← Chapters

အသူရာသွေးနတ်ဘုရားမ

Vol. 1 Ch. 4

အသူရာသွေးနတ်ဘုရားမ

Vol. 1 Ch. 4

လှပသော ဖီးနစ်ငှက်သည် ချောက်ကမ်းပါးတစ်ခုဆီသို့ ပျံသန်းလာပြီး ချောက်ကမ်းပါးအစွန်းရှိ သာမန်အိမ်လေးရှေ့တွင် ရပ်တန့်သွားသည်။

အာရန်သည် အခန်းတစ်ခန်းသာရှိသော အိမ်ကို ကြည့်လိုက်သည်။ အကြီးအကဲတစ်ဦးသည် ပိုကောင်းသော နေရာတွင် နေနိုင်ပါလျက် အဘယ်ကြောင့် ဤမျှ သာမန်ကျသော နေရာတွင် နေထိုင်သည်ကို သူ နားမလည်နိုင်ခဲ့ပါ။ သူ့ရဲ့ အမှန်တရားကို ဖော်ထုတ်ခံရမှာကို ကြောက်လို့လား။

အဲဒါကလည်း သူ့အတွက် အဓိပ္ပါယ် မရှိပါ။ သူသည် ဤဇာတ်ကောင်အကြောင်း အနည်းငယ် ဖတ်ဖူးသည်။ ပြီးတော့ သူက ဒီလောက် သတိထားတတ်သူ မဟုတ်ဘူး။

မည်သို့ပင်ဆိုစေ သူ၏အဓိကပြဿနာမှာ အိမ်၏ သေးငယ်မှုနှင့်မဆိုင်ပါ။ အိမ်ထဲသို့ ဘယ်လိုဝင်ရမနည်းဆိုသည့်အရာပင်။

တံခါးက ပွင့်နေဆဲဖြစ်သော်လည်း ဖီးနစ်ငှက်သည် အိမ်ကိုမတော်တဆဖျက်စီးမိမည်စိုးသောကြောင့် အနားသို့မကပ်လာခဲ့ပါ။

အာရန်သည် ဖီးနစ်ငှက်၏ ကျောပေါ်မှ ခုန်ချပြီး အိမ်ထဲသို့ ဆင်းသက်နိုင်ရန် စဉ်းစားခဲ့သော်လည်း ခြေထောက်ကို ဘယ်လောက်လွယ်လွယ်ကူကူ ကျိုးသွားနိုင်ကြောင်း သတိရလိုက်သည်နှင့် ထိုအတွေးကို ချက်ချင်း ပယ်ဖျက်လိုက်သည်။

သူ့ရဲ့ အရင်ဘ၀ကသူဆိုရင်တောင် ဒီအကွာအဝေးလောက်ကဘာမှဖြစ်မှာမဟုတ်ပေမဲ့ ခုခန္ဓာကိုယ်နဲကတော့ဖြစ်နိုင်မည်မဟုတ်ပါ။

"နေမင်းလေးရေ ငါ့ကို အိမ်ထဲကို ပို့ပေးပါ" ဖီးနစ်ငှက်က သူ့ကို အရင်က ပျံသန်းအောင် ဘယ်လိုကူညီပေးခဲ့လဲဆိုတာကို သတိရလိုက်သဖြင့် သူ့ရဲ့ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်ကို အမိန့်ပေးလိုက်ပြီး အဲဒါ အလုပ်ဖြစ်မည်ဟုတွေးလိုက်မိသည်။

ဝတ္ထုထဲတွင် အကြီးအကဲသည် အိမ်ထဲသို့ မည်သို့ ၀င်သွားလဲဆိုတာကို ဖော်ပြထားခဲ့ခြင်းမရှိပေ။

ဖီးနစ်ငှက်က သူ့ကို တောင်ထိပ်ပေါ်ကို သယ်သွားကြောင်းသာ ဖော်ပြထားသည်။

အာရန်သည် သူ့အမိန့်ကို ပေးလိုက်သည်နှင့် နွေးထွေးသော လေပြင်းတစ်ခုက သူ့ကို ဝန်းရံသွားသည်ကို ခံစားလိုက်ရသည်။ လေသည် သူ့ကို အိမ်ထဲသို့ သယ်ဆောင်သွားပြီး ဘေးကင်းစွာ ဆင်းသက်နိုင်ရန် ကူညီပေးသည်။

"ဒါဆို အလုပ်ဖြစ်သားပဲ"

အာရန်သည် သက်ပြင်းချလိုက်ပြီး ဖီးနစ်ငှက်ကို ပြန်ကြည့်လိုက်သည်။ 

ဒဏ္ဍာရီဆန်သော သားရဲသည် သူထင်ထားသည်ထက် ပိုအသုံးဝင်သည်။ ဒဏ္ဍာရီဆန်သော သားရဲမရှိလျှင် သူအစောကတည်းက သေသွားလောက်ပြီဖြစ်သည်။

"ကျေးဇူးတင်ပါတယ် င့ါရဲ့နေမင်းလေးရေ" သူသည် သားရဲကို ကျေးဇူးတင်ပြီး အခန်းကို အာရုံစိုက်လိုက်သည်။

သူသည် ယခင်ကမ္ဘာကိုပြန်သွားရန် နည်းလမ်းကို ရှာဖွေလိုသည်။ ဤကမ္ဘာသည် မှော်နှင့် ဒဏ္ဍာရီဆန်သော သားရဲများဖြင့် ပြည့်နှက်နေသော်လည်း သူသည် ဤနေရာတွင် မနေထိုင်ချင်ပါ။

သူသည် ဤနေရာတွင် လျှို့ဝှက်ရှင်သန်ရသော  သူလျှိုတစ်ဦးဖြစ်နေပြီး သူ့လည်ပင်းတွင် ဓားတစ်ချောင်းက အချိန်တိုင်း ​ဝေ့ဝဲနေလေသည်။

သူဖော်ထုတ်ခံရပါက မိစ္ဆာဂိုဏ်း၏ဂိုဏ်းချုပ်က သူ့ကို ချက်ချင်းသတ်ပစ်လိမ့်မည်။ သူ့ရဲ့ တာဝန်မှ ကျရှုံးခဲ့ရင်လဲ သန့်စင်ဘုရင်မ က သူ့ကို ငရဲအထိ လိုက်ဖမ်းလိမ့်မည်။

 သူသည် ထိုမွန်းစတားနှစ်ယောက် ကြားတွင် ကြားညှပ်မခံလိုပါ။

သူသည် အိပ်ခန်း စင်ပေါ်တွင် စတင်ရှာဖွေလိုက်သည်။ သို့သော် စာစောင်အနည်းငယ်မှလွဲ၍ ထိုစင်များပေါ်တွင် ဘာမျှမရှိပါ။

စင်အပြင် ဤအခန်းတွင် အိပ်ရာတစ်ခုသာ ရှိသည်။ ရန်သည် ရေရှည်နေထိုင်ရန် အမှန်တကယ် အစီအစဉ်မရှိခဲ့သလိုပဲ။ သူ့ရဲ့ အလုပ်ကို ပြီးဆုံးပြီး ထွက်ခွာဖို့ စီစဉ်နေပုံရတယ်။ သူ့မှာ ဘာပစ္စည်းမှ မရှိတာ အံ့သြစရာ မရှိဘူး။

အာရန်သည် အိပ်ရာအောက်ကို ကြည့်လိုက်ပြီး ဖုန်မှုန့်များမှလွဲ၍ ဘာမျှမတွေ့ရပြန်ပါ။

"အဟွတ်" သူသည် အိပ်ရာအောက်တွင် အသက်ရှူလိုက်သောအခါ ဖုန်မှုန့်များသည် သူ့နှာခေါင်းထဲသို့ ဝင်သွားပြီး ချောင်းဆိုးခြင်းနှင့် နှာချေခြင်းကို ဖြစ်စေသည်။

"အနည်းဆုံးတော့ မင်းရဲ့ အိမ်ကို သန့်ရှင်းရေးလုပ်ပါဦး" သူသည် ယခု ပိုင်ဆိုင်ထားသော အကြီးအကဲကို ဆူငေါက်လိုက်သည်။

အိပ်ရာအောက်တွင်လည်း ဘာမျှမရှိပါ။ သူ့ရဲ့ ယူဆချက်နဲ့ မတူဘဲ ဘာကိုမှ ရှာမတွေ့ခဲ့ဘူး။

"ငါ့ကို ကူညီနိုင်မယ့်အရာ ဘာမှ မရှိတော့ဘူးလား" အာရန်သည် အနည်းငယ် မောပန်းစွာ အိပ်ရာပေါ်တွင် ထိုင်လိုက်သည်။

ထိုင်လိုက်သည်နှင့် တစ်ခုခုက မွေ့ယာအောက်တွင် ခံစားမိသောကြောင့် သူ မတ်တပ်ရပ်လိုက်သည်။ သူ မစစ်ဆေးရသေးသော တစ်ခုတည်းသော အရာဖြစ်သည်။

မွေ့ယာကို မြှင့်လိုက်သောအခါ ဖုန်မှုန့်များ ပိုမိုပျံ့နှံ့သွားသည်။ ထိုဖုန်မှုန့်များအောက်တွင် သူ့အကြည့်က မွေ့ယာအောက်ရှိ အရာများပေါ်သို့ ရောက်သွားသည်။

"ဒါ… ဒါက ဒီမှာ ဘာလုပ်နေတာလဲ" သူသည် သူ့လက်ကို ဆန့်တန်းလိုက်ပြီး မွေ့ယာအောက်တွင် ရှိနေသော စမတ်ဖုန်းကို ကောက်ယူလိုက်သည်။

စမတ်ဖုန်းအပြင် ရွှေရောင်လက်စွပ်တစ်ကွင်းကိုလည်း တွေ့လိုက်ရသည်။ သူသည် ဖုန်းကို ခဏတာ သူ့အိတ်ထဲတွင် သိမ်းထားပြီး လက်စွပ်ကို ကောက်ယူလိုက်သည်။

"ဟာမင်းကင့ါကို  ဖမ်းမိစေချင်နေတာလား" သူသည် လက်စွပ်ကို ကြည့်လိုက်သည်နှင့် ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။

"မင်းက င့ါကို သူရဲကောင်းအကယ်ဒမီကလို့ ကမ္ဘာကို ကြေညာချင်နေတာလား  အဲဒီစာရေးဆရာက ဗီလိန်ကို ဘယ်လိုအထာကျအောင် လုပ်ရမှန်း မသိတဲ့ လူမိုက်ပဲ"

သူသည် သူရဲကောင်းအကယ်ဒမီ ၏ သင်္ကေတကို လက်စွပ်ပေါ်တွင် မြင်နိုင်သည်။ ၎င်းသည် သန့်ရှင်းသော စွမ်းအင်ဖြင့်လည်း ဖုံးလွှမ်းထားသည်။ တစ်ချက်ကြည့်ရုံဖြင့် ဤလက်စွပ်သည် ဘယ်ကလာသည်ကို ခန့်မှန်းရန် လွယ်ကူသည်။

အာရန်သည် တစ်စုံတစ်ယောက်က အဘယ်ကြောင့် ဤမျှ မိုက်မဲနိုင်သည်ကို နားမလည်နိုင်ပါ။ သူတို့ ထိုးဖောက်ဝင်ရောက်နေတယ်ဆိုရင် သာမန် သိုလှောင်ရေးလက်စွပ်ကို ဝယ်သင့်တယ် အနည်းဆုံးတော့ သူ အဲဒီလို လုပ်မှာပေါ့။ထိုစဉ်…

" အကြီးအကဲရန်  စောစောက လူမိုက်ဆိုတာဘယ်သူ့ကိုပြောတာလဲရှင်  "

အာရန် စကားပြောပြီးသည်နှင့် ချစ်စရာကောင်းသော အသံတစ်ခု အပြင်ဘက်မှ ကြားလိုက်ရသည်။

ထိတ်လန့်သွားပြီး သူသည် လက်စွပ်ကို သူ့နောက်တွင် အမြန်ဝှက်ထားလိုက်ပြီး သူ့ကံဆိုးမှုကို ဆဲဆိုလိုက်သည်။ ခုလေးတင်ပဲ ဧည့်သည်တစ်ယောက် ရောက်လာရတယ်လို့

အမျိုးသမီးတစ်ဦးသည် သူ့ခန္ဓာကိုယ်ကို တင်းကျပ်စွာ ရစ်ပတ်ထားသော အနက်ရောင် ၀တ်ရုံရှည်ကို ၀တ်ဆင်ထားပြီး အခန်းထဲသို့ ပျံသန်းဝင်ရောက်လာသည်။

"ဘယ်သူက အကြီးအကဲရန်ကို စော်ကားနေတာလဲ" အမျိုးသမီးရဲ့ သာယာနာပျော်ဖွယ် အသံသည် အာရန်ရဲ့ နားထဲသို့ ရောက်လာပြီး သူ့ကို ချက်ချင်းနီးပါး ဆွဲဆောင်သွားစေသည်။

သူ့ရှေ့တွင် ရပ်နေသော အမျိုးသမီးသည် တကယ့်နတ်သမီးနှင့်တူသည်။ သူသည် ကမ္ဘာပေါ်တွင် အချိန်အတော်ကြာ နေထိုင်ခဲ့သော်လည်း ဤမျှ လှပသောသူကို မမြင်ဖူးပါ။ သူ့ကမ္ဘာမှ မင်းသမီးများပင် ဤအမျိုးသမီးရှေ့တွင် ရှုံးနိမ့်သွားကြသည်။

ကံမကောင်းစွာဖြင့် ထိုအမျိုးသမီးသည် မည်သူဖြစ်ကြောင်း သဘောပေါက်လိုက်သောကြောင့် အမျိုးသမီး၏ အလှကို ခံစားရန် သူ့တွင် အချိန်မရှိတော့ပါ။

ဝတ္ထုထဲတွင် သူမ၏ ဖော်ပြချက်နှင့် ကိုက်ညီသူ တစ်ဦးတည်းသာ ရှိသည်။ သူမသည် လူတစ်ဦး၏ ဝိညာဉ်ကို ထိုးဖောက်ကြည့်နိုင်သည့် နတ်ဆိုးဆန်သော မျက်လုံးနီများကို ပိုင်ဆိုင်ထားသူဖြစ်သည်။

သူမ၏ အနက်ရောင် ဆံပင်သည် ရေတံခွန်ကဲ့သို့ သူမ၏ ကျောပေါ်သို့ စီးဆင်းနေပြီး သူမ၏ လောကနှင့် မသက်ဆိုင်သော အငွေ့အသက်ကို ပိုမိုမြင့်တင်ပေးသည်။ သူမကို တစ်ချက်ကြည့်ရုံဖြင့် မည်သည့် ယောက်ျား၏ ရင်ဘတ်ကိုမဆို

မြန်ဆန်စွာဖြင့် တဒုံးဒုံး ခုန်သွားစေနိုင်သည်။

ဝတ္ထုထဲတွင် ဤအမျိုးသမီးအကြောင်းများစွာ ဖော်ပြထားသည်။ သူမသည် ဝတ္ထုထဲမှ အရေးကြီးသော ဇာတ်ကောင်များထဲမှ တစ်ဦးဖြစ်သည်ဟု ဆိုလျှင် မှားမည်မဟုတ်ပေ။

ဝတ္ထုထဲတွင် သူမသည် မိစ္ဆာဂိုဏ်းတွင် အဆိုးဆုံး မွန်းစတားများထဲမှ တစ်ဦးဖြစ်ကြောင်း ဖော်ပြထားသည်။

သူမသည် သူမ၏ ကိုယ်ပိုင်တပည့်ကို သတ်ခဲ့သူဖြစ်သည်။ သူမ အသက်သုံးနှစ်အရွယ်ကတည်းက သင်ကြားပေးခဲ့သော တပည့်ကိုပြန်သတ်ခြင်း ဖြစ်သည်။ သူမသည် သူ့ကို တစ်ကြိမ် လိမ်လည်မှုဆိုသည့်အကြောင်းပြချက်ဖြင့်  သတ်ပစ်ခဲ့ခြင်းဖြစ်သည်။

 သူရဲကောင်းအကယ်ဒမီ တွင် ထိုအမျိုးသမီးကို အသူရာသွေးနတ်ဘုရားမ ဟုလူသိများပြီး မြို့များကို ဖျက်ဆီးကာ သူမ၏ လမ်းကြောင်းရှိ မည်သူ့ကိုမဆို သတ်ပစ်ဖို့ဝန်မလေးပေ။

ဤအမျိုးသမီးသည် ဒေါသထွက်တိုင်း သွေးမြစ်များ စီးဆင်းလေ့ရှိသည်ဟု ဆိုကြသည်။ နတ်ဆိုးဂိုဏ်းမှ အကြီးအကဲများပင် သူမကို ကြောက်ရွံ့ကြသည်။ သူမ၏အမည်မှာ ကျန်းဝေ ဖြစ်သည်။

အာရန်သည် အမျိုးသမီးကို ကြည့်လိုက်ပြီး သူ့နောက်ကျောသည် ချွေးများဖြင့် ရွှဲနစ်နေပြီး သူ့မျက်လုံးများသည် သူ့ကို နှစ်ပိုင်းဖြစ်အောင် ဆုတ်ဖြဲနိုင်သည့် သူမ၏ ချွန်ထက်သော လက်သည်းများဆီသို့ ဆက်လက် ရွေ့လျားနေသည်။

#Catfoot

All Chapters