← Chapters

အခန်း (၉၆)

Vol. 7 Ch. 96

အခန်း (၉၆)

Vol. 7 Ch. 96

သူသည် စနိုက်ပါရိုင်ဖယ်အား မြှောက်၍ ကိုင်လိုက်ချိန်မှာတော့ သူ့ကိုယ်သူ သတ်ဖြတ်ခြင်းနတ်ဘုရားလိုလို ၊ အင်မော်တယ်လိုလို ကျွင်းချောင်ရှောင်း ခံစားမိလိုက်၏။

စနစ်သည် သူ့အား သတိပေးလိုက်၏။ "စနိုက်ပါရိုင်ဖယ်သည် အလွန်အားကောင်းသည် ဆိုပေမဲ့ ကျည်ဆံတွေ ဖြစ်တည်ဖို့အတွက် အဆင့်မြင့် သလင်းအမြုတေ လိုအပ်သည်။"

"မြေကမ္ဘာမီးဝံပုလွေဘုရင်ရဲ့ သလင်းအမြုတေတွေကို အသုံးပြုမယ်ဆိုရင်ကော ဘယ်လိုလဲ။" ကျွင်းချောင်ရှောင်း မေးလိုက်၏။

စနစ်သည် ခဏလောက် ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်သည်။ "အဆင်ပြေသည်။"

ကျွင်းချောင်ရှောင်းသည် သေနတ်အားကိုင်၍ သိုလှောင်လက်စွပ်ထဲသို့ ဝင်လိုက်သည်။

ပြီးနောက် မြေကမ္ဘာမီးဝံပုလွေ၏ သလင်းအမြုတေအား ထုတ်ယူကာ ကန္ဓာရလင်းယုန်လက်နက်ကဲ့သို့ပဲ ကျည်ဆံများဖြည့်သွင်းလိုက်၏။

"ဒင် ဒင် ဒင် ဒင်"

အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ စနိုက်ပါရိုင်ဖယ်၏ကျည်ထည့်ရာ အပေါက်တွင် ကျည်ဆံဆယ်ခုပုံစံ အလင်းတန်းများနှင့် ပြည့်သွားခဲ့ပြီဖြစ်၏။ မြေကမ္ဘာမီးဝံပုလွေ၏ စွမ်းအင်အမြုတေများသည်မှာတော့ အလုံးစုံ အသုံးပြုခဲ့ပြီဖြစ်သည်။

"သောက်ကျိုးနည်း"

ကျွင်းချောင်ရှောင်း တုန်လှုပ်သွား၏။ "စွမ်းအင်တွေဒီလောက်တောင် ကုန်တာလား။"

မြေကမ္ဘာမီးဝံပုလွေ၏ စွမ်းအင်အမြုတေတွေသည် ကန္ဓာရလင်းယုန်လက်နက်နှင့် သာဆိုလျှင် ကျည်ဆံဆယ့်လေးခုလောက် အသုံးပြု၍ ရမှာဖြစ်၏။

စနစ်မှပြောလိုက်သည်။ "စနိုက်ပါရိုင်ဖယ်က အရမ်းအားကောင်းလွန်းသည်။ထို့ကြောင့် ကျည်ဆံဖြစ်တည်ရန်အတွက် စွမ်းအင်များပိုမိုလိုအပ်သည်မှာ သဘာဝကျ၏။"

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ်တုန်ယင်သွား၏။ "ဒီဟာကို ပစ်မယ်ဆိုရင် ပြန်ကန်အားက ကောင်းကင်ဘုံထိ ထိုးတက်သွားမှာလား။"

"အဲ့လိုဖြစ်နိုင်ပါသည်။" စနစ်မှပြောလိုက်သည်။ "အားကောင်းလှသည့် ခန္ဓာကိုယ်မရှိဘူးဆိုလျှင် သေနတ်ကိုအသုံးပြုရန် ဒေါက်ကိုအသုံးပြုခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။"

ကျွင်းချောင်ရှောင်းသည် သေနတ်၏အောက်ဒေါက်ကိုယူ၍ ပြတင်းပေါက်ပေါ်သို့ တင်လိုက်ပြီးနောက် မှန်ဘီလူးမှတစ်ဆင့် ညဘက် ကောင်းကင်ပြင်ကြီးဆီသို့ ချိန်၍ ကြည့်လိုက်သည်။

"စနိုက်ပါရိုင်ဖယ်သည် ကျည်ဆံဖြည့်ပြီးပါပြီ။"

"ဒင်"

" ရှစ်ဆ မှန်ဘီလူးအား အသံသွင်းမည်လား။"

စနစ်၏သတိပေးသံများကိုကြားတော့ ကျွင်းချောင်ရှောင်း ကြိတ်ကာပြောလိုက်သည်။

"ရှစ်ဆ မှန်ဘီလူးကို အသက်သွင်းတယ်ဆိုတာ ရှိသေးတယ်လား။" သူသည် နားမလည်ဘူးဆိုသော်လည်း စိတ်ထဲမှ အော်ပြောလိုက်၏။ "အသက်သွင်းမယ်။"

"ဒင်"

"လက်ခံသူသည် ရှစ်ဆ မှန်ဘီလူးအား အသက်သွင်းလိုက်သည်။ ထို့ကြောင့် ဂိုဏ်းစုဆောင်းမှတ်ငါးမှတ် ကုန်ဆုံးသွားသည်။"

"ဒင်"

"ဂိုဏ်းစုဆောင်းမှတ် -၈၀/၅၀၀"

"ချီးတဲ့မှ"

ကျွင်းချောင်ရှောင်း ကျိန်ဆဲလိုက်၏။ "ဂိုဏ်းစုဆောင်းအမှတ်တွေကို ဖြုန်းဖို့အတွက်ပဲ ကြိုးစားနေတာပါလား။"

"ဟင်" ရုတ်တရက် ဆိုသလိုပဲ ရှစ်ဆမှန်ဘီလူးသည် အနည်းငယ်တုန်ခါသွားကြောင်း သူ ခံစားမိလိုက်သည်။

အလောတကြီးနှင့် အတွင်းကိုကြည့်လိုက်ချိန်မှာတော့ သူ၏မျက်နှာပေါ်ရှိ အမူအရာများအားလုံးသည် အေးခဲသွား၏။

မှန်ဘီလူးထဲမှ မြင်ရသည့် မြင်ကွင်းမှတဆင့် ဂိုဏ်း၏မီတာတစ်ရာအဝေးနေရာတစ်ခုတွင် အစာရှာလျက်ရှိသော တောယုန်ရိုင်းတစ်ကောင်အား သူ ရှင်းရှင်းလင်းလင်း မြင်နေရ၏။

"သောက်ကျိုးနည်း" ကျွင်းချောင်ရှောင်း မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ "ဒါက … ဒါက x-rayလိုမျိုး မြင်ရတဲ့ အမြင်မျိုးပဲ။"

သူသည် စနိုက်ပါရိုင်ဖယ်ကို အသာရွေ့ပြီး အခြားနေရာတစ်ခုဆီသို့ ချိန်လိုက်၏။

သူကြည့်သမျှနေရာတိုင်းတွင် ညအချိန်ပင်ဖြစ်သည်ဆိုသော်လည်း နေ့ခင်းဘက်ကဲ့သို့ တိရစ္ဆာန်များအား ရှင်းရှင်းလင်းလင်း မြင်နေရ၏။ ကျွင်းချောင်ရှောင်းသည် စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ပဲ ပြောလိုက်သည်။

"ငါကတော့ ဒါနဲ့ဆိုရင် သောက်ဆရာကြီးဖြစ်ပြီဟေ့။"

သူသည် တည်နေရာအား အသာပြောင်း၍ ယောကျ်ားလေးတပည့်များရှိရာ အခန်းဆီသို့ ကြည့်လိုက်၏။

လီချင်းယန်၊စုရှောင်မို နှင့် တစ်ခြားသူများသည် အခန်းထဲတွင် ရှိနေကြောင်းကို သူ ရှင်းရှင်းလင်းလင်းမြင်နေရသည်။ တစ်ချို့သည် ကျင့်ကြံလျက်ရှိပြီး တစ်ချို့သူများမှာတော့ အိပ်မောကျလျက်ရှိ၏။

ကျွင်းချောင်ရှောင်းသည် သူ၏သေနတ်ကိုမြှောက်၍ အမျိုးသမီးတပည့်များ၏ အခန်းဘက်သို့ ချိန်ရန်ပြင်လိုက်၏။

သို့ပေမဲ့ သူ လှုပ်ရှားဖို့ ပြင်နေစဉ်မှာပဲ သူသည် အတွေးများကို ဖိနှိပ်လိုက်၏။

"ကျွင်းချောင်ရှောင်း …. ကျွင်းချောင်ရှောင်း … မင်းကဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက်ပဲ။ဘာလို့ မိန်းကလေးတပည့်တွေကို သွားပြီး ချောင်းတဲ့အလုပ်မျိုးကို လုပ်မှာလဲ။ဒါက တကယ်ကို ဆိုးယုတ်တဲ့ အလုပ်ပဲ။

ကောင်းပြီ။ ဘာပဲပြောပြော တစ်ခါလောက်တော့ ကြည့်မယ်ကွာ။"

သူသည် သေနတ်ကိုမြှောက်၍ အမျိုးသမီးတပည့်များအခန်းဘက်သို့ လှမ်း၍ ချိန်လိုက်သည်။

သို့ပေမဲ့ သူ၏အကြည့်များသည် ရုတ်တရက် အေးစက်သွား၏။

အဘယ့်ကြောင့်ဆိုသော် သူသည် သေနတ်ပြောင်းအား ရွှေ့လိုက်ချိန်မှာတော့ ဂိုဏ်း၏မီတာတစ်ရာအဝေးတွင်ရှိသော ကျောက်တုံးတစ်ခု၏အနောက်တွင် ပုန်းအောင်းလျက်ရှိသော အမည်းရောင်ဝတ်စုံဝတ်လူသုံးယောက်အား မြင်လိုက်ရသောကြောင့် ဖြစ်၏။

"လုပ်ကြံသတ်ဖြတ်သူတွေ ……ခွေးသားတွေ ရောက်လာပြန်ပြီကိုး။"

သူသည် ရှစ်ဆမှန်ပြောင်းမှ တဆင့် အမည်းရောင်ဝတ်စုံဝတ်ထားသော လူများအားလုံးကို ချိန်လိုက်၏။

ချိန်လိုက်ချိန်မှာပဲ သူ၏နားထဲ၌ အသံတီးတိုးပေါ်လာသည်။

"နံပါတ်ရှစ်က သံမဏိအရိုးဂိုဏ်းထဲမှာ အချုပ်ခံထားရတယ်။ ငါတို့ နည်းလမ်းတစ်ခုခုရှာပြီး သူ့ကိုကယ်မှဖြစ်မယ်။"

"ဒီအဆင့်ကိုးဂိုဏ်းသေးသေးလေးတစ်ခုက နဂါးတွေကျားတွေ ပုန်းနေတဲ့နေရာများလား။ငါတို့ မိုးဆွေ အဆာက်အဦ ရဲ့ လုပ်ကြံသတ်ဖြတ်သူ လေးယောက်လောက် ဒီထဲကို ရောက်သွားပေမဲ့ တစ်ယောက်မှပြန်ထွက်မလာတော့ဘူး။"

ကျွင်းချောင်ရှောင်းသည် ထိုသူတို့၏ပြောစကားအား အတိုင်းသားကြားလျှက်ရှိသည်။ သူ၏နှုတ်ခမ်းများသည် တဆတ်ဆတ်တုန်ရင်သွား၏။

"x-rayအမြင်မျိုးနဲ့ မြင်နေရရုံတင်မဟုတ်ဘူး ဒီလူတွေရဲ့ ပြောဆိုနေတဲ့အသံတွေကိုပါ ငါ ထင်ထင်ရှားရှားကြားနေရတယ်။"

"သံမဏိအရိုးဂိုဏ်းက နည်းနည်းထူးဆန်းတယ်။ငါတို့ လှုပ်ရှားမှု မလုပ်ခင် အမှောင်ထဲကနေ အရင်ဆုံး လေ့လာကြည့်ကြစို့။"

"ကိုယ့်လူတို့ … အမှောင်ထဲမှာ နေမနေနဲ့။မင်းတို့ရှိနေတယ် ဆိုတာတွေကော ၊ မင်းတို့ရဲ့ စကားပြောသံတွေ အားလုံးကကော ရှစ်ဆမှန်ဘီလူးရဲ့အောက်ကနေ မလွတ်မြောက်နိုင်ဘူး။" ကျွင်းချောင်ရှောင်း တီးတိုးခြိမ်းခြောက် လိုက်မိသည်။

"ခေါင်းဆောင်က ငါတို့ကို သုံးရက်တိတိ အချိန်ပေးထားတယ်။အခုမှ တစ်ရက်ပဲ ရှိသေးတယ်။ ငါတို့ သံမဏိအရိုးဂိုဏ်းခေါင်းဆောင်ကို မသတ်ဘူးဆိုရင် နံပါတ်ရှစ်ကို ကယ်နိုင်မှာမဟုတ်ဘူး။"

"ငါ့ကိုသတ်မယ် ဟုတ်လား။" ကျွင်းချောင်ရှောင်း၏အကြည့်များသည် ပိုမိုအေးစက်သွားသည်။

သူ့အား သတ်ဖြတ်ရန်လာသူများသည် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းမှ ငှားရမ်းထားသည့်လူများ ဖြစ်သည်ဟု သူ ထင်မှတ်ခဲ့၏။

ဤတစ်ကြိမ်တွင် ရောက်ရှိလာသည်ကတော့ မိုးဆွေအဆာက်အဦ မှ လုပ်ကြံသတ်ဖြတ်သူများ ဖြစ်နေကြသည်။ သူတို့သည် သူတို့သဘောနှင့် ရောက်လာကြခြင်းဖြစ်၏။

"တစ်ခြားလူဆီက ပိုက်ဆံကိုယူပြီး ငါ့ကိုသတ်ဖြတ်တယ်ဆိုတာကို ငါလက်ခံပေးလို့ရသေးတယ်။"

ကျွင်းချောင်ရှောင်း အေးစက်စက်ပြောလိုက်သည်။

"ဒါပေမဲ့ အလုပ်ရှင်မရှိဘဲ ငါ့ကိုလာသတ်တယ်ဆိုတာကတော့ မိုးဆွေ အဆောက်အဦ …. မင်းတို့ သေချင်နေတာပဲ။"

သူသည် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းအား ဖျက်ဆီးရဲသည်ဆိုမှတော့ လုပ်ကြံသတ်ဖြတ်သူ အဖွဲအစည်းဖြစ်သည့် မုတ်ဆိတ်အဆောက်အဦးအားလည်း သွားရောက်ဖျက်ဆီးရဲ၏။

"ဝှစ်"

ကျွင်းချောင်ရှောင်းသည် သူ၏စနိုက်ပါရိုင်ဖယ်အား ကိုင်၍ အခန်းအပြင်သို့ လျှောက်လိုက်သည်။ ပြီးနောက် ယောကျ်ားလေးတပည့်များအခန်း၏ အမိုးပေါ်သို့ ခုန်တက်လိုက်၏။ ပြီးနောက် တွားသွား၍ အသာရှေ့သို့တိုးသွားသည်။

သူသည် သေနတ်အား သေချာ ဒေါက်ထောက်၍ ကျောက်တုံး၏အနောက်ဆီသို့ ချိန်ထားလိုက်၏။

"ဝှစ်"

ရှစ်ဆမှန်ဘီလူး၏ အကြည့်အောက်မှာတော့ အမည်းရောင်ဝတ်စုံနှင့်လူ၏ဦးခေါင်းအား အလိုလို ပစ်မှတ်ချိန်ပြီးသား ဖြစ်နေ၏။

အဆင့်မြှင့်တင်ထားသော ရှစ်ဆမှန်ဘီလူးဆိုသည့်အတိုင်းပင် x-rayအမြင်၊ထူးခြားသည့်အကြားအာရုံအပြင် အလိုလိုပစ်မှတ်ချိန်သည့် လုပ်ဆောင်ချက်များလည်း ပါဝင်နေ၏။ ဤအရာသည် အလွန်အမင်း အားကောင်းလှသည်။

"ခရက် …."

လက်နက်ဖြည့်ပြီးသည့်နောက်မှာတော့ သူသည် လုံခြုံရေးခလုတ်အား ဆွဲဖွင့်လိုက်သည်။

ကျွင်းချောင်ရှောင်းသည် ပစ်ခတ်ရန်အတွက် ခလုတ်အား နှိပ်လိုက်ရန်တစ်ခုသာ လိုတော့သည်။

သူသည် လုပ်ကြံသတ်ဖြတ်သူ၏ခေါင်းအား ပစ်ခတ်ရန် အဆင်သင့်အနေအထားတွင် ရှိ၏။

ညသန်းခေါင်ယံအချိန်မှာတော့ ကြိုးကြိုးစားစားနှင့် ကျင့်ကြံလျက်ရှိသော ရီရှင်းချန် သည် အမိုးပေါ်မှ ဖုန်အနည်းငယ် ကျဆင်းလာသည်ဟု ခံစားလိုက်မိ၏။

သို့ပေမဲ့ သူသည် များများစားစား မတွေးမိပေ။ ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်အား ဆက်လက်၍ လှည့်ပတ်ပြီး သူ၏စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းကာ ဒုတိယမြောက် မရီဒန်ကို ဖွင့်လှစ်ရန် ကြိုးစားလျက်ရှိသည်။

"ညသန်းခေါင်ပြီးရင် ငါတို့ဒီထဲကို ခိုးဝင်ကြမယ်။" အမည်းရောင်ဝတ်စုံဝတ်ဆင်ထားသော လူသည် အသံတီးတိုးပြောလိုက်သည်။ ပြီးနောက် ကျောက်တုံးကြီးအစပ်မှနေ၍ သူ၏ဦးခေါင်းကိုထွက်ကာ အသာချောင်းလိုက်၏။

ဂိုဏ်း၏အမိုးပေါ်တွင် စနိုက်ပါကိုင်ဆောင်ထားသော လူတစ်ယောက်သည် သူ့အားချိန်ထားကြောင်းကိုတော့ သူလုံးဝမသိချေ။

လုပ်ကြံသတ်ဖြတ်သူများသည် ကြေးစားလူသတ်သမားများဖြစ်၏။

စနိုက်ပါကိုင်ဆောင်ထားသူများကလည်း လုပ်ကြံသတ်ဖြတ်သူပင်ဖြစ်သည်။

သူတို့၏လုပ်ဆောင်ချက်များသည် တူညီလှ၏။

ထို့အတူ ဝိညာဉ်သရဲလိုပင် တစ်ခြားသူများ၏မြင်ကွင်းမှ ပျောက်လျက်လည်းရှိသေးသည်။

လက်ရှိအချိန်တွင် ကျွင်းချောင်ရှောင်းသည် သူ၏စနိုက်ပါအား ကိုင်ဆောင်ထား၏။

"ငါ အရင်ကတည်းက သေချာလေ့လာပြီးသွားပြီ။ကျွင်းချောင်ရှောင်းက ဟိုဘက် အနောက်ခြံဝန်း ထဲမှာနေတာ။ငါတို့ အဲ့ထဲကို ဝင်ဝင်ပြီးချင်းဖြစ်နိုင်ရင် သူ့ကိုမြန်မြန်သတ်ကြမယ်။ဒါမှ သံမဏိအရိုးဂိုဏ်းတပည့်တွေ သတိမထားမိမှာ။"

"မပူနဲ့ စတုတ္ထအစ်ကို။ကျွန်တော်တို့ မြန်မြန်ဆန်ဆန် ရှင်းကြတာပေါ့။"

"ဟမ့် …. ကျွင်းချောင်ရှောင်း ဒီချိန်မှာတော့ လုံးဝမလွတ်နိုင်ဘူး။"

အမည်းရောင်ဝတ်စုံဝတ်လူနှစ်ယောက်သည် နှာခေါင်းရှုံ့လိုက်ကြ၏။

"ဒင်"

"သီးခြးတာဝန်အသက်ဝင်လာသည်။"

သူ စနစ်အားဖွင့်ကြည့်လိုက်တော့

" တာဝန်မှာ ဂိုဏ်းအပြင်ဘက်တွင် ပုန်းအောင်းနေသော လုပ်ကြံသတ်ဖြတ်သူများအား သတ်ဖြတ်ရန် - ဝ/၃ အထူးတာဝန်"

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွား၏။

"ညသန်းခေါင်ကြီးတောင်မှလား။"

သူသည် အလောတကြီးဖြင့်ပစ်ရန် မရည်ရွယ်ပေ။ အဘယ့်ကြောင့်ဆိုသော် အမည်းရောင်ဝတ်စုံဝတ်လူနှစ်ယောက်သည် ကျောက်တုံးနောက်တွင် ပုန်းအောင်းလျက် ရှိသေး၏။

အားလုံးသည် သူ၏မြင်ကွင်းသို့ ထွက်ပေါ်လာသည့်အချိန်မှသာ သူသည် တစ်ယောက်ချင်းစီအား ပစ်ခတ်ရလိမ့်မည်။

"ဟူး"

ကျွင်းချောင်ရှောင်းသည် သက်ပြင်းအသာချလိုက်၏။ သူ၏လက်ချောင်းများသည် သေနတ်၏ မောင်းခလုတ်ပေါ်တွင် တင်လျှက်ရှိသည်။ ထို့အပြင် သူသည် သေနတ်၏ပြန်ကန်အားကိုလည်း ခုခံနိုင်ရန် ကြိုတင်ပြင်ဆင်ထားသေး၏။

အချိန်တွေကုန်လွန်သွားပြီး ညသန်းခေါင်အချိန်သို့ ရောက်ရှိသွားသည်။

"လှုပ်ရှားမယ်။"

"ဝှစ်"

အမည်းရောင်ဝတ်စုံဝတ်ဆင်ထားသော သုံးယောက်အဖွဲ့ထဲမှခေါင်းဆောင်သည် ကျောက်တုံးကြီးနောက်မှ အသာခုန်၍ ထွက်လာသည်။ ပြီးနောက် သစ်ပင်များဆီသို့ မြန်မြန်ဆန်ဆန်ပဲ ခုန်ပြေးသွား၏။

တစ်ချက်ကြည့်လိုက်သည်နှင့် ထိုသူသည်ကျွမ်းကျင်လှသော လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ဖြစ်မှန်း သိသာလှ၏။

ကံမကောင်းစွာဖြင့် သူသည် ကြည့်ကောင်းအောင် လှုပ်ရှားသွားလာသည်ဆိုသော်လည်း မိစ္ဆာလက်နက်၏ ချိန်တွယ်ခြင်း၏ လက်အောက်မှ လွတ်မြောက်နိုင်မည်မဟုတ်ချေ။

လက်ရှိအချိန်တွင်တော့ ကျွင်းချောင်ရှောင်းသည် ထိုသူအား မျက်စိမှိတ်၍ပင် ပစ်သတ်နိုင်ပေသည်။

"နေအုံး … နေအုံး …။နောက်ထပ် အမည်းရောင်ဝတ်စုံဝတ်နှစ်ယောက် ထွက်လာတဲ့ထိစောင့်အုံးမယ်။"

"ဝှစ် … ရွှစ်"

ထိုအချိန်မှာတော့ ကျောက်တုံးကြီးနောက်မှ အမည်းရောင်ဝတ်စုံဝတ် နောက်ထပ်လူနှစ်ယောက်တို့သည် ထွက်ပေါ်လာသည်။

သူတို့သည် အတူတူထွက်လာကြခြင်းမဟုတ်ပေ။ မတူညီသည့်တည်နေရာများဆီမှ ရှေ့ဆီသို့ လျင်လျင်မြန်မြန် ရွေ့လျားလာသည်။

"တော်တော်ကျွမ်းကျင်တဲ့လူတွေပဲ။"

ကျွင်းချောင်ရှောင်း၏ သေနတ်ပြောင်းဝသည် အသာလှုပ်ရှားသွား၏။ ပြီးနောက် သူ၏ရှေ့၌ ခုန်ပျံကျော်လွှား၍ သွားနေသော လူတစ်ယောက်အား ချိန်လိုက်၏။

သူ၏မောင်းခလုတ်ပေါ်တွင်ရှိသော လက်ချောင်းများသည် လှုပ်ရှားသွား၏။

"ဒိုင်း"

ကျယ်လောင်လှသော အသံကြီးသည် အခန်းထဲတွင် ကျင့်ကြံလျှက်ရှိသော ရီရှင်းချန် အား တုန်လှုပ်သွားစေ၏။

သူသည် အလန့်တကြားဖြင့် အိပ်ရာပေါ်မှ ခုန်၍ ထလိုက်ပြီး သတိအပြည့်ဖြင့် ပြောလိုက်သည်။

"ဘာဖြစ်ပြန်ပြီလဲ။"

"ဒိုင်း … ဒိုင်း"

ထိုအချိန်မှာတော့ ကျယ်လောင်လှသော အသံတစ်ခုသည် ဗျောက်အိုးဖောက်လိုက်သကဲ့သို့ ဆူညံစွာ ထွက်ပေါ်လာသည်။

ရီရှင်းချန် သည် သူ၏နားနှစ်ဖက်လုံး ကန်းသွားသလိုပင် ခံစားလိုက်မိ၏။

"ကျွီ ကျွီ ကျွီ ကျွီ"

ရုတ်တရက်သလိုပဲ သူ၏ခေါင်းထက်မှ အသံတွေထွက်ပေါ်လာပြီး အသာမော့ကြည့်လိုက်ချိန်မှာတော့ သူ၏မျက်စိသူငယ်အိမ်များသည် ကျုံဝင်သွားတော့သည်။

"သောက်ကျိုးနည်း …. ဘာကြီးလဲ။"

"ဝုန်း"

အခန်းကြီးတစ်ခုလုံးသည် ပြိုကျသွားတော့သည်။

နေရာအနှံတွင် ဖုန်များတထောင်းထောင်းနှင့် ဖြစ်သွား၏။

"ဘာတွေဖြစ်ကုန်တာလဲ။"

လီချင်းယန် နှင့် စုရှောင်မို တို့သည် ချက်ချင်းဆိုသလိုပဲ ပြေးလာကြသည်။

သူတို့သည် ဆူညံနေသည့်နေရာသို့ ရောက်ရှိနေချိန်မှာတော့ ရီရှင်းချန် ၏အခန်းတစ်ခုလုံးသည် ပြိုကျနေသည်ကို မြင်လိုက်ကြ၏။

သူတို့သည် နေရာမှာတွင် ဆွံအစွာဖြင့် ငူူငူကြီး ရပ်လျှက်ရှိနေကြသည်။

All Chapters