အခန်း (၇၃)
Vol. 6 Ch. 73
“ဒင်။”
“တပည့်ငါးယောက်သည် အဆင့်ငါးသို့ တက်ရောက်သွားခဲ့ပြီဖြစ်သောကြောင့် အထူးတာဝန်၏ ပြည့်စုံနိုင်မှု နှုန်းထားသည် လေးဆယ်ရာခိုင်နှုန်းသို့ရောက်ရှိသွားခဲ့သည်။ ထိုကြောင့် လက်ခံသူ သည် ဂိုဏ်းစုဆောင်းမှတ် ၂၀ အားရရှိသည်။”
“ဒင်။”
“ဂိုဏ်းစုဆောင်းမှတ် - ၉၂/၅၀၀။”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ငါးဆင့်မြောက် စ ကာနီးတော့မယ်။ ဒါကြောင့် အဖွဲ့တွေခွဲတဲ့အချိန်မှာ ပွဲက လေးပွဲပဲ ကျန်တော့တယ်။ တပည့်တွေကို ကြည့်ရတာ ထိပ်ဆုံးသုံးယောက်ထဲကို ဝင်ဖို့ လိုအပ်နေပြီ။
စနစ်မှ ပြောလိုက်သည်။ "ဟုတ်ပါသည်။"
မကြာခင်မှာပဲ လေးဆင့်မြောက်တိုက်ပွဲများသည် ပြီးဆုံးသွားခဲ့ပြီဖြစ်၏။
ယှဉ်ပြိုင်သူ သုံးဆယ်နှစ်ယောက်သည် ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး သုံးဆယ့်နှစ်ယောက်မှာတော့ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ သိုင်းပြိုင်ပွဲသည် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိသွားသည်ဟု ပြောလျှင် ရသည်။
အဘယ့်ကြောင့်ဆိုသော် ဤအဆင့်သို့ရောက်ရှိလာသော လူများသည် အလွန်တရာ အားကောင်းလှသောကြောင့် ဖြစ်၏။
နောက်တစ်ပွဲတွင် မည်သည့် ယှဉ်ပြိုင်သူက အစစ်အမှန်စွမ်းရည်များကို ထုတ်ဖော်ပြသမလဲ ဆိုသည်ကို သိုင်းပညာရှင်များက ကြိုတင်ခန့်မှန်းနေကြ၏။
ခဏလောက် အနားယူပြီးသည့်နောက်မှာတော့ ဒိုင်လူကြီးမှ ကြေညာလိုက်သည်။ “ငါးဆင့်မြောက် ပထဦးဆုံးပွဲ လီချင်းယန်နှင့် စွန်းဟောင်ထမ်း”
လီချင်းယန်နှင့် စွန်းဟောင်ထမ်းတို့သည် တစ်ယောက်ပြီးတစ်ယောက် စင်မြင့်ပေါ်သို့ ရောက်ရှိလာကြသည်။ နှစ်ယောက်လုံးသည် လက်သီးဆုပ်ကာဖြင့် ဂါဝရပြုလိုက်၏။
ဒိုင်လူကြီးမှ အော်လိုက်သည်နှင့် တစ်ပြိုင်တည်း သူသည် စတင်၍ တိုက်ခိုက်ကြတော့သည်။
ဤတစ်ကြိမ်မှာတော့ ပြိုင်ဘက်၏အားအင်သည် အနည်းငယ် အားကောင်းလှ၏။
လီချင်းယန် သည် ပွဲအား အမြန်နှင့် အဆုံးမသတ်နိုင်တော့ပေ။ ထို့ကြောင့် အချိန်ယူကာ တိုက်ခိုက်နေရသည်။
ဘန်း … ဘန်း။
လက်သီး ၊ ခြေထောက်နှင့် စိတ်ဝိညာဉ်စွမ်းအင်များ ထိပ်တိုက်တွေ့ဆုံ ရိုက်မိသံသည် လေထုထဲတွင် ပြည့်နှက်လျှက် ရှိသည်။ နှစ်ယောက်လုံးသည် ချီးကျူးဖို့ ကောင်းလှစွာဖြင့် အပြန်အလှန် ရင်ဆိုင်တိုက်ခိုက်နေကြသည်။
ပွဲကြည့်ပရိတ်သတ်များကလည်း စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေကြသည်။
ထိုအရာမှ အမှန်ပင်ဖြစ်၏။ ထူးချွန်လှသော ပါရမီရှင်များ၏ တိုက်ပွဲကို ကြည့်ရန် သူတို့ လာခဲ့ကြသည် မဟုတ်လား။ အဘယ့်ကြောင့် တိုက်ပွဲအား မြန်မြန်ဆန်ဆန်နှင့် ဖြတ်နေကြသနည်း။ ဤကဲ့သို့ တိုက်ခိုက်သည်ကမှ ကြည့်ရှု၍ ကောင်းပေသည်။
ဘန်း … ဘန်း။
အချိန်ခဏလောက် ကြာမှာတော့ စွန်းဟောင်ထမ်းနှင့် လီချင်းယန်တို့သည် အကွက် နှစ်ဆယ်လောက် တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။
သို့ပေမဲ့ တိုက်ခိုက်လာလေ စွန်းဟောင်ထမ်း၏ နှလုံးသားသည် အေးစက်လာလေဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လီချင်းယန်သည် စိတ်ဝိညာဉ်စွမ်းအင်တွင်မကသေးပဲ ခန္ဓာကိုယ်ကပါ အ လွန် အားကောင်းနေကြောင်းကို စွန်းဟောင်ထမ်း သတိပြုလိုက်မိသောကြောင့် ဖြစ်သည်။
လီချင်းယန်နှင့် တိုက်ခိုက်ရင်းမှာပဲ သူ၏ လက်များသည် ထုံကျင်လာ၏။
လီချင်းယန်၊ စုရှောင်မိုနှင့် တစ်ခြားသောသူများသည် ရှောင်ကျီကဲ့သို့ ကြွက်သား တည်ဆောက်ခြင်း အခန်း ထဲတွင် ရူးရူးမူးမူး လေ့ကျင့်ခဲ့သည် မဟုတ်သော်လည်း အတန်အသင့်တော့ ကြွက်သား တည်ဆောက်ခြင်း အခန်းထဲတွင် လေ့ကျင့်ခဲ့ဖူးသူများ ဖြစ်သည်။
ထို့ကြောင့်ပင် သူတို့၏ ခန္ဓာကိုယ်အားအင်သည် သာမန်လူများထက် သာလွန်နေ၏။
မဟုတ်လျှင် ရှေ့ပွဲများ၌ သူတို့၏ ပြိုင်ဘက်များအား မြန်မြန်ဆန်ဆန် အနိုင်ယူနိုင်ခဲ့မည် မဟုတ်ချေ။
ရှောင်ကျီသည် သူ၏မရီဒန်များ မဖွင့်နိုင်သောကြောင့် ခန္ဓာကိုယ်အားအင်ကို သီးသန့်လေ့ကျင့်ခဲ့ရသည်။ သို့ပေမဲ့ သူတို့သုံးယောက်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်နှင့် ခန္ဓာကိုယ်အားအင်များကို မျှတအောင် လေ့ကျင့်ခဲ့ကြသည်။
ဘန်း။
နောက်ဆုံးမှာတော့ သိုင်းကွက် အနည်းငယ်ယှဉ်ပြိုင်ပြီးသည့်နောက် စွန်းဟောင်ထမ်းသည် မည်သို့မှ မခံနိုင်တော့ချေ။ ထို့ကြောင့် လီချင်းယန်၏ တိုက်ခိုက်မှုကို ခံရပြီး စင်မြင့်အောက်သို့ ပြုတ်ကျသွားတော့သည်။
“ငါးဆင့်မြောက် ပထမဦးဆုံးအနိုင်ရသူ လီချင်းယန်။”
နောက်တစ်ယောက်မှာတော့ လုချင်းချင်းဖြစ်သည်။
သူမသည်လည်း သူမ၏ ပြိုင်ဘက်အား အညှာအတာမဲ့စွာဖြင့် အနိုင်ယူခဲ့လေသည်။ ဤအမျိုးသမီးသည် ကြွက်သားတည်ဆောက်ခြင်းအခန်းထဲသို့ မဝင်ခဲ့ပေ။ သူမသည် စိတ်ဝိညာဉ်စွမ်းအင် အစီအရင်ထဲတွင် တောက်လျှောက်လေ့ကျင့်ခဲ့၏။
သူမသည် ရက်အနည်းငယ်အတွင်းမှာပဲ စိတ်ဝိညာဉ်ချီလေပွေအား လေ့ကျင့်နိုင်ခဲ့သည်။
လီချင်းယန်သည် စိတ်ဝိညာဉ်စွမ်းအင်နှင့် ခန္ဓာကိုယ်စွမ်းအင်အား စုစည်း၍ သူ၏ ပြိုင်ဘက်ကို အနိုင်ယူခဲ့သော်လည်း သူမကတော့ သူမ၏ သန့်စင်သည့် စိတ်ဝိညာဉ်စွမ်းအင်ကိုသာ အသုံးပြုပြီး ပြိုင်ဘက်ကို အနိုင်ယူခဲ့သူဖြစ်သည်။
ပြီးနောက် စုရှောင်မိုနှင့် ထျန်းချီ တို့သည်လည်း သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်နှင့် ခန္ဓာကိုယ်အားအင်ကို အသုံးပြု၍ ပြိုင်ဘက်များကို တစ်ယောက်ချင်းစီ အနိုင်ယူခဲ့လေသည်။
တိုက်ပွဲ ယှဉ်ပြိုင်ရာတွင် အချိန်အနည်းငယ် နှေးကွေးသွားလှသည်ဆိုသော်လည်း နောက်ဆုံးတွင် အနိုင်ရရှိသူမှာ သူတို့သာ ဖြစ်နေသည်။
"ဒီသံမဏိအရိုးဂိုဏ်းကလူတွေက တကယ်မလွယ်ဘူးပဲ။"
"သူတို့ရဲ့ ပြိုင်ဘက်တွေက အားနည်းပုံပဲ။ သူတို့ကို ကြည့်ရတာ အားပြည့်အင်ပြည့်တောင် ထုတ်ဖော်ပုံမပေါ်ဘူး။ အဆင့်ကိုးဂိုဏ်းတစ်ခုမှာ ဘာကြောင့် ဒီလောက်တော်တဲ့သူတွေ ရှိနေရတာလဲ။"
များပြားလှသော ကျွမ်းကျင်သူများသည် ပဟေဠိဖြစ်နေကြ၏။
ပြီးနောက် ပွဲကြည့်စင်မြင့်ပေါ်တွင် ရှိသော ကျွင်းချောင်ရှောင်းအား လှည့်ကြည့်လိုက်လေသည်။
စွမ်းအင်ဖွင့်ခြင်း အဆင့်လောက်သာ ရှိမည်ဖြစ်သော ဆယ်ကျော်သက် ဂိုဏ်းချုပ်တစ်ယောက်သည် စုရှောင်မို နှင့် ထျန်းချီ တို့ကဲ့သို့ သာမန်ပင်ကိုယ်စွမ်းအင်နှင့် မွေးဖွားလာကြသူများကို အဘယ်သို့သော နည်းလမ်းဖြင့် ဤကဲ့သို့ ထက်မြက်သော ကျင့်ကြံသူများ ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သနည်း။
"အရမ်းအားကောင်းလွန်းတယ်။"
နောက်တစ်ဆင့်သို့ တက်မည့်သူများသည် လီချင်းယန်နှင့် တစ်ခြားသူများသည် ပြိုင်ဘက်အား အားသိပ်မထုတ်ဘဲ အနိုင်ယူခဲ့သည်ကို မြင်တော့ မျက်မှောင်ကုတ်မိကြ၏။
ဤအချိန်ထိ သူတို့သည် သံမဏိအရိုးဂိုဏ်းတပည့်များအား လှောင်ပြောင်မည်ဆိုလျှင် အရူးသာ ဖြစ်ပေလိမ့်မည်။
သံမဏိအရိုးဂိုဏ်းတပည့်များသည် တစ်ယောက်ပြီးတစ်ယောက် နောက်တစ်ဆင့်သို့ တက်သွားကြသည်။
သူတို့အား မည်သူကမျှ ဖြတ်မျဉ်းအဆင့်ဟု မတွေးထင်ကြတော့ပေ။ ကြည့်ရသည်မှာ သူတို့သည် အမှန်တကယ် အားကောင်းလှပုံပေါ်သည်။
“အဖွဲတစ်ခုကို တပည့်တစ်ယောက်ကသာ ဦးဆောင်သူအဖြစ် အနိုင်ယူခဲ့မယ် ဆိုရင် အဆင့်ကိုးဂိုဏ်းတစ်ခုအနေနဲ့ တကယ့်ကို မှတ်တမ်းသစ်တစ်ခု ဖြစ်သွားမှာပဲ။"
"အဖွဲ့ထဲမှာရှိတဲ့ ဒေါတော့ မဖြစ်နိုင်ဘူး။"
အားလုံး ပြောဆိုနေကြစဉ်မှာပဲ ဒိုင်လူကြီးသည် အော်လိုက်၏။ “ငါးဆင့်မြောက် ….. ခုနစ်ပွဲမြောက်ပွဲ ရှောင်လင်းရီ နှင့် ရှောင်ကျီ။”
"လာပြီ။" ကျွင်းချောင်ရှောင်းသည် ဟန်ပါပါဖြင့် လှမ်းကြည့်လိုက်သည်။
ယှဉ်ပြိုင်ပွဲတစ်လျှောက်တွင် ရှောင်ကျီသည် စွမ်းအင်ဖွင့်ခြင်း အဆင့် ယှဉ်ပြိုင်သူ ပြိုင်ဘက်များအား အနိုင်ယူ၍ တက်လာခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် သိုင်းတပည့်အဆင့် စေမ်းသပ်မှုတစ်ခုပင် ဖြစ်လိမ့်မည်။
"စပြီ။"
"ဝမ်းကွဲလင်းရီ။"
"ဝမ်းကွဲလင်းရီက လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ကျူးရင်တောင်ကြားမှာ သွားပြီးတော့ လေ့ကျင့်နေခဲ့တာ။ အားအင်အဆင့်က တော်တော်လေး တိုးတက်လာတယ်။ ဒီကောင်တော့ ကောင်းကောင်း အရိုက်နှက် ခံရပြီပဲ။"
ရှောင်ကလန်၏ တိုက်ရိုက်မျိုးဆက်များသည် အသက်ဝင်လှုပ်ရှား လာကြပြန်သည်။
ရှောင်ကျီသည် ကံကောင်းစွာဖြင့် သူ၏ ပြိုင်ဘက်များအား တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူခဲ့သောကြောင့် သူတို့၏ စိတ်ဆင်းရဲခဲ့ရသည်။ သို့သော်လည်း ရှောင်ကျီသည် ရှောင်လင်းရီနှင့် နောက်ဆုံးမှာ တွေ့ရလေပြီ။
“ဟမ့်။”
ပွဲကြည့်စင်မြင့်ပေါ်မှာ ရှိသော ရှောင်ကလန်၏ အကြီးအကဲသည် ခပ်မဲ့မဲ့ ပြောလိုက်သည်။ "သူ ရှေ့ပွဲတွေ နိုင်ခဲ့တယ်ဆိုပေမဲ့ လင်းရီနဲ့ တွေ့ပြီဆိုတော့ သူ့ရဲ့ ကံကောင်းခြင်းတွေ အဆုံးသတ်ပြီပဲ။"
ရှောင်ကလန်သည် ရှောင်လင်းရီနှင့် ပတ်သက်၍ အလွန်အမင်း ယုံကြည်ချက်ရှိ၏။ ရှောင်းလင်းရီသည် သိုင်းတပည့်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ကျူးရင်တောင်ကြား တွင် သွားရောက် လေ့ကျင့်ခဲ့သူဖြစ်၏။
"ရှောင်ကလန်ရဲ့ ရှောင်လင်းရီက ဒီနှစ်သိုင်းပြိုင်ပွဲအတွက် ဗိုလ်ဆွဲဖို့ ရေပန်းအစားဆုံးဖြစ်တယ်။ ရှောင်ကျီကတော့ ဖြတ်မျဉ်းအဆင့်သာသာပဲ။ ပြောရမယ်ဆိုရင် ဒီရှောင်ကလန် တိုက်ရိုက်မျိုးဆက်ရဲ့ ပင်ကိုယ်စွမ်းရည်က တော်တော်လေး ကောင်းတယ်။ ဒါပေမဲ့ ဆိုးတာက သူ အရင်တုန်းက ရှောင်ကျီရဲ့ အရိပ်အောက်မှာ လွှမ်းမိုးခံခဲ့ရတာပဲ။"
"အဲလိုလား။"
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကဆိုရင် သူ့ကို ရှောင်လင်းရီလို့ ဘယ်သူမှ မခေါ်ကြဘူး။ ရှောင်ကျီ ဝမ်းကွဲ ရှောင်ကျီ ဝမ်းကွဲလို့ ခေါ်ကြတာလေ။"
ရှောင်လင်းရီသည် စင်ပေါ်သို့တက်လာရင်း လူအများ၏ ပြောဆိုသံကို ကြားတော့ သူ၏ မျက်လုံးများ အေးစက်သွား၏။
လွန်ခဲ့တဲ့ ငါးနှစ်တုန်းက သူ၏နာမည်အား ရှောင်ကျီ ဝမ်းကွဲဟုခေါ်ဆိုခဲ့ကြခြင်းသည် အိမ်မက်ဆိုးပင် ဖြစ်သည်။ သူမည်မျှပင် ကြိုးစားကျင့်ကြံခဲ့သူဆိုဆို သူသည် ရှောင်ကျီ၏ အရိပ်အောက်တွင် နေထိုင်ခဲ့ရသည်။ သူသည် ထိုအရာကို လက်မခံနိုင်ပေ။
ထို့ကြောင့် ပြင်းပြင်းထန်ထန် လေ့ကျင့်နေရင်းမှာပဲ သူ၏ ဝမ်းကွဲသည် ဒုက္ခတအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။
ဘုတ်။
ရှောင်ကျီသည် စင်မြင့်ပေါ်သို့ လှမ်းတက်လာ၏။
"ဝမ်းကွဲအစ်ကို … ဒီမှာရှိတဲ့ လူတွေအားလုံးရဲ့ရှေ့မှာ ကျုပ် ခင်ဗျားကို အနိုင်ယူမယ်။ ပြီးတော့ ကျုပ်နာမည်က ရှောင်ကျီဝမ်းကွဲ မဟုတ်ဘဲ ရှောင်းလင်းရီ ဖြစ်တဲ့အကြောင်းကို အားလုံးသိအောင်လုပ်မယ်။" ရှောင်လင်းရီသည် အေးစက်စက် မျက်နှာပေးဖြင့် ပြောလိုက်သည်။
ရှောင်ကျီပြောလိုက်၏။ "မင်း လုပ်နိုင်မှာ မဟုတ်ဘူး။"
ပွဲကြည့်စင်မြင့်ပေါ်တွင်ရှိသော ကျင့်ကြံသူများ အားလုံးသည် သူ့အား ကြည့်လိုက်၏။ ဤလူငယ်လေးသည် လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ရှားပါးလှသည့် ပါရမီရှင်တစ်ဦး ဖြစ်ခဲ့သည်။
ရှောင်လင်းရီသည် အေးစက်စက်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ခင်ဗျား မရီဒန်တွေကိုတောင် မဖွင့်နိုင်ဘူး။ ဘာလို့ ကျုပ် မလုပ်နိုင်ဘူးလို့ ပြောနိုင်ရတာလဲ။"
"မလုပ်နိုင်ဘူးဆိုရင် မလုပ်နိုင်ဘူးပဲ။" ရှောင်ကျီ ပြောလိုက်သည်။
ခရက်စ်။
ရှောင်လင်းရီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူသည် ဒေါသတွေ တစ်လိပ်လိပ်နှင့် တက်လာ၏။
သူသည် ယေဘုယျအားဖြင့် အလွန်အမင်း တည်ငြိမ်သူ ဖြစ်သည်။ သို့ပေမဲ့ အမြဲတမ်း သူ့အား လွမ်းမိုးခဲ့သော ရှောင်ကျီနှင့် ရင်ဆိုင်ရချိန်မှာတော့ ခံစားချက်များသည် ထိန်းချုပ်ရန် အလွန်အမင်း ခက်ခဲလှ၏။
"စမယ်။" ဒိုင်လူကြီး ပြောလိုက်သည်။
ဆွစ်။
ဒိုင်လူကြီး စကားပြောပြီးပြီးချင်းမှာပဲ ဒေါသထွက်နေသော ရှောင်လင်းရီသည် ခြေလှမ်းသိုင်းကွက်တစ်ခုကို ထုတ်သုံး၍ ရှေ့သို့ ပြေးတက်လာ၏။
သူ၏ လက်များသည် စည်းပုံစံတစ်ခုကို ပြုလုပ်လိုက်ပြီးနောက် များပြားလှသော လက်ဝါး ရိုက်ချက်များ သည် လေထု ထဲ၌ ပေါ်လာသည်။
“ကွမ်ရင် လက်ဝါးတစ်ထောင်သိုင်း။”
"ဒါ ကျူးရင်တောင်ကြားရဲ့ အလယ်အလတ်အဆင့် သေမျိုး သိုင်းတစ်ခု မဟုတ်လား။" ကျွမ်းကျင်သူ တစ်ယောက်သည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။
ဘုန်း … ဘုန်း … ဘုန်း။
မျက်စိတစ်မှိတ်အတွင်းမှာပဲ များပြားလှသော လက်ဝါးရိုက်ချက်များသည် မတူညီသည့် နေရာများဆီမှ ရှောင်ကျီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာခဲ့သည်။
သို့ပေမဲ့ ရှောင်ကျီသည် တစ်ချက်လေးမှ လှုပ်ရှားမှု မရှိဘဲ မတ်တပ်ရပ်လျက်ရှိ၏။
"ဒါက"
ပွဲကြည့်စင်မြင့်ပေါ်တွင် ရှိနေသော လူများ၏ နှုတ်ခမ်းများသည် တစ်ဆတ်ဆတ် နှင့် တုန်ရင်သွားသည်။
ရှောင်ကလန်၏ တိုက်ရိုက်မျိုးဆက် သည် သိုင်းတပည့်အဆင့် တစ်ယောက် ဖြစ်ပြီး သေမျိုးအလယ်အလတ်အဆင့် လက်ဝါး နည်းစနစ်တစ်ခုကိုပင် ထုတ်သုံးခဲ့၏။
သို့ပေမဲ့ ေ၏ခန္ဓာကိုယ်အားအင်သည် အလွန်အမင်း ကြောက်မတ်ဖွယ်ရာ ကောင်းလှ၏။
ဆွစ်။
ရှောင်လင်းရီ၏ လက်ဝါးသည် လက်သီးအဖြစ်သို့ ပြောင်းလဲသွားပြီး အလွန်တရာမြန်ဆန်သော နှုန်းထားဖြင့် ရောက်ရှိလာပြန်၏။
ထိုလက်သီးတွင် ဂျင်၂၅၀၀ အားအင်ပါဝင်နေပြီး ရှောင်ကျီ၏ ရင်ဘတ်နှင့် ထိခိုက်မိချိန်မှာတော့ ဘန်းဆိုသည့် အသံသည်သာ ထွက်ပေါ်လာခဲ့သည်။
ရှောင်ကျီသည် တစ်ချက်လေးမှ နောက်မတွန့်သွားခဲ့ချေ။
"သေစမ်း။"
ရှောင်ကျီ၏ ခန္ဓာကိုယ်သည် အလွန်အမင်း အားကောင်းကြောင်းကို ရှောင်လင်းရီ သိရှိ၏။ သို့ပေမဲ့ တကယ်တမ်း တိုက်ခိုက်ချိန်မှာတော့ သူ ခန့်မှန်းထားသည်ထက် ပိုမို၍ အားကောင်းလှကြောင်းကို ထင်ထင်ရှားရှား နားလည်သွားမိ၏။
ရှောင်ကျီပြောလိုက်သည်။ "တစ်ခြားသူတွေနဲ့ တိုက်ခိုက်တဲ့အချိန်မှာ အလျှင်မလိုရဘူးလို့ ငါ ပြောထားတာကို မင်း မေ့သွားပြီလား။ မင်းရဲ့စိတ်အခြေအနေကို ရှုပ်ထွေးအောင် လုပ်လို့ မဖြစ်ဘူး။ မင်းကို ကြည့်ရတာ မေ့သွားပုံပေါ်တယ်။"
"အမှိုက်က ကျုပ်ကို သင်ပေးဖို့အတွက် အရည်အချင်း မပြည့်မီဘူး။"
ရှောင်လင်းရီ၏ မျက်နှာသည် ပျက်ရွင်းသွား၏။ ပြီးနောက် သူ၏ တစ်ခြားလက်သီးသည် ဂျင်ထောင်ချီ လေးသော အလေးချိန်ဖြင့် ထွက်ပေါ်လာသည်။
ရှောင်ကျီသည် ရှောင်လိုက်၏။ သို့ပေမဲ့ သူသည် ခြေတစ်လှမ်းစာ ရွေ့၍ ရှောင်လိုက်ခြင်း ဖြစ်၏။
များပြားလှသော လေ့ကျင့်သူများသည် အံ့အား သင့်သွားကြသည်။
ရှောင်လင်းရီ၏ တိုက်ခိုက်ချက်သည် လွဲချော်သွားပြီ ဖြစ်၏။
ပွဲကြည့်စင်မြင့်ပေါ်တွင်ရှိသော ရှောင်ကလန်အကြီးအကဲ၏ မျက်နှာသည် ပို၍ ရုပ်ဆိုးလာသည်။ သူ၏ မျက်လုံးထဲတွင် ရှိသော မယုံနိုင်ခြင်း အငွေ့အသက်များသည် ပို၍ အားကောင်းလာခဲ့ပြီ ဖြစ်သည်။
ရှောင်လင်းရီ အနေနှင့် ရှောင်ကျီအား တိုက်ခိုက်ရန် ခက်ခဲလှသည်ကို သူ မြင်ခဲ့ရသည်။
ထို့အပြင် ရှောင်လင်းရီသည် တိုက်ခိုက်ရာတွင် စိတ်ရှုပ်လျှက် ရှိ၏။
ဆက်လက် တိုက်ခိုက်မည်ဆိုလျှင် အနှေးနှင့်အမြန် တစ်စုံတစ်ခု ဖြစ်တော့မှာ သေချာသည်။
သူ စဉ်းစားနေချိန်မှာပဲ ရှောင်ကျီသည် လက်ဝါးရိုက်ချက်ကို အသာရှောင်ချလိုက်ပြီး ဘေးတစ်ဘက်ဆီသို့ ယို့ကာ ရှောင်လင်းရီ၏ တံတောင်ဆစ် အား အသာခုတ်ပိုင်းလိုက်သည်။
ရှောင်ကျီ ပြောလိုက်သည်။ "မင်း ဒီနေရာမှာ ဒဏ်ရာရထားတာပဲ။"
ဟုတ်ပေသည်။ ကျူးရင်တောင်ကြား၌ နေထိုင်လေ့ကျင့်ခဲ့စဉ်က ရှောင်လင်းရီသည် တံတောင်ဆစ် ဒဏ်ရာ ရရှိခဲ့သည်။ သို့ပေမဲ့ ကိစ္စအကြီးအကျယ် မဟုတ်သောကြောင့် သိပ်အလေးမထားခဲ့ချေ။
"ခင်ဗျား သိသွားပြီလား။" သူ၏ မျက်နှာသည် ပို၍ ရုပ်ဆိုး အကျည်းတန်လာ၏။
ရှောင်ကျီသည် ခေါင်းခါယမ်းကာ ပြောလိုက်သည်။ "မင်း ဒဏ်ရာကြီးနှင့် တိုက်ခိုက်နေတာပဲ။ ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ မြန်မြန်ဆန်ဆန် စင်ပေါ်ကနေ ဆင်းသွားတော့။"
"ဘာပြောတယ်။ ခင်ဗျား ကျုပ်ကို အထင်သေးတာလား။ ခွင့်မလွှတ်ဘူး …လုံးဝခွင့်မလွှတ်ဘူး။” ရှောင်လင်းရီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ သူ၏ လက်သီးထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းပြီး ထည့်လိုက်သည်။ ပြီးနောက် ချက်ချင်းဆိုသလိုပဲ လက်သီးနည်းစနစ်တစ်ခုကို ထုတ်ဖော်လိုက်တော့သည်။
လေလှိုင်းများသည် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဖြစ်ပေါ်လာပြီး အနီးနားရှိ ပတ်ဝန်းကျင်တွင် ဖုန် များပင် ဖြစ်ပေါ်လာသည်။
ရှောင်ကျီသည် ဤတိုက်ခိုက်ချက်အား သူ၏ ခန္ဓာကိုယ်ကို အသုံးပြု၍ ထိပ်တိုက်မခံယူတော့ပေ။ နောက်သို ခြေလှမ်းအသာဆုတ်၍ တစ်ဆင့်ချင်းဆီ ရှောင်လိုက်၏။
တစ်ချိန်တည်းမှာပဲ အခွင့်အရေးယူပြီး ရှောင်လင်းရီ၏ တံတောင်ဆစ်အား ထိခိုက်အောင် တိုက်ခိုက်လိုက်သည်။
ရှောင်လင်းရီသည် တံတောင်ဆစ်အား သတိထား၍ ရှောင်ရှားနေသည် ဆိုသော်လည်း အချိန်တိုင်း ထိမှန်ခံနေရသည်။ ထို့ကြောင့် သူ၏ ဒဏ်ရာသည် တစ်ဖြည်းဖြည်းနှင့် ပိုမို၍ ဆိုးဝါးလာ၏။
နှလုံးကွဲမတတ် နာကျင်မှုကိုလည်း ခံစားလာရသည်။
တိုက်ပွဲ၏ အခြေအနေကို ကြည့်လျှင် သူသည် ရှောင်ကျီအား ဖိနှိပ်ထားပုံပေါ်၏။ သို့ပေမဲ့ ကျွမ်းကျင်သူများ၏ မျက်လုံးထဲမှာတော့ သူသည် ယခင်ကထက် ပိုပို၍ ေ"ရှောင်ကျီရဲ့ ခန္ဓာကိုယ်က အရမ်းအားကောင်းလွန်းတယ်။ ရှောင်ကလန်ရဲ့ တိုက်ရိုက်မျိုးဆက်က အကျိုးရှိရှိ မတိုက်ခိုက်နိုင်ဘူး။ မကြာခင် ဒုက္ခရောက်သွားနိုင်တယ်။"
"သူ့ခန္ဓာကိုယ်က အရမ်းမာလွန်းအားကြီးတယ်။ လက်နက်သာ မသုံးဘူးဆိုရင် သူ့ကို အနိုင်ယူဖို့ သိပ်မလွယ်ဘူး။ ဒါပေမဲ့ သိုင်းပြိုင်ပွဲ မှာ လက်နက်ကို အသုံးပြုဖို့ ခွင့်ပြုပေးမထားဘူး။ ငါ့အထင်အရဆိုရင်တော့ ရှောင်ကလန်ရဲ့ တိုက်ရိုက်မျိုးဆက်က အန္တရာယ် ကျရောက်နေပြီ။"
"သူက မရီဒန်တောင် မဖွင့်ရသေးဘဲနဲ့ သိုင်းတပည့် အဆင့် ကျင့်ကြံသူ တစ်ယောက်နဲ့ တိုက်ခိုက်နိုင်တယ်။ ကြောက်ဖို့ကောင်းလိုက်တာ။"
ရှောင်ကလန်အကြီးအကဲ၏ မျက်နှာသည် ဒေါသကြောင့် အစိမ်းရောင်ပင် ပေါက်နေသည်။
"ဒီလို ခန္ဓာကိုယ်အားကောင်းတဲ့ မွန်းစတားတစ်ယောက်ကို ရှောင်ကလန်က ထုတ်ပယ်ခဲ့တာပဲ။ ဒါကြောင့် သူတို့ မနာလိုစိတ်နဲ့ ဒေါသထွက်နေတာ ဖြစ်မှာပေါ့။"
များပြားလှသော ကျင့်ကြံသူများသည် တိုက်ပွဲကို ကြည့်ရှုရင်း ဆွေးနွေးနေကြသည်။
ပွဲကြည့်စင်မြင်ပေါ်တွင်ရှိသော ရှောင်ကလန်အကြီးအကဲများ၏ မျက်နှာ အမူအရာ သည် ဆက်တိုက်ဆို သလိုပဲ ပြောင်းလဲနေ၏။
သူတို့၏ ခန္ဓာကိုယ်တွင် ဒေါသတရားများသည် အရှိန်အဟုန်ကောင်းကောင်းဖြင့် စီးဆင်းလျှက် ရှိသည်။
ရှောင်ကလန်မှ ထုတ်ပယ်လိုက်သော အမှိုက်သည် သူတို့အားကုန်ထုတ် ပျိုးထောင်ထားသော ရှောင်းလင်းရီနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်နေသည်ကို ကြည့်ရသည်မှာ သူတို့အတွက် မျက်စိထဲ ဆူးဝင်နေသလိုပင်။
ရှောင်ကျီသည် အခြေအနေကို ကြည့်ကာ ဆေက်တိုက်တိုက်ခိုက်လျက် ရှိသည်။
ထို့ကြောင့် ရှောင်လင်းရီ၏ တိုက်ခိုက်မှုသည် အဆက်အစပ် ပျက်သလို ဖြစ်နေသည်။
ရှောင်ကလန်၏တိုက်ရိုက်မျိုးဆက်သည် ပိုပို၍ ရုန်းကန်လာရသည်ကို သိုင်းပညာရှင်များသည် မြင်လာကြ၏။
ဘန်း။
ရုတ်တရက်ဆိုသလိုပဲ ရှောင်ကျီ၏ ပြင်းထန်လှသော လက်သီးသည် ရှောင်လင်းရီ၏ တံတောင်ဆစ်ကို ထိခိုက်မိသွားသည်။
ရုတ်တရက်ဆိုသလိုပဲ ရှောင်လင်းရီ နောက်သို့ဆုတ်လိုက်သည်။ နာကျင်မှုကြောင့် သူ၏ နဖူးထက်မှ ချွေးစေးများ ကျဆင်းလာတော့သည်။
ရှောင်ကျီသည် ရှေ့သို့ လှမ်းတက်လာပြီး ရှောင်လင်းရီ၏ အနောက်ဘက်သို့ ဦးတည်ကာ တိုက်ခိုက်လိုက်၏။ ပြီးနောက် အနောက်မှ သိုင်းချုပ်၍ နောက်ပြန် ကိုင်ပေါက်ချလိုက်တော့သည်။
ဖောင်း။ ….
ရှောင်လင်းရီသည် ပွဲကြည့်စင်မြင့်ပေါ်သို့ ခြေကားယား လက်ကားယား ပြုတ်ကျသွားတော့၏။
"ပြီးပြီ။" များပြားလှသော ကျင့်ကြံသူများသည် ခေါင်းခါယမ်းလိုက်မိသည်။ သူတို့သည် ပွဲ၏ရလာဒ်ပြီးဆုံးသွားပြီဖြစ်ကြောင်းကို သိရှိလိုက်ရပြီဖြစ်သည်။
သို့ပေမဲ့ တကယ်တန်းမှာတော့ မပြီသေးပေ။ ရှောင်းကျီသည် ရှောင်လင်းရီအား ကိုင်ပေါက်ပြီးသည့်နောက်မှာတော့ လည်ကုတ်အား လက်တစ်ဖက်ဖြင့် စုကိုင်၍ ပြောလိုက်သည်။
"မှတ်ထား မင်းအစ်ကိုကြီးက အမြဲတမ်း မင်းအစ်ကိုကြီးပဲ။ ငါက အမှိုက်တစ်စဖြစ်မယ်ဆိုရင်တောင် မင်း ပုန်ကန်လို့ ရမယ့်သူ မဟုတ်ဘူး။"
ဘန်း …. ဘန်း။
သူ၏ ညာလက်သီးသည် ပြင်းထန်လှသော လေအဟုန်နှင့်အတူပဲ ရှောင်လင်းရီ၏ မျက်နှာပေါ်သို့ ကျဆင်းနေ၏။
လက်ရှိအချိန်မှာတော့ အားလုံး၏ အထင်ကြီး အားကိုးမှုကို ရရှိ၍ မောက်မာလျက် ရှိသော ရှောင်လင်းရီသည် ပိုင်ယု ကဲ့သို့ပင် ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံနေရပြီဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ပုခုံးတွန့်ကာ ပြောလိုက်သည်။ "ချီး … ဗိုလ်ဆွဲဖို့အတွက် ရေဗန်းစားတဲ့သူ ဟုတ်လား။ သူက အမှိုက်သာသာပဲ။"
တော်ဝင်နီဂိုဏ်းမှ အကြီးအကဲ၏ မျက်နှာသည် တစ်ဆတ်ဆတ် တုန်ရင်သွားသည်။
မရီဒန်ပင် မဖွင့်ရသေးသော သူတစ်ယောက်သည် ရှောင်ကလန်၏ တိုက်ရိုက်မျိုးဆက်တစ်ယောက်ကို ဤအခြေအနေမျိုး ဖြစ်အောင် ရိုက်နှက်လျက် ရှိ၏။
သောက်ကျိုးနည်းလှချေသည်တကား။
ဘန်း။
………
ဒိုင်း။
ရုတ်တရက်ဆိုသလိုပဲ သူ၏ နားထဲတွင် ကျယ်လောင်လှသော အသံကြီးတစ်ခု ဖြစ်ပေါ်လာပြီး သူပင်လျှင် မြေပေါ်သို့ ပြုတ်ကျလုမတတ်ဖြစ်သွားတော့သည်။
တော်ဝင်နီဂိုဏ်းက အကြီးအကဲသည် ခေါင်းငဲ့ကြည့်လိုက်တော့ သံမဏိအရိုးဂိုဏ်းခေါင်းဆောင်၏ လက်ထဲရှိ အရုပ်သည် အစိမ်းရောင်အငွေ့များထွက်လာသည်ကို မြင်လိုက်ရသည်။
ထိုအရုပ်ညွှန်ထားရာနေရာကို ကြည့်လိုက်ချိန်မှာတော့ အဝေးတစ်နေရာရှိ စင်မြင့်အထက် နံရံတစ်ခုတွင် အပေါက်တစ်ခု ဖြစ်နေသည်ကို မြင်လိုက်ရ၏။
ကျယ်လောင်လှသော အသံသည် ပွဲကြည့်စင်မြင့်ပေါ်ရှိ သိုင်းပညာရှင်များကို အလန့်တကြား ဖြစ်သွားစေသည်။
သူတို့ လှမ်း ကြည့်လိုက်ချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခုကို ကိုင်ဆောင်ထားကြောင်း မြင်လိုက်ရ၏။
မျက်နှာချင်းဆိုင်တွင်တော့ ရှောင်ကလန်အကြီးအကဲသည် ထိပ်လန့်ကြောက်ရွံသော အမူအယာဖြင့် ထိုင်ခုံပေါ်တွင် ထိုင်နေသည်။
သူ၏ အနားရှိ နံရံသည် အပေါက်ကြီးတစ်ပေါက် ဖြစ်လို့နေ၏။
"ပစ်လိုက်ပြန်ပြီ။"
လီချင်းယန်နှင့် စူရှောင်မိုတို့သည်လည်း အံ့အားသင့်သွားသည်။
"ခုနက အသံက ဘာအသံလဲ။ ဗျောက်အိုးဖောက်သံလိုပဲ။"
အားလုံးသည် စတင်၍ ပြောဆိုလိုက်ကြသည်။
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်သို့ လှမ်းထိုင်ပြီး ရှောင်ကလန်အကြီးအကဲအား လှမ်းချိန်ကာ ပြောလိုက်သည်။
"ထိုင်နေ။"
ရှောင်ကလန်အကြီးအကဲ၏ မျက်နှာသည် တည်ကြည်သွားသည်။ သို့သော်လည်း သူသည် အမိန့်ကို လိုက်နာစွာနှင့် ထိုင်ခုံပေါ်တွင် ထိုင်နေရုံသာပဲ တတ်နိုင်၏။
သူ့အနေနှင့် မတ်တပ်ရပ်ရန် ကြံလိုက်ချိန်မှာပဲ ကြောက်မက်ဖွယ်ရာ အားအင်တစ်ခု ဖြတ်သွားသည်ကို ခံစားလိုက်မိသည်။
ဤအရာသည် သူ၏ နှလုံးသားအား ထိပ်လန့်တုန်လှုပ်မှု များဖြင့် ကြီးစိုးသွားစေခဲ့၏။
ကျွင်းချောင်ရှောင်းသည် သေနတ်ကိုကိုင်၍ ကျယ်လောင်စွာ ပြောလိုက်သည်။ "မင်းရဲ့ဒေါသကို အားရပါးရ ဖြေဖျောက်လိုက်။ ဒီနှစ်ပိုင်းအတွင်း မင်းခံစားလိုက်ရတဲ့ နစ်နာမှုတွေကို ပြန်ယူလိုက်။ တစ်စုံတစ်ယောက်က ဒီမှာ လာပြီးရှုပ်နေရင် ငါ အဲ့လူရဲ့ခေါင်းကို ဖောက်ခွဲပစ်မယ်။"
ရှောင်ကျီသည် ပြုံး၍ လက်သီးကို ထပ်မြှောက်ကာ ထိုးနှက်လေတော့သည်။
အချိန်အတော်ကြာသည့်နောက်မှာတော့ ရှောင်လင်းရီသည် ထိုးနက်ခံရ၍ ချေလိုက်တော့၏။
"အနိုင်ရရှိသူ …. ရှောင်ကျီ။"
ဒိုင်လူကြီး၏ ကြေညာသံသည် တိုက်ခိုက်ရေးကွင်းပြင်ပေါ်သို့ ပဲ့တင်ထပ်သွားသည်။
များပြားလှသော ကျင့်ကြံသူများသည် အချိန်အတော်ကြာသည်အထိ စိတ်မတည်ငြိမ်သလို ခံစားနေမိကြ၏။