← Chapters

အခန်း (၉၀)

Vol. 7 Ch. 90

အခန်း (၉၀)

Vol. 7 Ch. 90

"ကျုပ်နဲ့ တိုက်ခိုက်ချင်တဲ့လူ ရှိသေးလား။"

ကျွင်းချောင်ရှောင်း ထိုစကားကို ပြောလိုက်ချိန်မှာတော့ သူ၏ မျက်လုံးများတွင် အထင်သေးမှုနှင့် ရန်စသည့် အရိပ်အယောင်များ ပေါ်နေလျှက် ရှိ၏။

စင်မြင့်အောက်တွင်ရှိသော များပြားလှသော ဂိုဏ်းချုပ်များသည် အကြီးအကျယ် ပေါက်ကွဲသွားကြသည်။ သို့ပေမဲ့ သူတို့သည် အတွေ့အကြုံရင့်ကျက်သော ဂိုဏ်းချုပ်များ ဖြစ်ကြသည်။

ဤသို့သော အထင်အမြင်သေးမှုကို မည်သူ ခံယူချင်မည်နည်း။

သို့ပေမဲ့ သူတို့အနေနှင့် သူတို့ကိုယ် သူတို့ ထိန်းသိမ်းမှ ဖြစ်ပေလိမ့်မည်။

သိုင်းတပည့်အဆင့်ကိုးဖြစ်သော ရှန်းတုံပင်လျှင် သတိမေ့မျောသည်အထိ အရိုက်နှက်ခံခဲ့ရသည်။ သူတို့သာ အပေါ်တက်သွားပါက ကိုယ့်ဒုက္ခကိုယ် ရှာခြင်းသာ ဖြစ်ပေလိမ့်မည်။

များပြားလှသော ဂိုဏ်းချုပ်များသည် ဒေါသတရားများနှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြသည်။ သို့ပေမဲ့ မည်သူမှ အပေါ်သို့ မတက်သွားရဲချေ။

ဒေါသထွက်နေသော်လည်း အကူအညီမဲ့ဖြစ်နေကြသည့် ဂိုဏ်းချုပ်များ အဖွဲ့ကိုကြည့်၍ ကျွင်းချောင်ရှောင်းသည် ပုခုံးတွန့်ကာ ပြောလိုက်သည်။

“ဪ … ဒါက ဂိုဏ်တစ်ရာ မဟာမိတ်အဖွဲ့ကို။"

အဝေးတွင် ရှိနေသော မဟာမိတ်ခေါင်းဆောင်ချင် ၏ မျက်နှာသည် အေးစက်သွားသည်။ သူသည် ရှေ့သို့ လျှောက်သွားပြီး ကျွင်းချောင်ရှောင်းနှင့် တစ်ပွဲလောက် တိုက်ခိုက်ချင်စိတ်ပေါ်လာမိ၏။

"ဂိုဏ်းချုပ်ကျွင်း …"

ရုတ်တရက်ဆိုသလိုပဲ မြို့တော်ဝင်ရှဲ့ ၏ အသံသည် နောက်ဘက်ဆီမှ ပေါ်လာသည်။

သူသည် လှမ်းလျှောက်လာပြီး ပြုံးကာ ပြောလိုက်သည်။ "မင်း ဂိုဏ်းချုပ်ရှန်းကိုတောင် တိုက်ကွက်နှစ်ခုနဲ့ အနိုင်ယူခဲ့တာပဲ။ မင်းရဲ့အားအင်အဆင့်က သာမန်ထက်ပိုတယ်။ မင်းက ကျုပ်ကို မျက်စိအမြင်တွေ ပွင့်စေတဲ့သူပဲ။"

ကျွင်းချောင်ရှောင်းသည် လက်သီးဆုပ်ကာဖြင့် ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် မြိုတော်ဝန်။ ချီးကျူးတာ ကျေးဇူးပါ။"

မြို့တော်ဝန်ရှဲ့သည် ခေါင်းဆောင်ချင် အား လှမ်းကြည့်၍ ပြုံးကာ ပြောလိုက်သည်။

"ခေါင်းဆောင်ချင်… ခင်ဗျား ဂိုဏ်းချုပ်ကျွင်းလို လူငယ်လေးတစ်ယောက်နဲ့ တိုက်ခိုက်ဖို့တော့ အစီအစဉ်မရှိပါဘူးနော်။"

ဂိုဏ်းချုပ်ကျွင်း ဟု အမည်တပ် ပြောလိုက်လျှင် အဆင်ပြေပြီဖြစ်သည် ။သို့ပေမဲ့ မြို့တော်ဝန် ရှဲ့သည် လူငယ်လေး တစ်ယောက်ဟု ထည့်ကာပြောနေ၏။

သူဆိုလိုချင်သည့်အဓိပ္ပာယ်မှာ ခေါင်းဆောင်ချင် အနေ နှင့် ဂျူနီယာတစ်ယောက်ကို အနိုင်မယူသင့်ကြောင်း သွယ်ဝှိက်၍ ပြောဆိုခဲ့ခြင်းပင် ဖြစ်သည်။

မြိုတော်ဝန်ရှဲ့သည် စကားပြောဆိုသည့် အရာ၌ ပါးနပ်လှပေသည်။

ခေါင်းဆောင်ချင် သည် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ "သိုင်းဆရာတစ်ယောက်အနေနဲ့ ကျုပ်က ဂျုနီယာတွေနဲ့ တိုက်ခိုက်ဖို့ မသင့်တော်သေးဘူးလေ။"

"မြိုတော်ဝန်ရှဲ့အတွေးလွန်နေပြီ။”

“သိုင်းဆရာဟုတ်လား။"

ကျွင်းချောင်ရှောင်း တွေးလိုက်မိ၏။ "ဒါကတော့ နည်းနည်းကြမ်းတယ်။"

မြိုတော်ဝန်ရှဲ့ ပြုံးလိုက်သည်။ "ဒီမှာ ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့က လူတွေ ဆုံနေတာပဲ။ အစည်းအဝေး လည်း ပြီးသွားပြီ မဟုတ်လား။ ကျုပ် ဒကာခံပြီး အားလုံးကို ကျွေးမွေး ပြုစုပါမယ်။"

ခေါင်းဆောင်ချင် သည် လက်သီးကို အသာဆုပ်၍ ထူးမခြားနားသလို ပြောလိုက်သည်။ "ကျုပ်ကိစ္စလေး တစ်ခု ရှိလို့ အရင်သွားလိုက်ပါဦးမယ်။"

ပြီးနောက် သူ၏ အင်္ကျီလက်အား ရမ်းခါ၍ လှည့်ထွက်သွားလိုက်တော့သည်။

သူ့အား အနောက်ဘက်မှ ကြည့်လျှင် သာမန်လမ်းလျှောက်ထွက်သွားသည် ဟု ထင်ရသော်လည်း အမှန်တကယ်တမ်းတွင်တော့ သူ၏ ခန္ဓာကိုယ်ထဲတွင် ဒေါသတို့ဖြင့် ဟုန်းဟုန်းတောက်လျှက် ရှိသည်။

"မြိုတော်ဝန်ရှဲ့ … ကျုပ်တို့ဂိုဏ်းကလည်း လုပ်စရာလေး ရှိသေးလို့ ခင်ဗျားကို ဒုက္ခမပေးတော့ပါဘူး။ နှုတ်ဆက်ပါတယ် ။ သွားလိုက်ပါအုံးမယ်။"

များပြားလှသော ဂိုဏ်းချုပ်များသည် မြိုတော်ဝန်ရှဲ့ ၏ လိုက်လံကျွေးမွေးသည်ကို အလကား စားသောက်ရန် အစီအစဉ်မရှိကြပေ။

ထို့ကြောင့် အကြောင်းပြချက်များ ရှာ၍ လျှင်လျှင် မြန်မြန်ပဲ ထွက်ခွာသွားကြသည်။

သူတို့သည် ရောက်လာတုန်းက အလွန်မောက်မာသောပုံစံဖြင့် ရောက်လာခဲ့ခြင်းဖြစ်၏။ ယခု ပြန်သွားချိန်မှာတော့ သိုးသူငယ်လေးများလို ခပ်ကုတ်ကုတ်ဖြင့် ပြန်သွားရလေ၏။

အစည်းအဝေးမစသေးခင်က ကျွင်းချောင်ရှောင်းအား တံတွေးခွက်ထဲ ပက်လက်မျောအောင် ဝိုင်းဝန်းပြုလုပ်ကြရန်ဟု စီစဉ်ထားခဲ့ကြသော်လည်း တကယ်တမ်း တံတွေးခွက်ထဲမှာ မျောခဲ့သူမှာ သူတို့သာ ဖြစ်သည်။ ဂိုဏ်းချုပ်တစ်ယောက်သည် သွေးအန်ခဲ့၏။ တစ်ခြားသော ဂိုဏ်းချုပ်တစ်ယောက်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရခဲ့၏။

ထို့ကြောင့် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့၏ အစည်းအဝေး မှာ အလုံးစုံ ကျရှုံးသည်ဟုပင် ဖော်ညွှန်းရပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် သေခြင်းရှင်းခြင်း စင်မြင့်ပေါ်မှ ခုန်ဆင်းကာ သူ၏ လက်သီးကို ဆုပ်ပြီး ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် မြိုတော်ဝန်။ မဟုတ်ရင် ခေါင်းဆောင်ချင် က ဒီပေါ်ကိုတက်လာပြီး ကျွန်တော်နဲ့ တစ်ပွဲတစ်လမ်း အကဲစမ်းဖြစ်ဖို့ များတယ်။"

မြိုတော်ဝန်ရှဲ့ သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း … မင်း အနေနဲ့ ဒီလောက်အကြီးအကျယ်တွေ လုပ်စရာမလိုဘူး။ မဟုတ်ရင် တစ်နေ့မှာ ဒုက္ခရောက်နိုင်တယ်။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "သံမဏိအရိုးဂိုဏ်းရဲ့ ဆောင်ပုဒ်ဆိုတာ သိုသိုသိပ်သိပ်နေဖို့ပါ။ တစ်ခြားသူတွေက ကျွန်တော့်ကို ရန်မစဘူးဆိုရင် ကျွန်တော်ကလည်း ဘာတစ်ခုမှ ပြန်လုပ်မှာ မဟုတ်ဘူး။"

သူတို့ဂိုဏ်း၏ ဆောင်ပုဒ်သည် အမျိုးမျိုး ပြောင်းလဲနေသည်ကို အသားကျသွားသော လီချင်းယန်နှင့် တစ်ခြားသော သူများသည် ဤတစ်ကြိမ်မှာတော့ အံ့အားမသင့်တော့ချေ။

မြိုတော်ဝင်ရှဲ့ သည် ပြုံးကာ ပြောလိုက်သည်။

"ခေါင်းဆောင်ချင် ဒေါသတကြီး ထွက်သွားခဲ့တယ်။ ဒါကြောင့် မင်း အနေနဲ့ နောင်တစ်ချိန်မှာ ခက်ခဲလာလိမ့်မယ်။ ဒီတော့ ပိုပြီး အားကောင်းအောင် လုပ်သင့်နေပြီ။ မဟုတ်ရင်သံမဏိးအရိုးဂိုဏ်းက ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲထဲမှာ ရပ်တည်နိုင်ဖို့ဆိုတာ လွယ်ပါ့မလား။"

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ကျွန်တော့်ဂိုဏ်းက ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ကနေ ထွက်လိုက်ပါပြီ။"

မြိုတော်ဝန်ရှဲ့ ကြောင်သွားသည်။ ပြီးနောက် သူသည် လက်မထောင်ပြကာ ပြောလိုက်သည်။

"ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့စပြီး တည်ထောင်လိုက်ကတည်းက အဖွဲ့ထဲကို ဝင်ဖို့ ဂိုဏ်းတွေက တိုက်ပွဲတွေတောင် ဖြစ်ခဲ့ကြတာ။ ဂိုဏ်းချုပ်ကျွင်း …. မင်းကတော့ ဒီအဖွဲ့ကနေ ထွက်ခွာတဲ့ ပထမဆုံးလူပဲ။ အရမ်းသတ္တိကောင်းတယ်။"

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ "ဒီလူတွေက အမှိုက်တစ်သိုက်ပဲ။ ဒီလူတွေ ရှိတဲ့ အဖွဲထဲကို ဝင်ထားမယ်ဆိုရင် ကျွန်တော် တို့ သံမဏိအရိုးဂိုဏ်းက ဂုဏ်သိက္ခာကျစရာတွေ ဖြစ်လာလိမ့်မယ်။"

ထိုစကားကိုကြားတော့ အနီးအနားတွင်ရှိသော ကျင့်ကြံသူများ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ဂိုဏ်းချုပ်ကျွင်းသည် အမှန်တကယ်ပင် အံ့အားသင့်စရာ ကောင်းလှ၏။

မြိုတော်ဝန်ရှဲ့ သည် ပထမက ကျွင်းချောင်ရှောင်းအား မြိုတော်ဝန်စံအိမ်သို့ ဖိတ်ခေါ်ရန် တွေးလိုက်မိ၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်ဖြစ်သော လီချင်းယန်နှင့် လီမိသားစုဆီသို့ လိုက်ပါသွားမည်ဟုဆိုသောကြောင့် အသာလက်လွတ်ပေးလိုက်ရ၏။

ဂိုဏ်းချုပ်ကျွင်းသည် တော်ဝင်ဓားမော့ ဂိုဏ်း၏ ဂိုဏ်းချုပ်အား အနိုင်ယူခဲ့သည်ကို မြင်တော့ လီ မိသားစု ခေါင်းဆောင်သည် တုန်လှုပ်မှုနှင့် ပျော်ရွှင်မှု နှစ်ခုလုံးကို ခံစားလိုက်မိသည်။

သူသည် စားပွဲတစ်ခုကို မြန်မြန်ဆန်ဆန် ပြင်ဆင်လိုက်သည်။

စားပြီးသောက်ပြီးနောက်တွင်တော့ သူ၏ နှလုံးသားများသည် အေးချမ်းလျက်ရှိ၏။

…..

ကျွင်းချောင်ရှောင်းသည် လီချင်းယန် အား လီခေါင်းဆောင် နှင့်အတူ ထားခဲ့ကာ ဆေးပင်များရှာဖွေဖို့အတွက် ဆေးဆိုင်များဆီသို သွားလိုက်သည်။

ဆေးပင်ပစ္စည်းများသည် ပေါများလှသည်ဆိုသော်လည်း သူ့အနေနဲ့ စဦးခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံး နှစ်စုံစာကိုသာ ရှာဖွေ၍ ရခဲ့သည်။ ချီစုစည်းခြင်းဆေးလုံးနှင့် ချီလေပွေဆေးလုံးတို့အတွက် သူသည် တစ်စုံစာပင် ရှာဖွေ၍ မရခဲ့ချေ။

ကျွင်းချောင်ရှောင်း သက်ပြင်းချလိုက်၏။

“ဆေးခန်းမဆောင်ကို ရလာပြီးတဲ့နောက်မှာ ဆေးလုံးတွေ မြန်မြန်ဆန်ဆန် ရှာဖွေလို့ ရလာနိုင်တယ် ဆိုပေမဲ့ ဆေးလုံးတွေ ဖော်စပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေ မရှိဘူးဆိုတော့ ။ ဒါက ဟင်းချက်တတ်တဲ့ စားဖိုမှူးတစ်ယောက်အတွက် ဆန်မရှိတာနဲ့ တူတူပဲ။”

စနစ်မှ ပြောလိုက်သည်။ "လက်ခံသူအနေနှင့် မိမိကိုယ်တိုင် စိုက်ပျိုးနိုင်၏။"

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ချာချာလည်သွားသည်။ "နှစ်တစ်ရာဂျင်ဆင်းတွေကိုစိုက်ပြီး ချီစုစည်းခြင်းဆေးလုံးတွေမှာ သုံးရမယ် ဟုတ်လား။ ဒါကိုလည်း စိုက်ပြီးရော ငါရဲ့ အဓိကတာဝန်ပြီးလို့ သေတောင် သေသွားလောက်ပြီ။"

စနစ်မှပြောလိုက်သည်။ "ဆေးပင်တွေကို မြန်မြန် ကြီးထွားနိုင်စေတဲ့ ပစ္စည်းတွေ စဦးစာတိုးထဲမှာရှိတယ်။ ဒါကို ရနိုင်ဖို့တော့ လက်ခံသူရဲ့ ကံတရားနဲ့ဆိုင်လိမ့်မယ်။"

ကျွင်းချောင်ရှောင်း ဆွံအသွားသည်။ "မင်း ဒီထက်ပိုပြီး တည့်တည့်ပြောလို့မရဘူလား။ ဂိုဏ်းစုဆောင်းမှတ်တွေကို ထပ်ပြီး လိုချင်ပြန်ပြီလား။"

စနစ်မှ ပြောလိုက်၏။

“စတိုး၏ refresh လုပ်ခြင်းဆိုသည်မှာ လက်ခံသူအနေနှင့် စနစ်အား အလွန်အမင်း အားကိုးလာနိုင်ခြင်းကို ကာကွယ်ဖို့အတွက် ဖန်တီးထားခြင်း ဖြစ်သည်။ ထို့ကြောင့် လက်ခံသူအနေနှင့် ပစ္စည်းများများ ပေါ်လာဖို့ကို မြင်ချင်လျှင် ဂိုဏ်းစုဆောင်းမှတ်ကို အသုံးပြုရပေလိမ့်မည်။”

ကျွင်းချောင်ရှောင်း ဆွံအသွားသည်။ "အခု မင်းပြောတဲ့ ပုံစံက ကံစမ်းတာနဲ့တူတူပဲ။"

စနစ်မှ ပြောလိုက်သည်။

"ဒီလိုမျိုး သုံးဖို့အတွက်ပဲ လက်ခံသူ က ဂိုဏ်းစုဆောင်းမှတ်တွေကို ရှာဖွေခဲ့တာမဟုတ်လား။"

"ဒါလည်း မှန်တာပဲ။"

ကျွင်းချောင်ရှောင်းသည် ဖက်ပြိုင်၍ မငြင်းတော့ပေ။ ထို့ကြောင့် ဆေးပစ္စည်းများကိုသာ ရှာဖွေလိုက်တော့သည်။

သူ လီမိသားစုကို ပြန်လည်ရောက်ရှိချိန်မှာတော့ ပြန်လည်ကုစားခြင်း ဆေးလေးစုံစာ ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးသုံးစုံစာ၊ ချီစုဆောင်းခြင်း တစ်စုံစာနှင့် ချီလေပွေဆေးအတွက်တော့ တစ်စုံစာပင် မရရှိခဲ့ပေ။

တပည့်များ ပိုမိုအားကောင်းလာစေဖိုအတွက် ဆေးသန့်စင်ခြင်း အဆောင်၏ ဆေးလုံးများ ပေါ်တွင် မူတည်လျှက် ရှိသည်။ သို့ပေမဲ့ သူ့အနေနှင့် ပါဝင်ပစ္စည်းများကို ရှာဖွေ၍ မရနိုင်သေးချေ။

"ဂိုဏ်းချုပ်ကျွင်း ဘာဖြစ်နေတာလဲ။"

လီမိသားစုဆီသို့ ပြန်ရောက်ပြီးသည့်နောက် ….

လီခေါင်းဆောင်သည် ကျွင်းချောင်ရှောင်း၏ မှုန်ကုတ်နေသော မျက်နှာအား မြင်လိုက်ရ၏။ ထို့ကြောင့် မေးလိုက်သည်။

ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "ကျွန်တော်က အခုတစ်လော ဆေးလုံးတာအို နဲ့ ပတ်သက်ပြီးတော့ လေ့လာစမ်းသပ်မှုတွေ ပြုလုပ်နေတာ။ ဆေးပစ္စည်းတစ်ချို့ လိုအပ်နေသေးတယ်။ ကျွန်တော် နေ့ဝက်လောက် ရှာခဲ့တာတောင်မှ လိုချင်တာကို ရှာမတွေ့ခဲ့ဘူး။"

ခေါင်းဆောင်လီသည် အံ့အားသင့်သွားသည်။

"ဂိုဏ်းချုပ်ကျွင်းက ဆေးလုံးတာအို နဲ့ ပတ်သက်ပြီးလည်း နားလည်တယ်လား။"

ပန်းပဲဆရာ၊ ဆေးလုံးဖော်စပ်သူ၊ အစီအရင် ကျွမ်းကျင်သူ၊ စိတ်ဝိညာဉ်အစီအရင် ဖန်တီးနိုင်သူများသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် လေးစားခံရသူများ ဖြစ်သည်။

ထိုထဲတွင်တော့ ဆေးလုံးဖော်စပ်သူနှင့် စိတ်ဝိညာဉ်ကျွမ်းကျင်သူများသည် ပိုမို၍ ထူးကဲလှသည်။

ဆေးလုံးနှင့် စိတ်ဝိညာဉ်ကျောက်တုံးများသည် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းကို ပိုမိုတိုးတက်စေရန် ကြီးကြီးမားမားဖြင့် ထောက်ပံ့ပေးသည်။ ထို့ကြောင့် များပြားလှသော ဂိုဏ်းများသည် ဆေးလုံးဖော်စပ်သူနှင့် စိတ်ဝိညာဉ်ကျွမ်းကျင်သူများအား တသီးတသန့်နှင့် ဖိတ်ကြား၍ ဧည့်ခံတတ်သေးကြ၏။

"ကျွန်တော် နည်းနည်းပဲ သိတာပါ။"

လီခေါင်းဆောင်၏ မျက်နှာသည် အံ့အားသင့်သွားသည်။

ဤသံမဏိအရိုးဂိုဏ်းခေါင်းဆောင် ဂိုဏ်းချုပ်သည် အမှန်ပင် မရိုးရှင်းလှချေ။ သူ့သားသည် ထိုသို့သောသူ၏ တပည့်အဖြစ် ရွေးချယ်ခဲ့ခြင်းမှာ အကောင်းမွန်ဆုံးသော ရွေးချယ်ခြင်းပင် ဖြစ်၏။

"ဂိုဏ်းချုပ်ကျွင်း … ချင်းယန်မြိုက ချင်းယန်နိုင်ငံရဲ့ အဓိကမြို့ကြီးတစ်ခု ဖြစ်တယ်ဆိုပေမဲ့ ဆေးပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ တော်တော်ကြီး အားနည်းတယ်။ ဒီတော့ ဆေးပစ္စည်းတွေ ဝယ်ချင်ရင် ဟူရန်မြို့ကို သွားမှ ဖြစ်လိမ့်မယ်။"

"ဟူရန်မြို့လား။"

ကျွင်းချောင်ရှောင်းသည် အိုက်မိသားစုအား စဉ်းစားလိုက်မိ၏။ ထို့ကြောင့် သူ၏ မျက်လုံးများသည် လင်းလက်သွားသည်။

“အိုက်မိသားစုက ဆေးလုံးနဲ့ပတ်သက်တဲ့ စီးပွားရေးကို အဲ့မှာ လုပ်တာပဲ။ သူ့တို့ဆီမှာ ဆေးလုံးဖော်စပ်တဲ့ ပါဝင်ပစ္စည်းတွေ ရှိလောက်တယ်။”

နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် လီခေါင်းဆောင်အား နှုတ်ဆက်၍ သူ၏ တပည့်လေးဦး နှင့် အတူ သံမဏိအရိုးဂိုဏ်းဆီအား ပြန်လာခဲ့လိုက်သည်။

သို့ပေမဲ့ သူ ပြန်ရောက်ချိန်မှာတော့ ဝါးဦးထုပ်ကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် သူတို့ဂိုဏ်း၏ နီရဲလှသော တံခါးမကြီးရှေ့တွင် ရပ်၍ စည်းချက်ကျကျ ဟောက်ကာ အိပ်ပျော်လျက် ရှိသည်ကို မြင်လိုက်ရသည်။

"သူပဲလား။"

တစ်ကိုယ်တော် လေလွင့်ဓားသမား မာရုံနင်။

စုရှောင်မိုသည် အပြင်ဘက်သို့ လှမ်းလျှောက်လာပြီး ထိုသူ၏ မျက်စိရှေ့တွင် လက်နှစ်ဖက် ခါ၍ ပြောပြလိုက်သည်။ "ဒီလူ မတ်တပ်ရပ်နေရင်းနဲ့ ထပ်အိပ်ပျော်သွားပြန်ပြီ။"

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ရှောင်ကျီ သူ့ကို အပြင်ဘက်ကို သယ်သွားစမ်းကွာ။ သူ့ကို ဂိုဏ်းတံခါးပေါက် အရှေ့မှာ မတ်တပ်မရပ်စေနဲ့။"

"ကောင်းပါပြီ။"

ရှောင်ကျီသည် အသာလျှောက်သွား၏။ ပြီးနောက် မာရုံနင်အား ထမ်းလိုက်သည်။

တစ်ဖက်လူသည် အလွန်အမင်း အိပ်မောကျနေပုံပေါ်၏။ ချီ၍ သယ်ပိုးခံရသည့်အချိန်တွင်တောင်မှ ဆက်လက်၍ ဟောက်နေသေးသည်။

ရှောင်ကျီသည် မာရုံတင်အား တောင်၏လှေကားအစွန်းပေါ်တွင်တင်၍ လှည့်ကာ ထွက်ခဲ့သည်။

မာရုံနင်သာ နိုးလာလျှင် ဟန်ချက်ပျက်သွားပြီး ကျောက်လှေကားအတိုင်း အောက်သို့ ပြုတ်ကျသွားမှာ သေချာ၏

All Chapters