← Chapters

ပထမ အရှင်သခင်

Vol. 17 Ch. 254

ပထမ အရှင်သခင်

Vol. 17 Ch. 254

အချိန်ခနလောက်ဖြစ်ဖြစ်..ဆန်နီဟာ..သူတို့က ဝင်္ကပါ ထဲမှာ တစ်ပတ်လည်ပြီး စတင်ခဲ့တဲ့ နေရာဆီကို ပြန်ရောက်လာတယ် လို့ ထင်ပြီး ထိပ်လန့်သွားခဲ့တာပါ..။သို့ပေမယ့် ကိုယ့်ကိုကို တည်ငြိမ်အောင်လုပ်ပြီး သေချာကြည့်လိုက်တဲ့ အချိန်ကြမှ..ဒီတစ်ခုကဘသူတို့ သစ်သားလှေနဲ့ ကူးဖြတ်ခဲ့တဲ့ မြစ်နဲ့ ကွဲပြားတယ် ဆိုတာကို နားလည်သဘောပေါက်လိုက်တယ်..။

သူ ဒါကို မရှင်းပြတတ်ပေမယ့် တူညီတယ်လို့တော့ မခံစားရပါဘူး..။ထပ်ပြောရရင် မြင်ကွင်းရဲ့ ဘယ်နေရာမှာမှ..လှေနှစ်စီး နဲ့ ကျောက်တိုက်ကြီးကို မခံစားရပေ..။

အဲဲဒီအစား ဒီမှာ တံတား တစ်စင်းရှိနေခဲ့ပါတယ်..။

ဆန်နီ ဟာ..တံတားရဲ့ အရိပ်က အေးစက်တဲ့ရေထဲကို ကျရောက်နေတာကို ခံစားရပြီး..ခိုင်ခံ့တဲ့ ကျောက်တုံးနဲ့ တည်ဆောက်ထားခဲ့တယ်..။တံတားက မြစ်ပေါ်မှာ ပေါင်းကူးတံတားလို တည်ရှိနေခဲ့တာပါ..။ဒါက အဝေးကိုတစ်နေရာကို ဦးတည်ထားခဲ့တယ်..။

ဘယ်သက်ရှိမှ အသက်ရှင်ကျန်ရစ်ဖို့ မသေချာတဲ့ ကြောက်စရာ ဝင်္ကပါထဲမှာ တစ်မိနစ်မှ ထပ်မနေချင်တော့တာကြောင့်..ဆန်နီဟာ အဖွဲ့သားတွေကို တံတားဆီ ဦးတည်ခေါ်သွားလိုက်ပါတယ်..။

ကတ်စီ ပြောတာသာ မှန်ကန်မယ်ဆိုရင်..သူတို့က ဒုတိယ မြစ်ကို ဖြတ်သန်းပြီးတာနဲ့ လုံခြုံသွားပါပြီ..။ဒီဟာက အမှန်ဖြစ်လိမ့်မယ်လို့ ဆန်နီ ကျိန်းသေ မျှော်လင့်မိပါတယ်..။ခရီးရှည်ကြီးတစ်ခုမှာ မျက်မမြင် ငါးယောက်ကို လမ်းပြအဖြစ် ပါဝင် ကစားပေးရတဲ့ သူ့ရဲ့ အခန်းဂဏ္ဍက တကယ်ကို စိတ်ပင်ပန်းစရာပါပဲ..။

မေ့ပျောက်ကုန်းမြေကြီး ထဲမှာ..ခုနှစ်လ ၊ ရှစ်လလောက် နေခဲ့ပြီးတဲ့ အချိန်မှာ သူက ထိပ်လန့်စရာတွေကို သိပ်ပြီး ရင်မခုန်တော့ဘူးလို့ ဆန်နီ ထင်ထားခဲ့တာပါ..။သို့ပေမယ့် ဒီနောက်ဆုံး စမ်းသပ်မူက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ တောငိ့ခံမူ အကန့်အသတ်ကို မေးခွန်းထုတ်ပြီး စစ်ဆေးနေခဲ့ပါတယ်..။

အမှောင်နယ်မြေမှာ အမြင်အာရုံ မရှိပဲ လျောက်သွားနေရတာ..။

ကတ်စီက အခုချိန်အထိ အကောင်းအတိုင်း ရှိနေသေးတာကိုက...အံ့ဩစရာကောင်းနေပါပြီ..။

သူတို့ တံတားကို ဖြတ်ကူးတဲ့ အချိန်မှာတော့ နောကိဆုံး အခိုက်အတန့်မှာ တစ်ခုခုဖြစ်လာမလား ဆိုတဲ့ စိတ်နဲ့ သူက သတိထားနေခဲ့တယ်..။သို့ပေမယ့် တိတ်ဆိတ်မူကို..ရေ စီးဆင်းသံ ၊ သူတို့ရဲ့ ခြေလှမ်းတွေ နဲ့ အသက်ရူသံတွေကသာ တိုးဖောက်နေခဲ့ပါတယ်..။

အဖွဲ့သားတွေဟာ တံတားပေါ်ကနေ လျောက်ရင်း..အနက်ရောင် ဝင်္ကပါကို အနောက်မှာ ထားရစ်ခဲ့တယ်..။မကြာခင်မှာတော့..သူတို့က..သူတို့ဘေးနားမှာ ရှိနေတဲ့ မြူတွေ တဖြည်းဖြည်း ပါးလာတာကို ခံစားနေခဲ့ရပါတယ်..။

ပြီးနောက်..တစ်နေရာအရောက်မှာ လုံးဝ မရှိတော့ပေ..။

သူတို့က တံတားကို အန္တရာယ် ကင်းစွာ ကျော်ဖြတ်နိုင်ခဲ့ကြပြီး..မြေကြီးပေါ် ပြန်ရောက်လာခဲ့တယ်..။

နောက်ထပ် ခြေလှမ်းအနည်းငယ်လျောက်ပြီး နောက်မှာတော့..ဆန်နီဟာ..ရပ်တန့်လိုက်ပြီး..နောက်ဆုံးမှာ ကိုယ့်စိတ်ကို လွတ်ကာ တဆတ်ဆတ်တုန်ရီ စေလိုက်ပါတယ်..။ယင်းနောက် သူ ပါးစပ်ကို ဖွင့်ပြီး အက်ကွဲတဲ့ အသံနဲ့ပြောလိုက်တယ်..။

"ငါတို့ ဖြတ်လာပြီလား.."

ကတ်စီက တိတ်တိတ်နေရမယ် လို့ မပြောပေမယ့်လည်း..တစ်ယောက်ချင်းစီတိုင်းက မြူတွေထဲကို ဝင်လာကတည်းက ဘာစကားမှ မပြောခဲ့ကြပါဘူး..။ဒါကြောင့် သူ့ရဲ့ ကိုယ်ပိုင် အသံကတောင် ဆန်နီကို အံ့ဩသင့်စေပါတယ်..။

ခနအကြာမှာတော့ ကတ်စီက တွေဝေတဲ့ အသံနဲ့ပြန်ဖြေလိုက်တယ်..။

"ငါ..ငါ အဲလိုထင်တာပဲ.."

အချိန်ကို ထပ်ဖြူန်းမနေတော့ပဲ..ဆန်နီဟာ သူ့ရဲ့ မျက်နှာပေါ်က အဝတ်ကို ဖယ်ပြီး ၊ ဖယောင်းတွေကို ဖယ်ရှားလိုက်တယ်..။ယင်းနောက် သူ ဂရုတစိုက်ဖွင့်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါတယ်..။

သူတို့က ..ကျယ်ပြောတဲ့ ဂူတစ်ခုရဲ့ ကျောက်တုံးကမ်းခြေတစ်ခုကို ရောက်နေကြတာပါ..။သူတို့ နဲ့ သိပ်မဝေးပဲ..ဂူ ရဲ့ နံရံတွေ ဆင်းလာတဲ့ နေရာမှာ တော့..အလွန်ကျယ်တဲ့ ဥမင်ပေါက်ဝ တစ်ခုကို မြင်တွေ့နေခဲ့ရတယ်..။

သူ့ဘေးနားမှာတော့..တစ်ခြားအဖွဲ့ဝင်တွေက အဝတ်စတွေကို ဖယ်ရှားနေကြပါပြီ..။ဆန်နီဟာ သူတို့ဆီက ထွက်ပေါ်လာတဲ့ သက်ပြင်းချသံတွေကို ကြားနေခဲ့ရတယ်..။

သို့ပေမယ့် ဆန်နီရဲ့ အာရုံစိုက်မူတွေက တည်ငြိမ်တဲ့ မျက်လုံးတွေနဲ့ သူ့ရဲ့ နောက်ဘက်ကိုကြည့်နေတဲ့ နစ်ဖီဆီကို ရောက်သွားခဲ့တယ်..။

နောက်ကို လှည့်ပြီး သူမကြည့်နေတဲ့ နေရာကို ကြည့်လိုက်တဲ့ အချိန်မှာတော့ ဆန်နီ အေးခဲသွားခဲ့ပါပြီ..။

သူတို့ရဲ့ မီတာ အနည်းငယ် အကွာ၊ အနက်ရောင်မြစ်ရဲ့ ကမ်းခြေမှာတော့ လူသား အရိုးစု တစ်ခု ရှိနေခဲ့ပါတယ်..။သူက အေးစက်တဲ့ ကျောက်တုံးတွေပေါ်မှာ ထိုင်ပြီး ခါးကို မတ်မတ်ထားကာ ..ရေပြင်ကိုကြည့်နေခဲ့တယ်..။

အနက်ရောင်မြို့တော်ရဲ့ ဥမင်လှိုဏ်ခေါင်းက အသေကောင်တွေနဲ့ မတူပဲ ၊ ဒီတစ်ခုက မေ့ပျောက်ကုန်းမြေရဲ့ တိုက်စားဖျက်ဆီးမူကို မခံရပေ..။

...ဒီနေရာက ရဲတိုက်ရဲ့ ပထမဆုံး အရှင်သခင် သေဆုံးခဲ့ရတဲ့ နေရာပါ..။

***

သူ့ရဲ့ နာမည်ကို မသိပဲ ဂုဏ်ပုဒ်ကိုပဲ သိထားတဲ့ ရှေးဟောင်းအဖွဲ့ရဲ့ ခေါင်းဆောင် လူငယ်လေးဟာ..မြေအောက်မြစ်ကြီးရဲ့ ကမ်းခြေမှာ သေဆုံးနေခဲ့တာပါ..။ဒါက ဆိုးဝါးတဲ့နေရာကနေ လွတ်မြောက်ဖို့ကြိုးစားခဲ့ရတဲ့ တံတားရဲ့ မီတာအနည်းငယ် အကွာမှာပဲ ရှိပါတယ်..။ကတ်စီရဲ့ အမြင်အရတော့..အဲဒီနေရာကနေ ဘယ်လို သက်ရှိမျိုးမှ အသက်ရှင်လျက် လွတ်မြောက်နိုင်မှာမဟုတ်ပါဘူး..။

ဒါတောင်မှ..ဒီမြူတွေထဲကို ဝင်တဲ့လူတိုင်းက တစ်ချိန်လုံး မျက်လုံးကို မှိတ်ထားပြီး ဝင်ရမယ် ဆ်ိုတာကို မသိပဲ သူက အသက်ရှင်ကျန်ရစ် နေပါသေးတယ်..။သို့ပေမယ့် နောကိဆုံးမှာတော့..သူရရှိခဲ့တဲ့ ဒဏ်ရာတွေ ၊ ဒါမှမဟုတ် တစ်ခုခုက..သူ့ကို အတော်လေး ပူဆွေးသောက ရောက်စေခဲ့ပါတယ်..။

သူ့ရဲ့ နောက်ဆုံး အသက်စွမ်းအင်လေးက သူ့ကို မစွန့်ပစ်သွားခင်မှာပဲ..ဒီလူငယ်လေး - တောက်ပတဲ့ရဲတိုက်ကို အိပ်မက်ဆိုးသားရဲတွေ လက်ထဲကနေ သိမ်းပိုက်ပြီး ယူဆောငိပေးကာ မေ့ပျောက်ကုန်းမြေကို လာတဲ့ လူတိုင်းအတွက် နေစရာ ဖန်တီးပေးခဲ့တဲ့ ပထမဆုံး အရှင်သခင် ..၊ ပြီးတော့..ဒီကျိန်စာသင့်နေရာကနေ ထွက်ပေါက်ရှာဖွေခဲ့တဲ့ ခေါင်းဆောင်ဟာ..မြူတွေဆိုင်းနေတဲ့ အနက်ရောင် ဝင်္ကပါ ဆီကို ထိုင်ပြီးကြည့်နေခဲ့ပါတယ်..။

.

..အဲဲဒီနေရာက သူ့ရဲ့ မိတ်ဆွေနဲ့ အပေါင်းအပါတွေကို သေစေခဲ့တဲ့ နေရာဖြစ်ပြီး..သူ့ကို ဒီ မြေအောက်ကမ္ဘာကြီးရဲ့ အမှောင်ထုထဲမှာ တစ်ယောက်တည်း ကျန်ရစ်စေပါတယ်..။

မြစ်ရဲ့ ကမ်းခြေမှာ တိတ်တဆိတ်ထိုင်နေတဲ့ ..အရိုးစုကိုကြည့်ပြီး ဆန်နီဟာ အကူအညီမဲ့စွာပဲ ဝမ်းနည်းစိတ်တွေ ဖြစ်ပေါ်လာခဲ့တယ်..။

သူ ဒီလူငယ်လေးကို ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးပေမယ့် တစ်နည်းအားဖြင့် သူတို့က တစ်ယောက်နဲ့တစ်ယောက် အရမ်းသိကျွမ်းခဲ့ကြတယ်လို့ ခံစားနေခဲ့ရပါတယ်..။

မေ့ပျောက်ကုန်းမြေမှာ လူသားတွေ ရရှိနေတဲ့ အရာတိုင်းက သူ့ရဲ့ ရဲရင့်မူ ၊ စွမ်းအား နဲ့ ကျွမ်းကျင်မူတွေကြောင့်ပါ..။

သူက ဒီ အထီးကျန်တဲ့ နေရာမှာ တစ်ယောက်တည်းသေဆုံးနေရတာက ဘယ်လောက် ရှက်စရာကောင်းလဲ..။သူ့ရဲ့ နောက်ဆုံးအခိုက်အတန့်မှာ သူ့ရဲ့ အတွေ့အကြုံတွေကို ပြန်​မျှဝေဖို့ ဘယ်သူမှ မရှိခဲ့ပါဘူး...။

အရိုးစုဟာ ထူးဆန်းစွာပဲ..အကောင်အတိုင်း ရှိနေခဲ့တယ်..။သူက ​တပလင်ခွေ ပုံစံ အနေအထားနဲ့ ခါးကိုဖြောင့်တန်းစွာထားကာ..လက်တွေကို တင်ပြီး တရားထိုင်တဲ့ ပုံစံ ရှိနေခဲ့ပါတယ်..။ပထမအရှင်သခင်ရဲ့ အရိုးခေါင်းက မြစ်ကြီး ဆီကို စိုက်ကြည့်နေခဲ့ပြီး..သူ့ပုံစံက ထူးဆန်းစွာပဲ အေးချမ်းတည်ငြိမ်နေခဲ့တယ်..။

ဆန်နီ သတိထားမိတာကတော့..သူ့ရဲ့ အဖြူရောင် အရိုးစု မဟုတ်သလို သူ့ရဲ့ အရိုးစု မျက်နှာပြင်ပေါ်က အပြုံးလည်း မဟုတ်ပါဘူး..။ဒါက သူ့ရဲ့ သရဖူ တစ်ခုလို ရှိနေတဲ့ ပေါ့ပါးတဲ့ သတ္တု အလွှာလေးပါ..။

အဲဲဒီမှာတော့ တောက်ပတဲ့ ကျောက်မျက်လေးတစ်ခု ရှိနေခဲ့ပြီး..အရိုးခေါင်းရဲ့ နှာဖူးတည့်တည့် အလယ်ခေါင်မှာ ထားထားခဲ့ပါတယ်..။

သူတို့ ခြောက်ယောက်ဟာ..ပထမအရှင်သခင်ရဲ့ အလောင်းဘေးနားကို ဝန်းရံပြီး သူလုပ်ခဲ့တဲ့ အရာတွေကို လေးစားတဲ့ အနေနဲ့ ငြိမ်သက်နေတုန်းမှာပဲ..နစ်ဖီဟာ သက်ပြင်းချပြီး အရိုးစုနားကို ကပ်သွားခဲ့တယ်..။

သိမ်မွှေ့စွာပဲ..သူမက သတ္တုအလွှာလေးကို ယူပြီး ပထမအရှင်သခင် ရဲ့ ဦးခေါင်းကနေ ဖယ်ရှားလိုက်ပါတယ်..။

...ခနအကြာမှာတော့..ဒီအရာက ရုတ်တရက် မရေမတွက်နိုင်တဲ့ အလင်းစက်တွေ အဖြစ် ကျိုးပဲ့သွားပြီး သူ့ရဲ့ ဝိဥာဥ်အမြုတေက စုပ်ယူသွားခဲ့ပါတယ်..။

သူမ မျက်လုံးပြူးကျယ်သွားခဲ့တယ်..။

ပထမ အရှင်သခင် ရဲ့ သရဖူက..မှတ်သားမူ တစ်ခုပါ။

All Chapters