အခန်း (၈၀)
Vol. 6 Ch. 80
ရီရှင်းချန် သည် ပူးပေါင်းလိုက်ရ၏။
သူသည် သွေးကြောင်လွန်း၍တော့ မဟုတ်ပေ။ သို့ပေမဲ့ သူသည် ပြန်လည်မွေးဖွားလာသော လူငယ်လေးတစ်ယောက်သာဖြစ်၏။ မရီဒန်ဖွင့်ခြင်း အဆင့်တစ်တွင်သာ ရှိသေးသူ ဖြစ်သောကြောင့် ပြန်လည်၍လည်း မတိုက်ခိုက်နိုင်ချေ။
ထိုမျှမကသေးပေ သံမဏိအရိုးဂိုဏ်းတပည့်များ ကန်ကြောက်ကာ အသုံးပြုသည့် လျှို့ဝှက်လက်နက်သည် အနည်းဆုံးအားဖြင့် ကီလိုဂရမ် ရာချီ၍ လေးလံသော အားအင်ပါဝင်သည်။
သူ၏သေးငယ်လှသော ခန္ဓာကိုယ်လေးသည် ထိုအရာကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
ရီရှင်းချန်အနေနှင့် အနာဂတ်တွင် သိုင်းအင်ပါယာ ဖြစ်လာမည်လား ဆိုသည်မှာ မသိနိုင်ပေ။ သို့ပေမဲ့ လက်ရှိအချိန်တွင်တော့ သူသည် အလွန်အမင်း အားနည်းလွန်းသော လူငယ်လေးတစ်ယောက်သာ ဖြစ်နေ၏။
ထို့ကြောင့် မသေစေရန် ဂိုဏ်းသားအဖြစ် လက်ခံလိုက်ရသည့် နည်းလမ်းကိုသာ ရွေးချယ်လိုက်ရသည်။ "ဆိုးယုတ်တဲ့ကောင်တွေ ။ သံမဏိအရိုးဂိုဏ်းကလူတွေ အကုန်လုံးက ဆိုးယုတ်တဲ့ကောင်တွေပဲ။ စောင့်နေကြ။ ငါ ထိုက်ရွှမ် ကျင့်စဉ် ကို အောင်မြင်အောင် လေ့ကျင့်ပြီးသွားလို့ ငါ့အဆင့် တိုးတက်လာပြီဆိုတာနဲ့ မင်းတို့အားလုံးကို ငါ့ခြေထောက်အောက်မှာ နင်းချေပြမယ်။"
ရီရှင်းချန် သည် သူ၏ နှလုံးသားထဲမှ တစ်ဆင့် ကြိမ်းဝါးလိုက်ပြန်သည်။ ဤအကောင်များသည် အလွန်တရာ ဒေါသထွက်စရာ ကောင်းလွန်းလှ၏။
ကျွင်းချောင်ရှောင်းသည် အဘယ့်ကြောင့် ရီရှင်းချန်အား ဂိုဏ်းသားအဖြစ် ခေါ်ယူခဲ့လေသနည်း။
သူ၏အမြင်အရဆိုလျှင် ရီရှင်းချန်၏ မျက်လုံးထဲတွင် ရှိနေသော အတွေ့အကြုံများအား မြင်နေရ၏။ ဤ မောက်မာလှသော လူငယ်လေးသည် ကျင့်ကြံရာတွင် ပိုမိုလွယ်ကူလိမ့်မည်ဟု သူ ထင်မှတ်မိသည်။
နောက်တစ်ရက်မှာတော့ ကိုးဆယ့်ကိုးယောက်သော တပည့်တို၏ မျက်မြင်အောက်မှာပဲ လျှိုဝမ်ရှစ် နှင့် ကြိုးချည်ခံထားရသော ရီရှင်းချန်တို့သည် ဝင်ခွင့်ဖောင်အား လုပ်ရိုးလုပ်စဉ်အတိုင်း ဖြည့်သွင်းပြီး ဂိုဏ်း၏ တစ်ရာ့တစ်ယောက် နှင့် တစ်ရာ့နှစ်ယောက် တပည့် တို့ ဖြစ်လာတော့သည်။
ဒင်။
ဂိုဏ်းအဖွင့်ဝင် - ၁၀၂/၅၀၀။
ဒင်။
ဂိုဏ်းစုဆောင်းမှတ် ၂၇၄/၅၀၀။
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ချင်းယန် … သူတို့ကို ဝတ်စုံတွေ ထုတ်ပေးလိုက်။"
"ကောင်းပါပြီ။"
လီချင်းယန်သည် အမျိုးသားနှင့် အမျိုးသမီး ဂိုဏ်းဝတ်စုံများအား သွားယူ၍ ပေးလိုက်၏။
လျိုဝမ်ရှီသည် ဝတ်စုံအား ယူ၍ ချိုသာစွာပြောလိုက်၏။
"ကျေးဇူးပါ ဂိုဏ်းချုပ် ။ ကျေးဇူးပါ ဒုတိယစီနီယာ အစ်ကိုကြီး"
သူမသည် ဤဝတ်စုံအား ဝတ်ဆင်ချင်နေသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး ယနေ့အချိန်မှာတော့ ရရှိခဲ့လေပြီ။
ရီရှင်းချန်အား ကြိုးဖြေပေးပြီးသည့်နောက်မှာ သူသည် ဂိုဏ်း၏ ဝတ်စုံအား မယူချင့်ယူချင် ဖြင့် ယူလိုက်၏။
သူ၏ စိတ်ထဲမှာတော့ မုန်းတီးစွာနှင့် ပြောလိုက်မိသည်။ "ငါ မင်းတို့ကို အချိန်အတော်ကြာ မောက်မာခွင့် ပေးလိုက်ဦးမယ်။ ထိုက်ရွှမ် ကျင့်စဉ် ကို ငါ နားလည်သွားပြီဆိုတာနဲ့ မင်းတို့ရဲ့ အသက်တွေကို ငါ ယူပြမယ်။"
"တုတု … ချင်းရှန် ငါ့နောက်လိုက်ခဲ့။"
ကျွင်းချောင်ရှောင်းသည် သူတို့နှစ်ယောက်အား အဓိက ဟောခန်းထဲသို့ ခေါ်လာသည်။
ပြီးနောက် သူသည် ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ် နှစ်အုပ်အား ပစ်ပေးလိုက်၏။
"ဒါက ငါတို့ဂိုဏ်းရဲ့ ကျင့်ကြံခြင်းနည်းစနစ်ပဲ။ ဒါကိုယူပြီး အရင်ဆုံး ကျင့်ကြံထား။ တစ်ခြားသူတွေကို ပြန်ပြီး မပြောဖို့တော့ သတိထားကြပါ။"
သူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀မှတ်အား အသုံးပြု၍ ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်၏ မိတ္ထူ အများအပြားကို ရယူထားခဲ့သည်။
ရီချင်းရှန်သည် ကျင့်ကြံခြင်း နည်းစနစ် စာအုပ်အသစ်အား ယူလိုက်ပြီး အထင်သေးသလို တွေးလိုက်မိ၏။ "ဒီသိုင်းကျမ်းက ငါ့မျက်လုံးထဲ ဝင်လောက်တဲ့ အရာ မဟုတ်ဘူး။"
လျိုဝမ်ရှစ် သည် ပျော်ရွှင်စွာဖြင့် ကျင့်ကြံခြင်း နည်းစနစ်စာအုပ်အား ယူထားလိုက်၏။
"ကျေးဇူးပါ ဂိုဏ်းချုပ်။ တုတုက ဒါကို ကြိမ်းသေပေါက် ကြိုးကြိုးစားစားနဲ့ ကျင့်ကြံပါ့မယ်။"
အဆင့်နိမ့် ကျင့်ကြံခြင်း နည်းစနစ်တစ်ခုကို ရတဲ့အတွက် မင်း အရမ်းပျော်နေတယ် ဟုတ်လား။ ဘယ်လောက် သာမန်ဆန်တဲ့လူတွေလဲ။
ရီရှင်းချန်သည် ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်ကို အထင်မကြီးပေ။
ထိုအရာသည်လည်း လက်ခံနိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် သူ့တွင် ထိုက်ရွှမ် ကျင့်စဉ် ရှိနေသည် မဟုတ်လား။
အစပထမပိုင်းတွင် လျိုဝမ်ရှစ် သည် တပည့်တစ်ယောက် မဟုတ်ခဲ့ပေ။ ထို့ကြောင့် စားသောက်ခန်းထဲတွင် နေထိုင်ခဲ့ရသည်။
ယခုသူမသည် ဂိုဏ်းသားတစ်ယောက်ဖြစ်သွားပြီ ဖြစ်သောကြောင့် လုချင်းချင်းနေထိုင်ရာအခန်း၏ ဘေးတွင် အခန်းတစ်ခုအား သီးခြားပိုင်ဆိုင်ခဲ့ပြီဖြစ်၏။
ရီချင်းရှန်သည်လည်း အခန်းတစ်ခန်း ရရှိခဲ့သည်။
သူသည် အတွင်းခြံဝင်းထဲသို ရောက်ရှိချိန်မှာတော့ ခမ်းနားလှသော အဆောက်အဦ များကို မြင်လိုက်မိ၏။ ထို့ကြောင့် အံ့အားသင့်မိသွား၏။
အဆင့်ကိုး ဂိုဏ်းတစ်ခု ပေမယ့် တည်ဆောက်ထားတာတော့ မဆိုးဘူးပဲ။ ငါ ဒီမှာ စပြီးတော့ ကျင့်ကြံမယ်။ ပြီးတော့ သိုင်းအင်ပါယာတစ်ယောက်ဖြစ်ဖို့ လမ်းကို စပြီးတော့ လျှောက်တာပေါ့။
သူသည် အခန်းထဲသို့ ဝင်လိုက်၏။ သူသည် ပုံမှန်အားဖြင့် ထိုက်ရွှမ်ကျင့်စဉ် အား စတင်၍ ကျင့်ကြံချင်၏။
သို့ပေမဲ့ သူ့လက်သည် အငြိမ်မနေနိုင်သောကြောင့် ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်အား အသာ ဖွင့်ကြည့်မိလိုက်၏။
"ဒီအမှိုက်လို ကျင့်ကြံခြင်းနည်းစနစ်ကို ငါဘာလို့ ဖွင့်ကြည့်မိတာလဲ။ ပျင်းလို့ပဲ ဖြစ်လိမ့်မယ်။"
ရီရှင်းချန်သည် သူ့ဘာသာ ပြောလိုက်မိ၏။
ပြီးနောက် သူ့အကြည့်သည် ရှေ့ဆုံးစာမျက်နှာတွင် ရှိသော မန္တာန်များအပေါ်သို့ ကျရောက်သွားသည်။
သူ၏ အကြည့်များ၊ အမူအရာများသည် အေးခဲသွား၏။ နောက်ဆုံးမှာတော့ မနေနိုင်ဘဲ ထအော်လိုက်မိ၏။ "နတ်ဘုရားအဆင့် ကျင့်ကြံခြင်း နည်းစနစ်ပါလား။ "
သိုင်းအင်ပါယာတစ်ယောက်ဖြစ်ခဲ့ဖူးတာကြောင့် ရီရှင်းချန်သည် လီချင်းယန်တို့ထက်ပို၍ ဗဟုသုတ ကြွယ်ဝ၏။
တစ်ချက်ကြည့်လိုက်သည်ဆိုသည်နှင့် ဤကျင့်ကြံခြင်းနည်းစနစ်၏ အရည်အသွေး ကို သုံးသပ်နိုင်ခဲ့သည်။
ထိုအရာသည် နတ်ဘုရားခန္ဓာကိုယ်အဖြစ်သို့ ရောက်အောင် ကျင့်ကြံသည့် နည်းစနစ်လည်း ဖြစ်၏။
ရီချင်းရှန်သည် လေးနက်စွာဖြင့် ပြောလိုက်သည်။ "အဆင့်ကိုး ဂိုဏ်းတစ်ခုမှာ ဒီလောက်တန်ဖိုးကြီးတဲ့ ခန္ဓာကိုယ်သန့်စင် ကျင့်ကြံခြင်း နည်းစနစ်တစ်ခုကို ရှိနေမယ်လို့ မထင်မိဘူး။ ငါ အိမ်မက်များ မက်နေတာလား။ ဒါမှမဟုတ် နှစ်တစ်ထောင်ကြာပြီးတဲ့နောက်မှာ နတ်ဘုရားအဆင့် ကျင့်ကြံခြင်း နည်းစနစ်တွေတောင်မှ လမ်းဘေးက ဂေါ်ဖီထုပ်လိုမျိုး ပေါပေါများများ ဖြစ်နေကြပြီလား။"
သူ ဆက်လက်၍ လေ့လာကြည့်ချိန်မှာတော့ သူ၏ စိတ်ဓာတ်များသည် အားတက်လာသည်။
ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်သည် မရိုးရှင်းလှပေ။ အမှန်တကယ်တမ်းတွင် နက်နဲလှသော အဓိပ္ပါယ်များနှင့် ပါဝင်လျှက်ရှိသည်။
“အရင်တုန်းက ဒီအင်ပါယာရဲ့ ခန္ဓာကိုယ်က အရမ်း အားမကောင်းခဲ့ဘူး။ ဒါကြောင့်မို့လို့ တည်နေရာ ဆုတ်ဖြဲမှုများကို မခံနိုင်ဘဲနဲ့ သေဆုံးခဲ့ရတာ။ အခု ငါပြန်လည် မွေးဖွားလာပြီ။ ငါ့ဆီမှာ ထိုက်ရွှမ် ကျင့်စဉ် ရှိရုံတင်မကသေးဘဲ နတ်ဘုရားအဆင့် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်ကြံခြင်း နည်းစနစ်ကလည်း ရှိနေသေးတယ်။ ငါ့မှာ အမှိုက်လို ခန္ဓာကိုယ်ရှိနေတယ်ဆိုရင်တောင်မှ သိုင်းအင်ပါယာတစ်ယောက်ဖြစ်ဖို့ ပြီးတော့ တည်နေရာကို ဖောက်ထွင်း သွားလာနိုင်ဖို့ဆိုတာက ငှက်ပျောသီးအခွံနွှာ သလို လွယ်သွားမှာပဲ ..ဟားဟားဟား။”
ရီချင်းရှန် ရယ်လိုက်၏။
ဝှစ် ….။
ဤအချိန်မှာပဲ ဘောလုံးတစ်လုံးသည် ပြတင်းပေါက်မှ ဖြတ်သန်းဝင်ရောက်လာပြီး သူ၏ ဦးခေါင်းအား လာမှန်သည်။
ပြီးနောက် စုရှောင်မို၏ အသံထွက်ပေါ်လာ၏။
"ညနက်သန်းခေါင်ကြီး ကောင်းကောင်းမအိပ်ဘဲ ဘာတွေ ထရယ်နေတာလဲ။"
"သေစမ်း။" ရီချင်းရှန်သည် သူ၏ခေါင်းအား အသာအုပ်ကိုင်လိုက်၏။ ပြီးနောက် ဒေါသတကြီး ပြောလိုက်သည်။ "ကောင်လေး …. ဒီအင်ပါယာက မင်းကို မှတ်ထားမယ်။"
ညနက်ရောက်ချိန်မှာတော့ အားလုံးသည် တိတ်ဆိတ်ငြိမ်သက်နေကြသည်။
ကျွင်းချောင်ရှောင်းသည် အိပ်ချင်စိတ်မရှိသေးပေ။
ထို့ကြောင့် ကျောက်ခန်းမဆောင်ထဲရှိ ခွေးခြေခုံတစ်ခုပေါ်တွင်ထိုင်၍ စဉ်းစားနေ၏။
"အဓိကဟောခန်းထဲမှာ ငါ့ကိုသတ်ဖို့ လွှတ်လိုက်တဲ့သူတွေက စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းက လွှတ်လိုက်တာလား။ ဒါဆိုရင် လီရန်မြို့အပြင်ဘက်မှာ တွေ့ခဲ့တဲ့ အမဲရောင်ဝတ်စုံနဲ့ လူတွေက ဘယ်သူတွေလဲ။"
ကျွင်းချောင်ရှောင်းသည် ဤကမ္ဘာကြီးသို ရောက်ရှိလာချိန်မှ စ၍ သတိကြီးကြီး ထားတတ်၏။
ပြန်စဉ်းစားကြည့်ချိန်မှာတော့ သူ့နှင့်ပတ်သက်၍ အလှုပ်ရှားဆုံးဂိုဏ်းမှာ စိတ်ဝိညာဉ်စမ်ချောင်းဂိုဏ်း မှလူများဖြစ်ကြောင်း သူနားလည်လိုက်မိသည်။
"အခုဆိုရင် ငါက သိုင်းတပည့် အဆင့်ငါးကို ရောက်နေပြီ။ ပြီးတော့ ငါ့ဆီမှာ စည်းအဆောင်လည်း ရှိနေတယ်။ ဒီတော့ စိတ်ဝိညာဉ် စမ်းချောင်းဂိုဏ်းကို သွားပြီး တရားမျှတမှုကို ရှာတာ အကောင်းဆုံးပဲ။"
သူ၏ မျက်လုံးများသည် အေးစက်သွားသည်။
သူ့အား လုပ်ကြံသတ်ဖြတ်ရန် ကျဆုံးခဲ့ပြီးနောက်တွင် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသည် လုပ်ကြံသတ်ဖြတ်ရန် လက်လျော့သွားလိမ့်မည်ဟု ကျွင်းချောင်ရှောင်း မထင်မိခဲ့ချေ။
ထို့ကြောင့် သူများ လာရောက်သတ်ဖြတ်သည်ကို ငြိမ်ငြိမ်သက်သက် စောင့်နေသည်ထက် သူသည် လာရှုပ်သင့်သည့်သူတစ်ယောက် မဟုတ်မှန်း သိအောင် ကိုယ်တိုင် သွားလိုက်တာက ပိုကောင်းပေလိမ့်မည်။
ဝှစ်။ ….
ရုတ်တရက်ဆိုသလိုပဲ သူ၏ နားထဲတွင် လေသံတစ်ခုကို ကြားလိုက်ရ၏။
အဆင့်ချိုးဖြတ်ပြီးသည့်နောက်မှာတော့ အရင်နှင့် မတူဘဲ တော်တော်များများ တိုးတက်လာခဲ့သည်။ သိုင်းတပည့်အဆင့်သို့ ရောက်ရှိပြီးသည့်နောက်တွင် သူ၏မျက်လုံး၊ နား၊ နှာခေါင်းနှင့် အခြားသော အင်္ဂါများ၏ လှုပ်ရှားနိုင်မှုသည် အလွန်အမင်း တိုးတက်လာခဲ့သည်။
သူ့ရှေ့တွင် သဲမှုန်လေးတစ်မှုန် ပြုတ်ကျသည်ဆိုလျှင်တောင် ထိုပြုတ်ကျသည့်အသံအား ကြားနိုင်၏။
သူ ရုတ်တရက်ထပြီး ဘေးတစ်ဖက်သို့ ရှောင်လိုက်သည်။
အမဲရောင် အရိပ်တစ်ခုသည် အမှောင်ထဲမှ ထွက်လာ၏။ ထိုလူ၏ လက်ထဲမှာရှိသော ဓားသည် သူ၏ နောက်ကျောအား ခုတ်ပိုင်းလိုက်၏။
ကျွင်းချောင်းရှောင်းသည် သူ၏ ခန္ဓာကိုယ်အား လှည့်ပတ်ကာ အသာရှောင်ပြီး ကန္တာရလင်းယုန် အား ထုတ်ယူလိုက်သည်။
သို့ပေမဲ့ အမဲရောင်အရိပ်သည် သူ့အား မခုတ်ပိုင်းလိုက်နိုင်သည်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် မြေပြင် ပေါ်အသာခြေဆောင့်ပြီး ရုတ်တရက်ဆိုသလိုပဲ ထွက်ပြေး ပျောက်ကွယ်သွားတော့သည်။
သူ မျက်မှောင်ကုတ်လိုက်မိ၏။
စနစ်မှ ပြောလိုက်သည်။ "လက်ခံသူအနေနှင့် ဂိုဏ်းအကာအကွယ် အစီအစဉ်ကို ဖြစ်နိုင်သမျှ အမြန်ဝယ်သင့်သည်။ မဟုတ်လျှင် အခြားသူများက ဝင်လိုလျှင်ဝင် ၊ ထွက်လိုထွက် ကြိုက်သလို လုပ်နေပေလိမ့်မည်။ အစီအရင်သည် စဦးစတိုးတွင် ရှိသည်။"
ကျွင်းချောင်ရှောင်း ရယ်လိုက်သည်။ “စဦးစတိုးမှာ ရှိတယ်လား”
"ရှိပါသည်။ သို့ပေမဲ့ refresh လုပ်ရန် လိုအပ်သည်။"
Refresh လုပ်ခြင်းသည် ကံတရားအပေါ်တွင် မူတည်နေသေး၏။ ထိုအရာသည် တော်တော်ပင် စိတ်ရှုပ်စရာ ကောင်းလှ၏။
သို့ပေမဲ့ ဂိုဏ်းထဲကို ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက် လုပ်နေသည့်ကိစ္စမှာ ပို၍ စိတ်ရှုပ်စရာ ကောင်းပေသည်။
ပြီးနောက် တိုက်ခိုက်လာသူသည် သူ့အား လာရောက်တိုက်ခိုက်ခြင်း ဖြစ်၏။ တပည့်များကိုသာ တိုက်ခိုက်မည်ဆိုလျှင် ပြဿနာတွေ တက်ကုန်ပေလိမ့်မည်။
“အား။…”
ရုတ်တရက်ဆိုသလိုပဲ အော်သံတစ်ခုကို ကြားလိုက်ရသည်။
ကျွင်းချောင်ရှောင်းသည် အလျှင်အမြန်ပဲ ယောကျာ်းလေးတပည့်များ ရှိရာ အဆောင်ဆီသို့ ပြေးသွားလိုက်၏။
အသံကြားရာအခန်းဆီသို ဖွင့်ကြည့်လိုက်ချိန်မှာတော့ ဖင်ကိုအုပ်ကိုင်ကာ ဒေါသတကြီးဖြင့် အော်လျက် ရှိသော ရီရှင်းချန်အား မြင်လိုက်ရ၏။
"ဘယ်ခွေးသူတောင်းစားလဲကွ။ ငါ့ကို ချောင်းပြီးတော့ တိုက်ရဲတာ။"
"ဘာဖြစ်တာလဲ။"
လီချင်းယန်နှင့် စုရှောင်မိုတို့သည်လည်း လက်ထဲတွင် ဓားကိုယ်စီကိုင်ကာဖြင့် ရောက်ရှိလာကြသည်။
သူတို့သည် ဖင်မှ သွေးတွေ ထွက်လျှက်ရှိသော ရီရှင်းချန်အား မြင်လိုက်ရချိန်မှာတော့ နှုတ်ခမ်းများ တဆတ်ဆတ် နှင့် တုန်ရင်သွားကြသည်။
"ငါ့ကို လုပ်ကြံချင်တဲ့ လုပ်ကြံသတ်ဖြတ်သူ ရှိတယ်။"
ကျွင်းချောင်ရှောင်း တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"တပည့်တွေအားလုံးကို နိုးပြီးတော့ အဓိက ဟောခန်းထဲမှာ စုဝေးထားလိုက်။ ပြီးတော့ လုပ်ကြံသတ်ဖြတ်တဲ့သူကို အခွင့်အရေး မယူသွားအောင်လို့ သေသေချာချာစောင့်ကြည့်ထားကြ။"
"ကောင်းပါပြီ။"
လီချင်းယန်နှင့် စုရှောင်မိုတို့သည် အလျှင်အမြန်ပဲ တပည့်များအား စုစည်းလိုက်ကြ၏။ မကြာခင်မှာပဲ အမျိုးသားနှင့် အမျိုးသမီးတပည့်များသည် အဓိကဟောခန်းထဲတွင် စုဝေးရောက်ရှိလာကြ၏။
ဖင်ကို ဓားထိုးခံလိုက်ရသော ရီရှင်းချန်သည်လည်း ရောက်ရှိလာသည်။
သူ စိတ်ထဲမှာ ကြုံးဝါးလိုက်သည်။ မင်း သူနဲ့ ရန်ငြိုးရှိတယ်ဆို သူနဲ့သွားတိုက်လေ။ ဘာလို့ ငါ့လို တပည့်သစ်တစ်ယောက်ရဲ့ဖင်ကို ဓားနဲ့ခုတ်သွားရတာလဲ။
ဟင်း။
လုပ်ကြံသတ်ဖြတ်သူသည် ဂိုဏ်းတွင် အားအနည်းဆုံးသူမှာ သူဖြစ်ကြောင်းကို သတိပြုမိသွားသောကြောင့် ဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် လက်ရှိအချိန်၌ အလွန်အမင်း ဒေါသထွက်လျှက် ရှိသည်။
သူသည် နှစ်တစ်ထောင် စန္ဒကူးခုံပေါ်တွင် ထိုင်ပြီး စနစ်၏ စဦးစတိုးအား refresh လုပ်လျက်ရှိ၏။
ဒင်။
ဂိုဏ်းစုဆောင်းမှတ် - ၂၅၄/၅၀၀။
Refresh လုပ်ပြီးနောက်မှာတော့ စတိုးထဲရှိ ပစ္စည်းများသည် ပြောင်းလဲသွားခဲ့သည်။
ဂိုဏ်းအကာအကွယ်စည်းကို မတွေ့သည့်အပြင် တစ်ခြားသော ပေါ်လာသည့် ပစ္စည်းများသည်လည်း အသုံးမဝင်လှချေ။
အသုံးမဝင်လျှင်ဆိုသည်တောင်မှ သူ့အနေနှင့် တစ်ခုလောက်ဝယ်ရပေလိမ့်မည်။
ထိုမှသာ refresh ကို နောက်တစ်ကြိမ် ပြုလုပ်နိုင်မည်မဟုတ်လား။
ထို့ကြောင့် ကျွင်းချောင်းရှောင်းသည် ဂိုဏ်းစုဆောင်းမှတ် တစ်ဆယ်ကုန်ကျသော ဆေးပြင်းလိပ်တစ်လိပ်အား ဝယ်ယူလိုက်တော့သည်။
"refresh ထပ်လုပ်မယ်။"
သူသည် ထပ်မံ၍ refresh လုပ်လိုက်သည်။
ဒင်။
ဂိုဏ်းစုဆောင်းမှတ် - ၂၄၃/၅၀၀။
ထွက်ပေါ်လာသောပစ္စည်းများသည် နေ့စဉ်အသုံးပြုသော ပစ္စည်းများ ဖြစ်၏။
ငှက်မွေး၊ ကြက်မွေး၊ ပင်ပေါင်ဘောလုံး စသည့် ပစ္စည်းများ ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် အံကိုတင်းတင်းကြိတ်ပြီး ဂိုဏ်းစုဆောင်းမှတ် ဆယ်မှတ်အသုံးပြုကာ ဖုန်သုတ်ငှက်မွေးတစ်ခုကို ဝယ်ယူလိုက်ရ၏။ ရည်ရွယ်ချက်မှာ သန့်ရှင်းရေး ပြုလုပ်ရန် ဖြစ်သည်။
ဒင်။
ဂိုဏ်းစုဆောင်းမှတ်- ၂၁၄/၅၀၀။
ဒင်။
ဂိုဏ်းစုဆောင်းမှတ် ၁၉၄/၅၀၀။
ဒင်။
ဂိုဏ်းစုဆောင်းမှတ် ၁၇၄/၅၀၀။
ကျွင်းချောင်ရှောင်း စဦးစတိုးအား ငါးကြိမ်မြောက် refresh လုပ်လိုက်ချိန်မှာတော့ သူ၏ မျက်နှာတစ်ခုလုံးသည် ပျော်ရွှင်မှုတွေနှင့် ပြည့်နှက်သွားတော့သည်။
အဘယ့်ကြောင့်ဆိုသော် နောက်ဆုံးတွင်တော့ ဂိုဏ်းအကာအကွယ် အစီအရင်ကို စတိုးထဲတွင် မြင်လိုက်ရသောကြောင့် ဖြစ်လေသည်။