မငြင်းနိုင်လောက်တဲ့ သက်သေ
Vol. 17 Ch. 246
အဆိုးဆုံးတွေကို ပြင်ဆင်ထားပြီးတော့..အဖွဲ့သားတွေဟာ သူတို့ရဲ့ လက်နက်တွေကို ထုတ်ပြီး ကျောက်ကျင်း ရဲ့ အောက်ခြေကို ဆင်းတဲ့ လမ်းအတိုင်း ဖြည်းညှင်းစွာ လျောက်သွားခဲ့ကြတယ်..။ဟောလိုး တောင်ရဲ့ တောင်ခြေကို ရောက်တဲ့အချိန်ကနေ အခုအထိ ..သူတို့က..အိပ်မက်ဆိုးသားရဲ တစ်ကောင်ကိုမှ မတွေ့ကြသေးပါဘူး..။သို့ပေမယ့်..ဒါက သူတို့ရဲ့ လုံခြုံရေးကို..လျော့ကျစေတဲ့ အကြောင်းပြချက် တစ်ခု မဟုတ်ခဲ့ပေ..။
ရှေးဟောင်းကျောက်တုံးရဲ့ လမ်းကြောင်းမှာ လျောက်နေရင်း..သူတို့အားလုံးဟာ မတတ်နိုင်စွာပဲ..ကြီးမားတဲ့ ကျောက်တုံး နတ်ဆိုးကြီးရဲ့ အလောင်းက်ို လှမ်းလှမ်းကြည့်နေမိကြပါတယ်..။ဒီအကောင်ကြီးက အချိန်မရွေး အသက်ဝင်လာပြီး..သူတို့ကို တိုက်ခိုက်တော့မယ်လို့တောင် ခံစားနေခဲ့ရတယ်..။
မေ့ပျောက်ကုန်းမြေမှာ နေထိုင်တာက..သူ့ကို တစ်ခုခုသင်ကြားပေးခဲ့တယ် ဆိုရင်..အဲတာက..အဆိုးဆုံးတွေကို ကြိုပြီးတွေးထားတာပါပဲ..။
အချိန်တစ်ချို့ ကြာပြီးတဲ့နောက်မှာ အယ်ဖီဟာ ပြောလိုက်တယ်..။
"ကျောကိကျင်းရဲ့ ကြမ်းပြင်က နက်ရှိုင်းတဲ့ အက်ကွဲကြောင်းကြီးတွေကို တွေ့လား..။ငါကတော့ ဒီအရာကြီးက အောက်ဘက်ကနေ လာခဲ့တာလို့ ထင်တာပဲ..။ဒီတော့ ခြေလှမ်းတွေကို သတိထားကြဦး.."
လှိမ့်နေတဲ့ ကျောက်တုံးနဲ့ တွေ့ဆုံခဲ့တဲ့ အတွေ့အကြုံက ဦးနှောက်ထဲကို ဝင်ရောက်လာတာကြောင့်..ဆန်နီအောက်ဘက်ကို သုန်မုန်စွာကြည့်လိုက်တယ်..။အဲဒီသားရဲက အန္တရာယ်များတယ် ဆိုတာထက် ရယ်စရာတောင် ကောင်းနေပါသေးတယ်..။သူ့ရဲ့သွားတွေက ရုပ်သေးဆရာရဲ့ ဝတ်ရုံတော် ပေါ်ကိုတောင် ထွင်းဖောက် နိုင်နေခဲ့တာပါ..။တကယ်လို့ တစ်ခုခုက သူ့ကိုအောက်ကနေ ကိုက်လာခဲ့မယ်ဆိုရင်..ဘာတွေ ဖြစ်ကုန်မလဲ ဘယ်သူက သိနိုင်မှာလဲ..။
ရိုးရှင်းတဲ့ အတွေးနဲ့အတူပဲ ဆန်နီဟာ အရိပ်သူတော်စင်ကို ထုတ်လိုက်ပြီး သူနဲ့အနီးမှာ နေဖို့ အမိန့်ပေးလိုက်တယ်..။စကားမပြောတဲ့ မွန်စတားက အပြင်ကို ရောက်တာနဲ့ ဟောလိုး တောင်တန်းရဲ့ ထိပ်ဖျားတွေကို ကြည့်နေခဲ့တယ်..။ကြည့်ရတာတော့..ဒီပတ်ဝန်းကျင်က သူ့ကို သက်ရောက်မူ ဖြစ်စေတဲ့ ပုံပါပဲ..။ယင်းနောက် သူမက ခေါင်းကိုငုံ့ထားပြီး..သူ့ရဲ့ အမိန့်ကို တိတ်တဆိတ်လိုက်နာနေခဲ့ပါတယ်..။
နာရီဝက်လောက် ခက်ခဲ ပင်ပန်းစွာ ဆင်းပြီးတဲ့ နောက်မှာတော့..အဖွဲ့သားတွေဟာ နောက်ဆုံးမှာ သားရဲကြီး ရှိတဲ့နေရာကို ရောက်လာခဲ့ကြတယ်..။သားရဲ နဲ့ မီတာ အနည်းငယ် အကွာအဝေးမှာ ရပ်လိုက်ပြီး..သူတို့က ဘယ်လိူလုပ်ရမလဲ ဆိုတာကို စဥ်းစားနေကြရပါတယ်..။
နောက်ဆုံးမှာတော့ နစ်ဖီက သက်ပြင်းချကာ ရှေ့ကို တက်သွားပြီး..သေဆုံးနေတဲ့ နတ်ဆိုးရဲ့ ခန္တာကိကယ်အနားကို ကပ်သွားလိုက်တယ်..။
သူတို့ရဲ့ ခေါင်းဆောင်က..အလောင်းနားကို ကပ်သွားပြီး လက်ကို တင်လိုက်တဲ့ အချိန်မှာတော့..သူတို့ အကုန်လုံးက အသက်ကို အောင့်ထားလိုက်ကြပါတယ်..။
စက္ကန့်အနည်းငယ် ကုန်ဆုံးသွားပြီး နောက်ထပ်စက္ကန့်အနည်းငယ် ကြာညောင်းသွားခဲ့တယ်..။ကြီးမားတဲ့ သားရဲကြီးကတော့ လှုပ်မလာသလို ၊ အသက်ပြန်ဝင်လာမဲ့ လက္ခဏာမျိုးလည်းမရှိပါဘူး..။နတ်ဆိုးက အဲဒီမှာ လဲလျောင်းနေပြီး..ခန္တာကိုယ်ပျက်စီးကာ..သေဆုံးတဲ့ အချိန်မှာတောင် ကြောက်ဖို့ကောင်းနေတုန်းပါပဲ..။
ပြီးတော့..ဒါက တကယ်..တကယ်ကို သေနေခဲ့ပါပြီ..။
သိပ်ပြီး မထူးခြားလာတဲ့ သူတော်စင်ကို ကြည့်ပြီး ဆန်နီ စိတ်သက်သာရစွာ သက်ပြင်းချလိုက်တယ်..။
သူက..ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု အတွက်ပြင်ဆင်ထားပြီးပြီ ဆိုပေမယ့်လည်း..ဖြစ်နိုင်ရင် ဒီတစ်ကြိမ်မှာတော့ ရှောင်ရှားချင်မိပါတယ်..။အဖွဲ့ဝင်တွေက..လမ်းလျောက်နေတဲ့ ရုပ်ထုကြီးထိပ်က တိုက်ပွဲပြီးကတည်းက အပြည့်အဝ ပြန်မကောင်းကြသေးပါဘူး..။ဒီတော့ သူတို့က ပုံစံကောင်း မရကြသေးပေ..။
ကောင်းပြီ..အနည်းဆုံးတော့ ဆန်နီရဲ့ အခြေအနေက အဆင်မပြေသေးပါဘူး..။ဘာလို့လဲဆ်ုတော့ နစ်ဖီရဲ့ ကူညီပေးမူကို သူက ငြင်းဆန်ခဲ့လို့ပါ..။သူက ဝီဗာရဲ့ သွေး နဲ့ အရိပ်အပိူင်းအစ တွေရဲ့ ကျေးဇူးကြောင့်သာ..လျင်မြန်တဲ့နှုန်းနဲ့ ပြန်လည်သက်သာလာနေခဲ့တာပါ..။သို့ပေမယ့် သူ့ ခန္တာကိုယ်က အပြည့်အဝ ပြန်မကောင်းသေးပေ..။
နစ်ဖီဟာ ခေါင်းကို လှည့်လာပြှး သူတို့ကို ကြည့်ကာ ပြောလိုက်တယ်..။
"အနားကို လာကြည့်ကြ.."
သူမရဲ့ စကားတွေက ခွန်အားပေးလိုက်တာကြောင့်..အဖွဲ့ဝင်တွေဟာ နောက်ဆုံးမှာတော့ သေဆုံးနေတဲ့ သတ္တဝါ အနားကို လျောက်သွားလိုက်ကြတယ်..။
ဒါပေါ့..မမျှော်လင့်တာတွေ ရုတ်တရက် ဖြစ်လာတာကို ရှောင်ကြဥ်ဖို့ အတွက်လည်း သူတို့ ပြင်ဆင်ထားပြီး ကြပါပြီ..။
သူတို့ခြောက်ယောက်က...ဒီသားရဲကြီးက လူသားတွေက သတ်လိုက်တာလား..ဒါမှမဟုတ် တစ်ခြားသားရဲ တစ်ကောင်ကောင်က သတ်လိုက်တာလား ဆိုတာကို သိဖို့ကြိုးစားရင်း..မိနစ်အနည်းငယ်လောက် အချိန်ကုန်နေခဲ့ကြတယ်..။
ဆန်နီဟာ တောင်တန်းတွေကို ကြည့်နေရင်း အဖြူရောင် မြူတွေက တောင်ထိပ်ပေါ်ကနေ စီးဆင်းကာ..အောက်ဘက်ဆီကို ရေတံခွန်လို ကျဆင်းနေတာကို ကြည့်နေခဲ့ပါတယ်..။
'ဘယ်လောက် လှပလိုက်လဲ..'
သက်ပြင်းတစ်ချက်ချလိုက်ပြီး..သူက ဒီနေရာနဲ့အဝေးမှာရှိနေတဲ့ မြူနံရံကြီးတွေကို အကြည့်လွှဲကာ
ကျောက်တုံးနတိဆိုးရဲ့ အလောင်းကောင်ကိုသာ အာရုံစိူက်လိုက်ပါတယ်..။
သူ့ကို ဘယ်သူပဲ သတ်သတ်..ဒါက ဆန်နီ တိုက်ပွဲမှာထိပ်တိုက်တွေ့ချင်တဲ့ သတ္တဝါမျိုးမဟုတ်ပါဘူး..။သားရဲကြီးရဲ့ အသွေးအသားတွေကို ကျောက်တုံးနဲ့ပဲ ပြုလုပ်ထားခဲ့တယ်..။ဒီအရာက တိုက်ခိုက်ခဲ့တဲ့ သူတွေကို မတားဆီးနိုင်ခဲ့ပေ..။ကြီးမားတဲ့ သားရဲကြီးရဲ့ ဝမ်းဗိုက်မှာတော့..နေရာတွေအများကြီးမှာ အက်ကွဲနေခဲ့ပါတယ်..။
...သို့ပေမယ့်..အများစုက ဒါက ဖြတ်တောက်ပြီး ထိုးဖောက်ခံထားရတာပါ..။
ကြီးမားတဲ့ ဒဏ်ရာကြီး အနည်းငယ်က လွဲရင် ကျန်တာတွေကတော့ ဒဏ်ရာ အသေးလေးတွေချည်းပါပဲ..။ဒဏ်ရာအများစုကို ကြည့်ရပုံ အရတော့..ဒါတွေက..ဓားတွေ ၊ ပုဆိန် သို့မဟုတ် လှံတွေကနေ ရရှိထားခဲ့တာပါ.။သူက အသေအချာတော့ မပြောနိုင်ပေ..။ဆန်နီက ဒီလိုနေရာမှာ ပညာရှင်အဆင့် မဟုတ်ပါဘူး..။
သို့ပေမယ့် သူက လောဘကြီးတဲ့နေရာမှာတော့..ပညာရှင် တစ်ယောက်ပါ..။
သားရဲကြီးရဲ့ ဒဏ်ရာတွေ ဘယ်လိုရနေတာလဲ ဆိုတာကို လေ့လာနေမယ့်အစား ဆန်နီဟာ..ပတ်ဝန်းကျင်ကို လမ်းလျောက်ရင်း ဒဏ်ရာအကြီးအကျယ်ရထားတဲ့ သားရဲရဲ့ ဝမ်းဗိုက်ကို တွေ့လိုက်တယ်..။သက်ပြင်းတစ်ချက်ချလိုက်ရင်း..သူက ကျောက်တုံးအလောင်းကြီးရဲ့ ထိပ်ကို တက်ကာ အထဲကို ဝင်လိုက်ပါတယ်..။
တစ်ခြားအဖွဲ့ဝင်တွေကတော့ သူ့ကို အံ့ဩတဲ့ အမူအရာတွေနဲ့ ကြည့်နေခဲ့ကြတယ်..။
မိနစ်အနည်းငယ် ကြာပြီးတဲ့ နောက်မှာတော့ ဆန်နီက သေဆုံးနေတဲ့ နတ်ဆိုးရဲ့ ကိုယ်ထဲကနေ ထွက်လာပြီး အကာအကွယ် အင်္ကျီနဲ့ ဆံပင်က ကျောကိတုံးဖုန်မှုန့်တွေကို ခါလိုက်ပါတယ်..။ယင်းနောက် သူက အပေါင်းအပါ တွေကိုကြည့်ပြီး မျက်မှောင်ကျုတ်လိုက်တယ်..။
"ဘာလဲ "
ကိုင်က သူ့ကို ရှုပ်ထွေးတဲ့ အမူအရာနဲ့ကြည့်နေရင်း မေးလိုက်တယိ..။
"ဆန်နီလား..။အာ..မင်း ငါတို့ကို တစ်ခုခု မပြောချင်ဘူးလား.."
ဆန်နီ သူ့ကို ခေါင်းညိမ့်ပြပြီး ပြုံးလိုက်တယ်..။
"တကယ်တော့ ရှိတယ်..။ဒီအရာက တကယ်ပဲ လူတစ်ယောက်က သတ်ခဲ့တာပဲ.."
ချောမောတဲ့ လေးသည်တော်ဟာ မျက်ခုံးပင့်တင်လိုက်ပြီး သံသယဖြစ်စွာ မေးလိုက်ပါတယ်..။
"တကယ်လား..မင်းဘယ်လိုသိတာလဲ.."
ဆန်နီ ခုန်ဆင်းပြီး ပုခုံးတွန်းလိုက်တယ်..။
"ဝိဥာဥ် အမြုတေတွေ မရှိတော့ဘူး.."
ခနလောက်ကြာပြီးတဲ့ နောက်မှာတော့ ကိုင်ရဲ့ မျက်နှာပေါ်မှာ နားလည်တဲ့ အမူအရာပေါ်လာခဲ့တယ်..။
တကယ်ပဲ..အိပ်မက်ဆိုးသားရဲ အများစုက ဝိဥာဥ် အမြုတေကို မလိုအပ်ကြပါဘူး..။လူသားတွေ အချင်းချင်း သတ်ဖြတ်တဲ့ အချိန်မှာ ဝိဥာဥ် အဆီအနှစ်ကို တိုက်ရိုက် စုပ်ယူသလိုပဒ..သူတို့ကလည်း..ဝိဥာဥ် အမြုတေကို ဖျက်ဆီးပြီး စုပ်ယူကြတာပါ..။
..ဒါပေါ့..ဝိဥာဥ်သစ်ပင် နဲ့တွေ့မယ် ဆိုရင်တော့ အခြေအနေက မတူပါဘူး..။သို့ပေမယ့်..ဒီလိုမျိုး နောက်ထပ် သစ်ပင်တစ်ခုကို ထပ်တွေ့ဖို့ ဆ်ိုတာက အနည်းလေး အခွင့်အရေး နည်းပါးပါတယ်..။
ဒီတော့ ဝိဥာဥ် အမြုတေတွေကို လူသားတွေက ယူသွားတယ်လို့ ယူဆတာက အကြောင်းအကျိုးဆီလျော်တဲ့ အရာပါ..။
သူ့ရဲ့ တွေ့ရှိမူက..ပထမဆုံး အရှင်သခငိရဲ့ အဖွဲ့သားတွေဟာ ဒီကြောက်စရာ သားရဲကြီးနဲ့ တိုကိပွဲဖြစ်ခဲ့ပြီး
သတ်ဖြတ်ခဲ့တယ် ဆိုတာ သက်သေပြဖို့ လုံလောက်ပါတယ်..။
သူတို့က..ပျောက်ဆုံးနေတဲ့ အဖွဲ့သားတွေရဲ့ လက္ခဏာတွေကို တွေ့ရှိပါပြီ..။
ပြီးတော့ နောက်ထပ် မငြင်းပယ်နိုင်တဲ့ အဖြေတစ်ခုလည်း ရှိနေပါသေးတယ်..။
နတ်ဆိုးရဲ့ အကြွင်းအကျန်တွေကို အဝေးကနေ လေ့လာနေတဲ့ နစ်ဖီဟာ ရုတ်တရက် သူတို့ကို ခေါ်လိုက်တယ်..။
အဖွဲ့သားတွေဟာ ..တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သူမ အနားကို ကပ်သွားကာ..သူမဘာတွေ့တာလဲဆိုတာ သိဖို့ကြိုးစားလိုက်ကြပါတယ်..။
ပြောင်းလဲနေတဲ့ကြယ်ပွင့်က..သေဆုံးနေတဲ့ သားရဲရဲ့ ခန္တာကိုယ်အနား ဝန်းကျင်က မြေကြီးမှာ ရှိနေတဲ့ ကျောက်တုံးအပုံလိုက် ကို သုန်မုန်တဲ့ အမူအရာနဲ့ကြည့်နေခဲ့တယ်..။ကျောက်တုံးအများစုက သားရဲကြီးရဲ့ ကြေးခွံကနေ လာခဲ့တာဖြစ်ပြီး တစ်ချို့ကတော့..တိုက်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ ကျောက်တုံးအပိုင်းအစ တွေကနေ ရလာခဲ့တာပါ..။
နစ်ဖီက ဒီဟာကို ဘာလို့ စိတ်ဝင်စားနေရတာလဲ..။
အနီးကပ်ကြည့်လိုက်တဲ့ အချိန်မှာတော့ ဆန်နီဟာ ဒီကျောက်တုံးတွေက..တစ်ခြားဟာတွေနဲ့ မတူတာကို သတိထားမိလိုက်တယ်..။ဒီဟာက ဘဲဥပုံစံအတိုင်းဖြစ်ပေါ်နေခဲ့တာဖြစ်ပြီး တိုက်ဆိုင်တာလို့ ပြောဖို့အတွက် အတော်လေးကို ပြီးပြည့်စုံလွန်းနေခဲ့ပါတယ်..။
ကျောက်တုံးတစ်ခုစီက လူသားတစ်ယောက်ရဲ့လက်နဲ့ ရည်ရွယ်ချက်ရှိရှိ ထားရှိထားတဲ့ အတိုင်းပါပဲ..။ဖြစ်နိုင်တာက..အစီစဥ်တကျ တတ်နိုင်သမျှ ခိုင်မာအောင် ထားချင်ခဲ့တာပါ..။
ရုတ်တရက် ဆန်နီ ရဲ့ ကျောရိုးတစ်လျောက်လုံး အေးစက်စွာ ကြက်သီးထသွားခဲ့တယ်..။သူဘာကို ကြည့်နေခဲ့တာလဲ ဆိုတာကို နောက်ဆုံးမှာ နားလည်လိုက်ပါပြီ..။
ဒါက တကယ်တော့ ကျောက်တုံးပုံကြီး တစ်ခု မဟုတ်ခဲ့ပါဘူး..။
ဒါက အုတ်ဂူ တစ်ခုပါ..။