← Chapters

ဘီလူများ ပြဇာတ်

Vol. 17 Ch. 245

ဘီလူများ ပြဇာတ်

Vol. 17 Ch. 245

သူတို့ရဲ့ အထက်မှာ ရှိနေတဲ့ လှပတဲ့ တောင်တန်းတွေက ဘယ်လောက်တောင်..အန္တရာယ်များတယ် ဆိုတာကို သိနေပေမယ့်လည်း အဖွဲ့သားတွေဟာ..တောင်ခြေရဲ့ နက်ရှိုင်းတဲ့ အပိုင်းကို ဝင်ဖို့ ပြင်ဆင်ကြရပါတယ်..။သူတို့က ဒီနေရာကို သိပ်ပြီး မသိထားကြသေးတာ​ရယ် ၊ ဘယ်လိုသားရဲမျိုးတွေ ရှိလဲ ဆ်ိုတာ မသိတာရယ်ကြောင့်..အတူတကွ နေဖို့သာ ဆုံးဖြတ်လိုက်ကြတယ်..။

ကိုင် ကိုလွှတ်ပြီး လေထဲကနေတဆင့် အခြေအနေကို ကြည့်ခိုင်းလို့ရတယ် ဆိုပေမယ့်..ဘယ်သူမှ ဒီလိုမျိုး မစွန့်စားချင်ကြပါဘူး..။ရလာဒ်အနေနဲ့ သူတို့ခြောက်ယောက်က..ဝင်္ကပါထဲ နဲ့ အနက်ရောင်မြို့တော်က..လမ်းကြားတွေထဲက အတိုင်း အတူတကွ အဖွဲ့လိုက် ရွေ့လျားနေခဲ့ကြတယ်..။

သို့ပေမယ့်..သူတို့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ မြေပြင်အနေအထားက အတော်ကို မတူညီလှတာပါ..။ဘေးပတ်ဝန်းကျင်မှာ ကြက်သွေးရောင် သန္တာကျောက်တွေ မရှိတော့ပဲ..မြက်နဲ့ အညိုရောင် ကျောက်မြေလွှာတွေသာ ရှိနေခဲ့တယ်..။ဒါက သူတို့က ကမ္ဘာမြေပေါ်ကို တောင် ပြန်ရောက်သွားလုနီးပါး ခံစားရစေပါတယ်..။

ထူးဆန်းစွာပဲ ဒါက ဆန်နီကို မသက်မသာ ခံစားရစေခဲ့တယ်..။ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့ အချိန်မှာတော့..ဘယ်နေရာကို မဆို ၊ ကြက်သွေးရောင် နံရံတွေမရှိ၊ ပျက်ဆီးနေတဲ့ ရှေးဟောင်း အဆောက်အဦးတွေ မရှိပဲ ရှင်းရှင်းလင်းလင်း မြင်နေခဲ့ရပါတယ်..။ဒါက အိပ်မက်ဆိုးသားရဲ တွေအနေနဲ့ အဖွဲ့သားတွေကို ခြုံခိုတိုက်ခိုက်ဖို့ မဖြစ်နိုင်သလို ၊ အဖွဲ့သားတွေကတွေကလည်း သားရဲတွေရဲ့ အကြည့်အောက်ကနေ လွတ်မြောက်ဖို့ ဆ်ိုတာ မဖြစ်နိုင်ပါဘူး..။

'ဒါက အမှန်ပဲ...ဒါပေမဲ့ အဲဒီ မွန်းစတား တွေက ဘယ်တွေ ရောက်ကုန်တာလဲ..'

အမှန်တကယ်ပဲ,..ဆန်နီ ဘယ်လောက်ပဲ ကြည့်ကြည့် သူ ဘာလှုပ်ရှားမူကိုမှ မတွေ့ခဲ့ရပေ..။ဒါက ပတ်ဝန်းကျင် ဧရိယာ တစ်ခုလုံးက လုံးဝ သေဆုံးနေသလိုပါပဲ..။သူတို့ကို..တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်က လွှမ်းမိုးထားပြီး..သူတို့ရဲ့အဖွဲ့ဝင် တစ်ယောက်ယောက် အသံထွက်အောင် ပြုလုပ်မှ ဒီတိတ်ဆိတ်မူက ရပ်တန့်သွားခဲ့ပါတယ်..။

လှပတဲ့ မြင်ကွင်းတွေက..ငြိမ်းချမ်းမူကိုသာ ဖြစ်ပေါ်စေန်ိုင်ပေမယ့်..အဲဒီအစား..ကျောချမ်းမူကိုသာ ခံစားနေခဲ့ရတယ်..။ဆန်နီ ရဲ့ အရိပ်တောင်မှ..ခါတ်ိုင်းနဲ့ မတူပဲ ထူးခြားနေသလိုပါပဲ..။

မသက်သာမူတွေ အပြည့်နဲ့ပဲ..သူတို့က ရှေ့ကို ဆက်ပြီး ရွေ့လျားနေခဲ့ကြတယ်..။

ဒီအစီစဥ်က အရမ်းကို ရိုးရှင်းပါတယ်..။ကတ်စီရဲ့ အမြင်အာရုံကြောင့် ပထမဆုံး အရှင်သခင်နဲ့ သူ့ရဲ့ အဖွဲ့သားတွေက..သူတို့ သွားနေတဲ့အတိုင်း ဒီတောင်တန်းတွေမှာ သွားလာခဲ့တယ် ဆိုတာကို သိထားပြီးသားပါ..။အနည်းဆုံးတော့ တူညီတဲ့ လမ်းကြောင်းနဲ့ပါပဲ..။ဒီဟာက အဖွဲ့နှစ်ဖွဲ့ စလုံးက တောင်ခြေက တူညီတဲ့နေရာကနေ စတင် ဝင်လာကြတယ်လို့ ဆ်ိုလိုတာပါပဲ..။

ကတ်စီ ပြောပြတဲ့ နောက်ထပ်တစ်ခုက..သူတို့က ကြီးမားကျယ်ပြန့်တဲ့ ကျောက်တုံး..ချိုင့်ဝှမ်းကြီးကို ရှာနေကြတာပါ..။ဒီလိုအရာမျိုးက ကျော်သွားဖို့ အရမ်းကို ခက်ခဲတာကြောင့်..သူတို့အားလုံးက အထဲကို ပိုနက်နက် ဝင်ရင်း..ပတ်ဝန်းကျင်ကို ကြည့်နေခဲ့ကြတယ်..။

သူတို့ ခြေအောက်မှာ ရှိနေတဲ့ မြေပြင်က..အပေါ်ကို နည်းနည်းချင်းစီ မြင့်တက်လာနေခဲ့တယ်..။အချိန်တွေ ကုန်သွားတာနဲ့ အမျှ ဒါက ပိုပိုပြီး ကျောက်တုံးတွေ ထူထဲလာကာ..ပိုပြီးလည်း မတ်စောက်လာခဲ့ပါတယ်..။မကြာခင်မှာပဲ..သူတို့ကို ရှည်လျားတဲ့ ကျောက်တုံးတွေက ဝန်းရံလာခဲ့ပြီး..ကျောက်တုံးတွေပေါ်လာ လမ်းလျောက်နေကြရတော့တယ်..။

တစ်ချို့အချိန်တွေဆိုရင် ဆန်နီ နောက်ပြန်ကြည့်ပြီး သူတို့ တက်လာခဲ့တဲ့ အမြင့်က ဝင်္ကပါရဲ့ အထက်ဘယ်လောက်အထိ ရောက်လာပြီလဲဆိုတာကို စစ်ဆေးလေ့ရှိပါတယ်..။အခုချိန်မှာတော့ ဒါက သူတို့ရဲ့ အောက်ဘက် အတော်ဝေးဝေးမှာ ရှိနေခဲ့ပြီး..ကျယ်ပြန့်တဲ့ ကြက်သွေးရောင် ပင်လယ်နဲ့တောင် တူနေခဲ့တယ်..။

ထူးဆန်းတဲ့ ခံစားချက်တစ်ချို့က သူ့စိတ်ထဲကို ဝင်ရောက်လာခဲ့တယ်..။ကိုယ့်ကိုကို ပြန်လည်ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်မှာတော့..ဒါက သူ အတော်ကြာအောင် ပျောက်ဆုံးနေခဲ့တဲ့ အရာဆိုတာကို နားလည်လိုက်ပါတယ်..။

ကျန်တဲ့ လူသားတွေနဲ့ ပြန်ပြီး ဆက်သွယ်ရနိုင်တဲ့ ခံစားချက်မျိုး..။

ဟောလိုး တောင်တန်းကြီးကို ဖြတ်သန်းပြီး သွားလာဖို့ ဆိုတာက..မဖြစ်နိုင်တဲ့ အရာတစ်ခု ဆိုတာကို သူတို့သိထားပေမယ့်လည်း..ကျန်တဲ့ နိုးထသူတွေနဲ့ ဘယ်နေရာလောက် အကွာမှာ ရှိနေတယ်ဆိုတာကို သိထားရတာက..အရာရာတိုင်းကို ပြောင်းလဲစေပါတယ်..။

သူတို့က အရင်တုန်းက ကူကယ်ရာမဲ့နေခဲ့တာ မှန်ပေမယ့် အခုတော့ အနည်းဆုံး..လမ်းပျောက်နေတာမျိုး မဟုတ်တော့ပါဘူး..။

'ဘယ်လောက် ကောင်းမွန်ပြီး အကျိုးမရှိတဲ့ အတွေးလဲ '

သက်ပြင်းတစ်ချက်ချလိုက်ပြီး..တစ်ဖက်ကို လှည့်ကာ ကျန်တဲ့ အဖွဲ့သားတွေကို မှီအောင်လိုက်လိုက်တယ်..။

ကတ်စီ ပြောပြထားတဲ့ ချိုင့်ဝှမ်းကြီးကို ရှာတွေ့တဲ့ အချိန်မှာတော့ နေက အမြင့်မှာ ရှိနေတုန်းပါပဲ..။ဒါက တောင်ပူစာကနေ..တောင်တန်းတွေ အဖြစ်ပြောင်းလဲသွားတဲ့ တောင်ကြားတစ်ခုမှာ ရှိနေခဲ့တာပါ..။ပြီးတော့ ဒါက တစ်ခြားလူတွေ ထင်ထားခဲ့တာနဲ့ အတော်လေး ကွဲပြားပါတယ်..။

တစ်နေ့လုံးနီးပါး ခရီးထွက်လာခဲ့ကြပေမယ့်..သူတို့က ဘာ သက်ရှိမှကို မတွေ့ခဲ့ကြပေ..။တစ်ခြားအခြေအနေတွေမှာ ဆိုရင် အိပ်မက်ဆိုးသားရဲတွေ မရှိလို့ ဆန်နီ ပျော်ရွှင်မိမှာ ဖြစ်ပေမယ့်လည်း..အခုတော့ ဒါက သူ့ကို ကြောက်ရွံ့စေပါတယ်..။

ချိုင့်ဝှမ်းရဲ့ အစွန်းမှာ ရပ်နေရင်းနဲ့ သူက အောက်ကို အံ့ဩစွာ ငုံ့ကြည့်လိုက်တယ်..။

တောင်တန်းရဲ့ အသားတွေကို ဖြတ်တောက်ထားတဲ့ကျယ်ပြန့်တဲ့ ကျောက်ကျင်းကြီး တစ်ခုက ရှိနေခဲ့တယ်..။ဒါက မယုံနိုင်စရာ ပမာဏ တစ်ခုလိုရှိပေမယ့် လူသားတွေက ပြုလုပ်ထားတယ်ဆိုတာ ရှင်းလင်းပါတယ်..။အဝိုင်းပုံစံ ချိုင့်ဝှမ်းရဲ့ အောက်ခြေက်ို ဆင်ခြေလျော လမ်းလေးတစ်ခုက ဦးတည်ထားခဲ့တယ်..။ဒါက လှည်းဆယ်စင်းလောက် ဘေးချင်းယှဥ်

မောင်းလို့ ရလောက်အောင် ကျယ်ပါတယ်..။

ကျောကိကျင်းရဲ့ အဆုံးမှာတော့ တောငိတန်းတွေကို ဖြတ်တောက်ရင်း ဖန်တီးထားတဲ့ ကြီးမားတဲ့ လှေကားထစ် တွေ ၊ သို့မဟုတ်..ကြီးမားတဲ့ လူကောင်ကြီးတွေအတွက် ပြိုင်ပွဲကျင်းပရာ စင်မြင့်နဲ့ ခုံတွေ ပုံစံမျိုး ရှိနေခဲ့ပါတယ်..။ဟိုဟို ဒီဒီမှာတော့..ကြီးမားတဲ့ ကျောက်တုံးကြီးတွေ ရှိနေခဲ့ပြီး..အနက်ရောင်မြို့တော် ကို သယ်ဆောင်ဖို့အတွက် အဆင်သင့် ထားထား သလိုပါပဲ..။

ဆန်နီဟာ..အည်ိုရောင် ကျောကိတုံးကြီးတွေကို ကြည့်ပြီး ကျောက်ကျင်း ကြီးရဲ့ အရွယ်အစား နဲ့ အနက်ကို ပြန်ကြည့်လိုက်တယ်..။တစ်ခုခုက သူ့စိတ်ထဲကို ဆက်စပ်ပြီး ဝင်လာခဲ့ပါတယ်..။

'ဒီတော့..ဒီတော့..အနက်ရောင်မြို့တော် ရဲ့ မြို့ရိုးက ကျောကိတုံးတွေက..ဒီနေရာကနေ လာခဲ့တာပေါ့..'

သူ ဒါကို ကျိန်းသေပြောနိုင်ပါတယ်..။မေ့ပျောက်ကုန်းမြေရဲ့ ရှေးခေတ်က နေထိုင်သူတွေက ဒီနေရာက ကျောက်တုံးတွေကို..အရမ်းဝေးတဲ့ နေရာကို ရွေ့တယ် ဆိုတာက....။ဒီအတွေးကတင် ပင်ပန်းဆင်းရဲခြင်းကို အတော်လေး ခံစားနေရပါပြီ..။

အဲ့အချိန်မှာတော့ အယ်ဖီက တစ်ခုခုကို လေးနက်တဲ့အမူအရာနဲ့ကြည့်နေခဲ့တယ်..။ရုတ်တရက် သူမက ကျောက်ကျင်းရဲ့ အလယ်နေရာကို လက်ညိုးထိုးပြပြီး ပြောလိုက်တယ်..။

"ဟိုဘက်မှာ..ကြည့်လိုက်.."

သူမရဲ့ အကြည့်ကို လိုက်ရင်း..ဆန်နီ မျက်လုံးတွေကို အားစိူက်လိုက်ပါတယ်..။အတော်ကြာတာတောင် သူမက ဘာကို ပြောနေတာလဲ ဆိုတာကို သူ နားမလည်ခဲ့ပါဘူး..။ယင်းနောက် သူ နှလုံးခုန်မြန်သွားခဲ့တယ်..။

ကျောကိကျင်းကြီးရဲ့ အောက်ခြေနားမှာ..အရမ်းကိုကြီးမားတဲ့ အိပ်မက်ဆိုးသားရဲ ကြီးတစ်ကောင် ရှိနေခဲ့တာပါ..။

ဒီသားရဲကြီးက အရမ်းကို ကြီးမားပြီး အရွယ်အစား အိမ်တစ်လုံးစာလောက်ရှိတဲ့ ကြေးခွံနတ်ဆိုးရဲ့ နှစ်ဆလောက်တောင် ရှိပါတယ်..။ဒါက ထူးဆန်းတဲ့

အင်းစက် တစ်ကောင်နဲ့ တူပြီး..ကြံ့ပိုးတောင်မာ ကောင် နဲ့ ရှိခိုးခေါင်းကို ရောနှောထားတဲ့ အတိူင်းပါပဲ..။သူ့မှာ နူးညံ့တဲ့ ကြေးခွံ ၊ ကြီးမားတဲ့ ဦးချို တွေရှိပြီး သေလောက်တဲ့ ဓားတွေကလည်း သူ့ ရဲ့ ခြေလက်တွေမှာ ဆက်သွယ်ထားပါသေးတယ်..။

သတ္တဝါကြီးတစ်ကောင်လုံးက ကျောက်တုံးနဲ့ ပြုလုပ်ထားပုံရပြီး ကျောက်ကျင်းရဲ့ ကြမ်းပြင် နဲ့တောင် အရောင် တစ်ထပ်တည်း တူနေခဲ့ပါတယ်..။တကယ်လို့ အယ်ဖီသာ သတိမပေးဘူးဆိုရင်..ဆန်နီ လုံးဝ သတိထားမိမှာ မဟုတ်ပါဘူး..။

..ဒီအသားတွေ ၊ သို့ပေမယ့်..ကျိုးကြေ ပြီး..ပုံပျက်နေတဲ့ အပုံလိုက်ကြီးက မြေကြီးပေါ်မှာ လဲလျောင်းနေခဲ့တယ်..။

ကြီးမားတဲ့ ကျောက်တုံး နတ်ဆိုးကြီးက သေနေနှင့်ပြီးပါပြီ..။

ပြီးတော့ ကြည့်ရပုံအရတော့..လူသားတစ်ယောက်ရဲ့ လက်ချက်ကြောင့် သေဆုံးသွားပုံပါပဲ..။

ဆန်နီဟာ နစ်ဖီဘက်ကို လှည့်ပြီး ခနလောက် တွေဝေနေခဲ့တယ်..။

"ဘယ်လို ထင်လဲ..။ဒါက ဓားခုတ် ရာတွေပဲ..။ဟုတ်တယ်မလား.."

ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ ခနလောက်တိတ်ဆိတ်နေပြီးကာမှ နက်မှောင်စွာ ပြောလိုက်တယ်..။

"ဒါက ပြောဖို့ခက်တယ်..။သေချာသိဖို့ ဆိုရင် ငါတို့ အနားကို သွားကြည့်မှဖြစ်မယ်.."

All Chapters