ရှင်ကျန်ရစ် တဲ့ သူတွေ
Vol. 17 Ch. 248
ဥမင်ရဲ့ ဝင်ပေါက်ဝ နဲ့ မြူခိုးတွေကို နောက်မှာထားခဲ့ပြီး..အဖွဲ့သားတွေဟာ အမှောင်ထုထဲကို ဆက်ပြီး တိုးဝင်သွားခဲ့တယ်..။သူတို့ လျောက်နေတဲ့ အချိန်မှာတော့..အလင်းကို ထုတ်ပေးနိုင်တဲ့ မှတ်သားမူ တွေကို ထုတ်ယူလိုက်ပါတယ်..။
မိုင်း တွင်းထဲကို ဦးတည်နေတဲ့ ဥမင်က အတော်လေးကို ကျယ်ပြောလှပါတယ်..။အချိန်ရဲ့ ကြမ်းတမ်းတဲ့ စီးဆင်းမူက လွဲလို့..သူက ကောင်းမွန်စွာရှိနေတုန်းပါပဲ..။ဒါက အနက်ရောင် မြို့တော်ကို ဝန်းရံထားတဲ့ မြို့ တံတိုင်းကြီးတွေလိုပါ..။ကြမ်းပြင်က တောင်တန်းရဲ့ကြားထဲကို တဖြည်းဖြည်း နိမ့်ဆင်းသွားခဲ့တယ်..။
ဆန်နီ သက်ပြင်းချလိုက်တယ်..။အိပ်မက်ကမ္ဘာရဲ့ သေဆုံးနိုင်တဲ့ နေရာကို ခရီးသွားနေရတဲ့ အကြံဥာဏ်က သိပ်တော့ မကောင်းလှပါဘူး..။ဟောလိုး တောင်တန်းရဲ့ နက်ရှိုင်းတဲ့ အပိုင်းမှာ ဘယ်လို ထိပ်လန့်စရာ မျိုးရှိနေမလဲ ဆိုတာကို ဘယ်သူသိမှာလဲ..။သူ့ကို နှစိသိမ့်ပေးနိုင်တဲ့ တစ်ခုတည်းသော အရာက..အဖွဲ့သားတွေက အဝေးကြီးကို သွားဖို့ မလိုအပ်ပေ..။
သူတို့က..ပျောက်ကွယ်သွားတဲ့ ပထမအဖွဲ့သားတွေရဲ့ အကြွင်းအကျန်ကို ရှာတွေ့ဖို့ ပဲ လိုအပ်တာပါ..။သူက တော့ ဒီလူတွေ..စောပြီးသေပါစေ..နောက်ကျပြီးသေပါစေ လို့တော့ မျှော်လင့်မနေတော့ပေ..။ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့က သေသွားပါပြီ..။
ဆန်နီ ဂရုစိူက်ဆုံးအရာက သူနဲ့ သူ့ရဲ့ အဖွဲ့သားတွေလည်း ..ဒီလူတွေရဲ့ လမ်းစဥ်က်ို လိုက်မသွားဖို့ပါပဲ..ဉ
နောက်ဆုံးကနေ လျောက်နေရင်းနဲ့ ဆန်နီဟာ သူ့ရှေ့ပ လူငါးယောက်ကို ကြည့်လိုက်တယ်..။
ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ အဖွဲ့က ပထမအရှင်သခင် ရဲ့ အဖွဲ့နဲ့ယှဥ်ရင် ဘယ်လိုနေမလဲ..။သသတို့က ပိုပြီးအားနည်းမှာလား ၊ သန်မာမှာလား ၊ ဒါမှမဟုတ် အတူတူပဲလား..။
သူ မျက်မှောင်ကျုတ်လိုက်တယ်။
နစ်ဖီ အကြောင်းပြောရရင်..အိပ်စက်သူတွေကို ဦးဆောင်ပြီး ရဲတိုက်ကို သိမ်းပိုက်နိုင်ခဲ့တဲ့ ပထမဆုံးခေါင်းဆောင်က သူမထက် သန်မာမယ်ဆိုတာကို သူ သံသယရှိပါတယ်..။သို့ပေမယ့် သူက ဟောလိုး တောင်တန်းကို လာဖို့ အတွက်..ခွန်အားရော ၊ အရင်းအမြစ် တွေရော အလုံအလောက် စုဆောင်းလာနိုင်ခဲ့မှာ အသေအချာပါပဲ..။
လွန်ခဲ့တဲ့ ၁၅ နှစ် သူ ဒီနေရာကို ရောက်လာပြီး သောင်တင်နေတုန်းက အချိန်က အခုထက် အများကြီး ကွာခြားပါတယ်။အင်မော်တယ် မီးတောက်ကလန်က မကျရှုံးသေးပေ..။တကယ်တော့..နစ်ဖီရဲ့ အဖေဖြစ်တဲ့ ဓားကျိုး က..တတိယအိပ်မက်ဆိုးကို ပထမဆုံးအောင်မြင်ခဲ့တဲ့ လူသားဖြစ်ပြီး..သူတော်စင်အဆင့်ကို ရောက်ခဲ့တာတောင် မကြာသေးပါဘူး..။
ပထမဆုံး အရှင်သခင်က အိမ်ပြန်တဲ့လမ်းကို တွေ့ပြီး အစစ်အမှန် ကမ္ဘာကို ရောက်လာနိုင်ရင် အခြေအနေက ပြောင်းလဲသွားမှာလား။ဟုတ်တယ် ဒါက ဖြစ်နိုင်ချေ ရှိပါတယ်..။တကယ်လို့ အခိုက်အတန့်ကသာ လူသားတွေကို တစ်ခုခု ပြသထားရင် အခြေအနေက ပြောင်းလဲကောင်းပြောင်းလဲသွားနိုင်မှာပါ..။
ပထမဆုံး အရှင်သခင်ကို ဆန်နီ သိထားသလောက်ဆိုရင်တော့ ဒီလိုလူမျိုးက လူသားတွေ အကျိုးအတွက် အများကြီးလုပ်နိုင်မယ့် လူပါ..။သူက ဒီလို ငရဲ နေရာမျိုးမှာ ပိတ်မိနေပြီး..သူ့ရဲ့ မယုံနိုင်စရာ လုပ်ရပ်တွေကို လက်တစ်ဆုပ်စာ လူတွေလောက်ပဲ သိသွားတာ ဘယ်လောက်တောင် ကံဆိုးလိုက်လဲ..။
သို့ပေမယ့်..အချိန်မကျခင်မှာ..အိပ်မက်ဆ်ိုး အခိုက်အတန့်ရဲ့ သတ်တာကို ခံလိုက်ရတဲ့ ဒီလိုထူးချွန်တဲ့လူငယ်တွေ ဘယ်လောက်တောင်ရှိနေတာလဲ..။
အဆုံးမှာတော့..သမိုင်းဆိုတာ..အကောင်းဆုံးတွေက ရေးထားခဲ့တာမဟုတ်ပါဘူး..။သမိုင်းကို ရှင်ကျန်သူတွေကပဲ ရေးနိုင်ကြတာပါ..။
သူ့ရှေ့က လူတွေကို ကြည့်ပြီး ဆန်နီ အကူညီမဲ့စွာ တွေးလိုက်တယ်..။
'ငါတို့ထဲက ဘယ်နှစ်ယောက်လောက် အသက်ရှင်နိုင်မှာလဲ '
အဖွဲ့ဝင်တစ်ယောက်ချင်းစီတိုင်းက မယုံနိုင်စရာကောင်းလောက်အောင် သန်မာကြပါတယ်..။အနည်းဆုံးတော့ နစ်ဖီက..ပထမဆုံး အရှင်သခင်နဲ့ လက်ရည်တူ ရှိပြီး..သူမရဲ့ အဖွဲ့သားတွေကလည်း..အတူတူပါပဲ..။
အယ်ဖီရဲ့ ပေါ့ပါးပြီး လွတ်လွတ်လပ်လပ် နေတတ်တဲ့ ပုံစံကြောင့်..သူမက အကြောက်အလန့်ကင်းတဲ့ စစ်သည်တော် တစ်ယောက်ဆိုတာကို မေ့ဖို့ လွယ်ကူပါတယ်..။မုဆိုးမိန်းကလေးက..အနက်ရောင်မြို့တော်ထဲပ ..သားရဲတွေကို သတ်ပြီး သုံးနှစ်လောက် ရှင်သန်နိုင်ခဲ့တာက..မတော်တဆ မဟုတ်ပေ..။သူမရဲ့ လက်ထဲမှာ ရက်စက်တဲ့သားရဲတွေ ရာနဲ့ချီပြီး သေဆုံးခဲ့ရတာပါ..။
ဆန်နီ ဘယ်လောက်ပဲ မုန်းနေပါစေ..ကတ်စတာကလည်း အိပ်စက်သူတွေကြားထဲမှာ အင်အားကြီး တစ်ယောက်ပါပဲ..။သူ့ရဲ့ မယုံနိုင်စရာ ဂဏ္ဍစွမ်းရည် ၊ ပြောင်မြောက်တဲ့ ကျွမ်းကျင်မူ ၊အေးစက်တဲ့ ဥာဏ်ရည် နဲ့ မှတ်သားမူ အမွေအနှစ်တွေကိုပါ ပေါင်းစပ်လိုက်ရင်..အရူးတစ်ယောက်ပဲ သူနဲ့ ရန်ဘက် ဖြစ်ချင်တော့မှာပါ..။
ကိုင်ကတော့ သူတို့အဖွဲ့ဝင်တစ်ယောက် အနေနဲ့ ကြမ်းတမ်း တဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်မဟုတ်ပါဘူး..။သို့ပေမယ့်..သူ့ရဲ့ ပျံသန်းနိုင်တဲ့စွမ်းရည် ၊ ဆန်းကျယ်တဲ့ လေး နဲ့ ဆန်နီ ရောင်းထားတဲ့ တက်ရောက်မူအဆင့် မြားတွေနဲ့ဆိုရင် သူက တိုက်ပွဲထဲမှာ တကယ်ကို ကြမ်းတမ်းလွန်းပါတယ်..။
ကတ်စီ ကတော့ တိုက်ခိုက်ရေးသမားတစ်ယောက် မဟုတ်ပေမယ့် သူမရဲ့လက်ဆောင်က တိုက်ခိုက်ရေးတွေ ထက် အများကြီးပိုပြီး အသုံးဝင်ပါတယ်..။အထူးသဖြင့်..ခြေထောက်အောက်က ကျောက်တုံးကနေတောင် အန္တရာယ် အချိန်မရွေးထွက်လာနိုင်တဲ့ မေ့ပျောက်ကုန်းမြေ လိုနေရာမျိုးမှာပါပဲ..။
...ယင်းနောက် ဆန်နီ ကိုယ်တ်ိုင်ပါ..။
ဖြစ်နိုင်တာက..ဆန်နီက ..သူတို့ထဲမှာ သုသာန်တစ်စပြင်လို ပါပဲ..။တစ်ကယ်လို့ ဆန်နီသာ ဆန္ဒရှိရင် အဖွဲ့ဝင်တိုင်းကို နှစ်ခါပြန် သတ်လို့ရပါတယ်..။
ဒါပေါ့ နစ်ဖီတော့ မပါဝင်ပါဘူး..။
တကယ်လို့ သူတို့နှစ်ယောက်သာ ထိပ်တိုက်တွေ့ရင် သူက ကိုယ့်ကိုကို အများကြီး မမျော်လင့်ထားပေ..။
...အနည်းဆုံးတော့ လက်ရှိအချိန်မှာပါ..။
***
.
သူတို့ မိုင်းတွင်းရဲ့ နက်ရှိုင်းတဲ့ အပိုင်းကို လျောက်နေရင်းမှာပဲ..အဓိက လမ်းကြောင်းထက် နောက်ထပ် ဥမင် လမ်းကွဲတွေ အများကြီး ရှိနေခဲ့တယ်..။အဖွဲ့သွားတွေဟာ..လမ်းကြောင်းအချို့ကို ကွေ့ပြီး မြေအောက်ကို ပိုသွားတဲ့ နေရာကို ရွေးချယ်နေခဲ့ရပါတယ်..။
မကြာခင်မှာပဲ သူတို့ကို ဝန်းရံထားတဲ့ နံရံတွေက ပြောင်းလဲသွားခဲ့တယ်..။ပိုပိုပြီးတော့..ကျောက်တုံးတွေမှာ..အလှဆင်တဲ့ ကျောက်တုံးထွင်း ပန်းပုလက်ရာတွေနဲ့ ပြည့်နှက်လာခဲ့တာပါ..။ဒါက ရှေးဟောင်း လူမျိုးတွေ အရမ်းကြိုက်ကြတဲ့ အရာပါပဲ..။
အစကတော့ ဒီ ထွင်းထု မူတွေက..ပုံသဏ္ဍာန်မဲ့ပြီး ၊ လှပ ရိုးရှင်းတဲ့ ပုံတွေကိုသာ ရေးဆွဲထားကြပါတယ်..။သို့ပေမယ့် ယင်းနောက်မှာ တစ်ခုခု ပြောင်းလဲလာခဲ့တယ်..။
ဒီ ရေးဆွဲမူတွေကို ..အာရုံစိုက်နေတဲ့လူက ဆန်နီ တစ်ယောက်တည်းတောင် ဖြစ်နိုင်ပါတယ်..။သူက ရှေးခေတ် လူသားတွေရဲ့ လူနေမူဘဝကို လေ့လာရတာ စိတ်ဝင်စားတာကြောင့် အနက်ရောင် မြို့တော်ထဲမှာလည်း တူညီတဲ့အရာတွေ အများကြီး လုပ်ခဲ့ပါသေးတယ်..။
သူက စာကြည့်တိုက် အပျက်ကြီးရဲ့ ကြမ်းပြင်ကို ရှင်းပြီး အောက်မှာရှိနေတဲ့ အရာတွေကို လေ့လာဖို့တောင် လုပ်နေခဲ့တာပါ..။သူ့ရဲ့ ပရောဂျက်က လတ်တလောမှာ ဒီကိုရောက်နေတာကြောင့် အလုပ်ဆက်မဖြစ်တော့ပါဘူး..။
သို့ပေမယ့် ရှေးဟောင်းမြို့တော်ထဲမှာရှိတဲ့ ပန်းပုလက်ရာ တွေကတော့..အများစုက ဆိုးဝါးကြပါတယ်..။အမည်မသိ ကပ်ဆိုးက သူ့ရဲ့ နေထိုင်သူတွေကို သတ်ဖြတ်တာ ၊ အချိန်ရဲ့တိုက်စားမူ နဲ့ အိပ်မကမဆိုးသားရဲတွေကြောင့် အများစုကို ပျက်စီးစေခဲ့ပါတယ်..။
သို့ပေမယ့် ဒီမိုင်းတွင်း ထဲမှာတော့ ပန်းပုလက်ရာတွေက မူလက အတိုင်း မပျက်ယွင်းပဲ ရှိနေတုန်းပါပဲ..။
ဆန်နီ ဟာ နံရံတွေပေါ်မှာ ဘာတွေဆွဲထားတာလဲ ဆိုတာကို မြင်လိုက်တဲ့ အချိန်မှာ သူ့ရဲ့ အသက်ရူသံတွေ မြန်လာခဲ့တယ်..။
သူ့ကို ညှင်းပန်းနိုပ်စက်နေတဲ့ မေးခွန်းတွေ အားလုံးရဲ့ အဖြေက..ဒီနေရာရဲ့ နံရံတွေထဲမှာ ပန်းပုတွေ အဖြစ်ထွင်းထု ပေးထားခဲ့ပါတယ်..။