← Chapters

မြူ

Vol. 17 Ch. 247

မြူ

Vol. 17 Ch. 247

အမှတ်တရ ကျောက်တုံးပုံ နားမှာ ရပ်နေရင်း..အဖွဲ့ဝင်တွေဟာ သုန်မုန်တဲ့ အမူအရာတွေ ရှိနေခဲ့ပါတယ်..။ကတ်စီကတော့..တောင်တန်းတွေဘက် အဝေးကို ကြည့်နေရင်း..သူမရဲ့ ခံစားချက်တွေကို ဖုံးကွယ်ဖို့ကြိုးစားနေခဲ့တယ်..။

အခု သူတို့က ဘာကို ကြည့်နေကြရတာလဲ ဆိုတာကို သိနေပြီဖြစ်တာကြောင့်..သူတို့ရဲ့ ခံစားချက်တွေက သိပ်မကောင်းတော့ပါဘူး..။မေ့ပျောက်ကုန်းမြေမှာ ရောက်နေတဲ့လူတွေက..သေဆုံးမူတွေ ၊ ကပ်ဆိုးတွေနဲ့ အသားကျနေကြပါပြီ..။သို့ပေမယ့် လူသားတွေရှာတွေ့ဖို့ ခက်ခဲတဲ့ နေရာတစ်ခုမှာ ဒီလို အထီးကျန်နေတဲ့ အုတ်ဂူ တစ်ခုကို တွေ့ရတာက..တကယ်ကို ဝမ်းနည်းစရာပါပဲ..။

သူတို့ထဲက တစ်ယောက်ကမှ..ပထမ အရှင်သခင်ရဲ့ အဖွဲ့သားတွေကို မတွေ့ဖူးပေမယ့်..သူတို့ရဲ့ ဒဏ္ဍာရီလာ အောင်မြင်မူတွေ နဲ့ ပုံမြင်တွေကို အမြဲတမ်းကြားနေရတာ​ကြောင့်..သူတို့ရဲ့ အဖွဲ့ဝင်တစ်ယောက်လိုတောင် ခံစားနေရပါတယ်..။

ရဲတိုက်က..အရမ်းကို ညို့မှိုင်းပြီး..စိတ်အိုက်ဖို့ ကောင်းတာကြောင့်..ဒီလို ကျိန်စာသင့်ကမ္ဘာကြီးထဲမှာ သူတို့အားလုံးက လူသားတွေပဲ ဆိုတာကို မေ့ပျောက်ဖို့ လွယ်ကူလှပါတယ်..။တိတ်ဆိတ်နေတဲ့ အုတ်ဂူရဲ့ ရှေ့မှာတော့..အမှန်တရားတစ်ခုက ရှိနေခဲ့တယ်..။အဲတာက..သူတို့က..အဆုံးမရှိတဲ့ အိပ်မက်ဆိုးသားရဲ အုပ်တွေ နဲ့ ရင်ဆိုင်နေရပြီး လူသားတိုင်းရဲ့ အသက်က ဆုံးရှုံးသွားနိုင်တယ် ဆိုတာပါပဲ..။

ဆန်နီ သက်ပြင်းချလိုက်ပြီး..ကျောက်တုံးတစ်ခု ပေါ်မှာ ထွင်းထု ထားတဲ့ စကားလုံးတစ်ချို့ကို သတိထားမိလိုက်ပါတယ်..။ဒီအရာကို နားလည်ဖို့ သူ အချိန်အနည်းငယ် ယူလိုက်ရတယ်..။ဘာလို့လဲ ဆိုတော့..ဒီအရာကို လူသားတွေရဲ့ စကားလုံးနဲ့ ရိုးရှင်းစွာ ရေးသားထားလို့ပါပဲ..။ဒါက မေ့ပျောက်ကုန်းမြေမှာ ကြည့်ရတာ အတော်လေးကို ထူးဆန်းစေပါတယ်..။

အုတ်ဂူရဲ့ ကျောက်တုံးပေါ်မှာ ထွင်းထုထားတာကတော့..အဓိပ္ပါယ်တွေ ပါဝင်တဲ့ စာကြောင်းတစ်ခုပါပဲ..။

"သူမရဲ့ အိပ်မက်ဆိုးက ပြီးသွားပြီ.."

လေးလံမူ တွေနဲ့အတူပဲ ..ဆန်နီဟာ ဒီအရာကို အကြိမ်အနည်းငယ်လောက် တိတ်တဆိတ် ရေရွတ်လိုက်တယ်..။ဒီစကားလုံး အနည်းငယ်က အဓိပ္ပါယ်တွေ ဘယ်လောက်အများကြီး ဖော်ပြနိုင်လဲ ဆိုတာက ထူးဆန်းတဲ့ အရာပါ..။သူတို့က သူ့စိတ်ထဲမှာ ပဲ့တင်ထပ်နေပြီး..လေးနက်တဲ့ အတွေးတွေကို ဖြစိပေါ်စေခဲ့တယ်..။

'...ငြိမ်းချမ်းစွာ အနားယူပါ..။မင်း ဘယ်သူပဲဖြစ်ဖြစ်..အခု မင်းရဲ့ အိပ်မက်တွေက ချိုသာပြီး အေးချမ်းဖို့ကို ငါမျှော်လင့်ပါတယ်..'

ဒီလို ပြောပြီးတာနဲ့ သူ အဝေးကိုကြည့်ပြီး အံကိုကြိတ်ထားလိုက်တယ်..။

သူတို့ရဲ့အိပ်မက်ဆိုးကရော..ဘယ်တော့ အဆုံးသတ်မှာလဲ....

တစ်ခြားအဖွဲ့သားတွေကလည်း ဖြည်းဖြည်းချင်း အသိစိတ်ပြန်ဝင်လာကြပါပြီ..။ကိုင် က သက်ပြင်းချကာ..ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို ဝမ်းနည်းမူ တွေ အပြည့်နဲ့ကြည့်လိုက်တယ်..။

"ငါ ထင်တာပေါ့...ဒါက ငါတို့ရှာနေတဲ့ အရာလို့ထင်တယ်..။ပထမဆုံး အရှင်သခင် နဲ့ သူ့ရဲ့ အဖွဲ့သားတွေက ဒီလမ်းကို ကျိန်းသေ ဖြတ်သွားခဲ့ကြတယ်..။ဒါပေမဲ့ အခု ဘာဆက်လုပ်မှာမယ်.."

နစ်ဖီဟာ အုတ်ဂူကို နောက်ဆုံးတစ်ကြိမ် ကြည့်ပြီးမှ..ခန့်ညားတဲ့ လေးသည်တော်ကို ကြည့်လိုက်တယ်..။

"ဒီအနီးနားက ရှေးဟောင်း မိုင်းတွင်း ထဲကို ဝင်ဖို့ အပေါက်ရှိလိမ့်မယ်..။ကတ်စီ ရဲ့ အမြင်အရတော့ သူတို့က အဲ့ကို ဝင်သွားတာပဲ.."

ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။သူမပြောတဲ့ အရာက သူ့ကို မသက်မသာ ဖြစ်စေပါတယ်..။ဒါပေမဲ့ ဘာလို့လဲ..။

သူ ခေါင်းကို လှည်ပြီး..သူတို့ရဲ့ ခြေလှမ်း အနည်းငယ် အကွာမှာ ရပ်နေတဲ့ ကတ်စီကို ကြည့်လိုက်တယ်..။သူမရဲ့ မျက်နှာက တောင်တန်းတွေဘက်ကို လှည့်နေခဲ့ပါတယ်..။ဒါက မျက်မမြင်မိန်းကလေးက မြူခိုးတွေက တောင်ကြားထဲကို ရောက်လာနေတာကို ခံစားနေတဲ့ပုံပါပဲ...။

သူမက အတော်လေး ဆိုးဆိုဝါးဝါးကို ငြိမ်နေခဲ့တာပါ..။

နိမ်ိတ်မကောင်းတဲ့ ခံစားချက်က ရုတ်တရက် သူ့စိတ်ထဲကို ဝင်ရောက်လာခဲ့တာကြောင့်..ဆန်နီ ဟာ နစ်ဖီကို လက်ဟန်ပြလိုက်ပါတယ်..။ပြောင်းလဲနေတဲ့ကြယ်ပွင့်က..မျကိမှောင်ကျုတ်ပြီး သူကြည့်နေရာတဲ့ နေရာကို လိုက်ကြည့်ကာ မျက်နှာပြောင်းလဲသွားခဲ့တယ်..။

သူမရဲ့ သူငယ်ချင်းဆီကို လျောက်သွားရင်း သူမက သူမရဲ့လက်ကို ကတ်စီရဲ့ ပုခုံးပေါ်မှာ ဂရုတစိုက်တင်လိုက်တယ်..။သူမရဲ့ မျက်နှာကတော့ ဖြူဖျော့နေခဲ့ပါတယ်..။

"ကတ်စီ..နင် တစ်ခုခု မြင်လို့လား.."

မျက်မမြင်မိန်းကလေးရဲ့ မျက်နှာမှာတော့ ထိပ်လနိ့တဲ့ အမူအရာတွေ ရှိနေခဲ့တယ်..။အချိန်ခနလောက် သူမက အသက်ကို ပြင်းပြင်းရူပြီး..ကိုယ့်ကိုကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်ပါတယ်..။နောက်ဆုံးမှာတော့ တိတ်ဆိတ်ပြီး လေးနက်တဲ့ အသံနဲ့ပြောလိုက်တယ်..။

"မြူခိုးတွေ..မြူခိုးတွေ မရောက်လာခင် ငါတို့ မြေအောက်ကို သွားရမယ်..။မဟုတ်ရင်..ငါတို့အားလုံးသေလိမ့်မယ်.."

နစ်ဖီဟာ ကတ်စီကို နောက်ထပ် မေးခွန်းတွေ မေးပြီး အချိန်ဖြုန်းမနေတော့ပေ..။တစ်ဖက်ကို လှည့်ပြီး အော်ပြောလိုက်တယ်..။

"ဆန်နီ...နိုက် ...မိုင်းတွင်းရဲ့ ဝင်ပေါက်ကို ရှာကြ..အမြန်..."

အဲ့အချိန်မှာပဲ ကိုင်က..လေပေါ်ကို ပျံတက်သွားပြီး..ကျောကိကျင်းကြီးရဲ့ ဆန့်ကျင်ဘက်ကို ရောက်သွားခဲ့ပါတယ်..။ဆန်နီလည်း တွေဝေမနေခဲ့ပေ..။သူက အရိပ်ကို ခြေထောက်အောက်ကနေ ခွဲထွက်စေပြီး လျင်မြန်တဲ့ အရှိန်နဲ့လွှတ်လိုက်ပါတယ်..။

အခြေအနေကသာ အလျင်စလိုဖြစ်နေပေမယ့် သူကတော့ တည်ငြိမ်နေပါသေးတယ်..။

"ဒီတော့..ဒီနေရာမှာ ငါတို့က သားရဲတွေ မတွေ့ရတာဟာ နောက်ထပ် အကြောင်းပြချက်တွေ ရှိနေသေးတယ်ပေါ့.."

ဟောလိုး တောင်တန်းထဲကို ဝင်ရောက်လာကတည်းပ ဒီလို အခြေအနေနဲ့ကြုံတွေ့ရမယ် ဆ်ိုတာကို ဆန်နီက မျှော်လင့်ထားပြီးသားပါ..။ဒီနေရာက ဘယ်လောက် အန္တရာယ် များလဲဆိုတာကို မသိခင်ကတည်းက..လုံခြုံတဲ့ နေရာမှန်ရင်..ကြက်သွေးရောင် သန္တာကျောက်တွေ မပေါက်ပဲ မနေဘူးဆိုတာကို သူ သိထားခဲ့ပါတယ်..။

"အယ်ဖီ ၊ ကတ်စတာ..လမ်းပြတွေနေရာတွေ့တာနဲ့ ချက်ချင်း..လှုပ်ရှားဖို့ ပြင်ဆင်ထား.."

အဖြူရောင် မြူတွေက လျိုထဲကို ဖြည်းဖြည်းချင်း ရောက်လာနေပြီဖြစ်တာကြောင့် နစ်ဖီဟာ အနည်းငယ် တွေဝေရင်း..သူမရဲ့ ဓားကို ထုတ်လိုက်ပါတယ်..။သူမရဲ့ ဘေးနားမတော့ ကတ်စီက တိတ်တဆိတ် ကခုန်သူနဲ့အတူ ဘေးနားမှာ ရှိနေခဲ့တယ်..။

ဖောက်ထွင်းမြင်နေရတဲ့ တောင်ပံ နှစ်ခုကတော့ သူမရဲ့ နောက်ဘက်မှာ လှုပ်ရှားနေခဲ့ပါပြီ..။

သူတို့ကို ကြည့်ကာ ဆန်နီ သက်ပြင်းချလိုက်ပြီး ကျောက်တုံးသူတော်စင် အနားမှာ ထိုင်လိူက်တယ်..။သူ့စိတ်တွေကတော့..အရိပ်ရဲ့ ရူထောင့်နေရာကို စောင့်ကြည့်ရင်း အာရုံစိုက်ထားလိုက်တယ်..။

ကိုင် နဲ့ အရိပ်က ဝင်ပေါက်ကို တစ်ပြိုင်တည်း နီးပါး ရှာတွေ့ခဲ့ကြတာပါ..။ရှည်လျားတဲ့ ပေါင်းကူးတစ်ခုက တောင်ကုန်းတွေကြားထဲမှာ ထွင်းထုထားခဲ့တယ်..။ဥမင် ကြီးရဲ့ ပါးစပ်ကတော့..နက်မှောင်ပြီး နိမိတ်မကောင်းမူတွေ ဖြစ်ပေါ်နေခဲ့ပါတယ်..။

ကျောက်ကျင်းကို သွားတဲ့ မိုင်းတွင်းကို သွားတဲ့လမ်းက အတော်ကို ရှုပ်ထွေးနေခဲ့တယ်..။ကျောက်တုံးကြီးတွေရဲ့ ဆီကို သွားတဲ့လမ်းကို သူ သေချာမသိပေမယ့် ကိုင်ကတော့ အပေါ်ကနေ သေချာမြင်နိုင်မှာပါ..။

မျက်လုံးတွေကို ဖွင့်ထားတာကြောင့်..မြူခိုးတွေက..သူတို့ဆီကို ဖြည်းဖြည်းချင်းချငိး ရောက်လာနေတာကို တွေ့နေရတယ်..။ဒါက ကျောကျင်း ကြီးထဲကို ရောက်မလာခင် စက္ကန့်ပိုင်းအတွင်းမှာပဲ သူပြောလိုက်တယ်..။

"ငါ့နောက်လိုက်ခဲ့ကြ.."

ဒီလိုပြောပြတာနဲ့ သူက မိုင်း တွင်းရှိလောက်တဲ့ ယျေဘုယျ နေရာကို ဦးတည်ပြီး ပြေးသွားလိုကိပါတယိ..။သူ့နောက်ကလူတွေကလည်း..အရှန်ကို မြန်နိုင်သမျှ မြန်မြန် မြှင့်တင်နေခဲ့ကြတယ်..။ဒါပေါ့ ကတ်စတာ တော့ မပါပါဘူး..။

ကျောက်ကျင်းရဲ့ တစ်ဝက်လောက်ကို ရောက်တဲ့ အချိန်မှာတော့..ကိုင်က..သူတို့အနားကို ဆင်းသက်လိူက်ပြီး..ကျောက်တုံးအက်ကွဲကြောင်း နှစ်ခုကြားထဲကို လက်ညိုး ထိုးပြလိုက်တယ်..။

"အဲဲဒီမှာပဲ..အမြန်..."

သူတို့ လျိုဝှက်လမ်းကြောင်းကို ဝင်သွားပြီး မြနိနိုငိသမျှ မြနိမြနိ..ကျယ်ပြောတဲ့ ဥမင်ထဲကို ချည်းကပ်သွားခဲ့ပါတယ်..။

အမှောင်ထုရဲ့ အစွန်းဘက်မှာတော့ ဆန်နီ ခနလောက်ရပ်လိုက်ပြီး..နီးကပ်လာတဲ့ မြူခိုးတွေကို ပြန်ကြည်ပလိုက်ပါတယ်..။

သူ ဒီမြူခိုးတွေကိုကြည့်နေတုန်းမှာပဲ အေးစက်ပြီး ၊ လေးလံတဲ့ ခံစားချက်က ရုတ်တရက် သူ့ရဲ့ နှလုံးသားထဲကို တိုးဝင်လာခဲ့တယ်..။

အချိန်ကို ထပ်ပြီးဖြုန်းမနေတော့ပဲ..သူ တစ်ဖက်ကို လှည့်ပြီး အရိပ်တွေထဲကို တိုးဝင်သွားလိုက်ပါတယ်..။

ခနကြာပြီးတဲ့နောက်မှာတော့..မြူခိုးတွေက..ဥမင်ရဲ့ ဝင်ပေါက်ကို ရောက်ရှိလာကြပြီး ကျန်တဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပါပြီ..။

All Chapters