အင်အားစုများကို ပြန်လည် စုစည်းဖို့ လိုအပ်သည်။

သည့်မတိုင်ခင် အချိန်က သူတို့၏ အင်အားစုများမှာ အမှီအခိုကင်းစွာဖြင့် လည်ပတ် နေခဲ့ခြင်း ဖြစ်ကာ ကိုယ်ပိုင် စိတ်ဝင်စားမှုများ နောက်ကိုသာ လိုက်ခဲ့ကြသည်။ သို့‌သော်လည်း ယခုတွင်တော့ ခြားနား သွားခဲ့ပြီ ဖြစ်သည်။

သူတို့ သုံးယောက်မှာ အာဏာရှင် အဖွဲ့ဝင်များ ဖြစ်သွားကြပြီ ဖြစ်လေရာ လွတ်လပ်စွာ လုပ်ဆောင်၍ မရတော့ချေ။ သူတို့၏ လက်အောက်ငယ်သားများမှာလည်း တူညီစွာပင် ထိုအဖွဲ့အစည်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သွားကြပြီ ဖြစ်သည်။ တရားဝင် အာဏာရှင်များ မဟုတ်ကြသည့်တိုင် သူတို့မှာ ရွှယ်ရီဖေး၏ နဂါး တပ်ဖွဲ့၊ ဝူပိုင်ကျိုး၏ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းတို့လို အဆင့်အတန်းမျိုးကို ပိုင်ဆိုင်နိုင်ကြလိမ့်မည် ဖြစ်သည်။

ခွန်ရီမင်မှာ ခွန်ကလန်၏ အဖွဲ့ဝင် တစ်ယောက် ဖြစ်သည်။ အခြား ခေါင်းဆောင်များ ရှိနေသေးသည့် အခြေအနေတွင် သူမ အနေဖြင့်ကလန် တစ်ခုလုံးကို သိမ်းသွင်းဖို့ မဖြစ်နိုင်သေးရာ အယုံကြည်ရဆုံး လက်အောက်ငယ်သားများကိုသာ ရွေးချယ်၍ အဖွဲ့တစ်ခု ဖွဲ့စည်းဖို့ လိုအပ်သည်။

တိမ်ပြာနှင့် ခုတ်ပိုင်းခြင်းဓားတို့ကတော့ ကိုယ်ပိုင် အဖွဲ့အစည်းများနှင့် လည်ပတ်နေကြသူများ ဖြစ်သည်။ သို့သော်လည်း... ဤသည်က သူတို့ အတွက် အကောင်းဆုံးနှင့် သစ္စာ အရှိဆုံး လက်အောက်ငယ်သားများကို ရွေးချယ်ရမည့် အချိန် ဖြစ်ပေသည်။

လျှို့ဝှက် အာဏာရှင် အဆင့် သုံးယောက် ထွက်ခွာသွားပြီး နောက်၌ ဝေ့ဝူယင်နှင့် ဝူယုတို့ နှစ်ယောက်သာ အမှောင် ဟင်းလင်းပြင် အတွင်း ရပ်တန့်ကာ ကျန်ရစ်ခဲ့ကြ၏။ မဟာ သူရဲကောင်း၏ မျက်နှာက အနည်းငယ် ဖြူရော်နေသည်။ လောကီ ပြောင်းပြန်လှန်ခြင်းအား သုံးကြိမ်တိုင်တိုင် အသုံးပြုပြီး နောက်တွင် သူ၏ အသက် အင်အား ပမာဏ များစွာမှာ ယုတ်လျော့ သွားခဲ့ရပြီ ဖြစ်သည်။ ဝေ့ဝူယင်၏ ထောက်ပံ့မှုများက ထိုထိခိုက်မှုကို လျော့ကျစေနိုင်သည် ဆိုသော်လည်း ၎င်းက အလွန် များပြား နေသေးဆဲပင်။

“...”

ဝူယု ဝေ့ဝူယင်ကို ကြည့်လိုက်မိ၏။ ဝိညာဉ် ဆက်သွယ်မှု မရမချင်း အဝေးတွင် နေထိုင်ရန် ညွှန်ကြား ခံထားရလေရာ တိမ်ပြာတို့ သုံးယောက် မည်ကဲ့သို့ သေဆုံးသွားကြောင်း သူ မသိပါချေ။ သို့သော်လည်း... သူတို့၏ မျက်လုံးများထဲမှ လေးစား ကြောက်ရွံ့သည့် အကြည့်များ အရ ဝေ့ဝူယင်မှာ အကြောင်းရင်း ဖြစ်ဟန် တူသည်။

ဝူယု၏ အမြင်အရ ဆိုလျှင် ထိုသုံးယောက်မှာ သိပ် အသုံးမကျသူများ ဖြစ်သည်။ သူတို့မှာ လျှို့ဝှက် အာဏာရှင် အဆင့်များ ဖြစ်ကြသော်လည်း ကျင့်ကြံခြင်း အခြေခံများက “ရှန့်ထို ဖန်တီးသူ” ဆိုသည့် ဝေ့ဝူယင်၏ ဂုဏ်ပုဒ်နှင့် ယှဉ်လျှင် များစွာ နိမ့်ကျလှသည်။ သူတို့အတွက် အချိန်နှင့် ရင်းမြစ်များ သုံးဖို့ မထိုက်ဟန်ဟုပင် ဝူယု ယူဆမိသည်။ အကယ်၍ ဝေ့ဝူယင်သာ ဆန္ဒ ရှိပါက တုလင်ပင်လျှင် ရာစုနှစ် အနည်းငယ် အတွင်း သူတို့ထက် ပိုမို အစွမ်းထက်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာနိုင်ပေသည်။

သို့သော်လည်း... ထိုအရာက သူ့အမြင်သာ ဖြစ်သည်။ ဝေ့ဝူယင်၏ အတွေးများမှာ အမြဲတမ်း လျှို့ဝှက် ဆန်းကြယ်ကာ ခန့်မှန်း၍ မရနိုင်မှန်း သူ သိပေသည်။ ဝေ့ဝူယင် ပြောကြားခဲ့သည့် “ကစဉ့်ကလျား အခြေနေ” ဆိုသည့် စကားလုံးနှင့် ဝူယု ဆက်စပ် စဉ်းစားလိုက်မိ၏။ မဟာစက်ဝန်း ကြယ်ကွင်းပြင်ထံ ကပ်ဘေး တစ်ခု လာနေသည်လား။ ဝေ့ဝူယင်မှာ လျှို့ဝှက် အာဏာရှင် အဆင့်များကို ဖန်တီးနိုင်သည့်တိုင် ထိုအတွက် အချိန် မရနိုင်တော့သည်လား။

သေမျိုးများအား လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်လာအောင် ပြုစု ပျိုးထောင်ရန်မှာ အနည်းဆုံး နှစ်ပေါင်း ရာနှင့်ချီ ကျ့န်ကြာလိမ့်မည် ဖြစ်သည်။ သို့ဖြစ်လေရာ... ပိုမို လွယ်ကူ လျှင်မြန်သည့် နည်းလမ်းက လျှို့ဝှက် အာဏာရှင် အဆင့်များကို သိမ်းသွင်း၍ ပိုမို အစွမ်းလာအောင် ပံ့ပိုးပေးခြင်းပင် ဖြစ်သည်။ ၎င်းက ဝေ့ဝူယင် တွေးတောနေသည့် အရာ ဖြစ်ကောင်း ဖြစ်နိုင်သည်ဟု ဝူယု မှတ်ချက်ချလိုက်မိ၏။

ဝူယု အတွေးနက်နေသည့် တစ်ချိန်တည်းတွင် ဝေ့ဝူယင်ကတော့ သူ၏ ဥပဒေသ မျိုးစေ့ အသစ် သုံးခုကို လေ့လာ နေခဲ့၏။ ၎င်းတို့မှာ ဘုရင်ကို ဝန်းရံကာ စက်ဝိုင်း ပုံသဏ္ဌာန် ပတ်လမ်း တစ်ခုနှင့် လည်ပတ် နေကြသည်။ ဆေဘာ၏ အဆိုအရ ဆိုလျှင်... ထိုဥပဒေ မျိုးစေ့ သုံးခုမှာ ဆေဘာ ဥပဒေသ မျိုးစေ့၊ ပျက်သုဉ်းခြင်း ဥပဒေသ မျိုးစေ့နှင့် အင်ပါယာ ဥပဒေသ မျိုးစေ့တို့ပင် ဖြစ်သည်။

သို့သော်လည်း... ဝေ့ဝူယင်ကတော့ အနည်းငယ် စိတ်ရှုပ်ထွေးနေသလို ခံစားရ၏။ ဆေဘာက ဥပဒေသ တစ်ခု ဖြစ်နိုင်သည်လော။ အချိန် ဥပဒေသ အပေါ် သာမည အာဏာကို ပိုင်ဆိုင်ထားသူ တစ်‌ယောက် အနေဖြင့် ဥပဒေသများ မည်ကဲ့သို့ ဖြစ်ပေါ်လေ့ ရှိကြောင်း သူ အတန်အသင့် နားလည်ခဲ့ပြီး ဖြစ်သည်။ ၎င်းမှာ ကောင်းကင်ဘုံ၏ အမိန့် အာဏာစက် အတွင်း စွမ်းအင် တစ်ခုခု အပေါ် သဘာဝ အတိုင်း အုပ်စိုးနိုင်စွမ်း ရရှိခြင်းပင် ဖြစ်သည်။

ဝေ့ဝူယင် သိရှိထားသလောက် ဆိုလျှင် စစ်ဥပဒေသမှာ ဓား၊ လှံ၊ ဆေဘာ၊ သတ်ဖြတ်ခြင်း၊ စစ်ပွဲ တို့ကဲ့သို့သော လက်နက်လမ်းစဉ်၊ ဗျူဟာ၊ စိတ်ဆန္ဒတို့နှင့် တိုက်ရိုက် ချိတ်ဆက်နေသည်။ သို့ဖြစ်လေရာ... ဆေဘာမှာ ထိုအကန့်အသတ် အတွင်း ပါဝင်သင့်သည် မဟုတ်ပါလား...။ သို့သော်လည်း သူ ခံစားရသလောက် ထိုအရာက ဆေဘာ ဥပဒေသပင် ဖြစ်သည်။ ၎င်းက ဘာကို ဆိုလိုသနည်း။ ဆေဘာက ကောင်းကင်၏ အောက်တွင် ဥပဒေသ တစ်ခု ဖွဲ့စည်းနိုင်သည်လား။

“ကလန့်...”

ဘုရင်က ပျင်းရိသည့် အသံတစ်ခုကို ထုတ်လွှတ်လိုက်၏။ တစ်ခုခု လွဲချော်နေသည် ဆိုသည့် ခံစားချက်ကို ဝေ့ဝူယင် စိတ်အတွင်းတွင်သာ ပြန်လည် သိမ်းဆည်းထားလိုက်သည်။ ကံမကောင်းစွာပင်... ဧဒင် စာကြည့်တိုက်နှင့် ဝတ်စုံဝတ် ဝေ့ဝူယင်တို့၏ မှတ်ဉာဏ်များမှာလည်း ထိုဥပဒေသ မျိုးစေ့၏ နောက်ကွယ်မှ အမှန်တရားကို ရှာဖွေနိုင်ခြင်း မရှိပါချေ။

“ဒါနဲ့ ခင်ဗျားရဲ့ ကျင့်ကြံခြင်း အခြေအနေ ဘယ်လိုရှိလဲ...”

ဝေ့ဝူယင် ဝူယုဘက်ကို လှည့်ကာ မေးလိုက်၏။ ဝူယု လမ်းစဉ် ရှစ်ခု မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်လာခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခု နီးပါး ကြာခဲ့ပြီ ဖြစ်သည်။ ထိုအတောအတွင်း ဝေ့ဝူယင် သူ့ကို များလှစွာသော ရင်းမြစ်များ၊ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ အကန့်အသတ်ထက် ကျော်လွန်နေသည့် ရင်းမြစ်များနှင့် ထောက်ပံ့ပေးခဲ့သည်။

သွေးမူလ ကျင့်စဉ်မှာ ဝူယု ကျင့်ကြံဖူးသည့် ပထမဆုံးလျှို့ဝှက်လောက အဆင့်နိမ့် ကျင့်ကြံခြင်း နည်းလမ်း တစ်ခု ဖြစ်ပေသည်။ သို့သော်လည်း... ဝူယုမှာ ထိုကျင့်စဉ်ကို ဆယ်စုနှစ် နှစ် အတွင်း အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့ကာ သူ၏ ပါရမီနှင့် အရည်အချင်းတို့ကို ထုတ်ဖော် ပြသခဲ့သည်။ ထိုနည်းလမ်းအား ကျင့်ကြံ အောင်မြင်နိုင်ခဲ့ခြင်းနှင့် အတူ... လောကနှလုံးသား ရည်ရွယ်ချက် ကဲ့သို့ လောကအော်ရာ တစ်ခု ပါဝင်သော ထူးဆန်းသည့် သင်္ကေတ တစ်ခုကို သူ ဖွဲ့စည်းနိုင်ခဲ့သည်။

အဆုံးမဲ့ ခရီးသွား နယ်မြေမှ ပြန်လည် ရောက်ရှိပြီး နောက်တွင် ဝေ့ဝူယင် ဝူယုကို ထိုသင်္ကေတ အကြောင်းနှင့် ၎င်း၏ ရည်ရွယ်ချက်တို့ကို ရှင်းပြနိုင်ခဲ့သည်။ ၎င်းက လောကနှလုံးသားရည်ရွယ်ချက်၏ စွမ်းအားကို ထူးခြားစွာ ထိန်းသိမ်းထားနိုင်သည့် အတုအယောင် လောက သင်္ကေတ တစ်ခုပင် ဖြစ်သည်။ တစ်နည်း ဆိုရသော် ၎င်းက ပဉ္စမမြောက် ခြေချခြင်း အတွက် တံခါးတစ်ချပ် ဖြစ်ကာ လောကရှန့်ထို ဖြစ်လာနိုင်သည့် လမ်းစဉ် တစ်ခုလည်း ဖြစ်ပေသည်။

ကျင့်ကြံခြင်း လမ်းစဉ်၌ မိမိ ကျင့်ကြံသည့် လောက အဆင့် ကျင့်ကြံခြင်း နည်းလမ်းမှာ ပိုမို၍ အဆင့်မြင့်လေလေ၊ လောက သင်္ကေတကို ပိုမို ကောင်းမွန်စွာ ဖွံ့ဖြိုးနိုင်လေလေ ဖြစ်သည်။ ထိုနည်းဖြင့် လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်က ပိုမို သန်မာလာကာ ပဉ္စမမြောက် ခြေချခြင်းကို ကျော်လွန်နိုင်ဖို့ အခွင့်အရေး ပိုမို များလေလေပင်။

သွေးမူလ နည်းလမ်းမှာ အံ့သြမှင်သက်စရာ ကောင်းသည့်တိုင် လောက အဆင့် နည်းလမ်းများ၏ အဆင့်အတန်း အရ ဆိုလျှင် အဆင့်နိမ့် အလွှာတွင်သာ ရှိပေသည်။ ၎င်း၏ အထက်၌ အဆင့်မြင့်နှင့် အထွတ်အထိပ် နည်းလမ်းများလည်း ရှိနေသေးသည်။ ကံကောင်းထောက်မစွာပင် ဝေ့ဝူယင်မှာ ၎င်းတို့ကို ပိုင်ဆိုင်ထားပေသည်။ ထို့ကြောင့်ပင် ဝူယု အနေဖြင့် စိတ်တိုင်းကျ ရွေးချယ်နိုင်ခဲ့ပေသည်။

ဆက်စပ်မှု စစ်မြေပြင်မှာတုန်းက ကွန်မန်ဒါ စာရင်းမှ ပစ္စည်း အားလုံး နီးပါးကို ဝေ့ဝူယင် သူ ပိုင်ဆိုင်ထားသည့် စစ်ဝိညာဉ်များနှင့် လဲလှယ် ဝယ်ယူခဲ့သည်။ သူ မယူခဲ့သည့် ပစ္စည်း ဟူ၍ မရှိသလောက်ပင်။

လွန်ခဲ့သည့် ရှစ်နှစ်ခန့် ဝူယုမှာ ထိုနည်းလမ်းများထဲမှ တစ်ခုကို ရွေးချယ်ခဲ့သည်။ သတ္တိရှိစွာပင် သူ ရွေးချယ်ခဲ့သည့် အရာက အခက်ခဲဆုံးသော နည်းလမ်း တစ်ခုပင် ဖြစ်သည်။

...

ထုတ်ကုန်... လောက ဧကရာဇ် နည်းလမ်း (လောကအထွတ်အထိပ် အဆင့်)

လဲလှယ်မှုနှုန်း... စစ်ဝိညာဉ် ၄၂၀၀၀၀ ခု

ရရှိနိုင်မှု... ကွန်မန်ဒါ

ဖော်ပြချက်... မြေကြီး အဆင့်နိမ့်၊ အဆင့်မြင့် သန့်စင်ထားသော ရုပ်ခန္ဓာများ အတွက် မသင့်တော်၊ သေဆုံးနိုင်ချေ မြင့်မား။

သတိပေးချက် (၁)... လမ်းစဉ် ခုနစ်ခုအောက် မြေကြီး ရှန့်ထိုများ ကျင့်ကြံပါက ဆိုးရွားစွာ သေဆုံးမည်။

သတိပေးချက် (၂)... ကျင့်ကြံရန် အတွက် သဘာဝ အတိုင်း ဖွဲ့စည်းထားသည့် မန်နာ၊ သမုဒ္ဒရာနှင့် ဝိညာဉ် အမျိုးအစား လျှို့ဝှက် လမ်းစဉ် သင်္ကေတများကို ပိုင်ဆိုင်သင့်သည်။ လျှို့ဝှက် လမ်းစဉ် သွေဖီမှု ဖြစ်သွားနိုင်ချေရှိ။ အကျိုးဆက်များအား ရင်ဆိုင်ရန် သတ္တိရှိမှသာ ကျင့်ကြံရန်။

လောက ဧကရာဇ် နည်းလမ်းကို အဆင့် သုံးဆင့် ခွဲခြားထားသည်။ အတုအယောင် လောက အဆင့်၊ အစစ်အမှန် လော အဆင့်၊ လောက ဧကရာဇ် အဆင့် ဟူ၍ ဖြစ်သည်။

အတုအ‌ယောင် လောက အဆင့်ကို အောင်မြင်ပါက တတိယမြောက် ခြေချခြင်းကို အောင်မြင်နိုင်သည်။ အစစ်အမှန် လောက အဆင့် စတုတ္ထမြောက် ခြေချခြင်း အတွက် ရည်ရွယ်သည်။ လောက ဧကရာဇ် အဆင့်မှာ ပဉ္စမ ခြေချခြင်းကို ထောက်ပံ့ပေးနိုင်သည်။

....

“နှေးတယ်...”

ဝူယုက ခပ်ပြတ်ပြတ်ပင် အဖြေပေးလိုက်၏။ သူ၏ လေသံက မကျေနပ်ခြင်း၊ မချင့်မရဲ ဖြစ်ခြင်းများနှင့် ပြည့်နှက် နေသည်။ သွေးမူလ နည်းလမ်းကို ကျင့်ကြံခဲ့တုန်းက သူ လွယ်လွယ်ကူကူနှင့် အောင်မြင်ခဲ့သည့်တိုင် လောက ဧကရာဇ် နည်းလမ်းကတော့ လုံးဝ ခြားနားလှပေသည်။ ၎င်းက ကျင့်ကြံရန် အလွန်ပင် ခက်ခဲသလို ကျင့်ကြံခြင်း သွေးဖီမှု အန္တရာယ်ကလည်း အချိန်တိုင်း အသင့် စောင့်ကြိုနေသည်။ ဝူယု နေရာတွင် စိတ်ဓာတ် ကြံ့ခိုင်မှု မရှိသည့် အခြားလူ တစ်ယောက် ဆိုပါက ထိုနည်းလမ်းကို လက်လျှော့ နေလောက်ပြီ ဖြစ်သည်။

ဝေ့ဝူယင် အာရုဏ်ဦး အဂ္ဂိရတ် သူရဲကောင်း၏ စိတ်ပျက်လက်ပျက် ဖြစ်မှုကို ခံစားမိလေရာ အသာအယာပင် ပြုံးလိုက်၏။

“ခင်ဗျား ကံ‌ကောင်းတယ် ဆိုရမလားပဲ... ခင်ဗျားကို ကူညီဖို့ ကျုပ်နည်းလမ်း တစ်ခု တွေ့ထားတယ်”

“...”

ဝူယု အံ့အားသင့် သွားခဲ့၏။ ထို့နောက်တွင်တော့ သူ၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပသွားခဲ့သည်။ ထို့ကြောင့်ပင် လူတိုင်းမှာ ပါရမီရှင် အဂ္ဂိရတ် ပညာရှင် တစ်ယောက်၏ အဂ္ဂိရတ် သူရဲကောင်း ဖြစ်ချင်ကြခြင်း ဖြစ်ပေလိမ့်မည်။ သူတို့ ပိုင်ဆိုင်ထားသည့် နည်းလမ်းများက အကန့်အသတ် မဲ့လှပေသည်။

“ကျုပ် အဲဒီ နည်းလမ်းကို ခုတ်ပိုင်းခြင်းဓားနဲ့ စမ်းသပ်ပြီးသွားပြီ... အသုံးဝင်တယ်”

ဝေ့ဝူယင်က ဆက်လက်၍ ‌ပြောလိုက်သည်။ ဝူယု၏ မျက်ဝန်းများက ပိုမို၍ပင် တောက်ပသွားခဲ့သည်။ အချိန် ပြောင်းပြန်လှန်ခြင်း စွမ်းအားကို သုံးသည့် အချိန်ကတည်းက... ခုတ်ပိုင်းခြင်းဓားမှာ တစ်ခုခု ပြောင်းလဲသွားသလို သူ ခံစားခဲ့ရသည်။ သူ၏ အော်ရာထဲ၌ လောက အော်ရာ အမျိုးအစား တစ်ခု ထပ်ပေါင်းလိုက်သလိုမျိုးပင်။ ထိုအရာက ဝေ့ဝူယင်၏ ကူညီမှုလော။ တွေးတောရင်း ဝူယု၏ စိတ်နှလုံး တစ်ခုလုံးက စိတ်လှုပ်ရှားမှုလှိုင်းများနှင့် တဒိတ်ဒိတ် ခုန်လာခဲ့၏။

“ဒါပေမဲ့ ပထမဆုံး အနေနဲ့ ခင်ဗျား ဒီကျင့်ကြံသူ ရှစ်ဆယ်ကို အရင် စုစည်းပေးဖို့ လိုတယ်”

ဝေ့ဝူယင်မှာ စစ်မြေပြင်မှ ရရှိလာသည့် အဖိုးအတန်ဆုံးသော ရတနာများထဲမှ တစ်ခု ဖြစ်သော စစ်ကျောက်တိုင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။

...

ထုတ်ကုန်... ဥပဒေသ ကျောက်တိုင်

လဲလှယ်မှုနှုန်း... ၃၀၀၀၀၀၀

ရရှိနိုင်မှု... ချန်ပီယံ

ဖော်ပြချက်... ဉာဏ်အလင်း မူလ၊ လောကဥဿုံ ကျောက်မျက်၊ ရွှေငါး မျက်ရည်တို့ဖြင့် ထုဆစ်ထားသည့် ကျောက်တိုင် တစ်ခု..။ ၎င်းကို လေ့လာခြင်းဖြင့် ကျင့်ကြံခြင်း ဝိညာဥ်၊ ၎င်းနှင့် ဆက်စပ်နေသည့် ကျင့်ကြံခြင်း အစိတ်အပိုင်းအားလုံး ဉာဏ်အလင်း ရရှိနိုင်... အလင်းအားလုံး၏ မူလနှင့် လောကနှလုံးသားကို နားလည်ရန် အလွန်အမင်း အကျိုးရှိ။

၎င်းကို ကျင့်ကြံသူ ရှစ်ဆယ့် တစ်ယောက်သာ လေ့လာနိုင်... အပြည့်အဝ အသုံးပြု ပြီးသည်နှင့် ဥပဒေသ ကျောက်တိုင်မှာ လောကသဲများ အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ၎င်းတို့ကို လျှို့ဝှက် အဆင့် ပစ္စည်းများ၊ အဆောင်များ၊ သံချပ်ကာများ ပြုလုပ်ရာ၌ အသုံးပြုနိုင်...၃ ခုသာ ရရှိနိုင်...။

....

ဤသည်က ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွက် နောက်ဆုံး ပြင်ဆင်မှုများကို ပြုလုပ်ရမည့် အချိန်ပင် ဖြစ်လေသည်။

***

All Chapters