← Chapters

အခန်း (၁၀၁)

Vol. 7 Ch. 101

အခန်း (၁၀၁)

Vol. 7 Ch. 101

စနိုက်ပါရိုင်ဖယ်၏ ပြန်ကန်မှုသည် အလွန်တရာ အားကောင်းလှ၏။

ရှောင်ကျီသည် တစ်ချက်သာ ပစ်လိုက်သည် ဆိုသော်လည်း ဆယ်မီတာ အဝေးဆီသို့ လွင့်စင်သွားခဲ့သည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်း အံ့အားသင့်မိသည့် အချက်နှစ်ချက်ရှိသည်။

ပထမအချက်မှာ ဤကောင်လေး၏ ပစ်ချက်သည် အလွတ်တရာ တိကျခြင်း ဖြစ်၏။ ဒုတိယတစ်ချက်သည် ခဏလောက်အနားယူပြီးသည့်နောက်တွင် ဘာမှမဖြစ်သည့်အတိုင်း မတ်တပ်ရပ်ကာ လမ်းလျှောက်လာနိုင်သေး သည်။

"ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က သူ့ထက်မြင့်တယ်။ ဒါပေမဲ့ ငါတောင် ဒီပြန်ကန်အားကို ခံနိုင်ဖို့အတွက် တစ်ညလောက် အနားယူခဲ့ရတယ်။"

စနစ်မှရှင်းပြလိုက်သည်။ "ဘာလို့လဲဆိုတော့ လက်ခံသူအနေနှင့် တစ်ခါတည်း သုံးချက်ပစ်ခဲ့သောကြောင့် ဖြစ်သည်။"

ပြန်ကန်အားသည် အလွန်အားကောင်းလှ၏။ သို့ပေမဲ့ ရှောင်ကျီ သည် တစ်ချက်တည်းသာ ပစ်ခဲ့၏။

"သြော်… ဒီလိုကိုး။"

ကျွင်းချောင်ရှောင်း ရုတ်တရက် နားလည်သွား၏။ မည်သို့ပင်ဆိုဆို ရှောင်ကျီသည် စနိုက်ပါ ပစ်ခြင်းတွင် ပါရမီထူးလှ၏။ သူ၏ အားကောင်းလှသော ခန္ဓာကိုယ်ကလည်း သူ့ကို စနိုက်ပါသမားတစ်ယောက်ဖြစ်အောင် လေ့ကျင့်၍ ရသည်ဟုဖော်ညွှန်းနေသည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒီစနိုက်ပါရိုင်ဖယ်က မင်းအတွက်ပဲ။ မင်းမှာ အချိန်ရှိရင် ဒါကိုလေ့ကျင့်။"

"ကောင်းပါပြီ။"

ကျွင်းချောင်ရှောင်းသည် သေနတ်အား ကောက်ယူလိုက်၏။

သူသည် သေနတ်ဆီမှ ပြန်ကန်အားကို စဉ်းစားလိုက်ပြီး ကျောရိုးတစ်ခုလုံး စိမ့်တက်သွားသလို ခံစားလိုက်မိသည်ဆိုသော်လည်း ပစ်ချက်ကြောင့် တစ်စစီဖြစ်သွားသော ကျောက်တုံးအား မြင်လိုက်ချိန်မှာတော့ သူ၏ မျက်လုံးများသည် တောက်ပသွားသည်။

ယောကျာ်းများသည် သေနတ်ကိုနှစ်သက်ကြသည်။ ဤသည်မှာ သဘာဝပင်ဖြစ်၏။ မည်သည့် ကမ္ဘာမှ ဖြစ်စေ ယောကျာ်းမှန်ပါက သေနတ်ကို မနှစ်သက်သူ ဆိုသည်မှာ ရှားပါးလိမ့်မည်။

ပြီးနောက် ရှောင်ကျီသည် နေ့စဉ်နေ့တိုင်း နှစ်နာရီလောက် အချိန်ယူ၍ မြက်ခင်းပေါ်သို့ လဲှကာ နောက်ဘက်တောင်တန်း၌ သေနတ်ပစ်လေ့ကျင့်တော့၏။

သူသည် သေနတ်မောင်းခလုတ်ကိုတော့ မဆွဲခဲ့ချေ။

အဘယ့်ကြောင့်ဆိုသော် သေနတ်ထဲတွင် ကျည်ဆံခြောက်တောင့်သာ ရှိသည်ဟု ဂိုဏ်းချုပ်မှ သတိပေးထားသောကြောင့်ဖြစ်သည်။

ပြန်ကန်အားကို အသားကျစေရန် ရှောင်ကျီသည် သိုင်းလေ့ကျင့်ရေးကွင်းပြင်တွေ မတ်မတ်ရပ်၍ သူ၏ စီနီယာအစ်ကိုအား ထုနှက်ခိုင်းခဲ့သည်။

"ဂျူနီယာညီလေး အဆင်သင့်ပဲလား။"

"ရပါပြီ။"

ရှောင်ကျီသည် ရှေ့သို့ လှမ်းတက်ပြီး သူ၏ သန်မာအားကောင်းလှသော ခန္ဓာကိုယ်အား လှစ်ဟပြလိုက်သည်။

ပြီးနောက် သေနတ်‌ထောက်ရာတွင် အသုံးပြုသော သူ၏ ညာဘက်ပုခုံးအား ပုတ်၍ ပြောပြလိုက်သည်။

"စီနီယာအစ်ကိုတို့ … ဒီကိုချ။"

"စမယ်။"

စုရှောင်မို အမိန့်ပေးလိုက်၏။

သစ်တုံးကြီးများကို ကိုင်ဆောင်ကြသော စီနီယာအစ်ကိုတို့သည် ရှောင်ကျီအား ပြင်းပြင်းထန်ထန်ပင် ရိုက်နှက်တော့သည်။

ဘန်းဆိုသည့် အသံနှင့်အတူ ရှောင်ကျီသည် နောက်ဘက်သို့ လွင့်စင်သွား၏။

ကြွက်သားတည်ဆောက်ခြင်း အခန်းသည် အလွန်တရာအားကောင်းလှသည်။

သို့ပေမဲ့ တပည့်ဆယ်ယောက်တို့ သစ်တုံး နှင့် ဝိုင်းရိုက်သည့် နည်းလမ်းကလည်း ရှောင်ကျီအတွက် အလွန်တရာ အသုံးဝင်နေသည်။

ရှောင်ကျီသည် မူလနေရာသို့ ရောက်လာပြီး မျဉ်းပြိုင်ပုံစံမျိုး ထိုင်ကာ အရိုက်ခံလိုက်၏။

"ထပ်ရိုက်။"

ဘုန်း။

"ထပ်ရိုက်။"

ဘုန်း။

"ထပ်ရိုက်။"

ဘုန်း။

အဓိကဟောခန်း၏ ကျောက်လှေကားပေါ်တွင် ရှိနေသော ကျွင်းချောင်ရှောင်းသည် ရှောင်ကျီလဲကျလိုက် ၊ ပြန်ထလိုက်ဖြစ်နေသည်ကို လှမ်းကြည့်နေမိသည်။

လီချင်းယန်မှ ပြောလိုက်သည်။ "ဂိုဏ်းချုပ် …. ဂျူနီယာညီလေးရှောင် က အရမ်း အားကောင်းချင်နေတယ်နဲ့တူတယ်။"

ကျွင်းချောင်ရှောင်းသည် ကျောက်လှေကားလက်ရန်း အား အသာမှီပြီးပြောလိုက်သည်။

"ချင်းယန် … မင်းရဲ့ဂျူနီယာညီလေးက သိုင်းပြိုင်ပွဲမှာ ဗိုလ်ဆွဲခဲ့တယ်ဆိုပေမဲ့ သူ့ရဲ့ အားအင်နဲ့ပတ်သက်ပြီး သူ့ကိုယ်သူ သက်သေပြဖို လိုအပ်နေတယ်။ ပြီးတော့ သူ့အနေနဲ့ သူနဲ့အရင်စေ့စပ်ခဲ့တဲ့မိန်းကလေးထက် ပိုသာတယ်ဆိုတာကို ပြသရအုံးမယ်။"

လီချင်းယန် လေးလေးနက်နက် ပြောလိုက်သည်။

"ဂိုဏ်းချုပ် … ကျွန်တော်သိသလောက်ဆိုရင် ဂျူနီယာညီလေးရှောင်ရဲ့ ကောင်မလေးက မုယုံရှင်းလို့ ခေါ်တယ်။ သူမက မုယုံကလန်ရဲ့တိုက်ရိုက်မျိုးဆက်တစ်ယောက်ဖြစ်ပြီး ချန်ဟန်နိုင်ငံရဲ့ ကလန်ကြီးသုံးခုထဲက တစ်ခုပဲ။"

"ချန်ဟန်နိုင်ငံ ဟုတ်လား။"

ကျွင်းချောင်ရှောင်းသည် ဤနာမည်နှင့် ပတ်သက်၍ အနည်းငယ်တော့ ကြားဖူး၏။ လူသူကြီးမား ထူထပ်သော မြို့ကြီးတစ်ခုလည်း ဖြစ်သည်။

သူမေးလိုက်၏။ "မုယုံမိသားစုက အရမ်း အားကောင်းတာလား။"

လီချင်းယန်သည် အတော်ကြာငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်သည်။ "ဂိုဏ်းတွေရဲ့ အဆင့်အရ တွက်ချက်ရမယ်ဆိုရင် ချန်ဟန်နိုင်ငံရဲ့ မုယုံမိသားစုဆိုတာက တောင်ပြာဂိုဏ်းထက် ဘယ်လိုမှ အားမနည်းဘူး။"

ကျွင်းချောင်ရှောင်း အံ့အားသင့်သွားသည်။ "အဲလောက် အားကောင်းတာလား။"

လုချင်းယန် ပြောလိုက်သည်။ "မုယုံရှင်းက အဆင့်မြင့် စိတ်ဝိညာဉ်အမြစ် ကို ပိုင်ဆိုင်တယ်။ သူက ဒုတိယအဆင့်ဂိုဏ်းတစ်ခုဖြစ်တဲ့ လိုင်လီနတ်ဂိုဏ်းရဲ့ ဆယ့်တစ်ယောက်မြောက် အကြီးအကဲကိုယ်တိုင် တပည့်အဖြစ် ခေါ်ယူခံရတဲ့ မိန်းကလေးပဲ။"

အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ဆိုသည်ကို ကျွင်းချောင်ရှောင်း စိတ်မဝင်စားပေ။

သူ့အနေနှင့် စိတ်ဝင်စားမိသည်မှာ လိုင်လီနတ်ဂိုဏ်းဆိုသည့်နာမည်ပဲ ဖြစ်၏။ သူအရွှန်းဖောက်လိုက်မိသည်။ "အဲဒါက အခြောက်တွေရဲ့ ဂိုဏ်းတစ်ခုလား။"

"အခြောက်ဂိုဏ်း ဟုတ်လား။"

လီချင်းယန် ခေါင်းကိုကုတ်ကာဖြင့် အသာပြောလိုက်သည်။ "ဒီစကားလုံးကို တစ်ခါမှ မကြားဖူးဘူး။"

ကျွင်းချောင်ရှောင်းသည် လိုရင်းကို ပြန်ကာ ပြောလိုက်သည်။

"အဆင့်ငါး ဂိုဏ်းတစ်ခုနဲ့ နှိုင်းယှဉ်လို့ရတဲ့ မိသားစု တစ်ခုရဲ့ တိုက်ရိုက်မျိုးဆက်ဖြစ်ပြီး အဆင့်နှစ်ဂိုဏ်းတစ်ခုရဲ့ တပည့်တစ်ယောက်ပဲ။ မုယုံရှင်းက ရိုးရှင်းတဲ့ လူတစ်ယောက်တော့ မဟုတ်လောက်ဘူး။ ဒါပေမဲ့ …"

သူမေးကို အသာပွတ်သပ်ကာ ပြောလိုက်သည်။ "သူမက အရမ်းထူးချွန်နေတယ်။ ဒါဆိုရင် ဘာဖြစ်လို့ ရှောင်ကျီနဲ့ စေ့စပ်ပွဲကို လက်ခံရတာလဲ။"

"သူတို့က မမွေးခင်ကတည်းက စေ့စပ်ထားခဲ့ကြတာလေ။" လီချင်းယန် ပြန်ပြောလိုက်သည်။

"သြော် …. အဲ့လိုမျိုးလား။" ကျွင်းချောင်ရှောင်း ပြန်ပြောလိုက်သည်။

လေ့ကျင့်‌ရင်းကွင်းထဲတွင် လေ့ကျင့်နေသော ရှောင်ကျီအား ကြည့်ပြီး သူတီးတိုး ရေရွတ်လိုက်၏။

"ဒါဆိုရင် သူ့ကို စွန့်ခွာခဲ့တဲ့ အမျိုးသမီးထက် ပိုပြီးကျော်လွန်အောင် လုပ်ဖို့ ငါ့တပည့်က အရမ်း ခက်ခဲမှာပဲ။"

"ဒါမေင်း စောင့်နေလိုက်။ တစ်နေ့မှာ စေ့စပ်ပွဲ ဖျက်သိမ်းခဲ့တယ်ဆိုတာ ဘယ်လောက်ထိ ညံ့ဖျင်းတဲ့ကိစ္စလည်း ဆိုတဲ့အကြောင်း ငါမင်းကို နားလည်အောင် လုပ်ပြမယ်။"

အတွင်းခြံဝန်းထဲမှာရှိသော လက်သမားများသည် ကြီးမားလှသော အဆောက်အဦတစ်ခုကို တည်ဆောက်လျက် ရှိ၏။

တပည့်များသည်ကလည်း သူ့ရဲ့ ကျင့်ကြံခြင်း နည်းစနစ်ကို ဆက်လက် လေ့ကျင့်လျက် ရှိကြ၏။

နှစ်ရက်လောက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေကြည့်ပြီးသည့်နောက်မှာတော့ ရှောင်ကျီ ၊ လျှိုဝမ်ရှစ် ၊ ရီရှင်းချန် တို့မှ လွဲလျှင် တစ်ခြားသော တပည့်တော်တော်များများ သည် စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်နှစ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။

ထျန်းချီ၊ လီဖေး၊ ကျန်းဝေနှင့် တစ်ခြားသော တပည့်များသည် သိုင်းတပည့်အဆင့်သို့ ရောက်ရှိလာကြသည်။ ဂိုဏ်းအတွင်း သိုင်းတပည့်အဆင့်ကလည်း ငါးယောက်မှ ဆယ်ယောက်သို့ တိုးတက်လာခဲ့ပြီဖြစ်၏။

သာမန်အခြေအနေအရဆိုလျှင် သိုင်းတပည့်အဆင့် သုံးယောက်မှ လေးယောက်အထိ ရှိခြင်းသည် မဆိုးလှဘူးဟု ဆိုရမည်။ သို့သော်လည်း သံမဏိအရိုးဂိုဏ်းမှာတော့ ဆယ်ယောက်တောင် ရှိနေပြီဖြစ်သည်။

ယုံမှား သံသယရှိစရာမလိုအောင်ပင် အားကောင်းနေကြောင်း ဖော်ညွှန်းနေ၏။

"ထူးဆန်းတယ်။"

ကျွင်းချောင်ရှောင်းသည် စနစ်ကို ဖွင့်ကြည့်‌လိုက်တော့ ဂိုဏ်းသည် အဆင့်ကိုး ဂိုဏ်းတစ်ခုသာဖြစ်ကြောင်း မြင်လိုက်ရ၏။

သူ ဇဝေဇဝါဖြင့် ပြောလိုက်သည်။ "ဂိုဏ်းထဲမှာ သိုင်းတပည့်အဆင့် ဂိုဏ်းသားကိုးယောက်ရှိတယ်။ တော်တော်များများကလည်း စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်နှစ်နဲ့လူတွေ ဘာလို့ ဂိုဏ်းက အဆင့်မတက်သေးတာလဲ။"

စနစ်မှ ပြောလိုက်သည်။ “ဂိုဏ်းအဆင့်သတ်မှတ်ခြင်းကို စနစ်မှ သုံးသပ်ခြင်း မဟုတ်ပေ။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ဌာနတစ်ခုခုမှ အသိအမှတ်ပြုမှုကို ရယူရပေလိမ့်မည်။”

"ဘယ်ဌာနလဲ။"

"တပည့်များကို တိုက်ရိုက်မေးကြည့်နိုင်သည်....."

ကျွင်းချောင်ရှောင်းသည် လီချင်းယန်အား လှမ်းခေါ်လိုက်၏။

လီချင်းယန် ပြောလိုက်သည်။ "ဂိုဏ်းချုပ် ကျွန်တော် သိသလောက်ဆိုရင် ဂိုဏ်းကို အဆင့်ရှစ် ဖြစ်အောင် လုပ်ချင်တယ်ဆိုရင် ဂိုဏ်းအသိအမှတ်ပြု ဟောခန်းဆီကို သွားဖို့ လိုအပ်လိမ့်မယ်။

"ဂိုဏ်းအသိအမှတ်ပြု ဟောခန်း ဟုတ်လား။ ဘယ်နေရာမှာရှိတာလဲ။"

"ချင်းယန်မြို့ထဲမှာပဲ။"

“ဘယ်လိုမျိုး အသိအမှတ်ပြု လက်မှတ်လဲ”

ချင်းယန် ခဏလောက် စဉ်းစားပြီး မသေချာမရေရာသလို ပြောလိုက်သည်။ "ကြည့်ရတာ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ တပည့်တွေကို ခေါ်သွားပြီး အသိအမှတ်ပြု လုပ်ရုံပဲလို့ထင်တယ်။"

"တော်တော်အလုပ်များတာပဲ။ ငါ သွားရမှာ ပျင်းတယ်ကွာ။"

ကျွင်းချောင်းရှောင်းသည် အသိအမှတ်ပြုမှုကို ရယူမည့် အကြံအစည်အား ခဏပယ်ချလိုက်၏။ သူ၏ သဘောအရဆိုလျှင် ဂိုဏ်းအားကောင်းနေလျှင် ဖြစ်၏။ အဆင့်ကိုးဖြစ်ဖြစ် အဆင့်ရှစ်ဖြစ်ဖြစ် ကိစ္စမရှိပေ။

………..

တောင်ကြီး၏ အနောက်ဘက်တစ်ခုတွင်တော့ ရှောင်ကျီသည် လှုပ်ရှားမှုကင်းမဲ့စွာဖြင့် မြက်ခင်းပြင်တစ်ခုတွင် မှောက်လျက် ရှိသည်။

အချိန်အတော်ကြာပြီးသည့်နောက်တွင်တော့ အရှေ့ မီတာ ခြောက်ရာလောက်တွင် ကြီးမားလှသောဝက်ဝံရိုင်းကြီး တစ်ကောင်သည် အသာ ဖြတ်လျှောက်သွား၏။

ရှောင်ကျီသည် သူ၏ခေါင်းအား အသာငုံလိုက်၏။

ပြီးနောက် သူ၏ မျက်လုံးတစ်ဖက်သည် မှန်ဘီလူးမှ တစ်ဆင့် ဝက်ဝံရိုင်း၏ ခေါင်းအား ချိန်လိုက်သည်။ ပြီးနောက် မောင်းခလုတ်အား ဆွဲချလိုက်တော့သည်။

ဒိုင်း။

ရှောင်ကျီသည် အနောက်ဘက်နှစ်မီတာလောက်သို့ လွင့်စင်သွားခဲ့သည်။

ဝက်ဝံရိုင်း၏ဦးခေါင်းအား ထိမှန်‌သွားသောကြောင့် ဝက်ဝံရိုင်းကြီးသည် မြေပေါ် ပြုတ်ကျသွားတော့သည်။

စုရှောင်မို ပြေးလာပြီး ပြောလိုက်သည်။

"ဂျူနီယာညီလေးရှောင် မင်းပစ်ချက်က အရမ်း တိကျတာပဲ။"

ဟူး။

ရှောင်ကျီမတ်တပ်ရပ်လိုက်သည်။

သူသည် လက်တစ်ဖက်မှ သေနတ်ကို ကိုင်ပြီး ကျန်သော လက်တစ်ဖက်ဖြင့် သူ၏ ထုံကျင်နေသော ညာဘက်ပုခုံးအား အသာပွတ်လိုက်မိ၏။

သို့ပေမဲ့ သူ၏ မျက်နှာပေါ်တွင်တော့ တောက်ပသည့် အပြုံးတစ်ခု ဖြစ်ပေါ်နေသည်။

ကြွက်သား တည်ဆောက်ခြင်း အခန်းနှင့် အလွန်ကြမ်းတမ်းသည့် ခန္ဓာကိုယ် ရိုက်နှက်မှုများကို ခုနစ်ရက်တိတိပြုလုပ်ပြီးသည့်နောက်မှာတော့ သူသည် သေနတ်၏ ပြန်ကန်အားကြောင့် ဆယ်မီတာလောက် လွင့်စင်သွားသည့် အဖြစ်မျိုး မဖြစ်တော့ချေ။

"မဆိုးဘူး …. မဆိုးဘူး။"

ကျွင်းချောင်ရှောင်း လက်ခုပ်တီးကာဖြင့် ထွက်လာသည်။

ရှောင်ကျီသည် ပစ်မှတ်၏ ဦးခေါင်းအား တိကျစွာနှင့် ပစ်ခတ်နိုင်ခဲ့သည်။ ဤအရာသည် သဘာဝအရ ဖြစ်တည်နေသော စနိုက်ပါသမား တစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။

ရှောင်ကျီသည် ကျင့်ကြံခြင်းတွင် ကောင်းမွန်ခြင်း မရှိသော်လည်း ဤနေရာတွင်တော့ အလွန်ထူးချွန်လျက် ရှိ၏။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"ဂိုဏ်းရဲ့ အ‌စောင့်မျှော်စင် တည်ဆောက်ပြီးရင်း ဂိုဏ်းကို ကာကွယ်ဖို့ တာဝန် မင်းလက်ထဲကို အပ်လိုက်မယ်။"

ဤကောင်လေးသည် စနိုက်ပါပစ်ခတ်ရာတွင် အလွန်အမင်း တော်လှ၏။ ထို့ကြောင့် ဂိုဏ်းအတွင်းသို့ တစ်ခြားသူများ မဝင်လာအောင် ကာကွယ်ပေးနိုင်မည်ဟု သူမျှော်လင့်မိ၏။

ဂိုဏ်းထဲတွင် ဂိုဏ်း၏ အကာအကွယ် အစီအရင် ရှိနေသည်ဆိုသော်လည်း တစ်နေ့တာ အတွက် ဂိုဏ်းစုဆောင်းမှတ် တစ်မှတ် ကုန်ကျလျက် ရှိသည်။ ထို့ကြောင့် အမြဲတမ်းလိုလို အစီအရင်အား အသက်မသွင်းထားနိုင်ချေ။

အစောင့်မျှော်စင်နေရာတွင် စနိုက်ပါသမားတစ်ယောက်အား တင်ထားမည်‌ဆိုလျှင် လုပ်ကြံသတ်ဖြတ်သူတွေ ဝင်ရောက်လာမည်ဆိုပါက တစ်ခါတည်း ပစ်သတ်လိုက်ရုံသာ။

"ကောင်းပါပြီ။" ရှောင်ကျီပြောလိုက်သည်။ “ဒါပေမဲ့ ဂိုဏ်း‌ချုပ် … သေနတ်က ကျည်ဆံ ငါးခုပဲ ကျန်တော့တာလေ။”

ကျွင်းချောင်ရှောင်း သူ၏မေ့စေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။

"ဟုတ်တာ‌ပဲ … သေနတ်ကျည်ဆံကတော့ နည်းနေပြီ။ ငါတို့ ချင်းယန်မြို့ကို သွားပြီးတော့ သလင်းအမြုတေတစ်ချို့ သွားဝယ်ရအောင်။"

"ချင်းယန် … သိုင်းတပည့်အဆင့်ကို ချိုးဖြတ်သွားတဲ့ တပည့်တွေကို သတင်းပို့လိုက်။ မနက်ဖြန် ငါနဲ့အတူ ချင်းယန်မြို့က ဂိုဏ်းရဲ့ အသိအမှတ်ပြု ဟောခန်းဆီကို သွားရအောင် ။"

ချင်းယန်မြို့ကို သွားပြီဆိုမှတော့ သူတို့သည် ကျွဲကူးရေပါသဘောမျိုး ဖြင့် ဂိုဏ်းအသိအမှတ်ပြု ဟောခန်းဆီသို့ သွားရပေလိမ့်မည်။

All Chapters