မမြင်ရမူ
Vol. 17 Ch. 252
.
ဒီဟာက ကတ်စီရဲ့ အမြင်မှာ ပေါ်လာတာနဲ့ ပတ်သက်ပြီး..ပျောကိဆုံးနေတဲ့ အဖွဲ့သားတွေရဲ့ နောက်ဆုံး လျိုဝှကိချက်ပါ..။ဒီလိုဆိုရင်တောင်မှ သူမရရှိတဲ့ အချက်အလက်တွေက မပြည့်မစုံ နဲ့ အပိုင်းအစ တွေ အဖြစ် ရှိနေပါသေးတယ်..။
သူမပြောနိုင်တာက..အဖဲအသားတွေက အနက်ရောင်ဖြစ်ကို ဖြတ်ပြီ ဆိုတာနဲ့ နောက်ထပ် နယ်နိမိတ်ကို မရောက်ခင် အထိ မျက်လုံးကို မှိတ်ထားရမှာဖြစ်ပြီး..ဘာကိစ္စပဲ ရှိရှိ ဖွင့်လို့မရပေ..။အေးစက်နေတဲ့ ေ ရတွေထဲမှာ ဘာရှိနေလဲ ဆိုတာကို ဘယ်သူမှ မြင်နိုင်မှာမဟုတ်ပါဘူး..။
အနည်းဆုံး ဒီဟာက သူမ သူတို့ကို ပြောနိုင်တဲ့အရာပါ..။
ဒီစည်းမျဥ်ကို ချိုးဖောက်ရင် ဘာဖြစ်မလဲ ဆ်ိုတာကို တော့ ကတ်စီ လည်း မသိပေ..။သို့ပေမယ့် အခိုက်အတန့်က..ပျောက်ဆုံးနေတဲ့ အဖွဲ့သားတွေရဲ့ ကံတရားကို ပြသတဲ့ အချိန်မှာ..ဒီအရာထက်..ပိုပြီးဆိုးဝါးတာဘာမှ မရှိတော့ဘူးလို့တောင် သူမ ခံစားရစေပါတယ်..။
မျက်မမြင် မိန်းကလေးက သူမရဲ့ အမြင်မှာ ဘယ်လို ဆိုးဝါးတာတွေ မြင်ခဲ့ရလဲဆိုတာကို ဒီဟာကိုကြည့်ရင် သိနိုင်ပါတယ်..။
...ဘာပဲဖြစ်ဖြစ် ဒီနေရာက ဆန်နီ ရောက်လာတဲ့ နေရာပါပဲ..။
အရိပ်ကနေ တဆငိ့ လှမ်းကြည့်တာကလည်း အရမ်းကို အန္တရာယ်များနေသေးတာကြောက့်..သူက အဖွဲ့သားတွေကို..အရိပ်တွေကို အာရုံခံနိုင်တဲ့ စွမ်းရည်နဲ့ပဲလမ်းပြနိုင်တော့မှာပါ..။
အနည်းဆုံးတော့ သီအိုရီအရပေါ..။
အနက်ရောင် မြစ်ရဲ့ ကမ်းခြေ မှာ မတ်တတ်ရပ်နေရင်း..လူသားခြောက်ယောက်ဟာ ခါးမှာ ရွှေရောင်ကြိုးကို ချည်နှောင်ထားခဲ့ကြတယ်..။လူတိုင်းအဆင်သင့် ဖြစ်ပြီဆိုတဲ့ အချိန်မှာတော့..နစ်ဖီဟာ အဝတ်စ အရှည် ခြောက်ခု နဲ့ ဖယောင်း အတောင့်တစ်ခုကို ထုတ်ယူလိုက်ပါတယ်..။သူမရဲ့ လက်ဝါးပေါ်မှာ အဖြူရောင် မီးတောက်တစ်ခုကို ဖန်တီးလိုက်ပြီး သူမက အယ်ဖီဘက်ကို လှည့်လိုက်တယ်..။
"နင် အရင်ပဲ.."
မုဆိုးမိန်းကလေးဟာ..ရှုပ်ထွေးတဲ့ မျက်နှာအမူအရာရှိနေခဲ့ပေမယ့် သူမရဲ့ ခေါင်းဆောင်စကားကို နာခံစွာပဲ အနားကို ကပ်သွားခဲ့တယ်..။
နောက်ထပ် မြင်တွေ့ရတာက..ရင်းနှီးပြီး အနှောက်အယှက်ဖြစ်စေပါတယ်..။သူမရဲ့ မီးတောက်ကို သုံးပြီး ဖယောင်းကို အရည်ဖျော်လိုက်တယ်..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ..အယ်ဖီရဲ့ ခေါင်းကို သူမရဲ့လက်နဲ့ သိမ်မွေ့စွာကိုင်လိုက်ပြီး..မုဆ်ိုးမိန်းကလေးကို မျက်လုံးကို တင်းကြပ်စွာ ပိတ်ထားခိုင်းကာ..အရည်ပျော်နေတဲ့ ဖယောင်းနဲ့ ပိတ်လိုက်ပါတယ်..။ပြီးတာနဲ့ သူမရဲ့ ခေါင်းမှာ..အဝတ်စနဲ့ စည်းပေးလိုက်တယ်..။
တစ်ယောက်ပြီးတစ်ယောက် အဖွဲ့သားတွေဟာ..မျက်လုံးတွေကို စည်းလိုက်ကြရတယ်..။ဆန်နီ ရဲ့ အလှည့်ရောက်တဲ့ အချိန်မှာတော့..နစ်ဖီရဲ့ နူးညံ့တဲ့လက်တွေက သူ့ပါးကို ထိလာတဲ့ အချိန်မှာ လှုပ်သွားခဲ့ပါတယ်..။
ခနအကြာမှာတော့ သူက ဘာမှမမြင်ရတော့ပါဘူး..။
'ကတ်စီက ဒီလို ရှင်သန်နေရတာပေါ့...'
သူ့ရဲ့ အရိပ်ကို ဘာမှမမြင်ရအောင် ညွှန်ကြားလိုက်တဲ့ အချိန်မှာတော့ သူက အမှောင်ထုထဲကို ရောက်သွားခဲ့တယ်..။သို့ပေမယ့် သူက မျက်မမြင် မိန်းကလေးထက်စာရင် တော့ သာပါသေးတယ်..။အနည်းဆုံးတော့ သူ့ရဲ့ အရိပ်အာရုံခံမူ က အလုပ်လုပ်နေဆဲပါ..။
ဒီဟာရဲ့ အကူအညီနဲ့..ဘယ်ဟာက ဘယ်နေရာမှာ ရှိနေလဲ ဆိုတာကို ဆန်နီက အကြမ်းအားဖြင့် ပြောနိုင်နေခဲ့ပါတယ်..။ဒီပုံစံက...ကိုယ်တိုင်မြင်ရတာနဲ့ မတူညီပေမယ့်လည်း..နဲနဲလေးဖြစ်ဖြစ် မြင်နေသေးတာတော့ အမှန်ပါပဲ..။
ကံကောင်းချင်တော့ သူက အရိပ်အာရုံခံမူကို အသုံးပြုပြီး ကမ္ဘာကြီးကို လေ့လာတာကို လေ့ကျင့်ဖူးပါတယ်..။အနက်ရောင် မြို့တော်ထဲမှာ အဆိပ်တွေ ထုတ်လွှတ်တဲ့ သားရဲကို တိုက်ခိုက်ရတုန်းကလည်း ဒီလို အနေအထားပါပဲ..။
အဖွဲ့သားတွေကို လှေပေါ်ကို ဦးဆောင်ခေါ်သွားပြီး..သူက သူတို့ကို လှေပေါ်ကူညီ တင်ပေးကာ..ချည်ထားတဲ့ ကြိုးကို ဖြည်လိုက်ပါတယ်..။ယင်းနောက် ဆန်နီ လှော်တက်ကို တွေ့ရှိသွားပြီး..အနက်ရောင်မြစ်ကို စတင် ဖြတ်ကူးတော့တယ်..။
မကြာခင်မှာပဲ အေးစက်တဲ့ မြူတွေက သူတို့ကို ဝန်းရံ လာခဲ့ပါပြီ..။
သူတို့က မြူတွေရဲ့ နက်ရှိုင်းတဲ့ အပိုင်းကို ရွက်လွင့်လေလေ ..ကမ္ဘာတစ်ခုကို ထားခဲ့ပြီး နောက်ကမ္ဘာတစ်ခု ထဲ ဝင်ရောက်လာနေသလို ဖြစ်နေခဲ့တာပါ..။
ပိုပြီး မှောင်တယ် ၊ ပိုပြီး ရှေးကျတယ် ၊ ပြီးတော့ ပိုပြီး ကြောက်ဖို့ကောင်းတဲ့ ကမ္ဘာကြီး...။
ဘယ်သူမှ အရဲစွန့်ပြီး စကားမပြောချင်ကြတာကြောင့်..ရေစီးဆင်းတဲ့ အသံနဲ့..သစ်သား တက်မပြားနဲ့ လှော်ခတ်နေတဲ့ အသံကိုသာ ကြားနေရပါတယ်..။
'ဒါက သိပ်မဆိုးဘူး..။ဟုတ်တယ်..ငါက လုံးဝ သေလောက်အောင် ကြောက်နေတာ မဟုတ်ဘူး '
ကိုယ့်ကိုကို ဒီရူးသွပ်တဲ့ အတွေးတွေနဲ့ နှစ်သိမ့်လိုက်ပြီး ဆန်နီဟာ..လှေကို ဆက်ပြီး လမ်းညွှန်နေခဲ့တယ်..။
သို့ပေမယ့် တစ်စုံတစ်ခုက သူ့ကို ကြက်သီးထနေစေခဲ့ပါတယ်..။
မြူတွေကြားထဲမှာ ဝန်းရံခံရပြီး မျကိလုံးကို ပိတ်ထားနေရတာကြောင့်..ဆန်နီ အကူအညီမဲ့စွာပဲ..သူကြုံတွေ့ခဲ့ဖူးတဲ့ မြူတွေထဲကနေ ထွက်လာပြီး..
ခိုးယူထားတဲ့ အသံအတု နဲ့ သူ့ကို မျက်လုံးဖွင့်ကြည့်ဖို့ဆွဲဆောင် နေတဲ့ သတ္တဝါကို ပြန်အမှတ်ရလိုက်ပါတယ်..။
...ဒီနေရာက အဲဒီကောင် လာခဲ့တဲ့နေရာလား..။
အချိန်တစ်ချို့ကြာပြီးတဲ့ နောက်မှာတော့..ဆန်နီတောင် သူ့ကိုယ်သူ ဘယ်လောက်အထိ လှော်ခဲ့လဲဆိုတာကို မသိတော့ပေ..။ရုတ်တရက် သူက မာကျောတဲ့ အရာကို ထောက်မိသွားခဲ့တယ်..။ဒါက မြစ်ကမ်းခြေရဲ့ ဆန့်ကျင်ဘက်တစ်နေရာပါ..။
မကြာခင်မှာပဲ သူတို့က အနီးနားကို ရောက်လာခဲ့ပါပြီ..။
လှေရဲ့ ဝမ်းဗိုက်က ကျောက်တုံးတွေ နဲ့ ထိတွေ့သွားတဲ့ အချိန်မှာတော့ ဆန်နီဟာ ကျောက်တိုင်ဆီကို လှမ်းခုန်လိုက်ပြီး..ကြိုးနဲ့ ချည်လိုက်ပါတယ်..။ယင်းနောက် သူက တစ်ခြားလူတွေကို ဆင်းဖို့ ကူညီပေးလိုက်တယ်..။
ခေါင်းကို လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ ရေမျက်နှာပြင်ပေါ်မှာ လှုပ်နေတဲ့ နောက်ထပ် အရာတစ်ခုကို တွေ့လိုက်ရပါတယ်..။ဒီမှာ ဒုတိယ လှေတစ်စင်း ရှိနေပြီး ပထမ အရှင်သခင်နဲ့ သူ့ရဲ့ အဖွဲ့သားတွေ စီးလာကြတာ ဖြစ်နိုင်ပါတယ်..။
သို့ပေမယ့် နစ်ဖီ နဲ့ သူ့ရဲ့ အဖွဲ့သားတွေနဲ့ မတူတာက သူတို့ရဲ့ အဖွဲ့သားတွေထဲက နတ်ဆရာ တစ်ယောက် မပါရှိပါဘူး..။သူတို့ မျက်လုံးတွေ ပိတ်ထားရမယ် ဆိုတာကို ဘယ်သူမှ သိကြမှာမဟုတ်ပေ..။
ဖြစ်နိုင်တာက သူတို့ထဲက ဘယ်သူမှ ပြန်မလာနိုင်တာ ဒီအချက်ကြောင့် ဖြစ်နိုင်ပါတယ်..။
မသက်သာမူတွေ နဲ့အတူပဲ မြစ်ကြီးကို ကျောပေးလိုက်ရင်း..ဆန်နီဟာ..ဥမင် ပေါက်ဝကြီးတစ်ခုကို မျကိနှာမူလိုက်တယ်..။သက်ပြင်းတစ်ချက်ချလိုက်ရင်း..ရှေ့ကို ခြေတစ်လှမ်းတိုးကာ..ရွှေရောင်ကြိုးကို တင်းအောင် လုပ်လိုက်ပါတယ်..။
တစ်ခြား အဖွဲ့ဝင်တွေကတော့ ရွေ့ချယ်စရာ မရှိပဲ သူ့နောက်ကိုသာ လိုက်လာခဲ့ကြရတယ်..။
စက္ကန့်အနည်းငယ်ကြာပြီးတဲ့ နောက်မှာတော့..သူတို့ ဥမင်ထဲကို ဝင်သွားကြပြီး..တိတ်ဆိတ်နေတဲ့ မြစ်ကြီးရဲ့ ကမ်းေခြကို နောက်မှာ ထားခဲကြပါတယ်..။
ဆန်နီ ဥမင် ထဲကို ဝင်လိုက်တာနဲ့ ခန္တာကိုယ်တစ်ခုလုံးအေးစက်ကြီး ကြက်သီးထသွားခဲ့တယ်..။သူက ဘာမှ မမြင်ရဘူးဆိုပေမယ့် ဒီတစ်ခုက အစောကဖြတ်လာခဲ့ကြတဲ့ တစ်ခုနဲ့ ကွာခြားတယ် ဆိုတာတော့ ပြောနိုင်ပါတယ်..။
ဒီတစ်ခုက..သဘာဝအလျောကိဖြစ်နေတာထက် တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုက ဖြတ်တောက်ပြီး ဖန်တီးထားခဲ့တာပါ..။သို့ပေမယ် သူ့ရဲ့ ဖန်တီးသူက..မိုင်းတွင်း နဲ့ ကျောက်ကျင်းကို ဖန်တီးခဲ့တဲ့ လူတွေနဲ့တော့ မတူညီပါဘူး..။
ဒီမှာရှိနေတဲ့ အရာရာတိုင်းက..ပိုခိုင်မာပြီး ပိုကျွမ်းကျင်မူ ရှိပါတယ်..။ဥမင်မှာ ဖြစ်ပေါ်နေတဲ့ အရိပ်တွေကလည်း မတူညီပါဘူး..။
သူတို့က ပိုနက် ရှိုင်းပြီး ၊ ပိုပြီး နက်မှောင်ပါတယ်..။ပြီးတော့..ပို..ပို..ပိုပြီး ရှေးဟောင်း ကျပါတယ်..။
မကြာခင်မှာပဲ ဥမင်က ကျယ်ပြောတဲ့ လှိုဏ်ခေါင်းတွေနဲ့ ဝင်္ကပါတစ်ခု အဖြစ်ပြောင်းလဲသွားခဲ့တယ်..။ဒီမှာ ဘာမှမရှိပဲ မြူတွေနဲ့ တိတ်ဆိတ်မူတွေပဲ ရှိပါတယ်..။
'နောက်ထပ် ဝင်္ကပါ ။ ဒါပေါ့..ဒါက နောက်ထပ် ဝင်္ကပါပဲ..။ဒီ သောက်ကျိုးနဲနေရာမှာ ရှိတဲ့ဟာတွေ အကုန်လုံးက ဝင်္ကပါ တွေချည်းပဲ..'
ဆန်နီ ရဲ့ အတွေး မဆုံးခင်မှာပဲ..သူက ရုတ်တရက် အေးခဲပြီး..ကြောက်ရွံ့မူကြောင့် လဲကျမလိုဖြစ်သွားခဲ့ပါတယ်..။
ဘာလို့လဲ ဆိုတော့ သူ့ရဲ့ အရှေ့တည့်တည့်မှာ တစ်ခြား အရိပ်တွေနဲ့ မတူညီတဲ့ အရိပ်တစ်ခု တည်ရှိနေတာကို ခံစားနေရလို့ပါ..။
..လူသားအရိပ်တစ်ခု..။