အရုပ်အသစ်များ
Vol. 17 Ch. 242
ဆန်နီဟာ..အနက်ရောင် တောင်ပံတွေကို အရင်ကြည့်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်..။
'ငါ့ရဲ့ အရိပ်က ဘာတွေယူလာပေးနိုင်မလဲ ဆိုတာကို ကြည့်ကြတာပေါ့..'
သူ တောက်ပ နေတဲ့ ဇယားကိုကြည့်လိုက်တယ်..။
မှတ်သားမူ : [ အနက်ရောင် တောင်ပံ ]
မှတ်သားမူ အဆင့် : နိုးထမူ
မှတ်သားမူ သတ်မှတ်ချက် : 1
မှတ်သားမူ အမျိုးအစား : အဝတ်အစား
ဖော်ပြချက် : [ ဒီဝတ်ရုံက ပုစဥ်း တောင်ပံ ကဲ့သို့ ပေါ့ပါးပြီး..ခံနိုင်ရည်ရှိသည် ]
ဆန်နီ ဖော်ပြချက်ကို ဖတ်ပြီး မျက်နှာရှုံ့မဲ့သွားခဲ့သည်..။
'ဝတ်ရုံလား..။နောက်ထပ် ဝတ်ရုံပဲလား..။ပြီးတော့..ပုစဥ်းတစ်ကောင်ရဲ့ တောင်ပံလို ခံနိုင်ရည်ရှိတယ် ဆိုတာ အခိုက်အတန့်က ဘာကို ပြောချင်တာလဲ..။ဒီဟာက ဘာခံနိုင်ရည်မှ မရှိဘူးလေ..'
အသက်ကို ပြင်းပြင်းရူပြီး သူ ကိုယ့်ကိုကို တည်ငြိမ်အောင် လုပ်လိုက်ကာ..အချက်အလက် ဇယားကို ဖတ်လိုက်ပါတယ်..။
'ကောင်းပြီ..ဒါက မယုံနိုင်လောက်အောင်..စွမ်းရည်တိုးမြင့်ပေးနိုင်တဲ့ အရာလည်း ဖြစ်နိုင်တာပဲ '
တိုးမြင့်မူ ဖော်ပြချက် [ ဒီအရာက တစ်စုံတစ်ယောကို မြေပြင်ပေါ်မှ အနည်းငယ် မြင့်တက်အောင် လုပ်ပေးနိုင်ပြီး ဘယ်နေရာကိုမဆို ဖြည်းညှင်းစွာ ရွေ့လျားနိုင်အောင် ကူညီပေးနိုင်သည်။သို့မဟုတ် မည်သည့် အမြင့်ကနေ မဆို ညှင်သာစွာ ကျဆင်းနိုင်အောင် ကူညီပေးနိုင်သည် ]
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။ဒီ မှတ်သားမူက သူ့အတွက် အသုံးဝင်နိုင်လား ဆိုတာကို စဥ်းစားနေခဲ့တာပါ..။ယင်းနောက် သူ ဝိဥာဥ် ပင်လယ်ထဲကို သွားပြီး..အနက်ရောင် တောင်ပံ ဂြိုလ်လုံးလေးကို အနီးကပ်ကြည့်လိုက်တယ်..။
အခိုက်အတန့်ကပေးတဲ့ အချက်အလက်တိုင်းက အမြဲတမ်းပြည့်စုံနေတာမျိုးမဟုတ်ပါဘူး..။ဒီတော့ ကိုယ့်ဟာကို လေ့လာကြည့်တာက အကောင်းဆုံးပါ..။
စစချင်းကြည့်ရင်တော့..လေပေါ်ကို ပျံနိုင်တဲ့ စွမ်းရည်ဆိုတာက တကယ်ကို မယုံနိုင်စရာပါပဲ..။တကယ်ကို အံ့ဩဖို့ကောင်းတယ်..။ပိုင်ရှင်ကို တောင်ပံတွေဖြစ်ပေါ်စေတဲ့ မှတ်သားမူမျိုးကို ဆန်နီ ကြားဖူးထားအေမယ့်..နိုးထသူအဆင့် ၊ မာစတာအဆင့် မရောက်ခင်မှာ ဒီလိုမျိုး ရရှိလိမ့်မယိလို့ သူ မထင်ထားခဲ့ပေ..။သို့ပေမယ့် သူတို့ရဲ့ အသုံးဝင်မူက ကွဲပြားမူတွေတော့ရှိပါတယ်..။
သူတို့ရဲ့ အမြင့် ၊ အမြန်နှုန်းနဲ့ ထိန်းချုပ်နိုင်စွမ်းတွေ အတွက် မေးခွန်းထုတ်စရာ တွေ အများကြီးပါပဲ..။မှတ်သားမူတွေက..ကိုင်ရဲ့ စွမ်းရည် ..ပျံသန်းနိုင်သလောက်တော့ ရရှိနိုင်မှာမဟုတ်ပေ..။သို့ပေမယ့် နီးစပ်မူ ရှိအောင်တော့ လုပ်နိုင်ပါလိမ့်မယ်..။
သို့ပေမယ့် ဒီလို မှတ်သားမူတွေ ထဲမှာတော့ အနက်ရောင်တောင်ပံက အနိမ့်ဆုံး အဆင့်အတန်းမှာ ရှိနေတဲ့ ပုံပါပဲ..။ဒီအရာက...လူတစ်ယောက်ကို မြေပြင်ကနေ မီတာ အနည်းငယ်လောက်သာ မြင့်အောင်စွမ်းဆောင်ပေးနိုင်ပြီး..အရှိန်ကလည်း အရမ်းကို နှေးကွေးလှပါတယ်..။
ဒီလို အရာမျိုးတွေ လောက်ကိုတော့..ဆန်နီဟာ သူ့ရဲ့ သုံးမြှောင့်ဆူးချွန်၊ မမြင်ရတဲ့ ကြိုး နဲ့လည်း လုပ်ဖူးနေခဲ့တာပါ..။ပြီးတော့ ဒီထက်လည်း ပိုစွမ်းဆောင်နိင်ပါတယ်..။ဒါပေါ့..သူ တိုက်ခိုက်တဲ့အချိန်မှာတော့ ကူနယ် နဲ့ လေပေါ်မှာပျံပြီး မတိုက်ခိုက်ပါဘူး..။ဒီလိုယှဥ်ရင်တော့ ဒီ မှတ်သားမူ အသစ်ကပိုကောင်းပါတယ်..။
သို့ပေမယ့်..အနက်ရောင်တောင်ပံ နဲ့ လေပေါ်ပျံပြီး တိုက်ခိုက်တာ ၊ အပေါ်ကနေ ခုန်ဆင်းနေရင်း တိုက်ခိုက်တာကို တွေးကြည့်တဲ့အချိန်မှာ ဆန်နီ ကြက်သီးထသွားခဲ့တယ်..။
လှပတဲ့ ဝတ်ရုံက တကယ်ပဲ..ပုစဥ်းတောင်ပံ တွေနဲ့ တူနေခဲ့ပါတယ်..။ဒါက အတော်လေးလည်း ပါးလွှာနေခဲ့တယ်..။ပုံမှန်တိုက်ခိုက်မူလေးတစ်ခုကတင် ဒီအရာကို စုတ်ပြဲသွားပြီး..အသုံးပြူသူကို အောက်ပြုတ်ကျစေမှာ အသေအချာပါပဲ...။ဒီတော့..ဆန်နီသာ မသေချင်ဘူးဆိုရင်..ဒီမှတ်သားမူနဲ့ တိုက်ပွဲဝင်တာက..မေးခွန်းထုတ်စရာ ဖြစ်နေတော့မှာပါ..။
ခနလေးအတွင်းမှာပဲ..ဒါက သုံးမြှောင့်ဆူးချွန်ထပ် အနည်းငယ် တန်ဖိုးရှိနေပြီး..တိုက်ပွဲထဲမှာတော့ သုံးလို့ မရနိုင်ဘူးဆိုတာ နားလည်လိုကိတယ်..။
ဆန်နီ ကျောက်တုံးသူတော်စင်ကို ကြည့်လိုက်ပါတယ်..။
'သူမကို ကျွေးလိုက်သင့်လား..'
သို့ပေမယ့် နောက်ထပ် စက္ကန့်အနည်းငယ်လောက် စဥ်းစားပြီးတဲ့ အချိန်မှာ သူ ခေါင်းခါယမ်းလိုက်ပါတယ်..။
သူ့မှာ အားနည်းချက်တစ်ချို့ ရှိနေပေမယ့် အနက်ရောင် တောင်ပံက တကယ်ကို ထီပေါက်သလိုပါပဲ..။သူ့ရဲ့ အမြင့်ကနေ ဆင်းနိုင်တဲ့ စွမ်းရည်တစ်ခုတည်းကတင် အဖိုးတန်နေခဲ့တာပါ..။ဒီတစ်ခုနဲ့တင် သူက အရမ်းမြင့်တဲ့နေရာတွေကနေ ပြတ်ကျမှာကို စိတ်ပူနေစရာ မလိုအပ်တော့ပေ..။
ဥပမာ အနေနဲ့ လမ်းလျောက်နေတဲ့ ရှေးဟောင်း ရုပ်ထုကြီးပေါ်ကနေပါ..။
'ငါ သိမ်းထားမယ်..'
ဘာပဲဖြစ်ဖြစ်...သူ့ရဲ့ အရိပ်ရရှိမယ့် အပိုင်းအစ ပမာဏက တစ်ခုတည်းပါပဲ..။
အပေါ်ကို လှမ်းကြည့်လိုက်တဲ့ အချိန်မှာတော့..ပုစဥ်းတောင်ပံ နဲ့တူတဲ့ ဝတ်ရုံတစ်ခုက ကတ်စီရဲ့ ပုခုံးပေါ်မှာရောက်နေတာကို ဆန်နီ တွေ့လိုက်ရပါတယ်..။နေရောင်ခြည်ရဲ့ အောက်မှာတော့ တောင်ပံတွေက သက်တံလို အရောင်တွေ တောက်ပ နေခဲ့ပါတယ်..။
သိချင်နေတဲ့ မျက်နှာအမူအရာနဲ့ပဲ..မျက်မမြင်မိန်းကလေးဟာ တောင်ပံတွေကို လှုပ်ရှားလိုက်တယ်..။ခနအကြာမှာတော့ သူတို့က လေထဲမှာ ဝေဝါးသွားပြီး ကတ်စီကတော့ မြေပြင်အထက် စင်တီမီတာ အနည်းငယ်လောက် ရောက်သွားခဲ့ပါတယ်..။သူမ တခစ်ခစ် ရယ်မောလိုက်တယ်..။
...ဒီတော့ တိတ်တဆိတ်ကခုန်သူကလည်း..အရိပ်သူတော်စင် သူ့ကို ရယူပေးခဲ့တဲ့ အတ်ိုင်း သူမကို တူညီတဲ့ မှတ်သားမူ ယူပေးခဲ့တာပေါ့..။ဒါကောင်းတယ်..။အားနည်းတဲ့ စွမ်းဆောင်ရည်က ဆန်နီအတွက်သိပ်ပြီး အသုံးမဝင်ပေမယ့် မျက်မမြင်မိန်းကလေး အတွက်တော့ ကြီးမားတဲ့ အကူအညီတစ်ခုပါပဲ...။မေ့ပျောက်ကုန်းမြေရဲ့ အခြေအနေက အမြဲတမ်းပြောင်းလဲနေတာကြောင့်..လေပေါ်အနည်းငယ် ပျံနိုင်တယ် ဆိုတာက..မမြင်ရတဲ့လူတစ်ယောက် အတွက် တကယ်ကို စစ်မှန်တဲ့ လက်ဆောင်တစ်ခုပါ..။
ဆန််နီ ညှင်သာစွာ ပြုံးပြီး အဝေးကိုကြည့်လိုက်တယ်..။
'သူမက ဘယ်လိုရယ်ရမလဲ ဆိုတာကို သိနေသေးတာက ကောင်းမွန်တဲ့ အရာပဲ..'
ခနအကြာမှာတော့ သူ့ အမူအရာက နက်မှောင်သွားခဲ့တယ်..။မျက်လုံးတွေကို မှတ်ထားလိူက်ရင်း လေးနက်စွာ သက်ပြင်းချကာ ဆန်နီ ဒုတိယ မှတ်သားမူကို ကြည့်လိုက်ပါတယ်..။
'ဒီအကြောင်း မတွေးနဲ့ဦး..'
မှတ်သားမူ : [ သွေးပန်းပွင့် ]
မှတ်သားမူ အဆင့် [ နိုးထမူ ]
သတ်မှတ်ချက် : II
မှတ်သားမူ အမျိုးအစား : အဆောင်
ဆန်နီ နှလုံးခုန်သံ မြန်သွားခဲ့တယ်..။အဆောင်တွေဆိုတာက တကယ်ကို ရှားပါးတဲ့ ရတနာတစ်ခုပါ..။လက်နက်တွေ ၊ အကာအကွယ်တွေ ၊ အသုံးအဆောင်တွေနဲ့ မတူတာက သူတို့မှာ လက်တွေ့ကျတဲ့ တန်ဖိုး မရှိပါဘူး..။သို့ပေမယ့် အဆောင်တွေကို..ပြိုင်ဘက်ကင်း ၊ အင်အားကြီးတဲ့ စွမ်းရည်တိုးမြင့်မူတွေ အတွက် ဖန်တီးထားခဲ့ကြတာပါ..။
အဆောင်တွေက ထူးချွန်တဲ့ နိုးထသူတွေတောင်..အလိုချင်ကြဆုံး မှတ်သားမူ တွေပါပဲ..။
ပြီးတော့..အခုက သူတစ်ခု ရခဲ့ပါပြီ..။
မှတ်သားမူ ဖော်ပြချက် : [ သွေးတွေ ဘယ်လောက်များများစုပ်ယူထားပါစေ ၊ သူမရဲ့ ဆာလောင်မူက မြင့်တက်နေမည် ]
ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။
မှတ်သားမူ တိုးမြင့်မူ : [ နတ်ဆိုး ပန်းပွင့် ]
တိုးမြင့်မူ ဖော်ပြချက် : [ လှပတဲ့ အဆောင်ဟာ..ကိုင်ဆောင်ထားသူ၏ မှတ်သားမူများ ၊ ထပ်တူညီမူ များ ကို စွမ်းရည်တိုးမြင့်ပေးနိုင်သည် ]
ဆန်နီ ဖတ်နေတုန်းမှာပဲ..ဖော်ပြချက်ဟာ ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်..။ခနအကြာမှာတော့ နောက်ထပ်အသစ်တစ်ခုက သူတို့ကြားထဲမှာ ပေါ်လာခဲ့ပါတယ်..။
[ လှပတဲ့ အဆောင်က ကိုင်ဆောင်သူ၏ မှတ်သားမူ ၊ ထပ်တူညီမူ ၊ အရိပ်များကို..သွေးဆာလောင်မူနဲ့ အတူ မြင့်တင်ပေးနိုင်သည်။သူတို့က သွေးထွက်နေသည့် ရန်သူနှင့်ရင်ဆိုင်သည့်အချိန်တွင် ယျေဘုယျတိုးမြှင့်မူကို ရမည်ဖြစ်ပြီး.. သားကောင်သွေးထွက်လေလေ ပိုသန်မာလာလေလေ ဖြစ်မည် ]
'အော်ရာ...ဒါက တိုးမြင့်မူ အော်ရာပဲ..'
အော်ရာ တိုးမြင့်ပေးမူက တကယ်ကို ရှားပါးတဲ့ အရာတစ်ခုပါ..။ပုံမှန် တိုးမြှင့်မူ နဲ့ မတူတာက..သူတို့ရဲ့ သက်ရောက်မူက ကိုင်ဆောင်ထားသူကိုတင် မဟုတ်ပဲ..အချို့သော စက်ဝန်းထဲမှာ ရှိတဲ့ အရာတိုင်းကို တိုးမြှင့်ပေးပါလိမ့်မယ်..။
ဒီဟာက ဘယ်လောက်တောင် တန်ဖိုးရှိလဲ ဆိုတာကတော့ ပြောနေစရာတောင်မလိုတော့ပေ..။ဆန်နီက..အော်ရာ အဆောင်တစ်ခုကိုတင်ရရှိခဲ့တာ မဟုတ်တော့ပါဘူး..။ဒါက သူ့ရဲ့ ရန်သူသွေးထွက်သ၍ မှတ်သားမူ တွေ ၊ ထပ်တူညီမူတွေ ၊ အရိပ်တွေကိုပါ တိုးမြှင့်ပေးနိုင်နဲ့ အရာတစ်ခုကို ရခဲ့တာပါ..။
ပြီးတော့ သူ့ရန်သူ သွေးပိုထွက်လေလေ..တိုးမြှင့်ပေးမူကလည်း ပိုများလာလေလေပါပဲ..။
"လှပလိုက်တာ.."
ဆန်နီ ဒီစကားလုံးကို ပါးစပ်က မတော်တဆ ထွက်သွားပြီးတဲ့ နောက်မှာ ထိပ်လန့်သွားခဲ့တယ်..။
အဲ့အချိန်မှာပဲ သူ ချက်ချင်း ကြက်သီးထသွားပြီး ဘေးနားဝန်းကျင်မှာ အယ်ဖီရှိနေလား ဆိုတာကို လိုက်ရှာကြည့်လိုက်ပါတယ်..။
စိတ်သက်သာရာရစွာပဲ မုဆိုးမိန်းကလေး..ပလက်ဖောင်းရဲ့ တစ်ခြားတစ်ဖက်မှာ ရောက်နေပြီး မေ့ပျောက်ကုန်းမြေရဲ့ မြေပုံကို ဆွဲနေခဲ့ပါတယ်..။
ဆန်နီ အသက်ကို ရူထုတ်ပြီး..သူ့နှာဖူးက ချွေးတွေကို သုတ်လိုက်တယ်..။
"ဟူး..တီတီလေးပဲ.."
ယင်းနောက် သူမျက်နှာပေါ်မှာ အပြုံးတစ်ခု ဖြည်းညှင်းစွာပေါ်လာခဲ့ပါတယ်..။ကျေနပ်စွာ သက်ပြင်းချလိုက်ပြီး..ကျောက်တုံးတစ်ခုပေါ်ကို ခေါင်းအုံးကာ တွေးလိုက်တယ်..။
"စိတ်မကောင်းပါဘူး သူတော်စင်လေး..။ဒီနေ့တော့ မင်း ဗိုက်ဆာနေတော့မှာပဲ..."