အမှောင်ထု ကျိန်စာ..
Vol. 17 Ch. 249
ရှေးဟောင်း ပန်းပု ပန်းချီကားတွေမှာ ရေးဆွဲထားတာကတော့..လှပတဲ့ ကုန်းမြေပေါ်ကို နေရဲ့ အလင်းရောင်က ကျရောက်နေခဲ့တယ်..။သစ်တောတွေ ၊ တောက်ပနေတဲ့ မြစ်တွေ နဲ့ ပန်းခင်းတွေက ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတဲ့ လူသားတွေရဲ့ မြို့ကို ဝန်းရံထားခဲ့ပါတယ်..။ဆန်နီ ပြောနိုင်တဲ့ ပုံအရဆ်ိုရင်တော့..ဒါက..ဆန်းကျယ်ပြီး ကြောက်ဖို့ကောင်းတဲ့..ကျိန်စာက ဒီနေရာကို ငရဲမဖြစ်မပြောင်းလဲခင်မှာရှိတဲ့ မေ့ပျောက်ကုန်းမြေရဲ့ အခြေအနေပါ..။
နောက်ထပ်တစ်ပုံမှာတော့ လှပတဲ့ ကုန်းမြေကြီးဟာ ကြယ်တွေ ပြည့်နေတဲ့ ကောင်းကင်အောက်မှာ ရှိနေခဲ့တယ်..။ရုတ်တရက် သူတို့ထဲက တစ်ခုက မြေကြီးပေါ်ကို ကျဆင်းလာခဲ့ပြီး..လူသားတွေရဲ့ မြို့တွေကို ကြီးမားတဲ့ အပျက်အဆီးတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်..။လူသားတွေက..ကြယ်ဥက္ကာခဲကြီး ဖန်တီးလိုက်တဲ့ ချိုင့်ဝှမ်းကြီး အနားကို ရောက်လာတဲ့ အချိန်မှာတော့...
ဆန်နီက နောက်ထပ် ပန်းချီကားကို မြင်တဲ့အချိန်မှာ.တုန်ရီသွားခဲ့တယ်..။အထဲမှာတော့..ကိုယ်ဗလာကျင်းနဲ့ ပုံရိပ်တစ်ခုက..ချိုင်းဝှမ်းကြီးရဲ့ အောက်ခြေမှာ အလင်းတွေ ရစ်ပတ်ပြီး ရပ်နေခဲ့တာပါ..။ကျောက်တုံးမြို့တော်မှာ ရှင်သန်နေထိုင် သူတွေကတော့..ရှေးဟောင်း ချပ်ဝတ်အကာအကွယ်တွေနဲ့ အလင်းလူသား ဝန်းရံထားခဲ့တယ်..။
.
ဒီပုံရိပ်က ရက်စက်တဲ့ ကမ္ဘာကြီးရဲ့ မသန့်စင်မူတွေနဲ့ မသက်ဆိုင်တဲ့အလား..အတော်ကို လှပပြီး သန်စင်နေခဲ့တာပါ..။ဆန်နီကို တည်ငြိမ်မူ ပျက်စေတာက..သူ့ရဲ့ လှပမူ ဒါမှမဟုတ် သူ့ရဲ့ ခန္တာကိုယ်မှာ ဝန်းရံနေတဲ့ အလင်းရောင် တွေ မဟုတ်ပါဘူး..။သို့ပေမယ့်...
ဒါက သူ့ရဲ့မျက်နှာပါ..။
မျက်နှာပေါ်မှာတော့..သန့်စင်တဲ့ အလင်းရောင်နဲ့အတူပဲ မျက်လုံးသုံးလုံး ရှိနေခဲ့ပါတယ်..။မျက်လုံးနှစ်လုံးက လူသားတွေနဲ့ အတူတူဖြစ်ပြီး..နောက်တစ်လုံးက..သတ္တဝါရဲ့ နှာဖူး အလယ်တည့်တည့်မှာ ရှိနေခဲ့တယ်..။
...လမ်းလျောက်နေတဲ့ ကျောကိတုံးရုပ်ထုကြီးက သူ့ရဲ့ တူနဲ့ ထုပြီးသတ်လိုက်တဲ့ သားရဲ ရဲ့ ဦးခေါင်းလိုမျိုးပါပဲ..။
'ဒါက ဘာကိုဆိုလိုတာလဲ..။ဒီအရာကြီးက ဘာကြီးလဲ..'
ဆန်နီ အကြပ်ရိုက်နေတုန်းမှာပဲ..နောက်ထပ် ပန်းပုလက်ရာက ပျက်ဆီးနေခဲ့တယ်..။ဒီအပေါ်မှာ ဘာတွေ ရေးခြစ်ထားလဲဆိုတာကို သူ မသိနိုင်တော့ပါဘူး..။
သို့ပေမယ့် နောက်ထပ် တစ်ခုကို ကြည့်လိုက်တဲ့ အခါမှာ အကောင်းအတိုင်းပဲ ရှိနေတာကို တွေ့လိုက်ရပါတယ်..။
အဲ့ဒီအပေါ်မှာတော့ အလင်းရောင်တွေနဲ့ ပုံရိပ်က မြေကြီးပေါ်မှာ ဒူးထောက်လျက်သားရှိနေပြီး သူ့ရဲ့ ရင်ဘတ်မှာတော့..လှပတဲ့ ကုန်းမြေထဲက အရပ်အရှည်ဆုံးလူတစ်ယောက်ရဲ့ လှံရှည်က စိုက်နေခဲ့တယ်..။သို့ပေမယ့် ဆိုးဝါးတဲ့ ဒဏ်ရာကနေ စီးကျလာနေတာက..သွေးတွေ မဟုတ်ပါဘူး..။သို့ပေမယ့် အဆုံးမရှိတဲ့..သန့်စင်တဲ့ အမှောင်ထု တွေပါ..။
'ဘာလို့လဲ..ဘာလို့ သူတို့က တိုက်ခိုက်ရတာလဲ..။ဘာတွေ ဖြစ်ခဲ့တာလဲ .'
.
အဖြေဘာမှ မရှိတာကြောင့် ဆန်နီ ရှေ့ကို ဆက်လျောက်ရင်း နောက်ထပ် ပန်းချီကားတစ်ချပ်ကို ကြည့်လိုက်တယ်..။သူမြင်ရတာက..အမှောင်ထုက ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေတဲ့ သတ္တဝါရဲ့ ပတ်ဝန်းကျင်က လူတွေကို ဝါးမြိုပြီး ပျံ့နှံ့သွားခဲ့ပါတယ်..။မကြာခင်မှာပဲ ဒါက..ကြယ်ဥက္ကာခဲကြောင့် ဖြစ်ပေါ်လာတဲ့ ချိုင့်ဝှမ်းကြီးကို ပါ ဝါးမြိုသွားခဲ့တယ်..။
ပြီးတဲ့နောက်မှာတော့ ဒါက တစ်ကမ္ဘာလုံးကိုပါ ဝါးမြိုသွားခဲ့ပါတယ်..။
'...အမှောင်ထုက ဝါးမြိုသွားစေတဲ့ ကျိန်စာ..'
သူ တီးတိုးရေရွတ်လိုက်တာပါ..။
.
နောက်ဆုံးမှာတော့ ဒီနယ်မြေကို ဖျက်ဆီးပြီး ငရဲလိုအိပ်မက်ဆိုးအဖြစ်ပြောင်းလဲပေးခဲ့တဲ့ ..မူလအရင်းအမြစ်ကို ဆန်နီ သိလိုက်ရပါပြီ..။အသေးစိတ်ကို မသိရပေမယ့်လည်း..သူ ဖြေရှငိးဖို့ကြိုးစားနေတဲ့ ဆန်းကျယ်မူ တွေထဲက တစ်ခုကတော့ အဖြေရသွားခဲ့ပါပြီ..။
သို့ပေမယ့် ပန်းပုလက်ရာ တွေက ပြောနေတဲ့ ပုံပြင်လေးကတော့ အဆုံးမသတ်သေးပါဘူး..။ရှေးဟောင်းမိုင်းတွင်း ဆီကို လျောက်နေရင်း..ဆန်နီ နောက်ထပ်ဘာဆက်ဖြစ်အလဲ ဆိုတာကို ကြည့်နေခဲ့တယ်..။
အမှောင်ထုက ကမ္ဘာကြီးအနှံ့ပျံ့နှံ့သွားပြီးတဲ့ နောက်မှာတော့ ကောင်းကင်ဆီကို ရောက်သွားခဲ့ပါတယ်..။ကြယ်တွေကိုပါ ဝါးမြိုသွားခဲ့ပြီး ကောင်ကင်းကို ကျယ်မရှိတဲ့ အရာကြီးအဖြစ်ပြောင်းလဲစေခဲ့တယ်..။
ကြယ်မရှိတဲ့ လေဟာနယ်။
နေ က ကျိန်စာသင့်နယ်မြေကြီးမှာ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပေမယ့် လူသားတွေကတော့ အေးစက်နေတုန်းပါပဲ..။မကြာခင်မှာပဲ ကြောက်စရာ သားရဲတွေက သူတို့ကို ဝါးမြိုဖို့ ရောက်လာခဲ့ကြတယ်..။ရဲရင့်ပြီး ထူးချွန်တဲ့ ရှေးဟောင်းမြို့သားတွေက ရရာလက်နက်တွေ ဆွဲကိုင်ပြီး သူတို့ မြို့တွေကို ကာကွယ် ခဲ့ကြပါတယ်..။သူတို့က မွန်းစတားအုပ်လိုက်ကြီးကို အတော်ကြာအောင် ထိန်းထားနိင်ခဲ့ကြတာပါ..။
သို့ပေမယ့် အဲဒီနောက်မှာတော့..လူသားတွေ ကိုယ်တိုင်ပါ သားရဲတွေ အဖြစ်စတင်ပြီး ပြောင်းလဲလာခဲ့ပါတယိ..။
အဲ့အချိန်မှာတော့..ဆန်နီဟာ အကူအညီမဲ့စွာပဲ..ကျောရိုးတစ်လျောက် အေးစက်ပြီး တုန်ရီသွားခဲ့ပါတယ်..။
ဒါက ရှေးဟောင်းလူသားတွေ အပေါ်ကျရောက်နေတဲ့ ကပ်ဆိုးက သူ့အပေါ်ကို သက်ရောက်လို့ မဟုတ်ပါဘူး..။
ဘာလို့လဲဆိုတော့ ဒါကြီးက အရမ်းကို ရင်းနှီးနေလို့ပါ..။
အသေးစိတ်အချက်အလက်က မတူညီဘူးဆိုပေမယ့်ဒီအခြေအနေက အခု ကမ္ဘာကြီးမှာဖြစ်ပျက်နေတာနဲ့ တစ်ပုံစံတည်းပါပဲ..၏
ရုတ်တရပ် ဖြစ်ပေါ်လာတဲ့ ကျိန်စာ..က ကမ္ဘာအနှံ့ပျံ့နှံ့သွားခဲ့တယ်..။ကြောက်စရာမွန်းစတားတွေက ဘယ်ကမှန်း မသိထွက်ပေါ်လာပြီး လူတွေကို ဝါးမြိုတာတွေ ။ဒီ သားရဲတွေကို ဦးဆောင်ပြီး တိုက်ခိုက်ပေးနေတဲ့ သူရဲကောင်းတွေ။ပြီးတော့ တစ်ချို လူသား
တွေကပါ..သတ္တဝါတွေ အဖြစ်ပြောင်းလဲသွားတာတွေက အတူတူပါပဲ..။
အိပ်မက်ဆိုး အခိုက်အတန့်က ကမ္ဘာကြီး အနှံ့ပျံ့နှံ့ပြီး ..အိပ်မက်ဆိုးသားရဲတွေက ဂိတ်ပေါက်တွေကနေ ဝင်လာပြီး နိုးထသူတွေက တိုက်ခိုက်နေရတာနဲ့ မတူဘူးလား..။ပြီးတော့..ပထမဆုံး အိပ်မက်ဆိုးမှာ ကံဆိုးပြီး သေဆုံးတဲ့လူတွေက မွန်းစတား တွေဖြစ်လာသေးတယ်..။
တစ်ခုတည်းသော ကွာခြားချက်က..မေ့ပျောက်ကုန်းမြေရဲ့ နေထိုင်သူတွေရဲ့ ဇာတ်လမ်းက ပြီးဆုံးသွားပါပြီ..။တကယ်တော့ ကျိန်စာက သူတို့ကို ဖျက်ဆီးလိုက်တာပါ..။သို့ပေမယ့် သူ့ကမ္ဘာက လူတွေက ကံတရားကို တောင့်ခံဖို့ကြိုးစားနေကြပါသေးတယ်..။
ဒါပေမဲ့ ကံတရားကို အနိုင်ယူဖို့ဆိုတာက ဖြစ်နိုင်လို့လား..။မေ့ပျောက်ကုန်းမြေက နေထိုင်သူတွေလည်း သန်မာပြီး..ဂုဏ်ယူစရာ ကောင်းကြပါတယ်..။သူတို့က နှစိထောင်ပေါင်းများစွာ ခံနိုင်ရည်ရှိတဲ့ မြို့ကြီးတွေကို တည်ဆောက်ပြီး ကြောက်စရာ မွန်းစတား တွေနဲ့ လက်ရည်တူ တိုက်ခိုက်ခဲ့ကြတာပါ..။ဒါတောငမှ အဆုံးမှာ အကုန်သတ်ဖြတ်ခံလိုက်ရပါသေးတယ်..။သူတို့ရဲ့ နယ်မြေက ကျိန်စာသင့်နေရာကြီး ဖြစ်ပေါ်လာခဲ့ပါပြီ..။
စစ်မှန်တဲ့ ကမ္ဘာကြီးကလည်း မေ့ပျောကိကုန်းမြေလိုမျိုး တစ်နေ့မှာ ပျက်ဆီးနေတဲ့ ငရဲအဖြစ် ပြောင်းလဲသွားမှာလား..။
နက်မှောင်တဲ့ အမူအရာနဲ့ ဆန်နီဟာ ပန်းပုကားချပ်ကနေ အကြည့်ကို လွှဲလိူက်ပြီး ဆက်လျောက်နေခဲ့တယ်..။
ရှေ့မှာတော့ ပန်ချီကား အနည်းငယ် ကျန်ရှိနေပါသေးတယ်..။
သူတို့ထဲက တစ်ခုမှာတော့ သူရဲကောင်း ခုနှစိယောက်ဟာ မတူညီတဲ့ အနက်ရောင်ကုန်းမြေတွေကနေ ရောက်လာခဲ့ကြတယ်..။သူတို့ရဲ့ ကာကွယ်မူနဲ့လမ်းညွှန်မူ တွေအောက်မှာ လူတွေက သူတို့ရဲ့ ပျက်ဆီးနေတဲ့ မြို့တွေကို စွန့်ခွာပြီး..ကျယ်ပြန့်တဲ့ ချိုင့်ဝှမ်းကြီးရဲ့ အစွန်းကို ပြောင်းရွေ့လာခဲ့ကြပါတယ်..။အဲဒီမှာတော့ သူတို့က ကြီးမားတဲ့ မြို့ရိုးကြီးတွေ ကာရံထားတဲ့ အိမ်အသစ်ကို စတင်ပြီး ဆောက်လုပ်ခဲ့ကြတယ်..။
သူရဲကောငိးတွေထဲက တစိယောက် ၊ မာဆွန်တူကို လက်မှာကိုင်ထားတဲ့လူက..မြို့ရိုးတည်ဆောက်တဲ့နေရာမှာ ဦးဆောင်နေတဲ့သူပါ..။ပန်းပုလက်ရာမှာ သူ့ရဲ့ မျက်နှာနေရာက ပျက်ဆီးနေပေမယ်..သူက ကြယ်အလင်းစစ်သည်တွေကို တည်ထောင်ခဲ့တဲ့ ခုနှစ်ယောက်ထဲက တစ်ယောက် ဆိုတာ မမှားနိုင်ပါဘူး..။ဒီလူကပဲ..သူတို့ကို မေ့ပျောက်ကုန်းမြေကို ဖြတ်ပြီး ဒီနေရာ အထိ သယ်ဆောင်ပေးလာခဲ့တာပါ..။
နောက်ဆုံးရဲ့ ဒုယတိမြောက် ပန်းချီကားမှာတော့..မြို့ရိုး ကြီးတွေက..ပြီးဆုံးသွားခဲ့ပါပြီ..။သူရဲကောင်းခုနှစ်ယောက်ကတော့..အနည်းငယ် ဝေးကွာတဲ့ နေရာမှာ ရပ်နေပြီး တစ်ခုခုကို ဝန်းရံကာ ကြည့်နေခဲ့ကြတယ်..။
ဆန်နီ မျက်လုံး ကျဥ်းမြောင်းသွားခဲ့တယ်..။
သူရဲကောင်း ခုနှစိယောက်က ရှည်လျားတဲ့ တာဝါကြီးကို ဝန်းရံထားကြတာပါ..။ဒါက သူတို့ရဲ့ အပေါ်ကနေ လွှမ်းမိုးနေပြီး ကောင်းကင်နဲ့မြေပြင်ကို ဆက်သွယ်ပေးထားတဲ့ ဝင်ရိုးကြီး တစ်ခုလိုဖြစ်နေခဲ့တယ်..။ဒါက အရမ်းကို မြင့်မားတယ် ဆိုပေမယ့်လည်း တာဝါက မပြီးဆုံးသေးပါဘူး..။
ကြက်သွေးရောင် ထိပ်ဖျား။ဒီဟာက ကြက်သွေးရောင် မဖြစ်သေးပေ..။ပြီးတော့ ကျိန်စာသင့် သန္တာကျောက်တွေကလည်း သူ့ရဲ့ နံရံကို မဖုံးလွှမ်းသေးပါဘူး..။
နောက်ဆုံး ပန်ချီကားမှာတော့..တာဝါကြီးက ပြီးစီးနေခဲ့တယ်..။သူ့ရဲ့ ထိပ်ဖျားမှာတော့...
သူ့ရဲ့ ထိပ်ဖျားမှာတော့..နေ အသစ် တစ်စင်းက ဒီကုန်းမြေကြီးပေါ်ကို အလင်းရောင်ပေးစွမ်းနေပြီး..လူသားတွေကို..နောက်တစ်ကြိမ် အလင်းရောင်ကို ပြန်ခံစားခွငိ့ရစေခဲ့ပါတယ်..။
အမှောင်ထုကတော့ မရှိတော့ပါဘူး..။