ငါသေတော့မယ်
Vol. 1 Ch. 3
အာရန်သည် ရေကန်တွင် သူ့ကိုယ်သူ ပြန်ကြည့်ရင်း သူ့မျက်လုံးများကို သူမယုံနိုင်ဖြစ်နေမိသည်။ သူ့ကို ပြန်ကြည့်နေသူသည် သူ့ရဲ့ ရင်းနှီးကျွမ်းဝင်သော မျက်နှာ မဟုတ်ပါ။ လုံးဝ မသိကျွမ်းဝင်သော လူတစ်ယောက်က သူ့ကို ပြန်ကြည့်နေသလို ခံစားရသည်။
"ဝတ္ထုထဲမှာ ဖော်ပြထားတဲ့အတိုင်းပဲ ရှေ့ခေတ်တွေတုံးကလို ချောမွေ့ပြေပစ်တဲ့ ရုပ်ရည် နေဝန်းကြီးလိုမျိုးရဲရဲတောက်နေတဲ့ ဆံပင်တွေ နဲ့ မင်းသားတစ်ယောက်ပုံစံမျိုးပဲ " လို့ အာရန် ရေရွတ်လိုက်မိပြီး သူ့လက်ချောင်းတွေက သူ့ရဲ့ ရှည်လျားတဲ့ အနီရောင်ဆံပင်တွေကို သတိလက်လွတ် ပွတ်သပ်နေမိသည်။
သူသည် မိစ္ဆာဂိုဏ်းတွင် အကြီးအကဲတစ်ဦးဖြစ်သော်လည်း အသက်မကြီးသေးပါ။ အမှန်တော့ ဒီကမ္ဘာမှသူသည် အရင်ကမ္ဘာ မှသူကိုယ်တိုင်ထက်ပင် ပိုမိုငယ်ရွယ်နေသေးသည်။
ယခင်ဘဝတွင် သူသည် အိုင်ဗီလိဂ်တက္ကသိုလ်တွင် ပါမောက္ခရာထူးကို ရရှိသော သူ့နိုင်ငံ၏ အသက်အငယ်ဆုံးသူဖြစ်သည်။ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးနောက်တွင်ပင် သူသည် ယခု အသက်နှစ်ဆယ်လေးနှစ်သာ ရှိသေးသည်။
ဝတ္ထုထဲတွင် ဖော်ပြထားသည့်အတိုင်း ဤကမ္ဘာတွင် သူသည် အသက်နှစ်ဆယ်တစ်နှစ်သာ ရှိသေးသည်။ သူသည် မိစ္ဆာဂိုဏ်းတွင် အသက်အငယ်ဆုံး အကြီးအကဲလည်း ဖြစ်သည်။ ဤဂိုဏ်းကို သစ္စာဖောက်ခဲ့သော်လည်း မည်သူမျှ မသိပါ။
သူသည် ဤဂိုဏ်းရှိ လူအများနီးပါးကို လှည့်စားနိုင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ သူသည် သူရဲကောင်းအကယ်ဒမီ မှ သူလျှိုတစ်ဦးဖြစ်ကြောင်း မည်သူ့ကိုမျှ မသိစေခဲ့ပါ။
သူသည် ဝတ္ထုထဲမှ အကြီးအကဲ၏ ရုပ်သွင်ကို မြင်လိုက်ရသည်။ သူ၏ ပြန်လည်သုံးသပ်ချက်ရီဗျူး တွင် အလွန်ပြင်းထန်စွာ ဝေဖန်မိခဲ့သော အကြီးအကဲဖြစ်သည်။ သူ့ကို အဓိပ္ပါယ်မရှိဟု ခေါ်ခဲ့သော အကြီးအကဲ၏ ခန္ဓာကိုယ်ထဲသို့ သူ့ကို ပို့ဆောင်ခြင်းဖြင့် ကောင်းကင်ဘုံက သူ့ကို အပြစ်ပေးလိုက်သလို ခံစားလိုက်ရသည်။
မြုပ်ထားတဲ့ အမှန်တရားကို သဘောပေါက်လိုက် သဖြင့် ရုတ်တရက် တုန်လှုပ်သွားသည်။ သူသည် လွန်ခဲ့သည့် ခဏလေးကမှ ဖတ်ခဲ့ဖူးသော အံ့ဖွယ်ကမ္ဘာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီမဟုတ်ပါလား။
ထိုသို့ သိရှိလိုက်ရခြင်းက သူ့ရဲ့ ကျောရိုးကို ကြက်သီးထစေပြီး ဒီလို ထူးဆန်းတဲ့ အဖြစ်အပျက်ကို လက်ခံဖို့ သူ့အတွက် အခက်အခဲ ဖြစ်နေရသည်။ သူသည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး သူ့ခေါင်းကို ကိုင်ထားလိုက်မိသည်။
"ငါသေတော့မယ်... ငါ ဒီတစ်ခါတော့ တကယ် သေပြီ..." သူသည် ထပ်ခါထပ်ခါ ရေရွတ်နေမိပြီး သူ့စိတ်ထဲတွင် မှောင်မိုက်သော အတွေးများဖြင့် ပြည့်နှက်နေသည်။
သူသည် မရင်းနှီးသော ကမ္ဘာတစ်ခုထဲသို့ ရောက်သွားခဲ့သည်။ ဒါက ဘယ်လိုနည်းနဲ့မှ အဓိပ္ပါယ် မရှိပါ။ သူသည် အိုင်ဗီလိဂ်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သည်။ သူသည် စိတ်ကူးယဉ်ဝတ္ထုအချို့ကို ဖတ်ဖူးသော်လည်း ၎င်းတို့သည် စိတ်ကူးယဉ်သက်သက်သာ ဖြစ်ကြောင်း သိသည်။ သူသည် သိပ္ပံကိုသာ ယုံကြည်သူဖြစ်သော်လည်း သူ့ရဲ့ လက်ရှိ အခြေအနေကို သိပ္ပံဖြင့် မရှင်းပြနိုင်ပါ။
"ပိုကြီးတဲ့ စွမ်းအားတစ်ခုလား" သူသည် ကောင်းကင်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။ "သိပ္ပံထက် ကျော်လွန်တဲ့ တစ်ခုခုလား... ဒါပေမယ့် ဘာလို့ ... သုံးသပ်ချက်တစ်ခုကြောင့်လာ ဒီကိုပို့လိုက်တာလား.."
သူ့အရင်ကမ္ဘာကို ပြန်သွားချင်ပေမယ့် ဘယ်ကစရမှန်းတောင် မသိပါ။
"ငါ အခန်းကို ပြန်သွားရမယ် အဲဒီမှာ အရိပ်အမြွက်တွေ ရှိရမယ်"
သူသည် ထိတ်လန့်နေသော်လည်း မျှော်လင့်ချက်ကို မဆုံးရှုံးသေးပါ။ သူသည် ဇွဲကောင်းသူဖြစ်သည်။
"ဟုတ်တယ် ပြဿနာတိုင်းမှာ အဖြေရှိတယ်" သူသည် မတ်တပ်ရပ်လိုက်ပြီး သူ့လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
"ပြဿနာတစ်ခုအတွက် အဖြေမရှိဘူးဆိုရင်၊ အဲဒါဟာ အဖြေကို မတွေ့သေးလို့ပဲ!"
သူသည် ဖီးနစ်ငှက်ဆီသို့ လှည့်သွားသည်။ ယခုမှသာ သူသည် အကြီးမားဆုံး ဖီးနစ်ငှက်ကို ကြည့်လိုက်ပြီး ဤသားရဲသည် အမှန်တကယ် မည်မျှကြီးမားကြောင်း သဘောပေါက်လိုက်သည်။
အကြီးအကဲသည် ဤဖီးနစ်ငှက်ကို မည်သို့ ယဉ်ပါးအောင် စီမံနိုင်ခဲ့သည်ကို သူ နားမလည်ပါ။ သူဖတ်ခဲ့သော အခန်းနှစ်ရာတွင် ယင်းအတွက် ရှင်းလင်းချက် မပေးထားပါ။
သူသိထားသည်မှာ ဖီးနစ်ငှက်ကို သူ့အား ပထမဆုံး ဖော်ပြခံရသည့် အချိန်မှစ၍ သူ့နှင့်အတူ ရှိနေခြင်းပင်ဖြစ်သည်။
သူသည် အနည်းငယ် ကြောက်လန့်မှုကိုပင် ခံစားလိုက်ရပြီးသူ့ခြေထောက်များသည် ၎င်း၏ ခြေသည်းများ ရိုးရှင်းစွာ ခါရမ်းရုံလေးဖြင့် သူ့ကို သတ်နိုင်သည့် ကြမ်းတမ်းသော ငှက်ကို ချဉ်းကပ်မိကြောင်း စဉ်းစားရင်း တွန့်ဆုတ်သွားသည်။
သူသည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ဤမိစ္ဆာဂိုဏ်းတွင် ဖီးနစ်ငှက်သည် သူ့ရဲ့ တစ်ဦးတည်းသော မဟာမိတ်ဖြစ်သည်။ တောင်ပေါ်ကသူ့အိမ်သို့ပြန်သွားဖို့ တစ်ခုတည်းသောနည်းလမ်းလဲဖြစ်သည်။
သူသည် သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ သူသည် ဖီးနစ်ငှက်အား သူသည် ၎င်း၏ သခင်မဟုတ်ဘဲ အပြင်လူတစ်ဦးဖြစ်ကြောင်း မသိစေချင်ပါ။ ဒဏ္ဍာရီဆန်သော သားရဲ၏ အမျက်ဒေါသကို မခံချင်ပါ။
အနည်းငယ် တည်ငြိမ်မှု ပြန်ရပြီးနောက်၊ သူသည် အကြီးအကဲအကြောင်း ပထမ အခန်းဆယ်ခန်း မှ သိထားသမျှကို အသုံးပြုရန် ကြိုးစားရင်း ဖီးနစ်ငှက်ဆီသို့ လျှောက်သွားလိုက်သည်။
သူသည် ဖီးနစ်ငှက်ရှေ့တွင် ရပ်တန့်လိုက်ပြီး သူ့လက်ကို ဆန့်တန်းလိုက်သည်။ ဖီးနစ်ငှက်သည် သူ့ခေါင်းကို ပျော်ရွှင်စွာ ငုံ့လိုက်ပြီး အာရန်ကို ထိတွေ့ခွင့်ပေးလိုက်သည်။
"င့ါရဲ့နေမင်းလေးရေ အိမ်ပြန်ချိန်တန်ပြီဟေ့"
ဖီးနစ်ငှက်က ခေါင်းညိတ်သည်။ နွေးထွေးသော လေပြင်းက အာရန်ကို ရစ်ပတ်လိုက်သည်။ လေသည် သူ့ကို လေထဲသို့ သယ်ဆောင်သွားပြီး ဒဏ္ဍာရီဆန်သော သားရဲ၏ ကျောပေါ်သို့ ဆင်းသက်နိုင်ရန် ကူညီပေးသည်။
ဖီးနစ်ငှက်သည် တိမ်တိုက်များကြားတွင် ပျံသန်းရင်း သူ့ရဲ့ တောင်ပံများကို ဖြန့်ကျက်လိုက်သည်။ ဖီးနစ်ငှက်ရဲ့ အမွေးအတောင်များသည် နေရောင်အောက်တွင် တောက်ပနေပြီး ၎င်းတို့ပတ်ဝန်းကျင်ရှိ ကောင်းကင်ကို ရောင်စုံအလင်းတန်းများဖြင့် ဆေးခြယ်ပေးလိုက်သည်။
မြေပြင်တွင် လူအများအပြားသည် ကောင်းကင်တွင် လှပသော ဖီးနစ်ငှက် ပျံသန်းနေသည်ကို မြင်တွေ့လိုက်ရသည်။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ သူတို့အားလုံး ဖီးနစ်ငှက်ကို အံ့အားတကြီး ကြည့်နေမိကြသည်။
"တစ်နေ့မှာ ငါဟာ အကြီးအကဲရန် လို အားကောင်းလာပြီး ဒဏ္ဍာရီဆန်တဲ့ သားရဲတစ်ကောင်ကိုလည်း ယဉ်ပါးအောင် လုပ်နိုင်လိမ့်မယ်" လို့ မိန်းကလေးငယ်တစ်ယောက်က ပြောလိုက်ပြီး ကောင်းကင်ကို ငေးကြည့်လိုက်သည်။
"အိပ်မက်ပဲ မက်နေ" လို့ နောက်ထပ် မိန်းကလေးတစ်ယောက်က ရယ်မောလိုက်သည်။ "အကြီးအကဲ ရန်ကို ဘယ်သူထင်နေတာလဲ သူက နှစ်တစ်ထောင်မှာ တစ်ခါမှ မွေးဖွားလာတဲ့ မိစ္ဆာဂိုဏ်း ရဲ့ ပါရမီရှင်ပဲ သူ့ရဲ့ ပါရမီကို ကြည့်ပြီး မင်းရဲ့ ပါရမီကို ပြန်ကြည့်။ ကောင်းကင်နဲ့ မြေကြီးလိုပဲ ကွာခြားလွန်းတယ်"
ဆံပင်နက်ရောင် မိန်းကလေးတစ်ယောက်က သူမ၏ မျက်လုံးများတွင် ကြည်ညိုလေးစားမှု အပြည့်ဖြင့် ဝင်ရောက်လာသည်။ "ဟုတ်တယ်လေ။ အကြီးအကဲ ရန်က အရမ်းတော်တာပဲ ငါတို့က သူ့ကို အဝေးကနေပဲ ချီးကျူးနိုင်တယ် ဒါပေမယ့် မကြာတော့ပါဘူး။"
"မကြာတော့ဘူး ဘာကို ဆိုလိုတာလဲ" မိန်းကလေးတစ်ယောက်က အံ့အားတသင့် မေးလိုက်သည်။
"မကြားဘူးလား မနက်ဖြန်က ဂိုဏ်းဝင်ခွင့် စာမေးပွဲပဲ" ပထမ မိန်းကလေးက ပြန်ဖြေသည်။ "ပုံမှန်အားဖြင့်ဆို အတွင်းစည်းတပြည့် ဖြစ်မှသာ အကြီးအကဲတစ်ယောက်ရဲ့ ရွေးချယ်ခံရဖို့ အခွင့်အရေး ရနိုင်တယ်။ ဒါပေမယ့် ဝင်ခွင့် စာမေးပွဲကတော့ မတူဘူး"
"ဝင်ခွင့် စာမေးပွဲမှာ ထိပ်ဆုံး ငါးယောက်က အကြီးအကဲတွေရဲ့ ရွေးချယ်ခံရဖို့ အခွင့်အရေး ရလိမ့်မယ်။ အကြီးအကဲ တစ်ယောက်ထက်ပိုပြီး ရွေးချယ်ရင် ဘယ်အကြီးအကဲနဲ့ လိုက်ချင်လဲဆိုတာ သူတို့ ဆုံးဖြတ်နိုင်တယ်။"
"ပထမ အဆင့်အတွက်ကတော့ ဘယ်အကြီးအကဲမှ မရွေးချယ်ရင်တောင် ဘယ်အကြီးအကဲဆီမှာ သင်ယူချင်လဲဆိုတာ ဆုံးဖြတ်နိုင်တယ်။"
မိန်းကလေးက သူမ၏ သူငယ်ချင်းများကို ဂုဏ်ယူစွာ ဆက်လက် ရှင်းပြနေသည်။ "အကြီးအကဲ ရန်က ပြီးခဲ့တဲ့နှစ်က ဝင်ခွင့်နဲ့ ရာထူးတိုးမြှင့်မှု စာမေးပွဲပြီးမှ ပါဝင်ခဲ့တာဆိုတော့ တပည့်ရွေးချယ်ဖို့ အခွင့်အရေး နှစ်ခုစလုံးကို လွတ်သွားတယ်။ ဒါပေမယ့် မနက်ဖြန်တော့ မတူတော့ဘူး"
"အကြီးအကဲ အားလုံး ဂိုဏ်းဝင်ခွင့် စာမေးပွဲကို စောင့်ကြည့်ကြလိမ့်မယ်လို့ ကြားတယ် သူ့ရဲ့ ကိုယ်ပိုင်တပည့် ဖြစ်လာနိုင်တဲ့ တပည့်သစ်တွေကို အရမ်း အားကျမိတယ်"
"အာ .. ဘာလို့ ငါ ဒီနှစ်မှ မပါဝင်နိုင်ရတာလဲ ဘာလို့ ပြီးခဲ့တဲ့နှစ်ကမှ ဝင်ခဲ့ရတာလဲ"
"ငါ ဂိုဏ်းကို စွန့်ခွာပြီး နောက်တစ်ခါ ပြန်ဝင်ချင်တယ် အကြီးအကဲရန် ရဲ့ တပည့်ဖြစ်ချင်လို့ ကံမကောင်းစွာနဲ့ အဲဒါကို ခွင့်မပြုထားဘူး"
"ငါ့ရဲ့ ချစ်ခင်ရတဲ့ ညီအစ်မတို့ရ စိတ်မပူပါနဲ့အတွင်းစည်းတပြည့် ဖြစ်ဖို့ ပိုကြိုးစားကြရအောင် ငါတို့မှာ အဲဒီအခွင့်အရေး ရှိပါသေးတယ် ငါတို့ အောင်မြင်ကို အောင်မြင်ရမယ် သူရဲကောင်းအကယ်ဒမီက ကောင်တွေလို ပျင်းမနေနိုင်ဘူး"
"အကြီးအကဲရန် အတွက်!"
"အကြီးအကဲရန် အတွက်!"
.....
"ဟင် ဘာလို့ ရုတ်တရက် အေးစိမ့်သွားသလိုခံစားရတာလဲ" အာရန်သည် သူ့ရဲ့ ကျောတွင် ကြက်သီးထသွားသည်ဟု ခံစားလိုက်ရသည်။ သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဤထူးဆန်းသော ခံစားချက်က ဘာလဲဟု နားမလည်နိုင် ဖြစ်နေသည်။
#Catfoot