သေဆုံးခြင်း နယ်မြေ
Vol. 17 Ch. 244
တောင်တန်းတွေက ဒီလောက်တောင် မြင့်မားနေတဲ့ အချိန်မှာ..သူတို့က..သင့်တော်တဲ့ အမိုးအကာကို အကြာကြီး ရှာဖွေနေစရာ မလိုအပ်ပေ..။တကယ်တော့..သူတို့က..ဒီတိုင်း ရိုးရိုးရှင်းရှင်း..စခန်းချလိုက်လို့တောငိ ရပါတယ်..။
အနက်ရောင် ပင်လယ်ကြီးက သူတို့ဆီကို ထပ်ပြီး မလာနိုင်တော့ပါဘူး..။
ညအချိန်က ရောင်ရှိလာပြီး ရင်းနှီးတဲ့ အမှောင်ထုက ဝင်ရောက်လာတဲ့ အချိန်မှာတော့..ဆန်နီဟာ ပထမဆုံး ကင်းစောင့်ပေးဖို့အတွက်..ပြောလိုက်ပါတယ်..။ချောမွေ့နေတဲ့ ကျောက်တုံးမျက်နှာပြင်ပေါ်မှာထိုင်ရင်း..အောက်ကို ငေးကြည့်ကာ..ဝင်္ကပါထဲကို အနက်ရောင် ရေတွေတက်လာတာကို သူ ကြည့်နေခဲ့တယ်..။
ဒီရေ တွေက..တောင်ကုန်းတွေရဲ့ မတ်စောက်တဲ့နေရာအထိ ရောက်လာပြီး ဝါးမြိုလို့ ရသလောက် ဝါးမြုနေခဲ့ပါသေးတယ်..။သို့ပေမယ့်..သူတိုအဖွဲ့သားတွေ စခန်းချတံါ နေရာနဲ့ မီတာ တစ်ရာအကွာလောက် ရောက်တဲ့ အချိန်မှာတော့..ရှေ့ကို ဆက်ပြီးမတိုးနိုင်တော့ပါဘူး..။
ခေါင်းပြတ်ရုပ်ထုကြီးလိုပဲ..သူတို့က ရှေ့ကို ဆက်မတိုး နိုင်တော့ပေ..။
အင်အားမရှိတဲ့ လှိုင်းတွေကိုကြည့်နေရင်း..ဆန်နီ..နောက်ဆုံးမှာတော့..သူတို့က မေ့ပျောက်ကုန်းမြေရဲ့ အပြင်ဘက်ကို ရောက်နေပြီ ဆ်ိုတာကို လက်ခံလိုက်ရပါတော့တယ်..။
ဒါမှမဟုတ်..သူ့ရဲ့ အစွန်းနားမှာ ရောက်နေခဲ့တာပါ..။ဘယ်လိုပဲဖြစ်ဖြစ်..ကျိန်စာသင့် ပင်လယ်ကြီးက သူတို့အတွက် ခြိမ်းခြောက်မူတစ်ခု မဟုတ်တော့ပေ..။
'ဘယ်လောက် ထူးဆန်းဖို့ကောင်းလဲ '
ဆန်နီကတော့ ဒီပင်လယ်ကြီးကို ထိပ်လန့်ရင်း နေနေရတဲ့ ဘဝကို အသားကျနေပြီးပါပြီ..။အနက်ရောင် မြို့တော် မှာ ရှိနေခဲ့တုန်းကတောင်..သူ့ရဲ့ ဖိနိပ်မူကို ခံနေရတုန်းပါပဲ..။မြို့ရဲ့ အုတ်တံတိုင်းကြီးက..နောက်ဆုံးမှာလက်လျော့ပြီး ပြိုကျသွားခဲ့ရင် သူတို့ရဲ့ ဘဝက ဘယ်လိုဖြစ်သွားမှာလဲဆိုတဲ့ ထိပ်လန့်စရာ အတွေးမျိုးကို ဘယ်သူမှ မတွေးပဲ မနေကြပေ..။
သို့ပေမယ့် အခုတော့ သူတို့က ဒီကနေ လုံးဝ လုံခြုံသွားပါပြီ..။
...လောလောဆယ် အတွက်ပေါ့..။
သက်ပြင်းတစ်ချက်ချလိုက်ပြီး..ဆန်နီဟာ သွေးပန်းပွင့်ကို ထုတ်လိုက်တယ်..။အနီရောင်ပန်းပွင့် ပုံစံ လှပတဲ့ဆွဲသီး အဆောင်လေးတစ်ခုက..ရုတ်တရက် သူ့ရဲ့လည်ပင်းမှာ ချိတ်ဆွဲရင်း ပေါ်ခဲ့ပါတယ်..။သူခနလောက် ဒီအလှအပကို ခံစားပြီးကာမှ သူ့ရဲ့ အဆောင်ကို အကာအကွယ် အင်္ကျီအောက်မှာ ဖုံးထားလိုက်တယ်..။
စိတ်မကောင်းဖြစ်နေတာထက်..လုံခြုံနေတာက ပိုပြီး ကောင်းပါတယ်..။အခုချိန်မှာ သက်သောင့်သက်သာ နေတာက ကောင်းမွန်တဲ့ အကြံဥာဏ် မဟုတ်ပါဘူး..။
ဟုတ်တယ်..အနက်ရောက် ပင်လယ်ရဲ့ အန္တရာယ်ကတော့ မရှိတော့ပေ..။သို့ပေမယ့်..မေ့ပျောက်ကုန်းမြေရဲ့ လက်ခုပ်ထဲကနေ လွတ်ဖို့ဆ်ိုတာက ဒီလောက်မလွယ်ဘူးဆိုတာကို သူ လောင်းတောင် လောင်းလိုက်ချင်ပါသေးတယ်..။
ပြီးတော့..ဒီ ပျက်ဆီးနေတဲ့ ငရဲ ရဲ့အလွန်မှာ ကောင်းမွန်မူတွေ ရှိတယ်လို့ ဘယ်သူက ပြောလို့လဲ..။သူ့ရဲ့ ကံတရားနဲ့ဆိုရင် ဆိုးဝါးတာတွေပဲ ကြုံတွေ့ရတော့မှာပါ..။
ဒီအတွေးတွေနဲ့အတူပဲ..ဆန်နီဟာ အနက်ရောင် ပင်လယ်ကြီးကို စိုက်ကြည့်ပြီး စောင့်ဆိုင်းနေခဲ့ပါတယ်..။
***
မနက်ခင်းရောက်တဲ့ အချိန်မှာတော့ အဖွဲ့သားတွေဟာ စူးစမ်းရှာဖွေမူ လုပ်ကြဖို့ ပြင်ဆင်ပြီးနေကြပါပြီ..။သို့ပေမယ့်..သူတို့ မစတင်ခင်မှာပဲ နစ်ဖီဟာ သူတို့ကို တားဆီးလိုက်ပြီး မြူတွေ ဖုံးလွှမ်းနေတဲ့ တောင်ထိပ်ကို မော့ကြည့်လိုက်တယ်..။
သူ့မရဲ့ မျက်နှာကတော့ သုန်မှုန်နေခဲ့ပါတယ်..။
အတော်ကြာပြီးတဲ့ နောက်မှာတော့ ပြောင်းလဲနေတဲ့ကြယ်ပွင့်က..ရုတ်တရက် ဒူးထောက်ချလိုက်ပြီး ကြီးမားတဲ့ ကျောက်ခဲတစ်လုံးကို ကောက်ကိုင်လိုက်တယ်..။သူမရဲ့ ကြွက်သားတွေကို..အားစိုက်ရင်း ကျောက်တုံးကို ခြေမွလိုက်ပြီး အပိုင်းအစတွေကို သိချင်စွာ ကြည့်နေခဲ့ပါတယ်..။
နောက်ဆုံးတော့ သူမက အပိုင်းအစတွေကို လွင့်ပစ်ပြီး သက်ပြင်းချလိုက်ပါတယ်..။
စက္ကန့်အနည်းငယ် ကြာပြီးမှာတော့..နစ်ဖီဟာ..လေးနက်စွာ ပြောလိုက်တယ်..။
"...ငါတို့ ဘယ်နေရာကို ရောက်နေလဲ ဆိုတာကို သိပြီ"
ဒါက ဘာကို ဆိုလိုတာလဲ...
သူ့အတွေးတွေကို သိနေတဲ့ အလား အယ်ဖီဟာ ပြောလိုက်တယ်..။
"ငါတို့ဘယ်ရောက်နေလဲ ဆိုတာ အကုန်လုံး သိကြတယ်လေ..မင်းသမီးလေး..။မေ့ပျောက်ကုန်းမြေရဲ့ တောင်ဘက်အစွန်း၊ မေ့ပျောက်ကုန်းမြေနဲ့ ကီလိုမီတာ နှစ်ထောင်လောက် အကွာအဝေးမှာ ရောက်နေကြတာ..။မဟုတ်ဘူးလား.."
နစ်ဖီ ခေါင်းခါယမ်းပြီး ထရပ်လိုက်တယ်..။
"ငါဆိုလိုတာက..ငါတို့က အိပ်မက်ကမ္ဘာရဲ့ ဘယ်နားကို ရောက်နေလဲ ဆိုတာပဲ.."
"ဘာ..နင်ဘာကို ပြောလိုက်တာ.."
အဖွဲ့သားတွေဟာ..သူမကို ပြူးကျယ်တဲ့ မျက်လုံးတွေနံ့ စတင်ပြီး ကြည့်လိုက်ကြတယ်..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ စကားလုံးတွေက ..သူတို့ကို မိုးကြိုးပစ်ချလိုက်သလိုပါပဲ..။
သူမက တောင်ထိပ်ကို ညွှန်ပြပြီး ပုံမှန်လေသံနဲ့ပြောလိုက်တယ်..။
"ငါတို့က ဟောလိုး တောင်တန်း ရဲ့ မြောက်ဘက်မှာ ရှိနေတာ..။ငါ အဲတာကို သေချာပြောနိုင်တယ်.."
'ဟောလိုး တောင်တန်း..'
ဒီအသံက ခေါငိးလောင်းမြည်သလိုဖြစ်သွားပေမယ့်..သူ ဒီဟာကို ဘယ်ကနေ ကြားဖူးသလဲ ဆိုတာကိုတော့ ဆန်နီ မမှတ်မိခဲ့ပါဘူး..။တစ်ခြားအဖွဲ့ဝင်တွေကို ကြည့်တော့လဲ ကတ်စတာကလွဲပြီး တစ်ခြားလူတွေက တူညီတဲ့ အမူအရာနဲ့ကြည့်နေခဲ့ကြပါတယ်..။
နစ်ဖီဟာ ခနလောက်တွေဝေနေပြီးကာမှ ရှင်းပြလိုက်တယ်..။
"အိပ်မက်ကမ္ဘာထဲမှာ လူသားတွေ စိုးမိုးထားတဲ့ နယ်မြေက အရမ်းမများဘူး..။ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်သုံးဆယ် အတွင်းမှာ နည်းနည်းစီ ချဲ့ထွင်နိုင်ခဲ့ကြတယ်..။အဲမှာ ကြီးမြတ်တဲ့ ခံတပ်သုံးခုရှိပြီး..ကြွယ်ဝမူအရှိဆုံးခံတပ် ..နဲ့ တစ်ခြားသေးငယ်တဲ့ ခံတပ်တွေကို..ဗာလာ ကလန် ရဲ့ ဆက်ခံသူတွေက အုပ်ချုပ်ကြတာ.."
ယင်းနောက် သူမက မျက်နှာရှုံ့မဲ့သွားခဲ့ပြီး..
"အချိန်တစ်ခုအထိ..ဗာလာ ကလန်ရဲ့ နောက်လိုက်တွေ လက်ပါးစေတွေက..သေးငယ်တဲ့ ခံတပ်တွေ တစ်ခုပြီးတစ်ခု သိမ်းပိုက်ပြီး..လူသားတွေရဲ့ နယ်မြေကို မြောက်ပိုင်းအထိ တိုးချဲ့ခဲ့ကြတယ်..။ဒါပေမဲ့ သူတို့ရဲ့ ချဲ့ထွင်မူက အဲ့ဘက်ခြမ်းမှာ ရပ်တန့်သွားတာပဲ..။ဘာလို့လဲ ဆိုတော့..သူတို့က ဟောလိုး တောင်တန်းတဲ့ ရင်ဆိုင်တွေ့သွားကြလို့..."
'အိုး..ဟုတ်သားပဲ..။ငါက ဆရာ ဂျူးလီးယက် ဆီကနေ ကြားခဲ့တာထင်တယ်..။လူသားတွေရဲ့ မြောက်ပိုင်းနယ်နိမိတ်က တောရိုင်းနေရာကြီးပဲ...'
ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး..
"ဒီ..ဟောလိုး တောင်တန်းက အရမ်း အန္တရာယ်များလား.."
ပြောင်းလဲနေတဲ့ကြယ်ပွင့်က အံကိုကြိတ်ထားခဲ့တယ်..။
"အန္တရာယ်က များနိုင်သလောက်ကို များတယ်..။တကယ်တော့ အဲထက်တောင်ပိုသေးတယ်..။တောင်တန်းက ကီလိုမီတာ ထောင်ပေါင်းများစွာ ရှည်လျားပြီး..ကိုယ်ပိုင်နယ်မြေတစ်ခု အဖြစ်ရှိနေခဲ့တာ..။ဒီနေရာက သေဆုံးခြင်း နယ်မြေလို့တောင် သတ်မှတ်ထားတယ်..။သူတော်စင်တွေတောင်မှ အသက်ရှင်လျက် ပြန်ထွက်မလာကြဘူး.."
ဆန်နီ ကြက်သီးထသွားခဲ့တယ်..။အိပ်မက်ကမ္ဘာရဲ့သေဆုံးခြင်း နယ်မြေက..အဆင့်အမြင့်ဆုံးသားရဲတွေဖြစ်တဲ့..ကြီးမြတ်မူအဆင့် ၊ ပျက်စီးခြင်းအဆင့် နဲ့
မမြင့်မြတ်မူ အဆင့်တွေ နေထိုင်ကြတာပါ..။
ဘယ်လူသားကမှ စတုတ္ထမြောက် အိပ်မက်ဆိုးကို မကျော်လွန်နိုင်သေးတာကြောင့်..သူတော်စင် အဆင့်မဟုတ်ရင်..သူတို့ထဲက အားအနည်းဆုံးသားရဲကို တွေ့တာနဲ့တောင် သေဆုံးသွားနိုင်ပါတယ်..။သူတော်စင်တွေတောင် ကြီးမြတ်မူအဆင့် သတ္တဝါကြီးတွေနဲ့တိုက်ခိုက်ရင် အနိုင်ရဖို့ အခွင့်အရေး အနည်းငယ်ပဲ ရှိတာပါ..။ပျက်စီးခြင်း အဆင့်ဆိုရင် ပြောစရာတောင် မလိုတော့ပါဘူး..။
တစ်နည်းအားဖြင့် ပြောရရင်တော့ ဆန်နီတော့ ကြီးမြတ်မူ နတ်ဆိုးလက်ကနေ ကံကောင်းပြီး ရှင်သန်လာနိုင်ခဲ့တာပါ..။သူက မမွေးဖွားသေးတဲ့ သူခိုးငှက်ကနေ လွတ်လာတာက..သူ့ဆီမှာ ဝိဥာဥ်အမြုတေ ရှိမနေပဲ အရိပ်အမြုတေပဲ ရှိနေတာကြောင့်ပါပဲ..။မဟုတ်ရင် သူခိုးငှက်က သူ့ရဲ့ အသက်စွမ်းအင်တွေကို စုပ်ယူပြီး သူ့ကို သတ်သွားမှာပါ..။
..ပြီးတော့ နစ်ဖီပြောတာ မှန်ပါတယ်..။ဟောလိုး တောင်တန်း မှာက အဆင့်မြင့်တဲ့ သားရဲတွေပဲ ရှိနေခဲ့ကြတာပါ..။
ဆန်နီ သက်ပြင်းချလိုက်တယ်..။
"ဒီတော့..နင်ပြောချင်တာက..ဒီနေရာက..မေ့ပျောက်ကုန်းမြေထက်တောင် ပိုပြီး ဆိုးဝါးနေတာလား.."
ဘာမှတောင် ပြောနေစရာမလိုပဲ နစ်ဖီက ဒီတိုင်း ခေါင်းညိမ့်လိုက်တယ်..။
သူ ပြုံးလိုက်ပါတယ်..။
" သိပြီ.."
ဘာပဲဖြစ်ဖြစ် သူ့အတွေးက မှန်သွားပါပြီ..။မေ့ပျောက်ကုန်းမြေကနေ လွတ်မြောက်ဖို့ ဆိုတာက..ရိုးရှင်းစွာပဲ မဖြစ်နိုင်ပါဘူး..။
ဒီကနေ ထွက်ခွာနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ကြက်သွေးရောင် ထိပ်ဖျား ကြီးပါ..။
ဒါက ဆန်နီ လိုချင်ချင် မလိုချင်ချင် ..သူတို့ ဦးတည်နေတဲ့ အရာပါပဲ..။
နက်မှောင်နေတဲ့ အမူအရာနဲ့ပဲ ဆန်နီဟာ ချွန်ထက်နေတဲ့ ဟောလိုး တောင်တန်းကိုကြည့်ကာ ပြောလိုက်တယ်..။
"ဒီတော့ ငါတို့ အဲ့အပေါ်ကို တက်မှာပေါ့.."
:
နစ်ဖီ ခနလောက်တွေဝေနေခဲ့ပြီးကာမှ တည်ငြိမ်စွာ ပြန်ဖြေလိုက်ပါတယ်..။
"ဒီလို မဖြစ်ဖို့ မျှော်လင့်တာပဲ..။ငါတို့က ပထမ အရှင်သခင် သေဆုံးတဲ့ နေရာကိုပဲ သွားဖို့ လိုအပ်တာ..။ဒါက..ဒါက ငါတို့ရှိနေတဲ့ နေရာနဲ့ အတော်နီးလောက်တယ်.."
ဆန်နီ သူမကိုကြည့်ပြီးခေါင်းညိမ်လိုက်တယ်..။
"ဒီလိုဆိုရင်လည်း အချိန်မဖြုန်းကြရအောင်..။ငါတို့ ဝင်္ကပါထဲကို မြန်မြန်ပြန်နိုင်ရင် အကောင်းဆုံးပဲ.."
'ချီး..ငါက ငရဲလို နေရာမျိုးကို မြန်မြန် ပြန်သွားချင်လောက်အောင် စိတ်မရှည်ဖြစ်နေရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး..။အနာဂတ်မှာ
ဘာဖြစ်လာမလဲ ဆိုတာ ဘယ်သူမှ ကြိုမသိနိုင်တဲ့ အရာမလား..ဟင်..'