← Chapters

မြေအောက် ကမ္ဘာရဲ့ နယ်နိမိတ်

Vol. 17 Ch. 251

မြေအောက် ကမ္ဘာရဲ့ နယ်နိမိတ်

Vol. 17 Ch. 251

အောက်ခြေကို မမြင်ရတဲ့ တွင်းကြီးရဲ့ အစွန်းမှာရပ်နေရင်း..ဆန်နီဟာ သက်ပြင်းချပြီး..သုံးမြှောင့် ဆူးချွန်ကို ထုတ်လိုက်တယ်..။ယင်းနောက် သူက အနက်ရောင် တောင်ပံကို အသက်ဝင်စေဖို့ အမိန့်ပေးလိုက်ပြီး..ဘာမှ မရှိတဲ့ လေဟာနယ်ထဲကို ခြေတစ်လှမ်းတိုးလိုက်ပါတယ်..။

သူ့ရဲ့ ဝတ်ရုံမှာ ရှိတဲ့ ပုစဥ်း တောင်ပံတွေက အရမ်းကို ပါးလွှာတာကြောင့်..ဒီလို အခြေအနေမှာ သူတို့ကိုပဲ..အားကိုးထားတာက..စွန်းစားရာကျပါတယ်..။သူ့ရဲ့ လက်ထဲမှာ..အထောက်အပံ့ တစ်ခုခု ရှိထားတာက အကြံကောင်းပါပဲ..။

အောက်ကို ညှင်သာစွာ ဆင်းရင်း..သူက ညီညာတဲ့ နေရာတွေမှာ ဆင်းသက်ကာ..နောက်က အဖွဲ့သားတွေကို စောင့်ဆ်ိုင်းနေခဲ့တယ်..။

ရွှေရောင်ကြိုးကတော့ အမှောင်ထုထဲကို ပစ်ချပြီးနေခဲ့ပါပြီ..။နစ်ဖီ ၊ အယ်ဖီ နဲ့ ကတ်စတာ တို့က အောက်ကို ဆင်းလာနေကြပြီး..ကိုင်က သူတို့အနားကနေ ပျံသန်းက တစ်ခုခု ထွက်လာတာနဲ့ တိုက်ခိုက်ဖို့ လေးကို ကိုင်ထားခဲ့ပါတယ်..။ကတ်စီကတော့ သူ့ရဲ့အနားမှာ ရှိနေပြီး လက်ထဲမှာ တိတ်တဆိတ်ကခုန်သူကို ကိုင်ထားခဲ့တယ်..။

ဓားပျံက သူမကို လမ်းပြပေးနေခဲ့ပြီး မျက်မမြင်မိန်းကလေးက..တောင်ပံတွေရှိတာကြောင့် သွားလာရလွယ်ကူနေခဲ့ပါတယ်..။ဒီလိုနဲ့ သူမက ပတ်ဝန်းကျင်ကို လည်း လှည့်ပတ်နိုင်ပြီး..လေပေါ်မှာလည်း ရပ်နေနိုင်ပါတယ်..။

'အသုံးဝင်တယ်..'

ဒီလိုနဲ့ပဲ အဖွဲ့သားတွေဟာ ရှေးဟောင်း မိုင်းတွင်းထဲကို ဆင်းလာခဲ့ကြတယ်..။ဆန်နီကတော့..ခရုရစ်ပုံစံ ဆင်းသက်ကာ..တစ်ခါတစ်လေမှာ နံရံကို ကပ်ပြီး လက်နဲ့ ထိကြည့်နေခဲ့တယ်..။သူက..အဖွဲ့သားတွေရဲ့ ရှေ့ဘက် အနည်းငယ် အကွာမှာ ရှိနေခဲ့တာပါ..။

သူတို့ရဲ့ ကြားထဲမှာ အကွာအဝေး အရမ်းများသွားလို့ ရှိရင် သူက နံရံကို သုံးမြောင့်ဆူးချွန်နဲ့ ထိုးဖောက်ပြီး တွယ်ကပ်ကာ စောင့်နေတတ်ပါတယ်..။

သူ့အရိပ်ကတော့ အောက်ကို ဆက်တိုက် ဆင်းသက်ကာ..အမှောင်ထုထဲမှာ ရှာဖွေနေခဲ့တယ်..။

လေထုက စိူးရိမ်ပူပန်မူတွေ များပြားနေပေ

မယ့် ..အောက်ကို ဆင်းသက်လာနေတဲ့ လူသားတွေကို ဘယ်အရာကမှ မတိုက်ခိုက်ခဲ့ပါဘူး..။သူတို့က ဘာလို့ ဒီလိုဖြစ်တာလဲ ဆိုတာကို မိုင်းတွင်းရဲ့ အောက်ဘက်ကို ရောက်တဲ့ အချိန်မှာ သိရှိခဲ့ရတယ်..။

ဆန်နီက မြေပြီးပေါ်ကို ဆင်းသက်နိုင်ခဲ့တဲ့ ပထမဆုံးလူပါ..။တစ်ခြားအဖွဲ့ဝင်တွေက သူ့ရဲ့နောက်ဘက် မီတာ အနည်းငယ် အကွာမှာပဲ ရှိနေသေးတာကြောင့်..အချိန်တစ်ခု အထိ သူက အမှောင်ထုထဲမှာပဲ ရှိနေခဲ့တယ်..။

သူ ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်တာနဲ့ သူ့ခြေထောက်အောက်က အက်ကွဲတဲ့ အသံတစ်ခုက ထွက်ပေါ်လာခဲ့ပါတယ်..။ဆန်နီ ကြည့်လိုက်တဲ့ အချိန်မှာ ဒါက အရိုးစ တစ်စ ဆိုတာကို တွေ့လိုက်ရတယိ..။

သူနဲ့ အနည်းငယ် ဝေးကွာတဲ့ နေရာမှာတော့ ကြီးမားတဲ့ သတ္တဝါကြီးတစ်ကောင်ရဲ့ အရိုးပုံကြီးကို တွေ့လိုက်ရပါတယ်..။ဒီအရာက မြွေကြီးတစ်ကောင်နဲ့ဆင်တူပြီး..သူ့ရဲ့ ဝမ်းဗိုက်အောက်မှာ ​လက်သည်းတွေ အများကြီးရှိကာ ..ကြောက်စရာ အဝိုင်းပုံစံ ပါးစပ်ကြီးလည်း ရှိပါတယ်..။သေချာကြည့်လိုက်တဲ့ အချိန်မှာတော့..ဒီ​ သေနေတဲ့ သားရဲရဲ့ အရှည်က အနည်းဆုံးတော့ မိုင်းတွင်းကို အကြိမ်အနည်းငယ် ရစ်ပတ်လို့ရပါတယ်..။

ဆန်နီ ဒီလိုတွေးနေတုန်းမှာပဲ..တစ်ခြားအဖွဲ့သားတွေဟာ မြေကြီးပေါ်ကို ရောက်လာခဲ့တယ်..။သူတို့ရဲ့ မှတ်သားမူ မီးအိမ် ရဲ့ အရောင်က..သူ့အပေါ်ကို ကျရောက်လာခဲ့ပြီး ကျန်ရှိနေတဲ့ သားရဲကြီးရဲ့ အရိုးပုံကိုပါ မြင်လိုက်ရပါတယ်..။

ဒီအလင်းရောင်ရဲ့ အရောင်ကြောင့်..လျင်မြန်တဲ့ အရိပ်က ကျောက်တုံးပေါ်ကနေ ဆင်းပြီး ဆန်နီရဲ့ ခြေထောက်အောက်ကို ပြန်ရောက်လာခဲ့တယ်..။

နစ်ဖီပတော့ အောက်ကို ခုန်ဆင်းလာတဲ့ ပထမဆုံး တစ်ယောက်ပါ..။အရမ်းကိုကြီးမားတဲ့ အိပ်မက်ဆိုးသတ္တဝါကြီးကို ကြည့်ပြီး သူမက လက်တစ်ဖက် ဆန့်တန်းကာ ပြောလိုက်တယ်..။

"ဆန်နီ ရေ..."

သူ ခေါင်းခါယမ်းလိုက်ပြီး..

"ဒါက သေနေပြီ..။ဒီမှာ လှုပ်ရှားတာ ဘာမှမရှိဘူး.."

မကြာခင်မှာပဲ သူတို့ အကုန်လုံးမြေကြီးပေါ်ကို ရောက်လာခဲ့တယ်..။ကြီးမားတဲ့ သားရဲကြီးရဲ့ အနားမှာ ရှိနေတုန်း လူတိုင်းမှာ တူညီတဲ့ အတွေးတစ်ခု ရှိနေခဲ့ပါတယ်..။

'ဒီအရာကြီးကိုသာ..ဒီ တွင်းထဲမှာ တိုကိခိုက်ရမယ် ဆိရင် တကယ်ကို အိပ်မက်ဆိုးတစ်ခု ဖြစ်လာမှာပဲ '

အရင် အဖွဲ့သားတွေက ဒီသားရဲကြီးကို ဘယ်လိုမျိုး အနိုင်ယူသွားလဲ ဆိုတာကို ဆန်နီ မသိပေမယ့် သူတို့ကို ကျေးဇူးတင်ရမှာပါ..။ဒီအကောင်ကြီးသာ အမှောင်ထဲကနေ ရုတ်တရက်တိုက်ခိုက်လိုက်မယ် ဆိုရင် သူ့ရဲ့ အနက်ရောင် တောင်ပံတွေ ဘယ်လောက်အထိ ခံနိုင်ရည် ရှိမလဲ ဆိုတာကို သူ မစမ်းသပ်ချင်ပါဘူး..။

သို့ပေမယ့် အခုချိန်မှာ သူ့စိတ်ထဲမှာ အနှောက်ယှက်ဖြစ်နေတဲ့ ..မေးခွန်းတစ်ခု ရှိနေခဲ့တယ်..။

တကယ်လို့ ပထမအရှင်သခင် ရဲ့ အဖွဲ့သားတွေသာ..ကျောက်ကျင်းကို စောင့်နေတဲ့ ကျောက်တုံးသတ္တဝါကြီး နဲ့ မိုင်းတွင်းကို စောင့်နေတဲ့ သားရဲတွေကို သတ်ဖို့ လုံလောက်အောင် သန်မာနေခဲ့မယ် ဆိုရင်...

ဒါဆို အဆုံးမှာ သူတို့ကို သေစေနိုင်တဲ့ အရာက ဘယ်လို ထိပ်လန့်စရာ အရာမျိုးလဲ..။

မျက်နှာမှာ နက်မှောင်တဲ့ အမူအရာနဲ့ ဆန်နီဟာ သေဆုံးနေတဲ့ သတ္တဝါကြီး ကို အကြည့်လွှဲလိုက်ပြီး အမှောင်ထုထဲကို လျောက်သွားလိုက်တယ်..။

အလောင်းနဲ့ သိပ်မဝေးတဲ့ နေရာမှာတော့..သူတို့ကစခန်းတစ်ခု ကို တွေ့လိုက်ရပါတယ်..။

ကျောက်တုံးတွေပေါ်မှာ လက်လုပ် မီးဖိုတစ်ခု ရှိနေခဲ့ပြီး ဘေးပတ်ဝန်းကျင်ကို ကျောက်တုံးတွေ ထားရှိကာ..လူသားတွေ ထိုင်ဖို့ ပြုလုပ်ထားခဲ့ပါတယ်..။အနည်းငယ် အကွာအဝေးမှာတော့ မလိုလားအပ်တဲ့ ဧဧည့်သည်တွေ မလာဖို့အတွက်..အကာအရံတစ်ချို့ ပြုလုပ်ထားခဲ့တယ်..။

ပျောက်ဆုံးနေတဲ့ အဖွဲ့သားတွေက ကျိန်းသေ ဒီနေရာကို ရောက်လာခဲ့ကြပါတယ်..။

သူတို့ကလည်း..တစ်နေ့လုံး လမ်းလျောကိလိုက် ၊ အပေါ်တက်လိုက် ၊ ပြေးလိုက် လုပ်ထားရတာကြောင့် ဒီနေရာမှာ ညအတွက် စခန်းချဖို့ ပြင်ဆင်လိုက်ကြတယ်..။ရှာဖွေမူတွေကိုတော့ မနက်ဖြန်မှ လုပ်ကြမှာပါ..။

မကြာခင်မှာ မီးဖိုကနေ ထွက်ပေါ်လာတဲ့ လိမ္မော်ရောင် မီးတောက်က အမှောင်ထုကို မောင်းထုတ်လိုက်တယ်..။

ပထမ အရှင်သခင်နဲ့ သူ့ရဲ့အဖွဲ့သားတွေ စခန်းချသွားတဲ့ နေရာမှာပဲ အပန်းဖြေပြီး အစားအသောက်တွေ စားနေရတာက နည်းနည်းတော့ ထူးဆန်းပါတယ်..။ဆန်နီဟာ သူက သမိုင်းကို ထိတွေ့နေရသလို ခံစားနေရတယ်..။

ဒါမှမဟုတ် သမိုင်းကို ဖန်တီးနေခဲ့တာပါ..။

သို့ပေမယ့် သူ့မှာ တွေးဖို့ အတွေးတွေ သိပ်ပြီး မရှိခဲ့ပေ..။

တကယ်လို့ ဒီ ရှာဖွေမူမတိုင်ခင်မှာ သူ့ကို နစ်ဖီ ပြောခဲ့တဲ့ အရာကသာ အမှန်ဆိုရင်..မနက်ဖြန်က..မနက်ဖြန်က သူ တောက်ပရမယ့် အချိန်အခါပါပဲ..။

***

နောက်တစ်ရက်မှာတော့ အဖွဲ့သားတွေဟာ..ရှေးဟောင်းမိုင်းတွင်း ကြီးရဲ့ ဥမင်တွေထဲကို ထပ်ပြီး တိုးဝင်သွားခဲ့တယ်..။သူတို့ မြေအောက်ရဲ့ ဘယ်လောက်အထိ ရောက်နေပြီလဲဆိုတာကို ဘယ်သူမှ မပြောနိုင်ပါဘူး..။သို့ပေမယ့် တန်ပေါင်းများစွာ ရှိတဲ့ ကျောက်တုံးတွေက သူတို့ ခေါင်းပေါ်မှာရှိပြီး အချိန်မရွေး သူတို့ကို မြေမြုပ်ပစ်နိုင်တယ် ဆိုတဲ့ ခံစားချက်က သိပ်တော့ မကောင်းမွန်လှပေ..။

သူတို့ အခုဆိုရင် တောင်တန်းတွေရဲ့ ဝမ်းဗိုက်ထဲမှာ ရောက်နေကြပါပြီ..။

ကျဥိးမြောင်းတဲ့ ဥမင်ထဲမှာ နာရီပေါင်းအနည်းငယ်ကြာအောင် လျောက်ပြီးတဲ့ နောက်မှာတော့ ဆန်နီဟာ ရုတ်တရက် အေးစက်တဲ့ လေညှင်းက သူ့ပါးကို ထိသွားသလို ခံစားလိုက်ရတယ်..။မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ လေတိုးသံ တစ်ခုက သူ့ရဲ့ နားထဲကို ရောက်လာခဲ့ပါတယ်..။

သူတို့ အမှောင်ထဲကို ပိုပိုပြီး လျောက်လေလေ လေတိုးသံ က ပိုပိုပြီး ကျယ်လာလေလေပါပဲ..။နောက်ဆုံးမှာတော့..ဒါက..ရေတွေစီးဆင်းပြီး မြည်နေတဲ့ အသံအဖြစ် ပြောင်းလဲလာခဲ့ပါတယ်..။

မကြာခငိမှာပဲ သူတို့က ကျယ်ပြန့်တဲ့ မြေအောက် မြစ်ကြီးတစ်ခုရဲ့ အနက်ရောင် ကမ်းခြေကို ရောက်လာခဲ့တယ်..။

စီးဆင်းနေတဲ့ ရေက..မှင်လိုမျိုး အနက်ရောင် ဖြစ်ပေါ်နေခဲ့ပါတယ်..။သို့ပေမယ့် ကျိန်စာသင့် ပင်လယ်ကြီးရဲ့ လှိုင်းတွေနဲ့တော့ မတူပါဘူး..။လေထဲမှာလည်း ဆား နံ့ကို ရမနေခဲ့ပေ..။မြူခိုးတွေက မြေအောက်မြစ်ရဲ့ မျက်နှာပြင်အထက်မှာ စီးဆင်းပြီး တိတ်ဆိတ်တဲ့ အမှောင်ထုထဲမှာ ရွေ့လျားနေခဲ့တယ်..။

ဒါက မြေအောက်ကမ္ဘာရဲ့ နယ်နိမိတ်နဲ့တောင် တူနေပါသေးတယ်..။

ကမ်းခြေမှာတော့ ကျောက်တိုင်တစ်တိုင်ကို ထူထားခဲ့ပြီး..အနက်ရောင် မြစ်ရဲ့ မျက်နှာပြင်ပေါ်မှာ လှုပ်နေတဲ့ လှပတဲ့ လှေတစ်စီးကို တွဲလျက်ချည်ထားခဲ့ပါတယ်..။ ဒီလှေကိုတော့..ဖြူဖျော့တဲ့ သစ်သား နဲ့ ပြုလုပ်ထားခဲ့တာပါ..။

လှပတဲ့ လှေတစ်စင်းကို ကြည့်ပြီး ဆန်နီ သက်ပြင်းချလိုက်တယ်..။

သူ့ရဲ့ သိမ်းဆည်းထားမူကို အသုံးပြုဖို့ အချိန်ရောက်ပါပြီ..။

All Chapters