← Chapters

အခန်း (၇၇)

Vol. 6 Ch. 77

အခန်း (၇၇)

Vol. 6 Ch. 77

အမည်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူဆယ်ယောက်ကျော် တို့သည် သူတို့၏မျက်နှာများကိုလည်း ဖုံးကွယ်ထားကြ၏။

သို့ပေမဲ့ အပြင်ဘက်သို့ ခုန်ထွက်လာပြီး ရှောင်ကျီ အား လှမ်းကြည့်လိုက်ချိန်မှာတော့ သူတို့၏မျက်လုံးထဲရှိ သတ်ဖြတ်လိုခြင်းဆန္ဒများသည် ပိုမို၍ အားကောင်းလာကြသည်။

ကျွင်းချောင်ရှောင်း ထိုအရာကို သတိပြုလိုက်မိ၏။

ထို့အပြင် သေချာစဉ်းစားမည်ဆိုလျှင် လီရန်န်မြို့၌ သူတို့အားတိုက်ခိုက်မည့်သူမှာ ရှောင်ကလန် သို့မဟုတ် ပိုင်ကလန် တစ်ခုခုသာလျှင် ဖြစ်ပေလိမ့်မည်။

ပို၍အနှစ်ချုပ်ကာ စဉ်းစားမိသည်ဆိုလျှင် ရှောင်ကလန်သာ ဖြစ်ပေလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် သူတို့စွန့်ပယ်လိုက်သော ကလန်၏မျိုးဆက်သားတစ်ယောက်သည် ပြိုင်ပွဲတွင် ဗိုလ်စွဲသွားသည် ဆိုသည်မှာ သူတို့အား အကြီးမားဆုံး ရိုက်နှက်လိုက်သည့် ရိုက်ချက်တစ်ခုလိုပင် ဖြစ်၏။ ထို့ကြောင့် သူတို့အနေဖြင့် ထိုအရာကို လက်မခံနိုင်ဖြစ်နေမိမှာ သဘာဝကျလှ၏။

ကျွင်းချောင်ရှောင်းတွေးကြည့်လိုက်၏။

"ဒီလောက် အခွင့်အရေးကောင်းပေါ်နေတာ ဘာလို့ သီးခြားတာဝန်တွေဘာတွေ ပေါ်မလာတာလဲ မသိဘူး။"

"သတ်"

အမည်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ခေါင်းဆောင်သည် အသံနက်ကြီးဖြင့် ပြောလိုက်၏။

"ဆွစ် ဆွစ် ဆွစ် ဆွစ် ဆွစ်"

အမည်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူဆယ်ယောက်ကျော်တို့သည် သူတို့၏ထက်ရှသောဓားများအား ထုတ်ယူလိုက်ကြ၏။

သူတို့သည် သိုင်းတပည့်အဆင့် ကျင့်ကြံသူများလည်း ဖြစ်ကြ၏။

ဓားထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းပြီးနောက်မှာတော့ မတူညီသည့်နေရာများစွာမှ တဆင့် တစ်ယောက်ချင်းစီသည် တိုက်ခိုက်လိုက်ကြ၏။

သူတို့၏ တိုက်ခိုက်မှုအားအင်အရ ကြည့်မည်ဆိုလျှင် အသေသတ်ရန် ရောက်ရှိလာကြခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။

"ကလန် … ကလန်"

လုချင်းချင်းနှင့် လီချင်းယန်တို့သည် သူတို့၏ဓားများကိုထုတ်၍ ဝတ်စုံမည်း ဝတ်ဆင်ထားသော လူလေးယောက်၏ ဘယ်မှညာ တိုက်ခိုက်မှုကို အလျင်အမြန်ပဲ ဝင်ရောက် တားဆီးလိုက်ကြ၏။ လက်နက်ချင်းထိခိုက်ချိန်မှာတော့ ရွှေရောင်အလင်းတန်းများပင် တောက်ပသွား၏။

သူတို့နှစ်ယောက်သည် သိုင်းတပည့်အဆင့်မျှသာ ရှိကြသည်ဆိုသော်လည်း သူတို့၏လက်နက်နှင့် စိတ်ဝိညာဉ်စွမ်းအင်များ ပေါင်းစပ်ပြီးသည့်နောက်မှာတော့ သိုင်းတပည့်အဆင့် နှစ်ယောက်အား ရင်ဆိုင်တိုက်ခိုက်နေနိုင်၏။ သူတို့သည် အောက်စည်းသို့ မရောက်ရှိပေ။

စုရှောင်မိုသည် သစ်သားဓားအားထုတ်၍ ဂိုဏ်းချုပ်၏ရှေ့တွင် ရပ်ကာ ကာကွယ်ပေးထား၏။

ရှောင်ကျီ နှင့် ထျန်းချီ တို့သည် မည်သည့်လက်နက်မှမရှိပေ။ ထို့ကြောင့် သူတို့ကိုယ်သာလျှင် သူတို့အားကိုးနိုင်၏။

သူတို့၏မျက်လုံးများသည် လေးနက်နေကြသည်။

ဂိုဏ်းပြိုင်ပွဲတွင် သူတို့သည် အလွန်ကောင်းမွန်သော စွမ်းဆောင်ရည်ကို ပြသခဲ့၏။

သို့ပေမဲ့ လက်နက်အပြည့်အစုံ ယူဆောင်လာသော သိုင်းတပည့်အဆင့် အမည်းရောင်ဝတ်စုံဝတ် ကျင့်ကြံသူများ၏ ရှေ့မှာတော့ သူတို့၏ ခန္ဓာကိုယ်အားအင်နှင့် စိတ်ဝိညာဉ်စွမ်းအင်များသည် ယှဉ်ပြိုင်တိုက်ခိုက်ရန် လုံလောက်သည့်အဆင့်တွင် ရှိမနေကြချေ။

"ဒင်"

"လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ်၃၀အား အသုံးပြု၍ စဦးအအေးဓား သုံးချောင်းအား လဲလှယ်ခဲ့သည်။"

"ပစ္စည်းများအား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်ပေးခဲ့သည်။"

"ဒင်"

"ဂိုဏ်းစုဆောင်းမှတ် - ၂၈၂/၅၀၀"

"ဖမ်းလိုက်"

ကျွင်းချောင်ရှောင်းသည် သူ၏လက်ကို ရမ်းခါပြီး စဦးအအေးဓားသုံးချောင်းအား ပစ်ပေးလိုက်သည်။

စုရှောင်မိုသည် အရင်ဆုံး ဖမ်းယူလိုက်၏။ ဓားဆီမှ အေးစက်သည့် ခံစားချက်များ ရရှိလိုက်၏။

သူ၏မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်များ အားကောင်းလာတော့သည်။

"သတ်"

ဓားအားဓားအိမ်ထဲမှ ဆွဲထုတ်ပြီးသည့်နောက် သူသည် ရှေ့ကိုတက်ကာဖြင့် အမည်းရောင်ဝတ်စုံနှင့် လူ၏တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။

ထျန်းချီသည်လည်း အနောက်မှ နီးနီးကပ်ကပ် လိုက်ပါသွား၏။ ပြီးနောက် သူ၏ဓားကို ဆွဲထုတ်ကာ တခြားနေရာတစ်ခုဆီမှ တိုက်ခိုက်ထားသော အမည်းရောင်ဝတ်စုံနဲ့လူအား တားဆီးလိုက်တော့သည်။

သူတို့နှစ်ယောက်သည် စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ်နှစ်သာ ရှိသည်ဆိုသော်လည်း အအေးဓား၏ အထောက်အပံ့ကြောင့် သူတို့၏ပြိုင်ဘက်များကို လက်ရည်ညီစွာ တိုက်ခိုက်နိုင်နေ၏။

ဤအခိုက်အတန့်တွင်တော့ လက်နက်၏အရေးပါပုံသည် သိသာမြင်သာစေသည်။

အမည်းရောင်ဝတ်စုံဝတ် ဝတ်ဆင်ထားသော လူခြောက်ယောက်တို့၏ မျက်လုံးများသည် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်သွားကြ၏။

သံမဏိအရိုးဂိုဏ်းတပည့်များသည် ဤမျှ အားကောင်းလိမ့်မည်ဟု သူတို့မထင်မှတ်ထားခဲ့ချေ။

သူတို့သည် တိုက်ခိုက်သူ စုစုပေါင်း ဆယ်နှစ်ယောက်ရှိကြ၏။

သို့ပေမဲ့ လုချင်းချင်း နှင့် ကျန်သောသုံးယောက်သည် လူခြောက်ယောက်အား ထိန်းချုပ်ထား၏။ ထို့ကြောင့် ခြောက်ယောက်သာလျှင် ကျန်ရှိတော့၏။

ထိုခြောက်ယောက်သည် အနောက်ဖက်မှ ဝိုင်းပတ်ပြီး သတ်ဖြတ်ရန် ကြံစည်လိုက်ကြသည်။

"ဆွစ်"

ဓားအလင်းတန်းတစ်ခုသည် ဖြတ်သန်းသွားပြီး သူတို့အား ပိုင်းဖြတ်သွားသည်။

အနောက်ဖက်တွင် အမည်းရောင်ဝတ်စုံဝတ်နှင့်လူနှင့် ရင်ဆိုင်နေရသော ရှောင်ကျီသည် ရုတ်တရပ်လှည့်၍ သူ၏ဓားအား ဆွဲထုတ်ကာ လက်နှစ်ဖက်နှင့် ခုတ်ပိုင်းလိုက်၏။

သူ၏ကြွက်သားများ အားကောင်းမှုကြောင့် ဓား၏အမြန်နှုန်းသည်လည်း အလွန်တရာ မြန်ဆန်လွန်းလှသည်။

"ဘုန်း"

စိတ်ဝိညာဉ်စွမ်းအင်များ၏ ထောက်ပံ့မှုမရှိပေမဲ့ အအေးဓားသည် အမည်းရောင်ဝတ်စုံဝတ်လူ၏ဓားနှင့် ထိခိုက်မိချိန်မှာတော့ ဖြောင်းဆိုသည့်အသံနှင့်အတူ တဖက်လူ၏ဓားမှာ ကျိုးပဲ့သွားတော့သည်။

အမည်းရောင်ဝတ်စုံနှင့်လူသည် ဆွံအသွား၏။

သူ၏လက်နက်သည် အဆင့်နိမ့်လက်နက်တစ်ခုဖြစ်သည် ဆိုသော်လည်း စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပေါင်းစပ်ပြီးသည့်နောက်မှာ သာမန်လက်နက်ထက်ပို၍ အလွန်တရာ အားကောင်းလှ၏။

သို့ပေမဲ့ ထိုသို့သော လက်နက်သည် တစ်ချက်တည်းသော ခုတ်ပိုင်းမှုအောက်မှာပဲ ထက်ပိုင်းဖြတ်ခံလိုက်ရ၏။

"ဆွစ်"

သူတွေဝေနေတုန်းမှာပဲ ရှောင်ကျီသည် ဘေးတစ်ဖက်သို့ ရောက်ရှိလာပြီး သူ၏မျက်နှာအား ဖြတ်ကန်လိုက်တော့သည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် "ညှာတာနေလို့မရှိဘူး။မင်းက မင်းကို သတ်မယ့်လူကို ဒီလိုမျိုး ပြန်တိုက်ခိုက်လို့ ဘယ်လိုလုပ်ရမှာလဲ။"

"ဝှစ်"

ချက်ချင်းဆိုသလိုပဲ သူသည် ရှေ့သို့လှမ်းတက်လာသည်။ သူ၏လက်ထဲတွင်တော့ စဦးအအေးဓားသည် ထွက်ပေါ်လာတော့သည်။

ဓားအလင်းတစ်ခု ဖြတ်သန်းသွားပြီးနောက် ပြောလိုက်သည်။ "ဘယ်တော့မှ မညှာနဲ့။"

"ရွှီ"

လျှက်တပြက် တိုက်ခိုက်လာသော အမည်းရောင်ဝတ်စုံနှင့်လူသည် ရုတ်တရက် သူ၏လမ်းမှာပဲရပ်တန့်သွား၏။

သူသည် ခေါင်းကိုငုံကြည့်လိုက်သည့်အချိန်မှာတော့ သူ၏ရင်ဘတ်တွင် ဓားရာကြီးတစ်ခု ပေါ်နေသည် ကို မြင်လိုက်ရသည်။

သွေးများသည် ရေပန်းကဲ့သို့ပင် ဒဏ်ရာမှ ပန်းထွက်လာတော့သည်။

ဓားဒဏ်ရာ၏ အနက်သည် နက်နဲလွန်းလှပြီး အရေးကြီးသောအစိတ်အပိုင်းများကို ဖြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။

"ဘုတ်"

အမည်းရောင်ဝတ်စုံနှင့်လူသည် မြေပေါ်သို့ပြုတ်ကျသွားတော့သည်။ သူ၏အသိစိတ်သည်လည်း ချက်ချင်းဆိုသလိုပဲ ပျောက်ကွယ်သွားတော့သည်။

သိုင်းတပည့်တစ်ယောက်သည် တစ်ချက်တည်းသော တိုက်ခိုက်မှုအောက်မှာပဲ သတ်ဖြတ်ခံခဲ့လိုက်ရသည်။

ထိုအရာသည် သိုင်းတပည့်အဆင့်ငါးသို့ အဆင့်ချိုးဖျက်ပြီးနောက်တွင် ရရှိလာသော ကျွင်းချောင်ရှောင်း၏ အစစ်အမှန်အားအင်ပင် ဖြစ်၏။

မောက်မာသည်၊ရက်စက်လွန်းသည်၊အံ့အားသင့်ဖွယ်ရာလည်း ကောင်း၏။

ဂိုဏ်းချုပ် လူတစ်ယောက်အား သတ်ဖြတ်လိုက်သည်ကို မြင်ချိန်မှာ ရှောင်ကျီ၏မျက်လုံးများသည် တုန်လှုပ်မှုများနှင့် ပြည့်နှက်သွားသည်။

"သေစမ်း"

တစ်ဖက်လူ နှင့် တိုက်ခိုက်လျှက်ရှိသော စုရှောင်မိုသည် နောက်ကို လှည့်ကြည့်ကာပဲ ထအော်လိုက်သည်။

"ခေါင်းဆောင်က အရမ်းအားကောင်းလွန်းတာပဲ။ဂိုဏ်းချုပ်ကလည်း သိုင်းတပည့် တစ်ယောက်လား။"

လီချင်းယန်သည် တုန်လှုပ်သွားမိ၏။

ဂိုဏ်းချုပ်၏အားအင်သည် အဆင့်တစ်ဆယ့်တစ် စွမ်းအင်ဖွင့်ခြင်းအဆင့်၌ ရှိသည်ဆိုသည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။

လုချင်းချင်းသည် အမည်းရောင်ဝတ်စုံနှင့် လူနှစ်ယောက်အား အနောက်သို့ဆုတ်သွားအောင် သူမ၏ဆန်းပြားသောဓားနည်းစနစ်ထုတ်သုံးကာ တွန်းအားပေးလိုက်၏။ပြီးနောက် တွေးလိုက်မိ၏။ "သူက တစ်ချိန်လုံး သူရဲ့အားအင်တွေကို ဖုံးကွယ်ထားတာပဲ ဖြစ်ရမယ်။"

သူတို့အဖော် သေဆုံးသွားသည်ကို မြင်ပြီးသည့်နောက်မှာတော့ အမည်းရောင်ဝတ်စုံဝတ် လူလေးယောက်တို့သည် ချက်ချင်းဆိုသလိုပဲ ကျွင်းချောင်ရှောင်းဆီသို့ ဦးတည်တိုက်ခိုက်လာကြသည်။

ကျွင်းချောင်ရှောင်းသည် သူ၏ဓားအား အသာနောက်ဆုတ်ပြီး လှည့်ကာ ပြောလိုက်၏။ "မင်း နားလည်ပြီလား။"

"နားလည်ပါပြီ။"

ရှောင်ကျီ၏မျက်လုံးများသည် အေးစက်သွားသည်။

သူသည် ဓားလက်ကိုင်အား လက်နှစ်ဖက်ဖြင့် ခပ်တင်းတင်းဆုပ်ကိုင်ပြီး ဂိုဏ်းချုပ်အား တိုက်ခိုက်ရန်ဝင်လာသော အမည်းရောင်ဝတ်စုံဝတ်လူတွေထဲမှ တစ်ယောက်အား တိုက်ရိုက်ပဲ ခုတ်ပိုင်းလိုက်၏။

"ဘန်း"

အားကောင်းလှသော အအေးဓားသည် သိုင်းတပည့်အဆင့် ကျင့်ကြံသူ၏ဓားအား ထက်ပိုင်းဖြတ်လိုက်ပြန်၏။

"ဆွစ်"

ရှောင်ကျီသည် လက်ကိုရမ်းခါလိုက်၏။ သွေးများသည် နေရာအနှံသို့ ပျံ့နှံ့သွားတော့၏။

အမည်းရောင်ဝတ်စုံဝတ်လူသည် ခြေဆယ်လှမ်းခန့် အနောက်သို့ဆုတ်သွားသည်။

သူ၏ဒဏ်ရာရနေသော လည်ပင်းအား လက်တစ်ဖက်ဖြင့် ဖုံးကိုင်လိုက်သည်။ သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်လျှက်ရှိ၏။

မကြာခင်မှာပဲ သူ၏ အသိအာရုံများသည် ပျောက်ကွယ်သွားတော့သည်။

နောက်ထပ်အဖော်တစ်ယောက် သတ်ခံလိုက်ရပြီဖြစ်၏။

ထို့ကြောင့် ကျန်သုံးယောက်လုံး၏မျက်လုံးများသည် ရဲရဲနီလာ၏။ သူတို့သည် ရူးသွပ်သွားသူများကဲ့သို့ပင် ရူးရူးမူးမူး တိုက်ခိုက်ကြတော့သည်။

ရှောင်ကျီသည် မြန်မြန်ဆန်ဆန်ပဲ ရှေ့သို့တိုး၍ သူ၏လက်ထဲကဓားဖြင့် ခုတ်ပိုင်းလိုက်၏။

သူ့တွင် မည်သည့်စိတ်ဝိညာဉ် စွမ်းအင်မှ မရှိဘူးဆိုသော်လည်း ခန္ဓာကိုယ်အားအင်နှင့် စဦးအအေးဓားတို့ အား ပေါင်းစပ်၍ အားရပါးရ ခုတ်ပိုင်းလျက်ရှိသည်။

သူ့အား တိုက်ခိုက်လာသော အမည်းရောင်ဝတ်စုံနှင့် လူသည် ကြက်သီးများပင် ထလာ၏။

သူ၏ဓားအား ဆွဲမြှောက်ပြီး တားဆီးရန် ကြိုးစားလိုက်၏။

"ဘန်း"

"ဖြောက်"

ဓားသည် နှစ်ပိုင်းပြတ်သွား၏။ အအေးဓား၏လက်ကျန်စွမ်းအင်သည် ရပ်တန့်မသွားချေ။ ဓားအားပိုင်းဖြတ်ပြီးသည့်နောက်မှာ ထိုလူ၏ဘယ်ဘက်လက်အား တိုက်ရိုက်ဆိုသလိုပဲ ထပ်မံပိုင်းဖြတ်သွား၏။

"သေစမ်း"

နောက်ထပ်အမည်းရောင်ဝတ်စုံနှင့် လူနှစ်ယောက်တိုသည် ဓားများကို ကိုင်ဆောင်၍ အနောက်မှ ဝင်ရောက်လာ၏။

သူတို့သည် ဓားများထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းထားသောကြောင့် ဓားများသည် ပြောင်လက်၍ တောက်ပနေ၏။

"မကောင်းတော့ဘူး။"

ရှောင်ကျီ၏အမူအရာသည် ပြောင်းလဲသွား၏။ ထိုအချိန်မှာပဲ သူသည် ဓား နှင့် ပြန်၍ ပတ်လိုက်သည်။

သို့ပေမဲ့ စိတ်ဝိညာဉ်စွမ်းအင်နှင့် သိုင်းကွက်နည်းစနစ်များ မရှိသောကြောင့် သူသည် ရှောင်ရှားရန် အလွန်အမင်း နောက်ကျသွားပြီ။

"ဝှစ …် ရွှစ်"

သူ၏အမြင်အာရုံထဲတွင် ဓားအလင်းတစ်ခု ဖြတ်သန်းသွား၏။ ပြီးနောက် သွေးများသည် နေရာအနှံသို့ ပြန့်ကျဲသွားသည်ကို ရှောင်ကျီသည် မြင်လိုက်ရသည်။

သူ့အား တိုက်ခိုက်လိုက်ကြသော အမည်းရောင်ဝတ်စုံဝတ် ကျင့်ကြံသူနှစ်ယောက်တို့၏နဖူးပေါ်တွင် ဓားဒဏ်ရာများနှင့် ဖြစ်နေ၏။

"ဂိုဏ်းချုပ်ရဲ့ဓားက အရမ်းမြန်လွန်းအားကြီးတယ်။"

ရှောင်ကျီအံ့အားတသင့်ဖြင့် ပြောလိုက်၏။

ကျွင်းချောင်ရှောင်းသည် သူ၏ဓားအားပြန်သိမ်းပြီး ထူးမခြားနားသလို ပြောလိုက်၏။ "သံမဏိအရိုးဂိုဏ်းကတပည့်တွေကို သတ်ချင်တယ်ဆိုရင် အရင်သေဖို့ ပြင်ထားသင့်တယ်။"

"ဇွိ"

ထိုအချိန်မှာပဲ အမည်းရောင်ဝတ်စုံနှင့် လူတစ်ယောက်သည် မရှောင်ရှားနိုင်ခဲ့သောကြောင့် လုချင်းချင်း ကိုင်ဆောင်ထားသောဓား၏ နှလုံးထိုးဖောက်ခြင်းကို ခံလိုက်ရတော့သည်။

တစ်ယောက်အား သတ်ဖြတ်ပြီးသည့်နောက်မှာ သူမသည် မျက်တောင်ပင်မခတ်ပဲ ဓားအား ပြန်လည် ဆွဲယူလိုက်၏။

သူမ၏လှပကြည့်ကောင်းလွန်းသော ခြေလှမ်းကွက်ကို အသုံးပြုပြီးသည့်နောက် နောက်ထပ် ကျင့်ကြံသူတစ်ယောက်၏ ရှေ့၌ ပေါ်လာ၏။ ထို့နောက် အမြန်ဆန်ဆုံးသောနှုန်းဖြင့် ထိုသူ၏ ရင်ဘတ်ကို ထပ်မံထိုးစိုက်လိုက်ပြန်သည်။

"ဇွိ"

အမည်းရောင်ဝတ်စုံနှင့် လူနှစ်ယောက်တို့သည် မြေပေါ်သို့ တဘုတ်ဘုတ်နှင့် ပြုတ်ကျသွားသည်။

"ဇွိ"

လီချင်းယန်သည်လည်း ကိုးလှိုင်းဓားသိုင်းအား အသုံးပြု၍ အမည်းရောင်ဝတ်စုံဝတ် လူတစ်ယောက်အား ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့သည်။

အချိန်တိုအတွင်းမှာပဲ အမည်းရောင်ဝတ်စုံဝတ် လူဆယ့်နှစ်ယောက်တွင် ခြောက်ယောက်သည် သေသွားခဲ့ပြီဖြစ်ပြီး သုံးယောက်သည် ဒဏ်ရာရရှိသွားခဲ့သည်။

ကျန်သည့် သုံးယောက်သည် သူတို့ယှဉ်ပြိုင်ဘက်များ အလွန်အမင်း အားကောင်းသည်ကို သိရှိနားလည်သွားကြ၏။

ထို့ကြောင့် အားအကုန်သုံးကာ ရန်သူများအား နောက်လှန်ရန် ကြိုးစားပြီးသည့်နောက် ချုံပုတ်ဆီသို့ ဦးတည်၍ ပြေးသွားကြသည်။

သူတို့သည်အလွန်အမင်း မြန်ဆန်လွန်းကြ၏။

လီချင်းယန်နဲ့ စုရှောင်မိုတို့သည် သူတို့၏နောက်သို့လိုက်ရန် ခြေတစ်လှမ်းနောက်ကျသွားခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရန် အနည်းငယ်ခက်ခဲသွားခဲ့၏။

"ဒိုင်း ဒိုင်း ဒိုင်း"

ရုတ်တရက် ဆိုသလိုပဲ ဗြောက်အိုးဖောက်သကဲ့သို့ သေနတ်သံသုံးခု ထွက်ပေါ်လာပြီး သစ်တောထဲရှိ ငှက်များအားလုံးသည် လန့်ဖြန့်ကာ ပျံသန်းသွားကြတော့သည်။

ထွက်ပြေးရန် ကြိုးစားလိုက်ကြသော အမည်းရောင်ဝတ်စုံဝတ် လူသုံးယောက်တို့သည် ကျည်ပေါက်ရာ သုံးခုနှင့်အတူ မြေပေါ်တွင် လဲကျသေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် သူ၏သေနတ်၏ပြောင်းဝအား လေဖြင့် အသာမှုတ်လိုက်သည်။

ပြီးနောက် အေးစက်စက် ပြောလိုက်၏။

"ငါ့ရဲ့ သံမဏိ အရိုးဂိုဏ်းကို ရန်စရဲတယ်ဆိုတော့ အသက်ရှင်လျက် ပြန်သွားလို့မဖြစ်ဘူး။"

လီချင်းယန်နှင့် တစ်ခြားသောသူတို့၏နားတွေသည်ကတော့ အူဝေလျှက်ရှိ၏။

သူတို့သည် နှုတ်ခမ်းများ တဆတ်ဆတ် တုန်ခါရင်း ပြောလိုက်ကြသည်။ "ဂိုဏ်းချုပ်ရဲ့ သေနတ်ဆိုတာကြီးက အရမ်းကြောက်စရာ ကောင်းတာပဲ။"

All Chapters