← Chapters

သဘောတူညီချက်

Vol. 1 Ch. 1

သဘောတူညီချက်

Vol. 1 Ch. 1

"အဟွတ်..."

နံနက်ခင်းအလင်းရောင်တန်းသည် ကန့်လန့်ကာမှတစ်ဆင့် ဖြတ်သန်းဝင်ရောက်လာသည်။ ထိုစဉ် လူငယ်လေး တစ်ဦးသည် ဖြည်းညှင်းစွာဖြင့်  မျက်လုံးများကိုဖွင့်လိုက်သည်။

မနေ့ညက ဖြစ်ရပ်များကို ပြန်လည်အမှတ်ရရန် ကြိုးစားရင်း သူ့စိတ်ထဲတွင် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။

ခေါင်းကိုပြန်ပွတ်ရင်း သက်ပြင်းချလိုက်မိသည်။

"ငါ မနေ့ညက အရမ်းသောက်ခဲ့တာလား"

အမှတ်တရများသည် ဝေဝါးနေပြီး ဝိုးတိုးဝါးတားသာ ကျန်ရစ်တော့သည်။

သို့သော် ယင်းက အရက်ကြောင့်ဖြစ်သော ခေါင်းမူးခြင်းကြောင့်သာ ဖြစ်ရမည်ဟု သူမှတ်ယူလိုက်သည်။

"ဟမ် နေပါဦး ဒါနဲ့မနေ့က ပိတ်ရက်လဲ မဟုတ်ပါဘူး ကြားရက်ပါ" နဖူးကိုပွတ်ရင်း သူတွေးလိုက်မိသည်။

သူသည် ကောလိပ်ကျောင်းသားများကို သင်ကြားပို့ချသော ကျောင်းဆရာတစ်ဦးဖြစ်သည်။

ထို့ပြင် သူ့အလုပ်အတွက် အမြဲတမ်း မနက်စောစောထရသည်။ အလုပ်မသွားခင်ညတွင် သူဘယ်သောအခါမှ သောက်လေ့သောက်ထမရှိပါ။

၄င်းသည် သူဘယ်သောအခါမှ ဖောက်ဖျက်မည်မဟုတ်သော သူ့၏ တစ်ခုတည်းသော စည်းမျဉ်းလည်းဖြစ်သည်။ ထို့ကြောင့် သူ့ခေါင်းက မည်သည့်အတွက်ကြောင့်ကိုက်ခဲနေသည်ကို

နားမလည်နိုင်ခြင်းဖြစ်လေသည်။

ငါတကယ်သောက်ခဲ့တာလား။

အာရန်သည် မရင်းနှီးသော အိပ်ရာပေါ်တွင် ထရပ်ကြည့် ရန်ကျိုးစားကြည့်လိုက်သည်။ သို့သော်မထနိုင်ဖြစ်နေသည်။ ထို့ကြောင့်  အခန်းကို ဝေ့ဝိုက်ကြည့်လိုက်ရာ နံရံများက ထူးဆန်းနေပြီး ပရိဘောဂများသည် ဟောင်းနွမ်း ရှေးဟောင်းဆန်သောဆွဲဆောင်မှုတစ်ခု ရှိသည်ကို သတိထားမိလိုက်သည်။

သူ့နဂိုအမြဲနေနေကျ အခန်းထဲတွင် မဟုတ်ကြောင်း သဘောပေါက်သွားသောအခါ ထိတ်လန့်မှုများစတင် ပေါက်ဖွားလာသည်။ သူမသိသော နေရာတစ်ခုတွင် ရောက်ရှိနေကြောင်း၊ မရင်းနှီးသော မြင်ကွင်းများနှင့် အသံများဖြင့် ဝန်းရံခံထားရကြောင်း သိလိုက်ရသောအခါ ပို၍ပင် ထိတ်လန့်သွားရသည်။

"ငါ အရက်မူးပြီး တခြားသူရဲ့အိမ်ထဲကို ဖျက်ဆီးဝင်သွားမိသွား တာများလား"

နဖူးကိုပွတ်သပ်ရင်း ဤ ရှေးဟောင်းဗိသုကာလက်ရာများရှိသော

ဤအခန်းထဲသို့ မည်သို့ရောက်လာသည်ကို ပြန်လည်အမှတ်ရရန် ကျိုးစားနေမိသည်။

သူသည် အရက်မူးနေသော အခြေအနေတွင် လမ်းပျောက်သွားခဲ့ခြင်းလော။

မေးခွန်းများက သူ့စိတ်ထဲတွင် ပြည့်နှက်နေသော်လည်း အဖြေများ ပြန်မရလာပါ။ ထရပ်ကြည့်ရန် ဆုံးဖြတ်လိုက်သောအခိုက် သူ့ခြေထောက်အောက်ရှိ ကြမ်းပြင်များ၏ အက်ကွဲသံများကြားလိုက်ရသည်။

ရုတ်တရက် အမျိုးအမည်မသိသောခံစားချက်တစ်ခုကို ကိုခံစားလိုက်ရသဖြင့်ပိုမို ရှုပ်ထွေးသွားသည်။

"ငါ အိမ်ပြန်ရမယ်၊ အဝတ်အစားလဲပြီး ကောလိပ်ကိုသွားရဦးမယ်။ ငါ့ရဲ့ စံချိန်ကောင်းကို ပျက်စီးစေလို့မဖြစ်ဘူး"

အကောင်းဆုံး အခြေအနေတွင် မရှိသေးသော်လည်း တံခါးဆီသို့ အားတင်း၍ လျှောက်သွားလိုက်သည်။

တံခါးကိုဖွင့်ပြီး အခန်းထဲမှ ထွက်ရန်ခြေလှမ်းလိုက်သောအခါ…

"ဟမ်"

အာရန် သည် အခန်းထဲမှ ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ခြေထောက်များသည် မြေကြီးနှင့်ထိတွေ့မိချင်း မရှိကြောင်း ခံစားလိုက်ရသောအခါ သူ့အမူအရာများ ပြောင်းလဲသွားသည်။

"အားးးး" ကြောက်လန့်တကြား အော်ဟစ်လိုက်စဉ် အောက်သို့ ပြုတ်ကျသွားလေသည်။

ပြုတ်ကျနေစဉ် သူနေထိုင်ခဲ့သော အခန်းကို သတိထားမိလိုက်သည်။ ယင်းသည် မက်စောက်သော ချောက်ကမ်းပါး၏ အစွန်းတွင်ရှိပြီး တံခါးပေါက်သည် မက်စောက်သော ချောက်ကမ်းပါးကို မျက်နှာမူထားသည်။

သူ့မျက်လုံးများသည် မယုံကြည်ခြင်းများဖြင့် ပြည့်နှက်နေသည်။ သူဘာမှကိုမတွေးတတ်တော့ပါ။

အရက်မူးနေချိန်တွင် ချောက်ကမ်းပါးပေါ်သို့ မည်သို့တက်သွားနိုင်သနည်း။ ချောက်ကမ်းပါးကိုတက်ခြင်းထားဦး တစ်ခုတည်းသော တံခါးပေါက်ကို နက်ရှိုင်းသော ချောက်ကမ်းပါးကြီးက ဝန်းရံထားသည့်  အခန်းထဲသို့ပင် မည်သို့ဝင်သွားနိုင်ရသနည်း။

သူသည် အဆုံးမဲ့ထင်ရသော  အနက်ရှိုင်းဆုံးသို့ ဆက်လက်ပြုတ်ကျနေစဉ် သူ့စိတ်ထဲတွင် ရှုပ်ထွေးမှုများနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်လာသည်။

ထိတ်လန့်မှုများ စတင်ဖြစ်ပေါ်လာချိန်တွင် ရုတ်တရက် လေပြင်းများက သူ့ကို လွှမ်းခြုံသွားသည်။ သူသည် တစ်စုံတစ်ခုပေါ်သို့ ညင်သာစွာ ပြုတ်ကျသွားသော်လည်း နာကျင်မှုကို မခံစားရပါ။ မျက်မှောင်ကြုတ်ရင်း အောက်သို့လှမ်းကြည့်လိုက်သည်။

"ဟင်" သူသည်မြေပြင်ပေါ်တွင် ရှိမနေ

ကြောင်း သိလိုက်ရသောအခါ သူ့ရဲ့ မယုံကြည်နိုင်ခြင်းများနှင့်အတူ ကြောက်ရွံ့မှုများက ပိုမိုတိုး၍လာသည်။ သူသည် အလွန်တရာကြီးမားသော ငှက်ကြီးတစ်ကောင်၏ ကျောပေါ်တွင် ရပ်နေမိခြင်းဖြစ်သည်။ ဤငှက်ကြီး၏ တစ်ကိုယ်လုံးသည် မီးလောင်ကျွမ်းနေသည်ထင်ရသော်လည်း မီးတောက်များသည် သူ့ကို နာကျင်စေခြင်းအလျင်းမရှိပါ။

"ဒါ အစစ်အမှန်မဟုတ်ဘူး… ဒါ အစစ်အမှန်မဖြစ်နိုင်ဘူး … ဟုတ်တယ် ငါ အိပ်မက်မက်နေတာ ဟုတ်တယ်.…အိပ်မက်ပဲဖြစ်ရမယ်"

 အာရန်သည် သူ့ကိုယ်သူ ထပ်ခါထပ်ခါ ပြောနေမိသည်။

ဤနေရာနှင့် ပတ်သက်၍ ဘာတစ်ခုမှ အဓိပ္ပာယ်မရှိပါ။ ဤမျှကြီးမားသော ငှက်သည် ကမ္ဘာပေါ်တွင် မည်သည့်နည်းနှင့်မျှ ရှိနေနိုင်မည်မဟုတ်ပါ။

ဤထူးဆန်းသော အိပ်မက်မှ နိုးထရန် ကြိုးစားရင်း သူ့လက်ကို သူပြန် ဆိတ်ကြည့်လိုက်သည်။

"အား" သူ့ရဲ့ ဆိတ်ဆွဲမှုကြောင့် နာကျင်မှုကိုခံစားလိုက်ရသည်။ သို့သော် သူ လန့်နိုးမသွားပါ။ တစ်ချိန်တည်းမှာပင် ဧရာမဖီးနစ်သည် ကောင်းကင်၏ အရှင်သခင်ကဲ့သို့ လေထဲတွင် ပျံသန်းနေသည်။

ဖီးနစ်၏ မီးတောက်တောင်လျှံများသည် အာရန်ကို နွေးထွေးသော အလင်းရောင်များဖြင့် ဝန်းရံထားကာ ကောင်းကင်ယံတွင် ကျက်သရေရှိစွာ ပျံသန်းနေသည်။

မယုံကြည်နိုင်ခြင်း၊ ရှုပ်ထွေးခြင်းများအကြားမှပင် အာရန်သည် သူ့မျက်လုံးရှေ့တွင် ဖြန့်ကျက်နေသော ရှုခင်းကို မှင်သက်စွာငေးမောကြည့်နေမိသည်။

တောင်များ၊ မြစ်များနှင့် စိမ်းလန်းသော သစ်တောများကို ကျော်ဖြတ်ပျံသန်းလာသည်နှင့်အမျှ အောက်ဖက်ရှိ ရှုခင်းများသည် လျင်မြန်စွာ ပြောင်းလဲသွားလေသည်။

လေများသည် သူ့ဆံပင်များကိုတိုးဝှေ့တိုက်ခတ်နေချိန်တွင် အာရန်၏ အစောပိုင်း ကြောက်ရွံ့မှုများသည် အံ့သြမှုနှင့်အတူ စူးစမ်းလိုစိတ်များ အဖြစ်သို့ပြောင်းလဲသွားတော့သည်။ ဤကဲ့သို့သော နေရာသည် အစစ်အမှန်နယ်ပယ်ကို ကျော်လွန်၍ မည်သို့တည်ရှိနေနိုင်သည်ကို တွေးတောရင်း ဤထူးခြားဆန်းကြယ်သော ကမ္ဘာ၏ အလှတရားကို အံ့အားသင့်စွာ ခံစားကြည့်နေမိလေသည်။

သူဘ၀တွင် တစ်ခါမှ မမြင်ဖူးသည့်အရာမျိုးဖြစ်သည်။ အိပ်မက်ထဲတွင်ပင်မြင်တွေ့ရန်ခက်ခဲသော မြင်ကွင်းမျိုးဖြစ်သည်။

ဧရာမဖီးနစ်၏ အမွေးအတောင်များသည် နေရောင်အောက်တွင် မီးခဲများကဲ့သို့ တောက်ပနေပြီး သူ၏ စွမ်းအားနှင့် ကျက်သရေရှိမှုများကို ထုတ်လွှတ်ဖော်ပြပေးနေသည်။ အာရန်သည် သူ့ကို လွယ်ကူစွာ ကောင်းကင်ယံတွင် သယ်ဆောင်သွားသော ဤဒဏ္ဍာရီဆန်သော သတ္တဝါနှင့် ထူးဆန်းသော ဆက်သွယ်မှုတစ်ခု ကို ခံစားမိလိုက်သည်။

တိမ်တိုက်များကို ဖြတ်၍ ပျံသန်းနေစဉ် အာရန်၏ စိတ်ထဲတွင် မေးခွန်းများနှင့် ဖြစ်နိုင်ခြေများ ပြည့်နှက်နေသည်။ ဒါဟာ တကယ်ပဲ အိပ်မက်လား။

သူစဉ်းစားနေစဉ် သူ့ခေါင်းက ပို၍နာကျင်လာသည်။ ထို့နောက် ခေါင်းကိုပြန်ကိုင်ရင်း ဒူးထောက်ကျသွားလေသည်။

ခေါင်းထဲရှိ ဝေဝါးမှုအချို့ ပျောက်ကွယ်သွားပြီး အရာအချို့ကို ပြန်မှတ်မိလာသည်။

မနေ့ညက အိမ်ကို ဘေးကင်းစွာ ပြန်ရောက်ခဲ့သည်ကို မှတ်မိလိုက်သည်။ သူဘာမှ မသောက်ခဲ့တာသေချာပြီး ဘယ်ချောက်ကမ်းပါးအနီးမှာမှလည်း ရှိမနေခဲ့ပါ။

နောက်နေ့အတွက် စာသင်ကြားရန်ပြင်ဆင်စရာရှိသည်များပြင်ဆင်ပြီးနောက် အိပ်ရာဆီသို့ ပြန်သွားခဲ့သည်။ သို့သော် အိပ်မပျော်နိုင်သေးသောကြောင့် ဖုန်းကို ခဏထိုင်ပွတ်နေမိသည်။

ဆိုရှယ်ဆောဝဲ တစ်ခုကိုဖွင့်၍ ကြည့်ရှုနေစဉ် သူ၏စိတ်ကို ဆွဲဆောင်နိုင်သော ကြော်ငြာအပ် တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းက သူ့ကို ဆွဲဆောင်နေသဖြင့်တစ်ချက်ကြည့်လိုက်ရာကြည့်လိုက်ရာ

ဝက်ဘ်ဆိုဒ်စာစဉ် တစ်ခုအကြောင်း ကြော်ငြာထားဖြစ်သည်။

အချိန်ဖြုန်းရန် အချိန်လဲရှိနေသောကြောင့် ကြော်ငြာကို နှိပ်ပြီး ဝတ္ထုကို စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။

လင့်ခ်အတိုင်း လိုက်သွားသောအခါ သူတစ်ခါမှ မကြားဖူးသော ဝက်ဘ်ဆိုဒ်တစ်ခုသို့ ရောက်သွားသည်။

ပင်မစာမျက်နှာတွင်ပင် စာသားအချို့ဖြင့် နှုတ်ဆက်ထားသည်။

[ကောင်းကင်ဘုံဝတ္ထုများပေ့စ်မှ ကြိုဆိုပါတယ်။]

[ကောင်းကင်ဘုံ၀တ္ထုကမ္ဘာသို့ ဝင်ရောက်လိုပါသလား။]

[ဝင်ရောက်လိုပါသည်] [မဝင်ရောက်လိုပါ]

[သတိပေးချက်... သဘောတူညီချက်ပြုပြီးလျှင် ပြန်ဖယ်ရှား၍ မရတော့ပါ။]

"လူတွေကို ဝတ္ထုဖတ်ဖို့ ဖိတ်ခေါ်တဲ့နည်းကလဲ ဘယ်လောက်ရယ်စရာကောင်းလိုက်လဲ"

 အာရန်က သိပ်မစဉ်းစားဘဲ ရယ်မောလိုက်သည်။

"ဝင်ရောက်လိုပါသည်" ကို နှိပ်ပြီး ဝက်ဘ်ဆိုဒ်ထဲသို့ ဝင်သွားတော့သည်။

ပင်မစာမျက်နှာသို့ ရောက်သွားသောအခါ ထူးဆန်းစွာပင် ဝတ္ထုတစ်ပုဒ်သာ ရှိနေသည်ကို တွေ့လိုက်ရသည်။

သူအံ့သြသွားပြီး ဝတ္ထုကို နှိပ်လိုက်သောအခါ ဤဝတ္ထု၏ အခန်းအားလုံးသည် လွန်ခဲ့သော စက္ကန့်အနည်းငယ်ကမှ အပ်ဒိတ်လုပ်ထားကြောင်း သိလိုက်ရသောအခါ ပို၍ပင် အံ့သြသွားရသည်။

#Catfoot

All Chapters