← Chapters

သခင် မရှိပဲ..

Vol. 17 Ch. 253

သခင် မရှိပဲ..

Vol. 17 Ch. 253

လူသားရဲ့ အရိပ်ဟာ မြူတွေထဲမှာ အထီးကျန်စွာ ရပ်နေခဲ့ပြီး..ထူးဆန်းစွာ အားငယ်မူတွေနဲ့ ခံစားချက်မဲ့နေခဲ့ပါတယ်..။ဆန်နီဟာ..ရွှေရောင်ကြိုးကို ဆွဲပြီး သူ့ရဲ့ အဖွဲ့သားတွေကို ရပ်ဖို့ အချက်ပေးလိုက်တဲ့ အချိန်မှာ..ဒါက အနည်းငယ် လှုပ်ပြီး အဝေးကို လှည့်သွားခဲ့တယ်..။ယင်းနောက်..မူလ အတိုင်းပြန်ဖြစ်နေထဲ့ပြန်ပါတယ်..။

ဆန်နီ ဟာ သူ့ နှလုံးသားထဲက အေးစက်ပြီး ၊စိုးရွံ့နေတဲ့ ခံစားချက်တွေကို..ခံစားနေခဲ့ရတယ်..။

ဒီအမှောငိထုထဲမှာ..နောက်ထပ်လူသားတစ်ယောက်ကို တွေ့ဖို့ ဖြစ်နိုင်ချေကတင် အတော်လေးကို မသားမကျ ဖြစ်နေခဲ့ပြီးပါပြီ..။ပျောက်ဆုံးသွားတဲ့ အဖွဲ့ဝင်တွေထဲက တစ်ယောက်က အသက်ရှင်ကျန်ရစ်ပြီး ဒီမှာ နှစ်တွေကြာအောင် ပိတ်မိနေတာလား ဆိုတာကိုတော့ ဆန်နီ စဥ်းတောင် မစဥ်းစားပေ..။သူတို့က လူသားတစ်ယောက် မဟုတ်တော့ဘူးဆိုရင်ပေါ့..။

သို့ပေမယ့် ဒါက သူခံစားရတဲ့ အေးစက်မူ တွေ စိုးရွံ့မူတွေရဲ့ အကြောင်းပြချက် မဟုတ်ပါဘူး..။

အဓိက အကြောင်းပြချက်တွေက ဒီလောဂျစ်တွေနဲ့ လုံးဝ မသက်ဆိုင်ပဲ..သူ့ရဲ့ ပြိုင်ဘက်ကင်း စွမ်းရည်နဲ့ပဲ သက်ဆိုင်တာပါ..။ဒါကြောင့်ပဲ..ဒီ အရိပ်က တစ်ခုခု ဆိုးဝါးပြီး မှားယွင်းနေတာကို..ခံစားနေခဲ့ရပါတယ်..။

သူ ခံစားနေရတဲ့ ကျောချမ်းဖွယ် အခြေအနေနဲ့ မှားယွင်းမူ တွေ..။သို့ပေမယ်..ဒါက အန္တရာယ်ရှိတာ၊ ရန်လိုတာမျိုးတွေ ရှိမနေခဲ့ပါဘူး..။အဲဒီအစား ဒါက ပျောက်ဆုံးမူ ၊ ဘာမှမရှိဘူး တွေသာ ရှိနေခဲ့တယ်..။အရိပ်မှာက သူ စကားလုံးနဲ့ မဖော်ပြနိုင်လောက်တဲ့ဝမ်းနည်းမူ နဲ့ ဝေဒနာ တွေ ရှိနေခဲ့တယ်..။

ဆန်နီက လူသားတွေကိုတောင် မကြင်နာတတ်တဲ့လူတစ်ယောက်ဖြစ်ပေမယ့်..ဒီအရိပ်ရဲ့ ခံစားမူတွေကို တော့ ထူးဆန်းစွာ မျှဝေခံစားမိနေခဲ့ပါတယ်..။

သူ အရိပ်ကို ကြည့်နေတုန်းမှာပဲ ဒါကဘာလုပ်ရမှန်း သေချာမသိတာကြောင့်..ကြုံရာ ဦးတည်ချက်ကို ခြေလှမ်းအနည်းငယ် လျောက်ကာ..တွေဝေနေခဲ့ပြန်ပြီး..ရပ်တန့်နေခဲ့ပါတယ်..။ယင်းနောက် ဒါက ပြန်လျောက်လာခဲ့ပြီး အေးခဲသွားခဲပြန်တယ်..။

ဒါက အရိပ်က..လမ်းပျောကိနေသလိုပါပဲ..။

အချိန်ခနလောက်ကြာပြီးနောက်မှာတော့ အရိပ်ရဲ့

မှားယွင်းမူ တွေ အားငယ်မူတွေရဲ့ သဘာဝကို ဆန်နီ နားလည်လိုက်ပါတယ်..။သူ ဒီလို နားလည်သွားတဲ့ အချိန်မှာတော့ တစ်ကိုယ်လုံးတုန်သွားခဲ့တယ်..။

ဒီ အရိပ်က ဘာလို့ ထူးဆန်းပြီး..ရင်ထိတ်နေတာလဲ ဆိုတော့..ဒါကဘယ်သူနဲ့မှ ဆက်နွယ်မနေလို့ပါ..။သူ ဆက်သွယ်လို့ ရမယ့်လူသားဆိုတာ မရှိပေ..။အနည်းဆုံးတော့ အခု မရှိတော့ပါဘူး..။

ဒီအရိပ်နဲ့ သက်ဆိုင်ခဲ့တဲ့..လူသားက ပျောက်ကွယ်သွားခဲ့ပါပြီ..။ဒါက မသိနိုင်တဲ့ တည်ရှိမူတစ်ခုက ဖြတ်တောက်သွားတာ ဖြစ်နိုင်ပါတယ်..။ဆန်နီ အရိုးစုတွေကို လည်း မခံစားမိပေ..။ကြည့်ရတာတော့ လူသားက အသတ်ခံရတာမဟုတ်ပဲ..ဒီတိုင်း ဖျက်ဆီးခံလိုကိရသလိုပါပဲ..။

အရိပ်ကတော့..မြူတွေကြားထဲမှာပဲ အဆုံးမရှိ ရည်ရွယ်ချက်မဲ့ပြီး ကျန်နေခဲ့ပါတယ်..။

'ဘယ်လောက်ဆိုးဝါးတဲ့ ကံတရားလဲ '

သို့ပေမယ့် အခုလိုအပ်နေတဲ့ မေးခွန်းက..သူ ဘာဆက်လုပ်ရမလဲ..။အရိပ်က သူ့ရဲ့ လမ်းကြောင်းမှာ ရှိနေခဲ့တာပါ..။ဆန်နီက ဒီဟာကို ဖြတ်မလျောက်ဘူးဆိုရင် ပြန်လှည့်ပြီး နောက်ထပ် လမ်းကြောင်းကို ရှာရပါလိမ့်မယ်..။

သို့ပေမယ့် ဒီသနားစရာ အရာက ဘာများ ခြိမ်းခြောက်နိုင်မှာ မို့လို့လဲ..။ဒါက ဒီတိုင်း အရိပ်တစ်ခုပါပဲ..။သူ့ရဲ့ အရိပ်ဆိုရင် ဘယ်လောက်ကြိုးစားပါစေ ယင်ကောင် တစ်ကောင်ကိုတောင် မထိခိုက်နိုငိပေ..။ဒီတစ်ခုလည်း အတူတူပဲ ဖြစ်လောက်မှာပါ..။

သက်ပြင်းတစ်ချက်ချလိုက်ပြီး..ဆန်နီ ရှေ့ကို လျောက်သွားလိုက်တယ်..။ရှေ့ကို တစ်လှမ်းတိုးလိုက်တိုင်း သူက ဒီ အထီးကျန်နေတဲ့ အရိပ်ကို ပိုခံစားရပါတယ်..။

..အချိန်မှာပဲ ဒါကလည်း သူ့ကို ခံစားလိုက်မိတယိ..။

သူက ဆန်နီကို မျက်နှာမူလိုက်ပြီး အနည်းငယ် တွေဝေ နေခဲ့တယိ..။ယင်းနောက် အနားကို အမြန်ရောက်လာခဲ့ပါတယ်..။ဒီအရိပ်ဆီကနေ ပေါက်ကွဲထွက်လာတဲ့ ခံစားချက်တွေကို ဆန်နီ ခံစားနေမိပါပြီ..။ဒါက အံ့ဩမူ ၊ မျှော်လင့်ချက် နဲ့ ရုတ်တရက် မထင်မှတ်ထားမူ တွေပါ...။

ဒါက သူ့ရဲ့ ပျောက်ဆုံးနေတဲ့ မာစတာ မဟုတ်ဘူးဆိုတာကို နားလည်လိုက်တဲ့ အချိန်မှာတော့ အရိပ်ဟာ အေးခဲသွားခဲ့တယ်..။သူ့ရဲ့ ပုခုံးတွေက အောက်ကို ကျသွားခဲ့ပါတယ်..။

နက်ရှိုင်းလှတဲ့ အထီးကျန်မူ ၊ မချိတင်ကဲဖြစ်မူ နဲ့ ဝမ်းနည်းမူတွေကို သူ့အရှေ့မှာ ခံစားနေရတာကြောင့် ဆန်နီ ခေါင်းကို ဘေးဘက်ဆီလွှဲလိုက်တယ်..။

ယင်းနောက် မသိစိတ်အလျောက်ပဲ အရိပ်ဆီကို လက်ဆန့်တန်းပေးလိုက်ပါတယ်..။

'ဒီမှာ ငါ့လက်ကို ကိုင်လိုက်..။မင်း နောက်ထပ် တစ်ယောက်တည်း ဖြစ်နေစရာ မလိုအပ်တော့ဘူး..'

သူ့ရဲ့ တိတ်တဆိတ်ဖိတ်ခေါ်မူ ကိုကြားရတဲ့ အလား အရိပ်ဟာ တုန်ရီသွားခဲ့တယ်..။ယင်းနောက် ဒါက အချိန်ခနလောက် တွေးတောပြီး သူ့အနားကို မသေချာမူတွေနဲ့ ကပ်လာခဲ့ပါတယ်..။နောကိဆုံးတော့ ဒါက လက်ကို မြောက်လာခဲ့ပြီး သူ့ မူလအရိပ်ရဲ့ အပေါ်ကို တင်လိုက်တယ်..။

ခနအကြာမှာတော့ ဒါက ပျောက်ကွယ်သွားခဲ့ပါပြီ..။

ဆန်နီ သက်ပြင်းချလိုကိတယ်..။

[ သင့်ရဲ့ အရိပ်ပိုသန်မာလာခဲ့ပါပြီ ]

ဝိဥာဥ် ပင်လယ်ထဲကို ဝင်ပြီး အရိပ်တွေ ရှိနေတဲ့ နေရာကို သူလျောက်သွားလိုက်နဲ့..။ပြီးတော့..သူထင်ထားသလိုပဲ အရိပ်တစ်ခု အသစ်က ပေါ်နေခဲ့ပါတယ်..။

ခံစားချက်မဲ့နေတဲ့ အရိပ်တွေကြားထဲမှာ ချောမောတဲ့ငယ်ရွယ်တဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ အရိပ်ရှိနေခဲ့တယ်..။သူမရဲ့ ဝမ်းနည်းမူ ၊ ပူဆွေးမူ နဲ့ အထီးကျန်မူ တွေကတော့ မရှိတော့ပါဘူး..။အရိပ်က နောက်ဆုံးမှာတော့ ငြိမ်းချမ်းသွားခဲ့ပါပြီ..။

ဆန်နီ လေးလံစွာပဲ သူမကို အချိန်ခနလောက် ကြည့်နေခဲ့တယ်..။နောက်ဆုံးတော့ သူ ပြောလိုက်ပါတယ်..။

"ကြိုဆိုပါတယ်..။အခု အနားယူလိုရပြီ..။မင်း..မင်းရဲ့ အိပ်မက်ဆိုးက ပြီးဆုံးသွားပြီ..."

ဒီလိုပြောပြီးတာနဲ့ သူက တိတ်ဆိတ်နေတဲ့ ပင်လယ်ကနေ ထွက်ခွာလာပြီး သက်ပြင်းချလိုက်တယ်..။

အမှောင်ထဲမှာ မျက်လုံးမှိတ်ကာ ရပ်နေရင်းနဲ့ သူ အချိန်တစ်ချို့ကြာအောင် ခံစားချက်မဲ့စွာ ဖြစ်နေခဲ့တယ်..။

ယင်းနောက် သူ ရွှေရောင်ကြိုးကို ဆွဲပြီး အဖွဲ့သားတွေကို ဦးဆောငိခေါ်သွားခဲ့ပါတယ်..။

သူတို့ ဘယ်လောက်ကြာအောင် ဝင်္ကပါထဲမှာ လျောက်သွားနေကြပြီးပြီလဲ ဆိုတာကို ဆန်နီ မသိတော့ပါဘူး..။တစ်ခါထက်မက သူက အလုံပိတ်နေရာတွေမှာပဲ အဆုံးသတ်နေပြီး နောက်ထပ် လမ်းကြောင်းတွေကို ရှာဖွေနေခဲ့ရတယ်..။သို့ပေမယ့် သူက..လမ်းကြောင်းမှန်ပေါ်မှာတော့ ရှိနေပါသေးတယ်..။

လမ်းတစ်လျောက်မှာတော့..သူက နောက်ထပ် အရိပ်သုံးခုကို ထပ်တွေ့ခဲ့ပါသေးတယ်..။တစ်ယောက်ချင်းစီ တိုင်းက အထီးကျန်ပြီး..လမ်းပျောက်နေခဲ့ကြတာပါ..။

ပထမတစ်ကောင်လိုပဲ..သူတို့ကလည်း..သူ့ရဲ့လက်ကို ထိတွေ့ပြီး ဝိဥာဥ် ပင်လယ်ရဲ့ စုပ်ယူခြင်းကို ခံလိုက်ကြရပါတယ်..။သူတို့လေးယောက် ။ မိန်းမငယ်လေးတစ်ယောက် နဲ့ ယောက်ျားသုံးယောက်..တို့ဟာ သူတို့ရဲ့ သခင်တွေ မရှိတော့ကြပေမယ့် ပြန်လည်ပြီး ပေါင်းစည်းနိုင်ခဲ့ကြပါပြီ..။

...သူတို့ အတူတကွ ရှိနေတာကို မြင်ရတဲ့ အခါမှ ဆန်နီ လည်း အနည်းငယ် စိတ်သက်သာရသွားခဲ့တယ်..။

စခန်းချတဲ့ မီးပုံဘေးနားမှာ ထိုင်စရာ ကျောက်တုံးက ငါးခု ရှိနေတာ ဆိုတော့..ရှေးဟောင်း မိုင်းတွင်းကြီးထဲကို လူ ငါးယောက် ဆင်းသက်လာတယ် လို့ ယူဆနိုင်ပါတယ်..။သူတို့ လေးယောက်က..အနက်ရောင် နယ်မြေမှာ ဖျက်ဆီးခံလိုက်ကြရတယ်..။

သို့ပေမယ့် ဆန်နီ ဘယ်လောက်ပဲ ကြိုးစား ရှာဖွေနေပါစေ..ငါးယောက်မြောက် အရိပ်ကို ရှာမတွေ့ခဲ့ပါဘူး..။

ပထမ အရှင်သခင် ကိုယ်တိုင်ကတော့ ဒီမှာ ရှိမနေခဲ့ပေ..။

ဖြစ်နိုင်တာက သူက ဒီ မြူ ဝင်္ကပါကြီးထဲကနေ ထွက်သွားပြီး အသက်ရှင်နိုင်ခဲ့တာလား..။

အဲ့အချိန်မှာပဲ ဆန်နီဟာ တစ်စုံတစ်ယောက်က ရွှေရောင်ကြိုးကို ဆွဲနေသလို ခံစားလိုက်ရပါတယ်..။ပြန်လှည့်လိုက်ပြီး သူက ခြေလှမ်းအနည်းငယ် လျောက်ကာ ကတ်စီ နားမှာ ရပ်လိုက်တယ်..။သူ အနားကို ကပ်လာတာကို ခံစားမိတဲ့ အလား..မျက်မမြင် မိန်းကလေးက လက်ကို မြှောက်ပြီး ဥမင် တစ်ခုကို ထိုးပြလိုက်ပါတယ်..။

သူမ ဘာပြောချင်လဲဆိုတာကို နားလည်တာကြောင့် ဆန်နီဟာ အဖွဲ့သားတွေကို အဲဒီနေရာကို ဦးဆောင် ခေါ်သွားလိုက်တယ်..။

မကြာခင်မှာပဲ..ရေ တိုက်ခတ်သံ တွေကို သူ့နားထဲမှာ ကြားလာခဲ့ရပါပြီ..။

အချိန်တစ်ခုကြာပြီးတဲ့ နောက်မှာတော့ သူတို့ နောက်ထပ် မြေအောက် မြစ်တစ်စင်းရဲ့ ကမ်းခြေဆီကို ရောက်လာခဲ့ကြတယ်..။

သူတို့က ဒုတိယ နယ်နိမိတ် ကို ရောက်လာခဲ့ကြတာပါ။

All Chapters