← Chapters

ပြင်းထန်တဲ့ ကျိန်ဆိုမူ

Vol. 17 Ch. 250

ပြင်းထန်တဲ့ ကျိန်ဆိုမူ

Vol. 17 Ch. 250

ဆန်နီဟာ နောက်ဆုံး ပန်းပု ကားချပ်ကို အတော်ကြာအောင် စိုက်ကြည့်ပြီးကာမှ ဆက်ပြီးလမ်းလျောက်လိုက်တယ်..။

ရှေးဟောင်း မိုင်းတွင်းရဲ့ နံရံတွေပေါ်မှာ..ဖော်ပြထားတဲ့ အရာတွေက သူ့ကို စဥ်းစားစရာ တွေ အများကြီးပေးပါတယ်..။အချိန်အတော်ကြာအောင် အပိုင်းပိုင်းအစစ ဖြစ်နေတဲ့ အမှန်တရားတွေက..ပြည့်စုံသလောက်ကို ဖြစ်နေပါပြီ..။

ဒီတော့..တစ်စုံတစ်ခုက တကယ်ပဲ ကောင်းကင်ပေါ်ကနေ ကျလာပြီး ဒီနယ်မြေကို ပျက်စီးမူတွေ ဖြစ်ပေါ်စေခဲ့တာပေါ့..။ဆန်နီက ဒီအရာကို အစောကတည်းက သံသယရှိနေခဲ့တာပါ..။အထူးသဖြင့်..အနက်ရောက်မြို့တော်နဲ့ အဖြူရောင် ကုန်းမြင့်ရဲ့ ကြားထဲမှာ ရှိနေတဲ့ ချိုင့်ဝှမ်းကြီးကြောင့်ပါပဲ..။

အဲ့အချိန်မှာတုန်းက..သူက သူခိုးငှက်က ဝီဗာရဲ့ မျက်လုံးကို ခိုးယူပြီး လူသားကမ္ဘာပေါ်ကို လွတ်ချခဲ့လို့ ဒီလို ဖြစ်လာတာလို့ ယုံကြည်လုနီးပါး ဖြစ်နေခဲ့တာပါ..။

သူခိုးငှက်က ဘာမှန်းမသိတဲ့ အရာတစ်ခုရဲ့ အလင်းပြန်မူကနေ အေးခဲသွားပြီး..ဝီဗာရဲ့ နောက်လိုက်တွေ လက်ထဲကို ရောက်သွားခဲ့ပါတယ်..။မေ့ပျောက်ကုန်းမြေပေါ်မှာ ရှိနေတဲ့ ရူးသွပ်မူတွေ ပျက်ဆီးမူ တွေက..သူ့ကို ဒီလိုမျိုး စဥ်းစားစေဖို့အတွက် လုံလောက်စေပါတယ်..။

သို့ပေမယ့် အခုတော့..ကောင်းကင်ပေါ်ကနေပြီး အလင်းတွေ ရစ်ပတ်ထားတဲ့ တစ်စုံတစ်ခုက အမှန်တကယ် ပြုတ်ကျလာတယ် ဆိုတာကို သိလိုက်ရပါပြီ..။အလင်းတွေ ဖြာထွက်နေတဲ့ ပုံရိပ်တစ်ခု ၊ သူ့ရဲ့ ပြီးပြည့်စုံမှာတော့ မျက်လုံးက သုံးလုံးရှိနေခဲ့တယ်..။

ရှေးခေတ်လူသားတွေက သူ့ကို ဘာလို့ တိုက်ခိုက်လိုက်တာလဲ ဆိုတာကို ဆန်နီ မသိပေမယ့်..သူတို့သတ်လိုက်တာက သူ့ရဲ့ ထူးခြားတဲ့ အပြုအမူတွေကြောင့် ဖြစ်နိုင်ပါတယ်..။ဒီ သတ္တဝါက ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာကတည်းက အပျက်အဆီးတွေကို ဖြစ်စေပြီး လူသားတွေကို သတိပေးချက်တွေ ဖြစ်ပေါ်နေစေခဲ့ပြီးပါပြီ..။

သို့ပေမယ့် ဒီလိုလုပ်လိုက်ခြင်းအားဖြင့်..သူတို့ရဲ့ ကုန်းမြေကို အမှောင်ထုတွေ လွှမ်းမိုးစေပြီး..ပျက်စီးမူတွေသာ ဖြစ်ပေါ်စေပါတယ်..။

ဆန်နီရဲ့ အမြင်အရတော့..ရှေးဟောင်းလူသားတွေကို မျိုးတုံးစေဖို့အတွက် ချက်ချင်းလုပ်ဆောင်ခဲ့တာဖြစ်ပေမယ့်..လူသားတွေကတော့..ဒီကျိန်စာကို အချိန်အတော်ကြာတဲ့အထိအောင်ကို တွန်းလှန်ထားခဲ့တာပါ..။မျိုးဆက်တွေ အဆက်ဆက် - ဒါကြောင့်လဲ ကြယ်အလင်းစစ်တပ်ကို တည်ထောင်တဲ့လူတွေက အမှောင်ထုတွေကြီးစိုးထားတဲ့ အချိန်မှာ မွေးဖွားလာကြတယ်လို့ ပြောထားခဲ့ပါတယ်..။

လူသားတွေကို လာရောက်စားသုံးနေတဲ့..မွနိးစတားတွေက..အမှောင်ထု ပင်လယ်ကြီးနဲပဲ ပါလာကြတာလား ၊ ဒါမှမဟုတ်..ကျိန်စာကနေ ပြောင်းလဲသွားကြတဲ့ လူသားတွေလား ဆ်ုတာတော့ ဆန်နီ မသိနိုင်ခဲ့ပေ..။

သို့ပေမယ့် သူသိတာကတော့ ကြယ်အလင်းစစ်သည်တော် တွေက ဒီမွန်းစတားတွေကို နောက်ဆုံးသွားသည်အထိကို တိုက်ထုတ်နိုင်ခဲ့ပြီး..သူတို့ရဲ့အကာအကွယ်အောက်မှာ လူသားတွေ နေနိုင်သည်အထိ ခံတပ်တွေ တည်ဆောက်နိုင်ခဲ့ကြပါတယ်..။

ပြီးတဲ့နောက်မှာ ကြယ်အလင်းစစ်တပ်ကို တည်ထောင်သူက စိတ်ကူးကြည့်လို့တောင် မရနိုင်တဲ့ အောင်မြင်မူကို ရရှိခဲ့တယ်..။သူတို့က ကြက်သွေးရောင် ထိပ်ဖျားကို တည်ဆောက်ခဲ့ပြီး..တစ်စုံတစ်ခု အတွက် အသုံးပြုခဲ့ကြတာပါ..။

လူက ဖန်တီးထားတဲ့ ကြယ်တစ်စင်းကို ပြုလုပ်ဖို့..။

ဟုတ်ပါတယ်...မေ့ပျောက်ကုန်းမြေပေါ်မှာ ထွက်ပေါ်နေတဲ့ နေလုံးကြီးက အစစ်မဟုတ်ပါဘူး..။ဒါက..တကယ်တော့ လူသားတွေ ဖန်တီးထားခဲ့တာပါ..။

'....ပြင်းပြတဲ့ စိတ်ဆန္ဒတွေ အကြောင်း ပြောရရင် '

ဒီရူးသွပ်တဲ့ လူခုနှစ်ယောက်က ..တကယ်ပဲ နေတစ်စင်းကို ဖန်တီးခဲ့ကြတယ် ဆိုတာကို သိလိုက်ရတဲ့ အချိန်မှာ မအံ့ဩပဲကို မနေနိုင်ခဲ့ပါဘူး..။သူတို့က ဒီကျိန်သင့်နယ်မြေကြီးကို အလင်းရောင်ပြန်ရပြီး ၊ ​စစ်မှန်တဲ့ ကြောက်စရာ ဖြေရှင်းနည်းတွေ ပြုလုပ်ဖို့

ပြင်းထန်စွာ ကျိန်ဆိုခဲ့ကြပါတယ်..။

ရှေးဟောင်း ပန်းပုလက်ရာတွေမှာ ရေးဆွဲထားတဲ့ ဇာတ်လမ်းလေးကတော့ ပျော်စရာတွေနဲ့ပဲ အဆုံးသတ်သွားခဲ့ပါပြီ..။ကောင်းမွန်တဲ့ တွန်းအားတွေက ကျိန်စာသင့် အမှောင်ထုကြီးကို ဖယ်ရှားနိုင်ခဲ့ပြီး အလင်းရောင်ရရှိတဲ့ ခေတ်ကို ထူထောင်ကာ..ရှေးဟောင်းမြို့တော်က လူသားတွေကို ကြွယ်ဝမူတွေ ပြန်ပေးခဲ့ပါတယ်..။

...သို့ပေမယ့် သမိုင်းကြောင်းက ဒီနေရာမှာ အဆုံးသတ်သွားတာ မဟုတ်ပေ..။

အခုမြင်နေရတဲ့..ကျိန်စာသင့်နယ်မြေနဲ့ အဲဒီတုန်းက အခြေအနေကြားထဲမှာ တစ်ခုခုဖြစ်ပွားခဲ့ပါသေးတယ်..။ရှေးဟောင်းလူမျိုးတွေ ဘယ်လို ပျောက်ကွယ်သွားတာလဲ ၊ ထိပ်ဖျားကြီးရဲ့ ပျက်ဆီးမူ နဲ့ ကြက်သွေးရောင် ဝင်္ကပါ တွေ ပေါ်လာနဲ့ အကြောင်းအရင်းတွေပါ..။

ဒါပေမဲ့ ဘာဖြစ်လဲ..။

ဒါက နောက်တစ်နေ့မှာ ဖြေရှင်းရမယ့် အရာတွေပါ..။ဖြစ်န်ိုင်တာက..သူ အနက်ရောင်မြို့တော်ကို ပြန်ရောက်တဲ့ အချိန်ကျရင် ဒီအဖြေကို တွေ့နိုင်ပါတယ်..။

သို့ပေမယ့် ဆန်နီ မှတ်သားရမယ့် အရာက..ပန်းပုကားချပ်ထဲမှာ ပြသထားတဲ့ စစ်မှန်တဲ့ အခြေအနေနဲ့ လက်ရှိမေ့ပျောက်ကုန်းမြေရဲ့ အခြေအနေ ကွာခြားမူပါပဲ..။

ဟုတ်ပါတယ်..ရှေးဟောင်းကားချပ်မှာပြသထားတာက အလင်းမရှိတဲ့ ကမ္ဘာကြီးဖြစ်ပြီး..ဒါက ဆန်နီနဲ့အဖွဲ့သားတွေ သိရှိထားတဲ့ ငရဲနဲ့ တစ်ခြားစီပါပဲ..။ဒီ ပန်းပုကားချပ် တွေထဲမှာ..အနက်ရောင်ပင်လယ်ကြီး ဘယ်လို ဖြစ်ပေါ်လာခဲ့တာလဲ ဆိုတာကို မဖော်ပြထားခဲ့ပေ..။

နေမရှိ ၊ ပင်လယ်မရှိဘူးဆိုရင်..မေ့ပျောက်ကုန်းမြေကို ညတိုင်း အနက်ရောင် သမုဒ္ဒရာကြီးအဖြစ် ပြောင်းလဲနေတဲ့ ဒီရေတွေလည်း ရှိလာစရာ အကြောင်းမရှိပေ..။

အနက်ရောင် ပင်လယ်ကြီးက ဝင်္ကပါပေါ်လာတဲ့ အချိန်နဲ့ တစ်ထပ်တည်းဖြစ်လာတာနဲ့..။သူတို့နှစ်ခုက ဆက်စပ်နေတယ် ဆိုတာကိုတော့ ဆန်နီ ကျိန်းသေ သိထားပါတယ်..။

သို့ပေမယ့်..ဘယ်လို ရည်ရွယ်ချက်နဲ့ ဒီအချက်အလက်တွေ ကို ဖုံးကွယ်ထားတာလဲ ဆိုတာတော့ သူညမသိပါဘူး..။

သူ မှတ်ထားတဲ့ နောက်ထပ် တစ်ချက်က တစ်ခြားအဖွဲ့သားတွေက..ဒီရှေးဟောင်း ပန်းပုကားချပ် တွေရဲ့ ပြောင်းလဲမူကို သာမန်မျှသာ ကြည့်ပြီး သတိမထားကြပေ..။

သူတို့က မျက်လုံးသုံးလုံးနဲ့ အလင်းရောင်တွေ ထွက်ပေါ်နေတဲ့ ပန်းပုကားချပ်ကို ဖြတ်လျောက်သွားတဲ့ အချိန်မှာတော့..နစ်ဖီက ခနလောက် ရပ်တန့်ပြီး အတော်ကြာအောင် ကြည့်နေခဲ့ပါတယ်..။

ယင်းနောက် သူမ အကြည့်ကို လွှဲလိုက်ပြီး ခနလောက် စဥ်းစားပြီးကာမှ ဆက်လျောက်သွားခဲ့တယ်..။

ဆန်နီက ဒီလို အသေးစိတ်အချက်လေးကအစ လွတ်မသွားခဲ့ပေ..။သို့ပေမယ့် ဒါက ဘာကိုဆိုလိုတာလဲ ဆိုတာကိုတောင် သူက စဥ်းစားမနေတော့ပါဘူး..။

***

အချိန်တစ်ချို့ကြာပြီးတဲ့ နောက်မှာတော့..သူတို့က အဝိုင်းပုံစံ ဟောခန်းမကြီးထဲကို ဝင်လာခဲ့ကြတယ်..။သူ့ရဲ့ အလင်းမှာတော့ တောင်တန်းရဲ့ နက်ရှိုင်းတဲ့ အပိုင်းကို ဝင်တဲ့ အနက်ရောင် ချောက်ကြီး ရှိနေခဲ့ပါတယ်..။သူ့ရဲ့ အောက်ခြေကိုတော့ ဆန်နီ တောင် မမြင်နိုင်ခဲ့ပေ..။

ဒါက မြေအောက်ကမ္ဘာကို သွားမယ့် ဂိတ်ပေါက်ဝကြီးလိုပါပဲ..။

လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းကတော့..အလုပ်လုပ်ကိုင်သူတွေ အနေနဲ့ မိုင်းတွင်းရဲ့ အောက်ကို ဆင်းဖို့ လှေကားတွေ ၊ ပလက်ဖောင်းတွေ ၊ စက်သီးနဲ့ ပြုလုပ်ထားတဲ့ ကြိုးတွေ ရှိခဲ့ကြပါတယ်..။ဒီအရာတွေနဲ့ပဲ သူတို့က သတ္တုရိုင်းတွေကို အပေါ်ကို ဆွဲတင်ခဲ့ကြတာပါ..။ဒါပေါ့..ဒါတွေက အချိန်တော်ကြာကတည်းက ပျက်စီးပြီး ဆွေးမြည့်ကုန်ကြပါပြီ..။

သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆန်နီဟာ နစ်ဖီကိုကြည့်ကာ မေးလိုက်တယ်..။

"ငါတို့ အောက်ကို ဆင်းကြမှာလား.."

သူ့ကို ပြန်ဖြေမယ့်အစား သူမက ရွှေရောင်ကြိုးကို ထုတ်ကာ ပုခုံးတွန့်ပြလိုက်တယ်..။

သူ ခေါင်းခါယမ်းလိုက်ပြီး..

"ခနလေး..အနည်းဆုံးတော့..ရှေ့ကို ထောက်လှမ်းပြီး အောက်ခြေမှာ တစ်စုံတစ်ခုက စောင့်နေလားဆိုတာကြည့်ဖို့ ငါ့ကို အချိန်နည်းနည်းပေးဦး.."

ဒီလို ပြောပြီးတာနဲ့ သူ့ရဲ့ အရိပ်ကို ချောက်နက်ကြီးရဲ့ နောက်ကို ဆင်းဖို့ ညွှန်ကြားလိုက်ပါတယ်..။အရိပ်က ကြောက်စရာ တွင်းကြီးထဲကို ဆင်းရမှာနဲ့ ပတ်သက်ပြီး သိပ်ပြီး ပျော်ရွှင်မနေခဲ့ပေ..။ဆန်နီကို မခံချိမခံသာ ကြည့်လိုက်ပြီး..သက်ပြင်းတစ်ချက်ချကာ..အင်တင်တင် ပုံစံနဲ့ ဆင်းသွားခဲ့ပါတယ်..။

မိနစ်အနည်းငယ် ကြာပြီးတဲ့ နောက်မှာတော့ အရိပ်ဟာ ..အရိပ်ထိန်းချုပ်မူ ခွင့်ပြုထားတဲ့ အကန့်အသတ် အကွာအဝေးထိ ရောက်သွားခဲ့တယ်..။ဒါက မိုင်းတွင်းရဲ့ အောက်ခြေကို မရောက်သေးပါဘူး..။သို့ပေမယ့် အနည်းဆုံးတော့..သူ့ရဲ့ မြင်ကွင်းထဲမှာ ရှေးဟောင်းသားရဲတွေ ရှိမနေခဲ့ပေ..။

ဆန်နီဟာ အနက်ရောင် တောင်ပံ တွေကို ထုတ်လိုက်ပြီး အဖွဲ့သားတွေကို ခေါင်းညိမ့်ပြလိုက်တယ်..။

"ငါတို့ ရှေ့ဆက်လို့ရပြီ..။ဒါပေမဲ့ အဆင်သင့်ပြင်ထားကြဦး..။ဘာတွေဖြစ်လာမယ် ဆ်ိုတာ ဘယ်သူက သိမှာလဲ..."

All Chapters