← Chapters

နဂါး တစ်ကောင်၏ အစွယ်

Vol. 17 Ch. 243

နဂါး တစ်ကောင်၏ အစွယ်

Vol. 17 Ch. 243

ရှေးဟောင်းရုပ်ထုကြီးရဲ့ အပေါ်မှာနေရင်း..ဝင်္ကပါထဲကို ခရီးသွားလာနေတဲ့ သူတို့ရဲ့ ဒုတိယမြောက်နေ့ အလယ်လောက်မှာတော့..မိုးကုတ်စက်ဝန်းရဲ့ အဆုံးမှာ အနက်ရောင် မျဥ်းကြောင်းကြီးကို မြင်တွေ့နေခဲ့ရပါတယ်..။မိနစ်တိုင်းမှာ..ဒါက တဖြည်းဖြည်း အနီးကို ကပ်လာခဲ့တယ်..။မကြာခင်မှာပဲ..သူတို့က တောင်းတန်းတွေ အဆက်လိုက်ရှိနေတဲ့ နေရာဆီကို ဦးတည်နေတယ်ဆိုတာ ဆန်နီ ပြောနိုင်ခဲ့ပါတယ်..။

တောင်းတန်းတွေက..မေ့ပျောက်ကုန်းမြေနဲ့ အိပ်မက်ကမ္ဘာရဲ့ နယ်နိမိတ်တစ်ခု ဖြစ်နေတဲ့ ပုံပါပဲ..။သူတို့က အရမ်းကို ရှည်လျား ၊ ချွန်ထက်ပြီး..ကောင်းကင်ကို ထိုးဖောက်တော့မယ့် နဂါးရဲ့ အစွယ်တွေနဲ့တောင် တူနေခဲ့ပါတယ်..။သူတို့ရဲ့ တောင်ထိပ်ပိုင်းတွေကို ဖြူစွတ်တဲ့ နှင်းတွေနဲ့ ဖုံးအုပ်ထာပြီး..အောက်ဘက်က လျိုမြှောင်တွေကိုလည်း..အငွေ့တွေနဲ့ ရစ်ပတ်ထားပါသေးတယ်..။

ဒီနေရာက..လွန်ခဲ့တဲ့ နှစ်များစွာက ရဲတိုက်ရဲ့ ပထမ အရှင်သခင် ပျောက်ကွယ်သွားခဲ့တဲ့ နေရာဖြစ်သလို..သူတို့ရဲ့ အန္တရာယ်များတဲ့ ခရီးရဲ့ ဦးတည်ရာ နေရာဆိုရင်လည်း မမှားပေ..။

ကျောက်တုံးရုပ်ထုကြီး တောင်တန်းတွေ အနားကို နီးကပ်လာတဲ့ အချိန်မှာတော့..ဒီအရာက ဘယ်လောက်တောင် ရှည်လျားပြီး ၊ ကြီးမားတယ် ဆိုတာကို ဆန်နီ နားလည်လိုက်ပါတယ်..။ကြီးမားလွန်းတဲ့ ရုပ်တုကြီးတောင်မှ ဒီတောင်တန်းတွေရဲ့ အောက်ဘက်မှာ ..သေးငယ်တဲ့ ပုရွတ်ဆိတ်လေး တစ်ကောင်လိုပါပဲ..။ဒီတောင်းတန်းတွေက ဖြစ်ပေါ်လာတဲ့ အရိပ်ရဲ့ ဖိနှိပ်မူအောက်မှာ ကိုယ့်ကိုကို သေးငယ်တယ်လို့ မခံစားရဖို့ဆိုတာက အတော်ကို ခဲယဥ်းလှတာပါ..။

ဖြည်းညှင်းစွာပဲ ဝင်္ကပါရဲ့ မြေပြင်အနေအထားက မြင့်တက်လာခဲ့တယ်..။သန္တာကျောက်တန်းတွေထဲက ရွံ့တွေက..သေးငယ်လာပြီး သူတို့ကြားထဲက အကွာအဝေးကတော့ မြင့်တက်လာနေခဲ့ပါပြီ..။နောက်ဆုံးတော့..ကြက်သွေးရောင် ကျွန်းရဲ့အောက်ခြေမှာ..အနက်ရောင် မြေဆီလွှာနဲ့ ကျောက်တုံးတွေကိုသာ မြင်ရပါတော့တယ်..။နောက်ဆုံးတော့ သန္တာကျောက်တွေကတောင် ရှားပါလာခဲ့တယ်..။

ဒါက ဝင်္ကပါက တောင်ခြေကို ရောက်လာဖို့ ကနေ တစ်ခုခု က တားဆီးထားသလိုပါပဲ..။ဒါမှမဟုတ်..ဒီတိုင်း ရိုးရိုးရှင်းရှင်း ..အနားကို ရောက်မလာနိုင်ခဲ့တာပါ..။

ကြီးမားတဲ့ ရုပ်ထုကြီး က ကြက်သွေးရောင် တောကြီးရဲ့ နယ်စပ်ကို ရောက်လာတဲ့ အချိန်မှာတော့..သူ့ရဲ့ ခြေလှမ်းတွေက နှေးကွေးသွားခဲ့တယ်..။ရုပ်ထုကြီးက..ရှေ့ကို ဆက်ပြီး တိုးဖို့အတွက်ကို အခက်ခဲတွေ့နေသလိုပါပဲ..။သူ့ရဲ့ ခန္တာကိုယ်က ရှေ့ကို အနည်းငယ်ကိုင်းပြီး..သူ့ကို တားဆီးထားတဲ့..လေ သို့မဟုတ် မမြင်ရတဲ့ အားတစ်ခုက ဝင်္ကပါထဲ ပြန်ဆွဲနေတာကို ပြန်တိုက်ခိုက်နေတဲ့ အတိုင်းပါပဲ..။

သူ့ရဲ့ သန်မာလွန်းတဲ့ ခွန်အားကတောင်မှ..ရှေးဟောင်း ကျိန်စာရဲ့ ဆွဲအားကို..အနိုင်ယူဖို့ မလုံလောက်ခဲ့ပေ..။

နောက်ဆုံးတော့ ကျောက်တုံးရုပ်ထုကြီးက ယိုင်ပြီး ရပ်တန့်သွားခဲ့တယ်..။

ဒါက သူတို့စောင့်ဆိုင်းနေတဲ့ အခိုက်အတန့်ပါပဲ..။

ကတ်စတာ ၊ အယ်ဖီ နဲ့ နစ်ဖီတို့ကတော့ အောက်ကို ဆင်းနေကြပါပြီ..။ဆန်နီ ကတ်စီ နဲ့ ကိုင်တို့က တော့ အဝိုင်းပုံစံ ပလက်ဖောင်းရဲ့ အစွန်းမှာ ရပ်နေခဲ့ကြတယ်..။

အောက်ကို ငုံ့ကြည့်လိုက်တဲ့ အချိန်မှာတော့..ဆန်နီ သက်ပြင်းချလိုက်ပြီး လေးသည်တော်ကို ပြန်ကြည့်လိုက်ပါတယ်..။

"တကယ်လို့ ဒါက အလုပ်မဖြစ်ဘူးဆိုရင် မင်းက ငါ့က်ို ဖမ်းထားပေးမှာမလား.."

ကိုင်က မျက်ခုံးပင့်တင်လိုက်ပြီး သူ့ကို လှပစွာ ပြုံးပြလိုက်ပါတယ်..။

"ဘာလို့လဲ ၊ ...ဒါပေါ့..။ကူညီခွင့်ရတာက ဝမ်းသာစရာပါ..."

ဆန်နီ မျက်ခုံး လှုပ်သွားခဲ့တယ်..။ပြီးတာနဲ့ ခေါင်းကိုခါယမ်းလိုက်ကာ..အနက်ရောင် တောင်ပံ ကိုထုတ်ပြီး အကြည့်လွှဲလိုက်ပါတယ်..။ချက်ချင်းဆိုသလိုပဲ ဝတ်ရုံက သူ့ရဲ့ နောက်ကျောဘက်မှာ အတောင်ပံနှစ်ခုကို ဖန်တီးလိုက်ပါပြီ..။

တကယ်လို့ ဆန်နီ ရဲ့ စိတ်ကို တည်ငြိမ်စေတဲ့ အရာရှိတယ်ဆိုရင်..အဲတာက သူ့အရိပ်က အောက်ကို ရောက်နှင့်နေပြီးတာပါပဲ..။သူက မြေပြင်ရဲ့ အခြေအနေကို စစ်ဆေးပြီး အဖွဲ့သားတွေကို စောင့်ဆိုင်းနေတဲ့ အရာတွေရှိလားဆိုတာကို သိနိုင်ဖို့ အရင်လွှတ်ထားခဲ့တာပါ..။

ကျောက်တုံးသူတော်စင်ကတော့ အောက်မှာ မတ်တတ်ရပ်နေခဲ့တယ်..။ရှေးဟောင်းရုပ်ထုကြီးရဲ့ လည်ပင်းပေါ်ကနေ ကြည့်ရတာတော့..ဒါက သေးငယ်တဲ့ အစက်အပျောက်လေးလိုပါပဲ..။

'အချိန်ဆွဲနေလို့ ဘာမှမထူးဘူး.'

အံကို ကြိတ်ထားရင်း..ဆန်နီဟာ..အနက်ရောင်တောင်ပံ တွေကို လှုပ်ခါစေပြီး ​ကြမ်း​ပြင်ပေါ်က မြောက်စေကာ..လေပေါ်ကိုတက်လိုက်ပါတယ်..။

တစ်ခနလောက် ကြောက်စိတ်တွေက သူ့ကို ဖုံးလွှမ်းသွားခဲ့တယ်..။သို့ပေမယ့်..သူ့ခန္တာကိုယ်က အပေါ်ကနေ အရှိန်နဲ့ ပြုတ်ကျရမယ့် အစား..လေထဲမှာ ညှင်သာစွာ ဆင်းသက်နေတာကို ဆန်နီ သတိထားမိလိုက်ပါတယ်..။

သူက..အနေအထားမမှန်သေးပေမယ့်..ဒါက လုံခြုံပြီး အရှိန်အဟုန်ကောင်းလှပါတယ်..။တောင်ပံ နှစ်ခုကတော့ သူ့ရဲ့ အနောက်ဘက်မှာ ဝေဝါးနေခဲ့တယ်..။

တကယ်တော့ ဒီခံစားချက်က တကယ်ကို ပျော်စရာကြီးပါပဲ..။

သူ့ရဲ့ မျက်နှာပေါ်မှာ အပြုံးကြီးတစ်ခုရှိနေရင်း ဆန်နီဟာ သူ့ရဲ့ တောင်ပံတွေ ဘယ်လောက်တောင် ပါးလွှာသလဲ ဆိုတာကို ကိုယ့်ကိုကို ပြန်သတိပေးလိုက်တယ်..။ပြီးတာနဲ့ သူ ဆင်းသက်တဲ့ ဦးတည်ချက်ကို ထိန်းချုပ်ဖို့ကြိုးစားလိုက်ပါတယ်..။

သူလုပ်ဖို့ လိုအပ်တာဆိုလို့ ခန္တာကိုယ်ကို အနေအထားကို ရွေ့ပေးဖို့နဲ့..အနက်ရောင် တောင်ပံတွေကို ခိုင်းစေဖို့ပါပဲ..။မကြာခင်မှာပဲ..ဆန်နီဟာ အောက်ကို ပျော်ပျော်ပါးပါး ဆင်းနေပြီး..လေတိုးသံကို ခံစားနေခဲ့တယ်..။

'တစ်ခြားလူတွေ ဒီခံစားချက်ကို မရတာက တကယ် ရှက်စရာပဲ..'

အစကတော့ သူက အယ်ဖီကို သယ်ပြီး ၊ ကိုင်နဲ့ ကတ်စီက..တစ်ခြားအဖွဲ့ နှစ်ယောက်ကို သယ်ဖို့ စီစဥ်ထားခဲ့တာပါ..။ဒီလိုဆိုရင် မြေပြင်ပေါ်ကို ရောက်ဖို့က အရမ်းလွယ်ကူပါလိမ့်မယ်..။သို့ပေမယ့် အနည်းငယ် အတွေ့အကြုံယူပြီးတဲ့ နောက်မှာတော့..ကျိုင်းကောင်တွေ ချန်ထားခဲ့တဲ့ မှတ်သားမူက..အလေးချိန်အများကြီး မသယ်ဆောင်နိုင်ဘူးဆ်ိုတာကို သူ သိလိုက်ရတယ်..။

ဆန်နီ တစ်ယောက်တည်းကို သယ်ရတာတောင်မှ..အနက်ရောင် တောင်ပံတွေ အတွက် အကန့်အသတ်ကို ရောက်နေခဲ့ပါပြီ..။

ဒီတော့..သူက ဒီသက်သောင့်သက်သာရှိတဲ့ ခံစားချက်ကို တစ်ယောက်တည်း ခံစားဖို့သာ တတ်နိုင်ပါတော့တယ်..။

မိနစ်အနည်းငယ်ကြာအောင် အေးအေးဆေးဆေး ဆင်းလာပြီးနောက်မှာတော့ ဆန်နီဟာ...ကျောက်တုံးသူတော်စင်ရဲ့ အနားမှာ ဆင်းသက်လိုက်တယ်..။ကိုင် နဲ့ ကတ်စီကတော့ သူ့အနောက်ဘက် ရုပ်ထုကြီးရဲ့ ဒူးနားမှာ တစ်ခြား အဖွဲ့ဝင်တွေနဲ့ အတူ ရှိနေခဲ့ပါတယ်..။

' ဒီမှတ်သားမူက ငါထင်ထားတာ ထက်တောင်ပိုကောင်းနေပါလား..။ဒါက တိုက်ပွဲမှာ သုံးမရပေမယ့်..ဟိုနား ဒီနားမှာ သုံးရတာ အတော်အဆင်ပြေတယ်..'

မကြာခင်မှာပဲ သူတို့အားရုံးကို ရှေးဟောင်းရုပ်ထုကြီးရဲ့ အောက်မှာ ပြန်ဆုံလိုက်ကြတယ်..။

ခနကြာပြီးတဲ့ နောက်မှာတော့ ရုပ်ထုကြီးက လှုပ်လာခဲ့ပါပြီ..။ဖြည်းညှင်းစွာပဲ..ဒါက တစ်ဖက်ကို လှည့်ပြီး ခြေလှမ်းလှမ်းလိုက်ပါတယ်..။သူ့ခြေထောက် ကျရောက်တဲ့ အချိန်မှာတော့ မြေ​ပြင်က တုန်လှုပ်သွားခဲ့တယ်...။

လူသား ခြောက်ယောက်ကတော့ ရုပ်ထုကြီး လျောကိသွားတာကိုသာ ကြည့်နေခဲ့ကြပါတယ်..။သူက တောင်တန်းတွေနဲ့ ဘေးချင်းယှဥ်ပြီး..အရှေ့အရပ်ကို ဦးတည် ရွေ့လျားနေခဲ့တာပါ..။ဒီရုပ်ထုကြီးက ​မေ့ပျောက်ကုန်းမြေကို အကြိမ်ထောင်နဲ့ချီပြီး လမ်းလျောကိပြီးပြီလား ဆိုတာကိုတောင် ဆန်နီ သံသယဖြစ်မိပါသေးတယ်..။အခုက အဆုံးလား အစလား ၊ အလယ်နေရာလား ဆိုတာတော့ သူမသိပါဘူး..။

ကျောက်တုံးသူတော်စင်ကလည်း ဦးခေါင်းပြတ် ရုပ်ထုကြီး လျောက်သွားတာကို ကြည့်နေခဲ့တယ်..။ဆန်နီ သူမကိုကြည့်လိုက်ပြီး သူ့အရိပ်က ကြီးမားတဲ့ သတ္တဝါကြီးအပေါ် ခံစားချက် တစ်ချို့ရှိနေတာလား ဆိုတာကို သိချင်သွားခဲ့ပါတယ်..။

သူမ ဒီလိုခံစားရတယ် ဆိုတာကို သူ ထူးဆန်းတဲ့ ခံစားချက် တစ်ချို့တောင် ရနေမ်ိပါတယ်..။

သို့ပေမယ့်..ဒါက ဆန်နီ သံသယ ရှိနေသလိုမျိုးမဟုတ်ခဲ့ပေ..။တကယ်တော့ ကျောက်တုံးသူတော်စင်ရဲ့ ပတ္တမြားရောင် မျက်လုံးထဲမှာ ပုန်းကွယ်နေတဲ့ ခံစားချက်တွေက...အထင်သေးမူ တွေပါ..။

'သိချင်တယ် ရ'

ပျက်းဆီးနေတဲ့ ဘုရားကျောင်းမှာတုန်းကလည်း..အနက်ရောင် စစ်သည်တော်ရဲ့ အကာအကွယ်အင်္ကျီမှာ..သူ့ရဲ့ အရိပ်နဲ့ တူညီတဲ့ အပေါ်တစ်ခုရှိနေခဲ့ပါတယ်..။သို့ပေမယ့် နှစ်ခုစလုံးက တူညီတဲ့အရင်းအမြစ်ကနေ လာတာမျိုး မဖြစ်နိုင်ပေ..။ကျရှုံးမူအဆင့် နတ်ဆိုးရဲ့ အကာအကွယ်က..အသက်ရှင်နေတဲ့ ရုပ်ထုကြီး ဆီကနေ ရထားတာ ပိုဖြစ်နိုင်ပါတယ်..။

ဒါက တစ်စုံတစ်ယောက်က..သူတို့ရဲ့ လက်နက်အတိုင်း ပုံစံတူလုပ်ဖို့ ကြိုးစားခဲ့ပေမယ့် သေးငယ်တဲ့ ပုံစံတူသာ လုပ်နိုင်ခဲ့တဲ့ အတိုင်းပါပဲ..။

ကျောက်တုံး ရုပ်ထုကြီးကရော အတူတူပဲလား..။ဆန်းကြယ်တဲ့ ဖန်တီးမူ လုပ်ရပ်တစ်ခုကို ထပ်ခါထပ်ခါ လုပ်ရင်း ကျရှုံးခဲ့တာကနေ...ကျောက်တုံးသူတော်စင်နဲ့ သူမရဲ့ အပေါင်းအပါတွေကို အသက်ဝင်သွားစေခဲ့တာလား..။

ဒီအရာက သိဖို့တောင် မဖြစ်နိုင်ပါဘူး..။သို့ပေမယ့် ဒါတောင်မှ ဆန်နီက သိချင်နေပါသေးတယ်..။

မကြာခင်မှာပဲ မြေကြီးက တုန်လှုပ်နေတာ ရပ်တန့်သွားပြီး..ရုပ်ထုကြီးကလည်း အညိုရောင် မြူနှင်းတွေကြားထဲကို တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့ပါတယ်..။ခနအကြာမှာတော့ နစ်ဖီက..သက်ပြင်းချကာ တောင်တန်းတွေဘက်ကို ကြည့်လိုက်တယ်..။

အခုက ညဘက်အချိန်ကုန်မယ့် နေရာကို ရှာဖွေဖို့ အချိန်ရောက်ပါပြီ..။

မနက်ဖြန်မနက်ကျရင်တော့..သူတို့က ပျောက်ဆုံးနေတဲ့ အရာကို စူးစမ်းရှာဖွေဖို့အတွက် စတင်ကြပါတော့မယ်..။

All Chapters