ဆိုးရွားသော မှတ်ချက်
Vol. 1 Ch. 2
အာရန်သည် ကောင်းကင်ဘုံဝတ္ထုများ ဝက်ဘ်ဆိုဒ်ပေါ်ရှိ ဝတ္ထု၏ ပထမအခန်းကို အထက်အောက် ရွှေ့ကြည့်နေသည်။
ဇာတ်လမ်းသည် သူ၏ လက်ရှိ အိပ်မက်ဆန်သော ဧရာမဖီးနစ်၏ နောက်ကျောပေါ်တွင် ကြုံတွေ့နေရသည့် အတွေ့အကြုံနှင့် ဆင်တူသော အလွန်အံ့သြဖွယ် အရာများဖြင့် ပြည့်နှက်နေပုံရသည်။
အစပိုင်းတွင် သံသယရှိနေသော်လည်း အာရန်သည် စိတ်လှုပ်ရှားဖွယ်ကောင်းသော ဖော်ပြချက်များနှင့် ဝတ္ထုတွင် ပုံဖော်ထားသော နက်နဲသောကမ္ဘာကြောင့် ပိုမိုစိတ်ဝင်စားလာမိသည်။
စာရေးသူ၏ ရေးသားဟန်သည် ဆွဲဆောင်မှုရှိပြီး စာပိုဒ်တစ်ခုပြီးတစ်ခု သူ့ကို ဆွဲခေါ်သွားသည်။
ထို့ပြင် ဝတ္ထုတွင် ဖော်ပြထားသော ကမ္ဘာသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်။ အနောက်တိုင်း ဒဏ္ဍာရီလာများအကြောင်းအရာများ၏ ရှုဒေါင့်များပါဝင်နေသကဲ့သို့ အရှေ့တိုင်း ဒဏ္ဍာရီလာများလည်း ရောနှောပါဝင်နေလေသည်။
အခန်းတစ်ခုပြီးတစ်ခု အာရန်သည် ထူးဆန်းသော ဇာတ်လမ်းထဲသို့ပိုပို နက်နက်ရှိုင်းရှိုင်း နစ်မြုပ်သွားတော့
သည်။ ဇာတ်လမ်း၏ အလှည့်အပြောင်းများသည် သူ့ကို ထိုင်ခုံ၏ အစွန်းတွင် ထိုင်စေပြီး သူတစ်ခါမှ မမြင်ဖူးသော ကမ္ဘာထဲတွင် နှစ်မြုပ်နေစေသည်။
သို့သော် အပိုင်း (၂၀၀) သို့ရောက်ပြီးနောက် အာရန်သည် ဘဝင်မကျသော ခံစားချက်များကို ထပ်မံဖယ်ရှား၍ မရနိုင်တော့ပါ။ ဇာတ်လမ်းသည် သူ့ကို အဖြေများထက် မေးခွန်းများ ပိုမိုကျန်ရစ်စေသော အလှည့်အပြောင်းတစ်ခုကို ဆွဲခေါ်သွားသည်။
ဇာတ်လမ်းတွင် သူ မကြိုက်သော ရှုထောင့်များစွာပါ ရှိသည်။
ဇာတ်ကောင်များကို ပုံဖော်ထားရာ၌လည်းသိပ် ရှင်းလင်းပုံမရပဲ ဇာတ်လမ်းသည် သိပ်အဆက်အစပ်မရှိသလိုဖြစ်လာလေသည်။
ထို့ကြောင့်အနည်းငယ်
စိတ်ပျက်လာပြီး စိတ်ရှုပ်ထွေးလာသဖြင့် အာရန်သည် ဖတ်ရှုခြင်းကို ရပ်တန့်လိုက်သည်။ ဝတ္ထုနောက်ကွယ်ရှိ တီထွင်ဖန်တီးနိုင်စွမ်းနှင့် စိတ်ကူးစိတ်သန်းတို့ကောင်းမွန်သည်ကို သူ မငြင်းနိုင်သော်လည်း ဇာတ်လမ်းဆက်းစပ်မှုအပိုင်းနဲ့ ဇာတ်အိမ်ခိုင်မာမှု မရှိခြင်းများက သူ့ကို ကျေနပ်မှု မရစေခဲ့ပါ။
ထို့ကြောင့် သက်ပြင်းချရင်း အာရန်သည် အိပ်ရာပေါ်တွင် လှဲလျောင်းရင်း သူဖတ်ခဲ့တဲ့ ကောင်းကင်ဘုံဆိုဒ်ထဲက ဝတ္ထုအကြောင်း ပြန်လည်သုံးသပ်နေမိသည်။
ထို့နောက် မှတ်ချက်ကဏ္ဍကို ဖွင့်လိုက်သောအခါ မှတ်ချက်ရေးရန် ရွေးချယ်ခွင့်ရှိသော်လည်း ဆိုဒ်တွင် ဘာမှတ်ချက်မှရှိမနေသည်ကို တွေ့လိုက်ရသည်။
သူသည် ပထမဆုံး မှတ်ချက်ရေးသူ ဖြစ်ရန် ဆုံးဖြတ်လိုက်သည်။
“ကြယ်ငါးပွင့်မှာ နှစ်ပွင့်တော့ပေးမယ်
ဒါတောင် ငါအတော် ရက်ရောနေလို့နော်
အယူအဆက ကောင်းပြီး ဖော်ပြချက်က ထင်ရှားပေမယ့် ပြဿနာတွေလည်း အများကြီးရှိနေတယ်။”
“စာရေးသူက တကယ့်လက်တွေ့အပြင်
ကမ္ဘာကို တစ်ခါမှ မမြင်ဖူးသလိုပဲ။
သူက အသက်ဆယ်နှစ်အရွယ် ကလေးတစ်ယောက်လိုပဲ ဇာတ်လမ်းကို အဓိပ္ပာယ်မရှိတဲ့ ဦးတည်ရာတွေ ဆက်တိုက် ခေါ်သွားနေတယ်။ အစပိုင်း ဇာတ်အိမ်တည်ထားတာဒီလောက်ကောင်းေနတာကို သက်သက်
ဖြုန်းတီးပစ်လိုက်တာ အရမ်းနှမြောဖို့ကောင်းတယ်။ ဒီဝတ္ထုမှာ အပိုင်း (၅၀၀၀) ကျော်တောင် ရှိတယ်ဆိုတာ မယုံနိုင်းစရာပဲ”
“ဥပမာတစ်ခုပြောရရင် အပိုင်း (၁၀) မှာ မိတ်ဆက်ပေးထားတဲ့ ဇာတ်ကောင်ပဲ သူက ဇာတ်လိုက်ရဲ့ ရန်ဘက်ဗီလိန်
အဖြစ် ဖန်တီးထားတဲ့ အကြီးအကဲတစ်ယောက်ဖြစ်ပေမယ့် အဓိပ္ပာယ်က ရှိမနေဘူး။ သူက မိစ္ဆာဂိုဏ်းမှာ သူလျှိုလာလုပ်နေတဲ့ သူရဲကောင်းအကယ်ဒမီရဲ့ အဖွဲ့ဝင်တစ်ယောက်လို့ ဆိုထားတယ်။”
“လူတစ်ယောက်က မိစ္ဆာဂိုဏ်းထဲကို ဝင်သွားနိုင်ပြီး ဂိုဏ်းချုပ်က သူ့အကြောင်းကို မသိနိုင်ဘူးဆိုတာ ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူး။ အဲဒီအစား ဂိုဏ်းချုပ်က ဒီလူကို အကြီးအကဲအဖြစ်တောင် ခန့်အပ်လိုက်သေးသတဲ့ ဟမ့် စာရေးသူက ဘယ်လို ယုတ္တိဗေဒမျိုးကိုမှ မလိုက်နာဘဲ လုပ်ချင်ရာကို လုပ်နေသလိုပဲ။”
“ကျန်တဲ့အပိုငိးတွေရဲ့ အရည်အသွေးကလဲ ဒီလိုပဲဆိုရင်
တော့ စာရေးသူက ဒီအမှိုက်လိုစာစဉ်ကို အပိုင်း (၅ထောင်)
ကျော်ထိပီးအောင် ရေးဖို့ ဘာလို့ အချိန်ဖြုန်းခဲ့တာလဲလို့ ကျွန်တော်တွေးကြည့်ပီးအံ့ဩလို့မဆုံးဘူး။ နောက်ပြီးတော့ ကျွန်တော့်ရဲ့ အမြင်ကိုလဲ တစ်ဆက်တည်း ပြောပါ့မယ်။ ဇာတ်လမ်းကအတော်လေးကောင်းပါတယ် ဆိုးတာက စာရေးသူကြောင့် ပျက်စီးသွားတာလေးပါပဲ”
“အိတ်လိုရီယာတို့ ရီဂျင်၆၈ တို့ ဒါမှမဟုတ် ဟက်တာ တို့လို စာရေးဆရာတွေကသာ ဒီစာစဉ်ကိုယူရေးခဲ့ရင်အများကြီးပိုကောင်းခဲ့မှာ တကယ်နှမြောဖို့ကောင်းတယ်။ ဘာပဲဖြစ်ဖြစ် စာရေးသူရဲ့ နောက်ရေးမဲ့စာစဉ်တွေကျရင်တော့ ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ် ဒီစာစဉ်ကို ရပ်တန့်ပြီး ပိုကောင်းတဲ့ အရာတစ်ခုကို စတင်ဖို့ မျှော်လင့်ပါတယ်။ ဒီပျက်စီးသွားတဲ့ဇာတ်အိမ်
ကို ကယ်တင်ဖို့ကတော့ အရမ်းနောက်ကျသွားပြီ။”
သူ၏ မှတ်ချက်ကို ရေးသားပြီးနောက် အာရန်သည် အွန်လိုင်းပေါ် တင်ခဲ့ပြီး ဝက်ဘ်ဆိုဒ်ကို ပိတ်လိုက်ကာ ဤထူးဆန်းသော စာပေဆိုဒ် သို့ ဘယ်တော့မှ ပြန်မလာတော့ဟု တွေးလိုက်သည်။ သို့သော် ဖုန်းကို ဘေးဖယ်လိုက်သည်နှင့်တစ်ပြိုင်နက် ရုတ်တရက် အိပ်ချင်လာသည်။
သူသည် အိပ်ပျော်သွားသည်ကိုပင် မသိဘဲ မျက်လုံးများကို မှိတ်လိုက်သည်။
သူအိပ်ပျော်သွားသောအခါ သူ့ဖုန်းက ထူးဆန်းသော အလင်းရောင်များ တောက်ပလာသည်ကိုတောင် သတိမထားမိလိုက်တော့ပါ။
အလင်းရောင်သည် ပြန့်နှံ့သွားပြီး မကြာမီ သူ့ကိုပါ ဝန်းရံသွားသည်။
တစ်နာရီအကြာတွင် အလင်းရောင်များလုံးဝ ပျောက်ကွယ်သွားသည်။
သို့သော် ပျောက်ကွယ်သွားသည်မှာ အလင်းရောင်တစ်ခုတည်း မဟုတ်ပါ။ ဖုန်းလည်း အာရန်နဲ့အတူ ပပျောက်ကွယ်သွားပြီ အိပ်ရာကို လုံးဝဗလာဖြစ်စေခဲ့သည်။
....
“ဒါ...” အာရန်သည် ဖီးနစ်၏ နောက်ကျောပေါ်တွင် မျက်လုံးများကို ဖွင့်လိုက်ပြီး သူ့အမူအရာများသည် တစ်စက္ကန့်ပြီးတစ်စက္ကန့် ပိုဆိုးလာသည်။
“ဒီကမ္ဘာ...ဒါ အဲဒီဝတ္ထုရဲ့ ကမ္ဘာလား” သူက တုန်ယင်နေသော အသံဖြင့် အော်ဟစ်လိုက်သည်။ “ငါ ဘယ်လိုလုပ်ပြီး ရူးရူးမိုက်မိုက် ဝတ္ထုထဲကို ဝင်သွားနိုင်တာလဲ”
သူသည် အခန်းအနည်းငယ်တွင် ဖတ်ခဲ့သော ဖော်ပြချက်ကို မှတ်မိလိုက်ပြီး ဤနေရာသည် ထိုဖော်ပြချက်နှင့် လုံးဝကိုက်ညီသည်။ သံသယဖြစ်စရာ မရှိပါ။
ဘာဆိုဘာမှမရှိလျှင်ပင် ယခုအချိန်အထိ သူဖတ်ခဲ့သည့်အရာကို မြင်တွေ့နေရသောကြောင့် ပို၍ပင် မယုံနိုင်စရာ ဖြစ်နေသည်။
ချောက်ကမ်းပါးထိပ်ရှိ အခန်းတွင် မည်သူနေထိုင်ခဲ့သည်ကို သဘောပေါက်သောအခါ အခြေအနေများ ပိုဆိုးလာသည်။ ထိုအခန်းတစ်ခုတည်းသာမက ချောက်ကမ်းပါးတစ်ခုလုံးသည် သူညည်းညူခဲ့သော မိစ္ဆာဂိုဏ်း၏ အကြီးအကဲပိုင်ဖြစ်နေလေသည်။
သူသည် နောက်ထပ်အရာတစ်ခုကိုလည်း မှတ်မိလိုက်သည်။ ထိုမိစ္ဆာဂိုဏ်း အကြီးအကဲကို မိတ်ဆက်သောအခါ သူ့တွင် ဒဏ္ဍာရီဆန်သော သားရဲတစ်ကောင်လည်း ရှိကြောင်း ဖော်ပြထားသည်။ ထိုသားရဲကား...
“ဖီးနစ်...” သူက ဖီးနစ်ကိုကြည့်ရင်း အော်ဟစ်လိုက်သည်။ “ဒါ မဖြစ်နိုင်ဘူး။ ငါ ဝတ္ထုကမ္ဘာထဲကိုဝင်မသွားချင်ဘူးလေ သူရဲကောင်းအကယ်ဒမီရဲ့ သူလျှိုအဖြစ်နဲ့ရော ”
ဝတ္ထုရဲ့ အပိုင်း (၁၀) မှာလည်း ဖီးနစ်ကို သခင်တစ်ယောက်ပဲ စီးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ တခြားဘယ်သူမဆို သူ့နောက်ကျောပေါ်မှာ ထိုင်ရင် ချက်ချင်း ပြာကျသွားလိမ့်မယ်။
သူအဆင်ပြေနေတာကြောင့် အဆိုးဆုံးဖြစ်နိုင်ချေကို တွေးမိလိုက်သည်။ သူသည် ထိုအကြီးအကဲ၏ အခန်းထဲတွင် ရှိနေပြီး ဖီးနစ်က သူ့ကို မထိခိုက်စေဘဲ သယ်ဆောင်နေသည်။ အကျိုးဆက်များကို တွေးတောမိသောအခါ သူ့အမူအရာများ ပိုမိုမှောင်မိုက်သွားသည်။
“ငါ့ကို အဲဒီရေကန်အနားကို ခေါ်သွားပေးနိုင်မလား?” သူက ဖီးနစ်ကို မေးလိုက်သည်။ အံ့သြစရာကောင်းလောက်အောင် ဖီးနစ်ကလည်း နားထောင်သည်။
ဖီးနစ်သည် သူ့ကို အောက်သို့ ခေါ်သွားပြီး လှပသော ရှုခင်းများဖြင့် ဝန်းရံထားသော ရေကန်အနီးတွင် ဆင်းသက်ခဲ့သည်။
အာရန်သည် ဖီးနစ်ကိုယ်ပေါ်မှ ခုန်ဆင်းလာသည်။ သို့သော် မြေပြင်ပေါ်သို့ရောက် သည်နှင့်တစ်ပြိုင်နက် နာကျင်စွာ ညည်းညူလိုက်မိသည်။
“အား”
သူသည် ညာဘက်ခြေထောက်ကို ကိုင်ရင်း မြေပြင်ပေါ်သို့ လဲကျသွားသည်။ မီတာအနည်းငယ်အမြင့်မှ ခုန်ချရုံဖြင့် ခြေထောက်ကျိုးသွားပြီး သူ့ကိုယ်သူ ဘယ်လောက် အားနည်းနေလဲဆိုတာကို မယုံကြည်နိုင်ဖြစ်သွားသည်။
ကမ္ဘာပေါ်တွင်ပင် ထိုအမြင့်မှ ဘေးကင်းစွာ ခုန်ချနိုင်သော်လည်း ဤနေရာတွင် သူသည် ပို၍ပင် အားနည်းနေသည်ဟု ခံစားရသည်။
“မှန်တယ်၊ ငါ ဒီလောက် အားနည်းနေရင် အဲဒီအကြီးအကဲ ဖြစ်နိုင်စရာ မရှိဘူး။”
အာရန်သည် ဤအခြေအနေတွင်ပင် အကောင်းမြင်ရန် ကြိုးစားနေမိသည်။
သူသည် ဝတ္ထုကမ္ဘာသို့ ရောက်သွားပါက ထိုအကြီးအကဲမှလွဲ၍ မည်သူမဆို ဖြစ်လိုသည်။ အဘယ်ကြောင့်ဆိုသော် ထိုအကြီးအကဲသည် သူ့အတွက် သေဆုံးရန် လွယ်ကူသော နည်းလမ်းဖြစ်နေသောကြောင့်ဖြစ်သည်။
ဖီးနစ်သည် အာရန်ကို ကြည့်လိုက်သည်။ သူ၏မျက်ရည်တစ်စက် သည် အာရန်၏ သူ့ခြေထောက်ပေါ်သို့ ကျရောက်သွားသည်။
“ဖီးနစ်ရဲ့ မျက်ရည် ”
မျက်ရည်သည် သူ့ခြေထောက်ပေါ်သို့ ကျရောက်သည်နှင့်တစ်ပြိုင်နက် နာကျင်မှုများအားလုံး ပျောက်ကွယ်သွားသည်။
အရိုးကျိုးနေခြင်းများလည်း ပျောက်ကင်းသွားပြီး တစ်ဖန် ခြေထောက်ထောက်၍ပင် လမ်းလျှောက်နိုင်လာသည်။
“ကျေးဇူးပါ” သူက အနည်းငယ် ရှုပ်ထွေးနေဆဲပုံစံဖြင့် ဖီးနစ်ငှက်သားရဲ ကို ကျေးဇူးတင်လိုက်သည်။
သူသည် ရေကန်ဆီသို့ လျှောက်သွားလိုက်သည်။ သူသည် အကြီးအကဲမဟုတ်ကြောင်း သေချာသလောက်ဖြစ်နေသော်လည်း နောက်ဆုံး အတည်ပြုချက်တစ်ခု လိုချင်နေသည်။
ရေကန်ရှေ့တွင် ရပ်နေရင်း ရေကန်ထဲရှိ သူ့ပုံရိပ်ကို ငုံ့ကြည့်လိုက်သည်။
“ဒါ... မဖြစ်နိုင်ဘူး...”
#Catfoot