← Chapters

အခန်း (၉၅)

Vol. 7 Ch. 95

အခန်း (၉၅)

Vol. 7 Ch. 95

ကျွင်းချောင်ရှောင်းသည် ဆေးလုံးသန့်စင်သည့် ပစ္စည်းများဝယ်ယူရန် ငွေသားဆယ်သိန်းကျော်ကို အသုံးပြုခဲ့သည်။ စဦး ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး ရှစ်ရာကျော်၊ စဦးခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးနှင့် ချီစုစည်းခြင်း လေးရာကျော်၊ ချီလေပွေဆေးလုံး နှစ်ရာကျော်တို့ အတွက် ဆေးပင်များအား ရရှိခဲ့သည်။

"သန့်စင်မယ်။"

ကျွင်းချောင်းရှောင်းသည် ဂိုဏ်းဆီသို့ မပြန်ဘဲ သူသည် စဦး ပြန်လည် ကောင်းမွန်ခြင်း ဆေးလုံး သန့်စင်သည့် ခလုပ်အား နှိပ်လိုက်၏။

ဒင် ဒင် ဒင်။

စူးရှသောအသံများသည် သူ၏နားထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာသည်။

ပြီးနောက် သိုလှောင်လက်စွပ်ထဲ၌ ဆေးလုံးများ တစ်လုံးပြီး တစ်လုံး ပေါ်လာတော့၏။

အချိန်တိုအတွင်းမှာပဲ စဦး ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး ရှစ်ရာကျော်သည် သန့်စင်ပြီးသား ဖြစ်သွား၏။ အတွေ့အကြုံ များပြားလှသော ဆေးဖော်စပ်သူများ ဆိုလျှင်တောင်မှ ထိုသို့ သာမန်ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးကို သန့်စင်လျှင် လအနည်းငယ် ကြာမြင့်မှာ ဖြစ်သည်။

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ဒီ ဆေးလုံးသန့်စင်ခြင်း ခန်းမဆောင်က အရမ်းအား‌ကောင်းလွန်း အားကြီးတယ်။”

ဂိုဏ်းသည် အဆင့်နှစ်သို့ အဆင့်မြှင့်တင်ပြီးသည့်နောက်မှာတော့ သူသည် ပထမပိုင်းတွင် အနည်းငယ် စိုးရွံ့မှုများ ဖြစ်ပေါ်ခဲ့မိ၏။

သို့ပေမဲ့ ဆေးလုံးသန့်စင်သည့် အဆောင်သည် သူ မထင်မှတ်ထားလောက်အောင်ပဲ အားကောင်းလွန်းလှသည့်အရာ ဖြစ်လို့နေသည်..။

ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏ လုပ်ဆောင်နိုင်မှု အား အဆင့်သုံး သို့ မြှင့်တင်ပြီးနောက်တွင် ရရှိလာမည့် ပန်းပဲခန်းမဆောင်နှင့် ပတ်သက်၍ အများကြီး မျှော်လင့်မိသွား၏။

ဆေးခန်းမဆောင်ကဲ့သို့ ပမာယူ၍ ပြောရမည်ဆိုလျှင် ပန်းပဲ ခန်းမဆောင်သည်လည်း ခလုတ်တစ်ချက်နှိပ်လိုက်ရုံနှင့် လက်နက်များအား လုပ်နိုင်စွမ်းရှိမည်ဟု သူ ခန့်မှန်းမိသည်။

ဆေးလုံးနှင့် လက်နက်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ဤအရာသည် မရှိမဖြစ် လိုအပ်သော အရာပင်ဖြစ်၏။ နှစ်ခုလုံးသာ ရှိမည်ဆိုလျှင် အားမကောင်းပဲ ဘယ်နေလိမ့်မည်နည်း။

ဤအရာသည် သူ တွေးတောဆင်ခြင်မိနေခြင်းသာ ဖြစ်၏။

တကယ်တမ်းမှာတော့ ဂိုဏ်းအား အဆင့်သုံးသို့ အဆင့်မြှင့်တင်ရန် ‌ဆိုသည်မှာ အလွန် အလှမ်းဝေးနေသေးသည်။

ထို့အပြင် ဂိုဏ်းသားများ၏ အရေအတွက်သည်လည်း မလုံလောက်သေးချေ။ ထို့ကြောင့် ဂိုဏ်းတာဝန်များကိုလည်း မရရှိခဲ့ချေ။ ထို့ကြောင့် အောင်မြင်မှု တန်ဖိုးအမှတ်အား ရရှိရန် အလွန်ခက်ခဲပေလိမ့်မည်။

"ဆေးလုံး ဆက်လက်သန့်စင်မယ်။"

ကျွင်းချောင်ရှောင်းသည် အမြန်အဆန်ပဲ ဆေးလုံးများကို သန့်စင်လျှက် ရှိ၏။

သာယာနာပျော်ဖွယ်ကောင်းသော တဒင်ဒင်အသံသည် သူ၏နားထဲတွင် ထွက်ပေါ်နေသည်။

ဆေးလုံးများသည်လည်း သိုလှောင်လက်စွပ်ထဲ၌ ဆထက်ထမ်းပိုး တိုးပွားလာ၏။

သို့ပေမဲ့ ပြဿနာ အနည်းငယ် ရှိနေသေးသည်။

စဦးခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးအား ‌အရေအတွက် များများ သန့်စင်ချိန်မှာတော့ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးထက် အချိန်အနည်းငယ် ကြာမြင့်ခဲ့၏။

စနစ်မှ ပြောလိုက်သည်။

"ဆေးလုံးသန့်စင်ပေးသည့် ခန်းမဆောင်က ဆေးလုံးတွေကို သန့်စင်ပေးသည်။ သို့ပေမဲ့ ဆေးလုံး၏ အရည်အသွေးအရ အနည်းငယ်တော့ ကြာမြင့်လိမ့်မယ်။"

"ငါ သိပြီ။"

ကျွင်းချောင်ရှောင်းသည် စိတ်အနှောက်အယှက် မရှိပေ။ ထို့အပြင် အချိန် အနည်းငယ်သာ နှေးကွေးသွားသည် မဟုတ်လား။

နာရီဝက်လောက်ကြာပြီးနောက်မှာတော့ ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံး လေးရာသည် ဆေးခန်းမဆောင် မှ ထွက်လာခဲ့ပြီဖြစ်သည်။

ချီစုစည်းခြင်းဆေးလုံး လေးရာကျော်ကို သန့်စင်ပြီးသည့်နောက်မှာတော့ တစ်နာရီလောက် ကြာမြင့်ခဲ့၏။

ဆေးလုံးသုံးလုံးကို သန့်စင်ပြီးသည့်နောက်မှာတော့ သူသည် အရေးကြီးဆုံးဖြစ်သည့် ချီလေပွေဆေးလုံးအား စတင်ပြီးတော့ သန့်စင်တော့သည်။

နောက်ဆုံးမှာတော့ နှစ်နာရီလောက်ကြာမြင့်ပြီးနောက်တွင် သူသည် ချီလေပွေဆေးလုံးများ ရရှိခဲ့၏။

"နည်းနည်းနှေးတာပဲ။"

ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်မိ၏။

သူ၏လက်ထဲတွင် ဆေးလုံးပေါင်း စုစုပေါင်း ၁၈၀၀ကျော် ရှိနေပြီဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် ဟူရန်မြို့မှ သံမဏိအရိုးဂိုဏ်းဆီသို့ ပြန်လာသည့် လမ်းတစ်လျှောက်တွင် အချိန်လေးနာရီသာ ကြာမြင့်ခဲ့၏။

ဤအတောအတွင်း သူသည် ဆေးလုံးပေါင်း ၁၈၀၀ကျော်ကို ရရှိခဲ့ပြီးဖြစ်သည်။ ထိုအရာကိုတောင်မှ နှေးကွေးလွန်းသည်ဟု စောကတတက်လျက်ရှိ၏။

"ဂိုဏ်းချုပ် … တံခါးက ပြင်ပြီးသွားပြီ။ ဘယ်လိုထင်လဲ။"

စုရှောင်မို သည် အနီရောင်ရွေးချယ်ထားသော တံခါးကြီးအား လက်ညိုးထိုး၍ ပြလိုက်သည်။

"အဆင်ပြေတယ်။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"ဟိုကောင်ဘယ်ရောက်သွားလဲ။"

"သူ့ကို ထောင်ထဲမှာ ချုပ်ထားခိုင်းတာ။"

စုရှောင်မို ပြောလိုက်သည်။

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ခါသွား၏။

"မင်း သူ့ကို လုပ်ကြံသတ်ဖြတ်သူ နှစ်ယောက်နဲ့တူတူ ချုပ်ထားတယ် ဟုတ်လား။သူတို့တွေ ထပြီး ချကုန်ရင် ဘယ်လိုလုပ်မလဲ။"

"ဂိုဏ်းချုပ် မပူပါနဲ့။ သူတို့သုံးယောက်က အေးအေးဆေးဆေးပါပဲ။"

စုရှောင်မို သွားဖြီးကာ ပြောလိုက်သည်။

"တကယ်လား။" ကျွင်းချောင်ရှောင်း ထရပ်၍ အကျဉ်းထောင်ဆီသို့ သွားကြည့်လိုက်၏။

တံခါးနှင့် ပြတင်းပေါက်ကြားရှိ နေရာလွတ်ဆီမှ လှမ်းကြည့်လိုက်ချိန်မှာတော့ မာရုံနင်သည် နံရံကို မှီ၍ ထိုင်နေကြောင်း သူ မြင်လိုက်ရ၏။ မာရုံနင်သည် သူ၏ ဓားအား ဖက်ထားပြီး လုပ်ကြံသတ်ဖြတ်သူ နှစ်ယောက်အား ကြည့်လျှက် ရှိ၏။ အခြေအနေသည် အနည်းငယ် တင်းမာနေသည်။

အချိန်အနည်းငယ်ကြာပြီးနောက် မာရုံနင် ပြောလိုက်၏။ "မင်းတို့နှစ်ယောက်က ငါ့ကို အချိန်အကြာကြီး စိုက်ကြည့်နေတယ်။ ဘာလုပ်ချင်လို့လဲ။"

ရွှေအဆင့် လုပ်ကြံသတ်ဖြတ်သူ “.......”

လုပ်ကြံသတ်ဖြတ်သူ “.......”

ချလွမ်။

မာရုံနင်သည် သူ၏ဓားအားဆွဲထုတ်ပြီး လေးလေးနက်နက် ပြောလိုက်၏။ "ငါက ကျင့်ကြံခြင်း လောကထဲမှာ နှစ်ပေါင်းများစွာလျှောက်သွားနေခဲ့တာ။ ဘယ်လိုတိုက်ပွဲမျိုးကိုမဆို ငါမြင်ခဲ့ဖူးတယ်။ အမဲရောင်ဝတ်စုံကို ဝတ်ထားတယ်ဆိုရုံနဲ့ ငါ့ကို ခြောက်လန့်လို့ရမယ်လို့ ထင်နေကြတာလား။ လာစမ်း။ တိုက်ခိုက်လိုက်ကြရအောင်။"

ရွေအ‌ဆင့် လုပ်ကြံသတ်ဖြတ်သူနှင့် လုပ်ကြံသတ်ဖြတ်သူ‌တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး တွေးလိုက်မိ၏။

"ဒီရေဲ့ ဦးနှောက် အလုပ်လုပ်ပုံက တစ်ခုခု မှားယွင်းနေတာဖြစ်မယ်။"

"ဂိုဏ်းချုပ် သူတို့ကို ဘယ်လိုလုပ်ရမလဲ။"

စုရှောင်မို မေးလိုက်၏။

ကျွင်းချောင်ရှောင်းသည် အသာလှည့်ကာ ပြောလိုက်၏။ "မာရုံနင်ကို ရက်အနည်းငယ်‌လောက်ချုပ်ပြီးရင် လွှတ်ပေးလိုက်တော့။ ဟိုကြေးစားလူသတ်သမားနှစ်ယောက်ကိုတော့ ဆက်ပြီး ချုပ်ထားလိုက်။"

"ကောင်းပါပြီ။"

ကျွင်းချောင်ရှောင်းသည် ကြွက်သားတည်ဆောက်ခြင်းအခန်းဆီသို့ သွား၍ လေးနာရီလောက် လေ့ကျင့်ခဲ့၏။ ပြီးနောက် သူသည် ရေမိုးချိုး၍ သူ၏ အိမ်ရှိရာသို့ ပြန်လာခဲ့လိုက်၏။

"အိုက်မိသားစုက လူတွေ။" သူသည် စာကြည့်ခန်းထဲတွင် ထိုင်၍ တီးတိုး ရေရွတ်လိုက်သည်။

"သူတို့ စဦးပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးနဲ့ ပတ်သက်ပြီး ဘယ်လို ကြေညာ‌မယ်လို့ စီစဉ်ထားလဲ မသိဘူး။"

ဟုတ်ပေ၏။ အိုက်ရှန်ရီ နှင့် အိုက်မိသားစုမှလူများသည် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးကို မည်သို့ ရောင်းချရမည်ကို ဆွေးနွေးနေမှာ သေချာသည်။ သူတို့အနေနှင့် အမြတ်အများဆုံးရအောင် လိုချင်ကြမည်မှာ သဘာဝပင် ဖြစ်တော့၏။

ဟူး …။

ကျွင်းချောင်ရှောင်းသည် နဖူးပေါ်လက်တင်၍ ပြောလိုက်သည်။ "ဒီဆေးလုံးကို ငါဖော်စပ်ခဲ့တယ်ဆိုတာ ဘယ်သူ့ကိုမှ မပြောဖို့ သတိပေးလိုက်ရမှာ။ ဒါကို ငါ့မေ့သွားတယ်။"

အိုက်ရှန်ရီ သည် အထူအပါးနားလည်သော စီးပွားရေးသမားတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူ၏ခွင့်ပြုမရှိဘဲနှင့် ဆေးလုံး ဘယ်ကရသည်ဆိုသည်ကို ထုတ်ဖော်ပြောကြားလိမ့်မည်မဟုတ်ချေ။

ထို့အပြင် သူ၏ စီးပွားဘက် မည်ဆိုသည်ကို တခြားသူများသိရှိသွားလျှင် သူ၏ အမြတ်ငွေ ရရှှိမှုတွင် အကန့်အသတ် ရှိလာမည် မဟုတ်လား။

"မနက်ဖြန် ‌တပည့်တွေကိုခေါ်ပြီးတော့ ဆေးလုံးတစ်ခုဆီပေးရမယ်။"

ကျွင်းချောင်ရှောင်းသည် များပြားလှသော ဆေးလုံးတွေကို သန့်စင်ရန်အတွက် ပိုက်ဆံတွေ အများကြီး သုံးစွဲ ခဲ့ရသည်။ အဘယ့်ကြောင့် ဆိုသော် သူသည် သူ၏ တပည့်များအား ပိုမို၍ အားကောင်းလာစေချင်သောကြောင့် ဖြစ်၏။ မဟုတ်လျှင် နှစ်တစ်ရာအတွင်း ပြိုင်စံရှားဂိုဏ်း မည်သို့ ဖြစ်လာမည်နည်း။

သူသည် အချိန်အတော်ကြာ လေ့လာပြီးသည့်နောက် အိပ်ခန်းထဲတွင် ခြေချိတ်၍ ထိုင်လိုက်၏။

ပြီးနောက် ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်ကို ခန္ဓာကိုယ်တွင် လှည့်ပတ်၍ ကောင်းကင်နှင့် မြေကြီးတွင်ရှိသော စွမ်းအင်များကို စတင်၍ စုပ်ယူတော့သည်။

သူသည် အဆင့်မြင်စိတ်ဝိညာဉ်အမြစ် ရှိ၏။ ထို့ကြောင့် စွမ်းအင်များကို စုပ်ယူမှုနှုန်းသည် အရင်ကထက် အများကြီး ပိုမို မြန်ဆန်လာခဲ့သည်။

သူ၏ ဒန်ထျန်အတွင်းမှ ချီလေပွေသည်လည်း အမြန်ဆန်ဆုံးနှုန်းထားဖြင့် စွမ်းအင်များ စုစည်းလာသည်။

လက်ရှိအချိန်တွင် သူသည် စနစ်၏ လုပ်ဆောင်ချက်များကို အားမကိုးဘူးဆိုလျှင်တောင်မှ သူ၏တိုးတက်မှု နှုန်းသည် လီချင်းယန်ထက် မည်သို့မှ မနိမ့်ကျတော့ချေ။

စိတ်ဝိညာဉ်အမြစ် အရည်အသွေး ပြောင်းလဲပြီးသည့်နောက်မှာ ကျွင်းချောင်ရှောင်းသည် သာမန်လူတစ်ယောက်အဖြစ်မှ ပါရမီတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

သို့ပေမဲ့ ထိုအရာသည် အစသာ ဖြစ်နေသေး၏။ ကျွင်းချောင်ရှောင်း၏ ရည်ရွယ်ချက်သည် နတ်ဘုရားအဆင့် စိတိဝိညာဉ်အမြစ် ရရှိရန်ဖြစ်သည်။

နှစ်နာရီလောက်ကျင့်ကြံပြီးသည့်နောက်မှာတော့ ညတော်တော် ညဉ့်နက် သွားခဲ့ပြီဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် စနစ်ထဲသို့ဝင်၍ စဦးစတိုးထဲသို့ ကြည့်လိုက်၏။ များပြားလှသော ပစ္စည်းများသည် စတိုးထဲတွင် ပေါ်လာ၏။

သေသေချာချာကြည့်ရှုပြီးသည့်နောက် အသုံးဝင်သည့် ပစ္စည်းတစ်ခုကိုမှ သူမတွေ့ရှိခဲ့ပေ။

ထို့ကြောင့် သူ refresh လုပ်ရန် ဆုံးဖြတ်လိုက်မိ၏။

“ဒင်။

ဂိုဏ်းစုဆောင်းမှတ် ၁၈၅/၅၀၀”

များပြားလှသော ပစ္စည်းအသစ်များ ပေါ်လာသည်။ ကျွင်းချောင်ရှောင်းသည် တစ်ခုချင်းစီအား သေချာကြည့်လိုက်၏။ ပြီးနောက် တစ်နေရာဆီသို့ အကြည့်ရောက်သွားချိန်မှာတော့ သူ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်သွားသည်။

အောက်ဆုံးတန်း၏အထက် ဒုတိယတန်းတွင်တော့ ပြန်လည်အဆင့်မြှင့်တင်ထားသော GUBU ၈၈ စနှိုက်ပါ ရိုင်ဖယ်တစ်ခု ရှိလို့နေ၏။

"‌ဒါက စနှိုက်ပါရိုင်ဖယ်ပဲ။"

ကျွင်းချောင်ရှောင်းသည် အလွန်အမင်း စိတ်လှုပ်ရှားသွား၏။ သူသည် မယုံနိုင်မှုများဖြင့် ပြောလိုက်သည်။ "ငါ စနှိုက်ပါရိုင်ဖယ်ကိုရပြီ … ငါစနှိုက်ပါရိုင်ဖယ်ကို ရပြီ ဟားဟားဟား"

တိတ်ဆိတ်နေသော ညသန်းခေါင်ကြီးတွင် ရယ်သံကြီးက ထွက်ပေါ်လာတော့သည်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြသော တပည့်များသည် နိုးလာတော့သည်။ သူတို့သည် ဇဝေဇဝါနှင့် မေးလိုက်သည်။။ "ဒီအချိန်ကြီး ဘယ်က ငန်း ထအော်နေတာလဲ မသိဘူး။"

စနစ်သည် မနေနိုင်တော့ဘဲ သုံးသပ်လိုက်မိ၏။ "ဝ.၅ရာခိုင်နှုန်းပဲ အခွင့်အရေး ရှိတဲ့ ဒီပစ္စည်းကို ရသည်မှာ လက်ခံသူ၏ ကံတရားသည် အလွန်ပင် ကောင်းမွန်၏။"

သူ ပြင်းပြင်းရှိတာ နှင့် စနှိုက်ပါရိုက်ဖယ်ရမလားဆိုပြီး refresh လုပ်နေခြင်းဖြစ်၏။ သူ၏ ကံတရားသည် အမှန်ပင် ကောင်းကင်မှ ငြင်းပယ်ခြင်းခံရလောက်သည့် ကံတရားပင် ဖြစ်၏။

ကျွင်းချောင်ရှောင်း ငြိမ်သွား၏။ သူသည် စနစ်အား လျစ်လျူရှုထား၏။ ပြီးနောက် စနှိုက်ပါရိုင်ဖယ်၏ အသေးစိတ်အချက်အလက်များကို ဖွင့်၍ ကြည့်လိုက်မိသည်။

ပစ္စည်း - အဆင့်မြှင့်တင်ထားသော KUBU ၈၈ စနှိုက်ပါရိုင်ဖယ်။

မိတ်ဆက် - တရုတ်စစ်တပ်မှ အသုံးပြုသော မူလပစ္စည်းဖြစ်၏။ အဆင့်မြှင့်တင်ပြီးသည့်နောက်တွင် ကျင့်ကြံသူတို့၏ လောက၌ အသုံးပြု၍ရသော လက်နက်တစ်ခုဖြစ်သွားခဲ့သည်။

ကျည်ဆံများအား သလင်းအမြုတေစွမ်းအားများမှ ဖန်တီးရခြင်းဖြစ်၏။ အဝေးရောက်ပစ်ခတ်မှုများတွင် အသုံးပြု၍ ရသည်။

အစွမ်းသက်ရောက်မှု - မြန်မြန်ဆန်ဆန်ပစ်နိုင်မှု။ အဝေးရောက် ပစ်ခွင်းမှု ၊ အကောင်းဆုံးဖောက်ထွင်းမှု စွမ်းအင်။

ကြာမြင့်ချိန် - ထာဝရ။

အားနည်းချက် - ကျည်ဆံလက်ခံနိုင်မှုသည် ဆယ်ခုသာဖြစ်၏။ ထို့အပြင် ပြန်ကန်အားသည်လည်း အလွန်တရာကြီးမားလှ၏။ ထို့ကြောင့် မြေပြင်ပေါ်တွင် ထောက်၍ ပစ်ရန်လိုသည်။ သတိနှင့် အသုံးပြုရန်။

ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၁၀၀မှတ်။

ဈေးနှုန်းကိုမြင်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း ကြောင်သွားသည်။

"အဆင့်မြှင့်တင်ထားတဲ့ စနှိုက်ပါရိုင်ဖယ်တစ်ခုက ပင်ကိုယ်စွမ်းအင်ပြောင်းလဲခြင်း ဆေးပုလင်း နှစ်ပုလင်းစာလောက်တောင်မှ ရှိတာပဲ။"

စနစ်မှ ပြောလိုက်သည်။ "လက်ခံသူ ဒါကို မဝယ်ချင်ဘူးလား။"

"ဒါကို ငါမဝယ်ရင် ဦးနှောက်ကို မြည်းကန်ခံထားရတဲ့လူဖြစ်သွားမှာပေါ့။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ သူသည် ချက်ချင်းဆိုသလိုပဲ ဝယ်ယူမည့် ခလုပ်အား နှိပ်လိုက်သည်။

ဒင် ….. လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀အား အသုံးပြုခဲ့သည်။ အဆင့်မြှင့်တင်ထားသော GUBU ၈၈ စနှိုက်ပါရိုင်ဖယ်အား ရရှိခဲ့သည်။ ထိုအရာအား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်ပေးပါမည်။

ဒင်။

ဂိုဏ်းစုဆောင်းမှတ် - ၈၅/၅၀၀။

သတိပေးသံမဆုံးသေးခင် ကျွင်းချောင်ရှောင်းသည် စနှိုက်ပါရိုင်ဖယ်အား ထုတ်ယူပြီး ကြည့်ရှုပြီး ဖြစ်၏။ လက်နက်သည် တစ်မီတာနီးပါး‌လောက် ရှည်လျှားပြီး အလွန်‌လေးလံလှ၏။ လက်နက်၏ ကိုယ်ထည်အား အစိမ်းရောင်ဆေးများနှင့် ရေးခြယ်ထား၏။

အတွေးတစ်ချက်နှင့်ပင် သူသည် ရှစ်ဆမှန်ဘီလူးအား ထုတ်၍ သေနတ်တွင် တပ်လိုက်သည်။

ပြီးနောက် သူသည် သေနတ်အား မြှောက်၍ ဘယ်ဘက်မျက်လုံးနှင့် မှန်ဘီးလူးအား ကြည့်လိုက်၏။

"ယောကျာ်းတစ်ယောက်ဆိုတာ စနှိုက်ပါ တစ်လက်တော့ ရှိသင့်တယ်။"

All Chapters