← Chapters

တစ်ဝက်တပျက်

Vol. 17 Ch. 241

တစ်ဝက်တပျက်

Vol. 17 Ch. 241

အဖွဲ့သားတွေဟာ..ကောင်းကင်ဘုံရဲ့ ဒေါသကို တစ်နေ့လုံးနီးပါး..ခံစားခဲ့ကြရသလို ဖြစ်သွားခဲ့တယ်..။မုန်တိုင်းမလာခင်အထိတော့..ညရောက်ဖို့က အတော်လိုနေသေးပေမယ့်..အခုတော့ မနက်ခင်းအသစ်ကို ရောက်လာသလိုဖြစ်နေခဲ့ပါပြီ..။

ရုပ်ထုကြီးကတော့..ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်ပြီးတာတောင် လုံးဝ မတုန်လှုပ်ပဲ..တောင်ဘက်ကို ချီတက်နေပါသေးတယ်..။ဒီရုပ်ထုကြီးကို အမည်မသိတဲ့ စွမ်းအင်တစ်ခုက သယ်ဆောင်နေတယ် ဆိုတာကို ဆန်နီ ပိုပိုပြီး သေချာနေခဲ့ပါပြီ..။

ခေါင်းပြတ်ရုပ်ထုကြီးက သက်ရှိဆိုတာထက် ထပ်တူညီမူ တစ်ခုနဲ့တောင် ပိုပြီးတူညီနေခဲ့သေးတာပါ..။သို့ပေမယ့်..ထပ်တူညီမူ တွေဆိုတာကလည်း ခံစားချက် အပိုင်းအစလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်..။အနည်းဆုံးတော့ သူ့ရဲ့ ကြေးခွံသားရဲ မှာ ရှိခဲ့တယ်..။တိတ်တဆိတ် ကခုန်သူ ဆိုရင်လည်း..တစ်ခါတစ်လေမှာ ဆိုရင် ရန်လိုတတ်တဲ့ မိန်းမငယ်လေးတစ်ယောက်လို ပြုမူတတ်တာပါ..။

ဆန်နီ ထက်တောင် ပိုပြီး သွက်လက်လှုပ်ရှားတတ်တဲ့ အရိပ်တွေ ဆိုရင် ပြောနေစရာတောင် မလိုတော့ပါဘူး..။

ဒီအရာတွေ အားလုံးနဲ့ယှဥ်လိုက်မယ်ဆိုရင်တော့..ကျောက်တုံးရုပ်တုကြီးက အတော်ကို အသက်မဲသလိုဖြစ်နေပါတယ်..။

သူက ဘယ်လို အရာမျိုးလဲ..။

ဆန်နီ ကျောက်တုံးပေါ်မှာလဲလျောင်းနေရင်း..ပလက်ဖောင်းရဲ့ အစွန်းဖက်မှာ မတ်တတ်ရပ်နေတဲ့..ကျောက်တုံးသူတော်စင်ကို လှမ်းကြည့်လ်ိုက်ပါတယ်..။ဒီ သက်ရှိရုပ်ထုက သူမရဲ့..ဆွေမျိုးဖြစ်တဲ့ ကျောက်တုံး ရုပ်ထု အပေါ် ဘယ်လိုတွေးမလဲ ဆိုတာကိုတောင် သူ သိချင်မိပါသေးတယ်..။သူမက ..အံ့ဩနေမလား ဒါမှမဟုတ် လုံးဝ ဂရုမစိုက်ပဲ နေမှာလား..။

ဒါကတော့ ပြောဖို့ခက်ပါတယ်..။သို့ပေမယ့်..သူက ဒီအရာတွေကို တွေးတော နေဖို့ စိတ်ခံစားချက် မရှိခဲ့ပေ..။

ဆန်နီက အတော်ကို မောပန်းပြီး နာကျင်နေခဲ့ပါပြီ..။တစ်ခြားလူတွေလည်း ဒီလိုပါပဲ..။

အိပ်မက်ဆိုးသားအုပ်အုပ်စု နှစ်ခုရဲ့ တိုက်ခိုက်မူ ၊ မုန်တိုင်း နဲ့ ပင်လယ်နက်ထဲက သားရဲ ရဲ့လက်ထဲကနေ ရှင်သန်လာကြတယ် ဆိုပေမယ့်လည်း အဖွဲ့သားတွေ ပုံစံဟာ အတော်ကို ထိပ်လန့်နေခဲ့ကြတယ်..။

တစ်ယောက်ချင်းစီတိုင်းက..ကျောက်တုံးမျက်နှာပြင်ပေါ်မှာ လဲလျောင်းတာ ဒါမှမဟုတ်..ခံစားချက်မဲ့တဲ့ မျက်နှာနဲ့ ထိုင်နေတာတွေကို လုပ်နေခဲ့ကြပါတယ်..။

ကိုင် တောင်မှ ခါတိုင်းလိုမျိုး တောက်ပ မနေတော့ပေ..။ဒီအရာတစ်ခုတည်းနဲ့တင် သူတို့ကြုံတွေ့ခဲ့ရတာက ဘယ်လောက်တောင်ခက်ခဲလဲ ဆ်ိုတာကို ပြောနိုင်ပါတယ်..။ဒီဟာက ခါတိုင်း မေ့ပျောက်ကုန်းမြေမှာရင်ဆိုင်နေကြရတဲ့ ရက်စက်မူတွေနဲ့တောင် မတူပါဘူး..။

ကောင်းပြီ..ဘာပဲဖြစိဖြစ်။သူတို့က အသက်ရှင်ခဲ့ပါတယ်..။တကယ်လို့ ဆန်နီသာ မမှားဘူးဆိုရင် ကျောက်တုံးရုပ်ထုကြီးက သူတို့ကို တောင်ဘက် ကီလိုမီတာ တစ်ထောင်လောက် ရှိနေပါပြီ..။ညနေလောက် ရောက်သွားတဲ့အခါဆိုရင် ဒါက နှစ်ဆလောက် ရောက်သွားလောက်ပါပြီ..။

ဝင်္ကပါကို ကျော်ဖြတိဖို့အတွက် တကယ်ကို လျင်မြန်တဲ့ နည်းလမ်းတစ်ခုပါပဲ..။နှစ်ရက်အတွင်းမှာတင်..ဒါက..ဆန်နီ ၊ နစ်ဖီ ၊ ကတ်စီတို့ ဝင်္ကပါထဲမှာ နှစ်လလောက် အနက်ရောင်မြို့တော်ကို ခရီးထွက်ခဲ့တဲ့ပမာဏထက် ဆယ်ဆလောက် ပိုများပါတယ်..။ပြီးတော့ သူတို့ ဒီလောက်မြန်မြန်ရောက်နိုင်ခဲ့တယ် ဆိုတာကလည်း လှေနဲ့သွားဖို့ ဆုံး့ဖြတ်ချက် ချခဲ့လို့ပါ..။

မဆိုးဘူး..သူတို့ နာရီအနည်းငယ်ကြာအောင် အစစ်အမှန် နိပ်စက်ခံရပြီး ..သေခါနီး အခိုက်အတန့်တွေ ကြုံရတာတောင် ထိုက်တန်ပါသေးတယ်..။

..ထပ်ပြောရရင် ရုပ်ထုကြီးရဲ့ အပေါ်မှာနေခြင်းရဲ့ ကောင်းကျိုးက အရှိန်မြန်တာ တစ်ခုတည်းမဟုတ်ပေ..။

ကျေနပ်တဲ့ အမူအရာနဲ့ပဲ ဆန်နီဟာ သူ့ခန္တာကိုယ်ကို ပြန်နားထောင်ရင်း ပြုံးလိုက်တယ်..။အချက်အလက်ဇယားကို မကြည့်ပဲနဲ့တောင်..သူက ကျောက်တုံးသူတော်စင်ကို မဖန်တီးခင်က အခြေအနေကို ပြန်ရောက်နေပြီဆိုတာကို ခံစားရပါတယ်..။ဒီထက်တောင် ပိုချင်ပိုဦးမှာပါ..။

သို့ပေမယ့်..ကြည့်လိုက်လို့လဲ ဘာမှမကျိုးမယုတ်ပေ..။

အချက်အလက် ဇယားက သူ့ရှေ့က လေထဲမှာပေါ်လာတဲ့ အချိန်မှာတော့ ဆန်နီဟာ ရင်းနှီးတဲ့ အရာတစ်ချို့ကို မြင်ပြီး မျကိတောင်ခတ်လိုက်တယ်..။

အရိပ်အပိုင်းအစ : [ 494 / 1000 ]

'ဒါက..ဒါက...ဘယ်လို '

ကျိုင်းကောင် တွေ ၊ သွေးပန်းပွင့် တွေနဲ့ တိုက်ပွဲမှာ ..သူက အပိုင်းအစတွေ အများကြီး ရခဲ့တယ် ဆိုတာကို သိပေမယ့်လည်း ဒီပမာဏကို မြင်ပြီး အံ့ဩမိတုန်းပါပဲ..။ကတ်စီက..မုန်တိုင်းလာနေပြီဆိုတာကို သတိမပေးခင်အချိန်အထိ သူ့မှာက အပိုင်းအစ တစ်ရာကျော်လောက်ပဲ ရှိခဲ့တာပါ..။

အတိအကျ ပြောမယ်ဆိုရင် ဒါက တစ်ရာ သုံးဆယ့် နှစ်ခု ပါ..။

' မယုံနိုင်စရာပဲ '

အများစုကတော့ သွေးပန်းပွင့်တွေ ဆီကနေ ရခဲ့တယ်..။တည့်တည့်ပြောရမယ် ဆိုရင်တော့ ဆန်နီက ဒီလောက်အများကြီးကို မသတ်ခဲ့ရပါဘူး..။သူလုပ်ခဲ့တာ ဆိုလို့..သူတို့ရဲ့ ပိုင်ရှင်တွေကို အောက်ကျအောင် လုပ်ခဲ့တာဖြစ်ပြီး ကျန်တာကို..ကမ္ဘာမြေရဲ့ဆွဲအားကပဲ ဆက်ပြီး လုပ်သွားခဲ့တာပါ..။သုံးမြှောင့်ဆူချွန် ၊ သန်းခေါင်းယံ အမြုတေ နဲ့ တိုက်ခိုက်ပြီး သူ့လက်ချက်နဲ့သေခဲ့တာဆိုလိူ့ နှစ်ဒါဇင်လောက်ပဲ ရှိပါလိမ့်မယ်..။

ပြီးတော့ နောက်တစ်ခုကတော့ သူ့ရဲ့သွေးနဲ့ပါ..။သို့ပေမယ့် ဆန်နီ ဒီအကြောင်းကို တွေးတောင် မတွေးချင်တော့ပေ..။

သွေးပန်းပွင့်ကို ပိုင်ဆိုင်ထားတဲ့ သားရဲတစ်ကောင်ချင်းစီတိုင်က နိုးထမူ အဆင့်တွေဖြစ်ပြီး..သူ့ကို အပိုင်းအစ လေးခုစီ ပေးပါတယ်..။ကျောက်တုံးသူတော်စင်က..ကျိုင်းကောင်တွေကို..သတ်ဖြတ်ခဲ့တဲ့ အရေအတွက်ပါ ထပ်ပြီး ပေါင်းထည့်လိုက်တဲ့ အချိန်မှာ ဆန်နီဟာ

ဒီလို အံ့ဩစရာ ပမာဏကို ရရှိခဲ့တာပါ..။

ဒါက သူ့ရဲ့ နဂိုပုံစံကို ပြန်ရရှိယုံတင် မကပဲ..ခါတိုင်းထက်..အပိုင်းအစ တစ်ရာလောက်တောင် ပိုပြီး သန်မာလာခဲ့ပါသေးတယ်..။

'အကုန်လုံးကို..တစ်ရက်တည်းနဲ့ပဲ '

အံ့ဩသင့်စွာနဲ့ပဲ..ဆန်နီ အကူညီမဲ့စွာ ခေါင်းခါယမ်းလိုက်တယ်..။တကယ်လို့ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင်..သူက ဒီ စူးစမ်းရှာဖွေမူ အပြီးမှာ အမြုတေနဲ့အပြည့် အပိုင်းအစတွေ ရတော့မှာပါ..။

ဒါက ဒီရှာဖွေမူကို ပူးပေါင်းခဲ့တဲ့ အကြောင်းပြချက်တွေထဲက တစ်ခုပါပဲ..။သို့ပေမယ့် ဒီနေ့မတိုင်ခင်အထိ ဒီရည်ရွယ်ချက်က ယောင်ဝါးဝါး ဖြစ်နေခဲ့တာပါ..။

အခုတော့ အစစ်အမှန်ဖြစ်လာခဲ့ပါပြီ..။

အပိုင်းအစ တစ်ထောင်ရရှိပြီး သူ့ရဲ့ အမြုတေကို ပြည့်အောင် လုပ်ဖို့အပြင်..ဆန်နီ နောက်ထပ် လေ့လာရမယ့်..သူ့ရဲ့ နတ်ဘုရား စွမ်းရည်လည်း ရှိနေပါသေးတယ်..။သူ့ရဲ့ အချက်အလက် ဇယားမှာ အရိပ်အပိုင်းအစက [ 1000 / 1000 ] ဖြစ်သွားရင် ဘယ်လိုဖြစ်မှာလဲ ။

သူက ဒီဟာကို တွေ့ရှိရဖို့ တစ်ဝက်နီးပါးကို ရောက်နေပါပြီ ။

ဆန်နီဟာ အချက်အလက် ဇယားရဲ့ တစ်ခြားနေရာကိုကြည့်ပြီး ဖတ်လိုက်တယ်..။

မှတ်သားမူ : [ ငွေရောင် ခေါင်းလောင်း ] [ ရုပ်သေးဆရာရဲ့ ဝတ်ရုံတော် ] [ သန်းခေါင်ယံ အမြုတေ ] [ သုံးမြှောင့်ဆူးချွန် ] [ အဆုံးမရှိ စမ်းချောင်း ]

ပြီးတော့ ဒီဟာတွေရဲ့ အောက်မှာ နောက်ထပ် တောက်ပနေတဲ့ အရာနှစ်ခု ရှိနေခဲ့တယ်..။

[ သွေးပန်းပွင့် ] [ အနက်ရောင် တောင်ပံ ]

' မှတ်သားမူ အသစ် နှစ်ခုပဲ . ကံထူးပြီ '

သူ့ရဲ့ ပျော်ရွှင်မူကို အနည်းငယ် ပျက်စီးစေတဲ့ အချက်က လတ်တလောမှာ သူ့နဲ့ ကိုက်ညီမူ ရှိတဲ့ မှတ်သားမူကို ရှာဖွေရ ခက်ခဲနေတာပါပဲ..။ဒါပေါ့..ကျောက်တုံးသူတော်စင်ကတော့..သူ့ရဲ့ ပြတိုက်ထဲက အသုံးမဝင်တဲ့ အရာတိုင်းကို အရသာရှိတဲ့ အစားအသောက်အဖြစ် အသုံးပြုလို့ရပါတယ်..။

သို့ပေမယ့်..ဒီတိုင်း ကျောက်တုံးသူတော်စင်ကို ကျွေးလိုက်ရတာကအင်အားကြီးတဲ့ လက်နက်တစ်ခုကို ရရှိလိုက်တာလောက်တော့ မကောင်းမွန်ပါဘူး..။

သိချင်တဲ့ ခံစားချက် အပြည့်နဲ့ပဲ..ဆန်နီဟာ သူ့ရဲ့ မှတ်သားမူ အသစ်ကို အာရုံစိုက်ထားခဲ့တယ်..။

'ကောင်းပြီလေ..ကြည့်ကြတာပေါ့..။ဘာပဲဖြစ်ဖြစ် တစ်ခုခု အသုံးဝင်တာဖြစ်နေနိုင်တာပဲ '

.

All Chapters