← Chapters

အရုဏ်ဦး အမြုတေ

Vol. 17 Ch. 255

အရုဏ်ဦး အမြုတေ

Vol. 17 Ch. 255

အလင်းရဲ့နောကိဆုံး အစက်အပျောကိကလေးတွေ ပျောက်ကွယ်သွားတဲ့ အချိန်မှာတော့ နစ်ဖီဟာ ခေါင်းကို အနည်းငယ်စောင်းကာ အတော်ကြာအောင် တိတ်ဆိတ်နေခဲ့တယ်..။ယင်းနောက် သူမက အောက်ကို ငုံ့ကြည့်လိုက်ပြီး..ပထမအရှင်သခင်ကို ပြောလိုက်ပါတယ်..။

"ကျေးဇူးတင်ပါတယ်.."

သူမက တွေဝေနေခဲ့ပြီး..နောက်ထပ် ထပ်ပြောဖို့ ဆန္ဒရှိပေမယ့်လည်း နောက်ကိုသာ တစ်လှမ်းဆုတ်လိုက်ပါတယ်..။

တစ်ဖက်မှာတော့ ကိုင်က တည်ငြိမ်မနေခဲ့ပေ..။သူက လေးနက်စွာ အရိုအသေ ပေးလိုက်တယ်။ခေါင်းကို အတော်ကြာအောင် ငုံ့ထားပြီးကာမှ ခါးကို ပြန်မတ်ကာ..သူတို့အားလုံးတွေးနေတဲ့ အရာတစ်ခုကို ကျယ်လောင်စွာ ပြောလိုက်ပါတယ်..။

"ကျေးဇူးပါ...။ကျွန်တော်တို့..ကျွန်တော်တို့က အရှင် စတင်ခဲ့တာကို ..အဆုံးသတ်ပေးပါ့မယ်.."

သူ့ရဲ့ စကားလုံးတွေက အေးစက်တဲ့ ရေထုရဲ့ အထက်မှာ ပဲ့တင်ထပ်သွားခဲ့ပြီး..အမှောင်ထုထဲကို တ်ိုးဝင်​ပျောက်ကွယ်သွားခဲ့ပါတယ်..။မြေအောက်မြစ်ကြီးရဲ့ ကမ်းခြေမှာ လေးနက်တဲ့ တိတ်ဆိတ်မူတွေ ရှိနေခဲ့တယ်..။

စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ခန့်ညားတဲ့ လေးသည်တော်က သူတို့ဘက်ကို လှည့်လာပြီး မသေချာမူ တွေနဲ့မေးလိုက်ပါတယ်..။

"ငါထင်တာတော့..ငါတို့သူ့ကို မမြုပ်ပေးသင့်ဘူးလား.."

အဖွဲ့ဝင်တွေဟာ..တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်..။ဘယ်သူမှ သူတို့ရဲ့ အမြင်က်ို မပြောခင်မှာပဲ ဆန်နီ ရုတ်တရက် ပြောလိုက်ပါတယ်..။

"မဟုတ်ဘူး..။သူ့ကို ဒီအတိုင်းထားလိုက်..။သူက သေဆုံးတဲ့ အချိန်မှာ..သူ့ရဲ့ မိတ်ဆွေတွေနဲ့ အနီးဆုံးမှာ ရှိချင်ခဲ့တာ..။ဒီတော့..သူ့ကို မထိကြရအောင်.."

ဒီလိုပြောပြီးတာနဲ့ သူက တစ်ဖက်ကို လှည့်ကာ အဝေးကိုကြည့်လိုက်တယ်..။

ပထမ အရှင်သခင်က ဝင်္ကပါရဲ့ အပြင်မှာ သေတယ်ဆိုကတည်းက..သူ့ရဲ့ အရိပ်ကလည်း မရှိတော့ပါဘူး..။အခုတော့ သူက သက်မဲ့အရာတစ်ခုလို ဖြစ်နေပါပြီ..။သူက သူ့ရဲ့ အပေါင်းအပါတွေရဲ့ ဆိုးဝါးတဲ့ ကံကြမ္မာကိုလည်း အတူတူ မခံစားခဲ့ရတာကြောင့် ဆန်နီက အကူအညီမဲ့စွာပဲ..သူကို ဒီလူတွေနဲ့ အနည်းငယ် နီးကပ်တဲ့နေရာမှာထားချင်ခဲ့တယ်..။

သူတို့က ပထမအရှင်သခင် ရဲ့အလောငိးကို အပြင်ကို သယ်သွားပြီး..ကျောက်ကျင်းထဲမှာသေဆုံးခဲ့တဲ့ မိန်းကလေးရဲ့ အလောင်းဘေးမှာ မြုပ်နှံနိုင်တာလည်း မဟုတ်ပါဘူး..။

ဒီတော့ သူ့ကို ဒီအတိုင်းထားလိုက်တာက ပိုကောင်းပါတယ်..။

'မေ့ထားလိုက်တော့..။တစ်ခြားတစ်ခုခုကိုသာ စဥ်းစားထား..'

ဘာပဲဖြစ်ဖြစ် ဆန်နီမှာ တစ်ခြားစဥ်းစားစရာတွေ အများကြီး ရှိနေခဲ့ပါပြီ..။

နစ်ဖီ စုပ်ယူလိုက်တဲ့ ထူးဆန်းတဲ့ မှတ်သားမူ ။ တစ်စုံတစ်ယောက်ရဲ့ ဝိဥာဥ် အပြင်ဘက်မှာ ရှိနေတဲ့ မှတ်သားမူ မျိုးကို သူတစ်ခါမှ မကြားခဲ့ဖူးပေ..။ပထမအရှင်သခင်က ဒီဟာကို ပိုင်ဆိုင်သူ မဖြစ်ကနေစွန့်လွတ်လိုက်တာလား..ဒါမှမဟုတ်..ဒါက မှတ်သားမူတွေအားလုံး ပိုင်ဆိုင်ထားတဲ့ စွမ်းရည်လား..။

တကယ်လို့ ဒီလိုသာ ဆိုရင် ဒီဟာက..နောက်ထပ် အယ်ဖီ ရဲ့ လှံရှည်နဲ့ သူရဲ့ ဓားလိုမျိုး မှတ်သားမူ တစ်ခုပါပဲ..။ပြောင်းလဲနေတဲ့ကြယ်ပွင့်က..စွန့်စားခန်း ခရီးကြမ်း ဖွင့်ပြီး ဒီမှတ်သားမူကို လာယူရတဲ့ ရည်ရွယ်ချက်ရှိပါတယ်..။ ဒီအရာကို ပိုင်ဆိုင်ထားရင် သူမက ဂန်လောင်ကို အနိုင်တိုက်ခိုက်ဖို့အတွက် အခွင့်အရေး ရှိနေလောက်မှာပါ..။

ဆန်နီ နစ်ဖီကို စိုက်ကြည့်ပြီး ပြောလိုက်တယ်..။

"အဲဲဒီခေါင်းစည်း...အဲတာကို ဘယ်လိုခေါ်လဲ..။မဟုတ်ဘူး..တကယ်တော့ ငါ ခန့်မှန်းကြည့်ချင်တာ..။အရုဏ်တက် အပိုင်းအစလား၊ ဆည်းဆာချိန် အပိုင်းအစ လား.."

ဆန်နီ သူ့ကို ကြည့်ပြီး ပြန်မဖြေခဲ့ပေ..။သူမရဲ့ ဆင်စွယ်ရောင်မျက်နှာက တည်ငြိမ်ပြီး..အရှုံးမပေးတဲ့ ပုံစံရှိနေခဲ့ပါတယ်..။

ဆန်နီ ပြုံးလိုက်တယ်..။

"လျို့ဝှက်ချက်တွေ အပြည့်ပဲနော်..။ဟုတ်တယ်

မလား..."

နက်ရှိုင်းပြီး ထက်ရှတဲ့ ခံစားချက်တစ်ခုက သူမရဲ့ အေးစက်နေတဲ့ အညိုရောင်မျက်လုံးထဲမှာ ပေါ်ထွက်လာခဲ့တယ်..။ခနကြာပြီးသွားတဲ့ အချိန်မှ သူမ ပြောလိုက်ပါတယ်..။

"နင်က..အဖွဲ့ရဲ့ စစ်မှန်တဲ့ အဖွဲ့ဝင်တစ်ယောက် မဟုတ်ဘူးဆိုတာကို နင်ကိုယ်တိုင်ပဲ ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ခဲ့တာ မဟုတ်ဘူးလား..။နင်ကိုယ်တိုင်ပဲ ကိုယ့်ကိုကို အငှားဓား တစ်လက်လို ဖန်တီးခဲ့တာလေ..။ငါက ဘာလို့ ငါ့ရဲ့လျိုဝှက်ချက်ကို နင်နဲ့ မျှဝေပေးရမှာလဲ.."

ဆန်နီ အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ သက်ပြင်းချလိုက်တယ်..။

"ကောင်းပြီလေ..မျှတပါတယ်..။ငါ လုပ်ခဲ့တယ်..။ပြီးတော့..ငါနဲ့ မျှဝေပေးဖို့အတွက်လည်း နင့်မှာ ဘာအကြောင်းပြချက်မှ ရှိမနေဘူး.."

ရုတ်တရက် နစ်ဖီ ပြံးလိုက်ပြီး.

"နင့်စိတ်ကို ပြောင်းလို့ရတယ်နော်..သိတယ်မလား..။နင်သာ စိတ်ပြောင်းမယ် ဆိုရင်..ငါက အကုန်လုံးကို ပြောပြပေးလို့ရတယ်.."

သူ သူမကို အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ ခေါင်းခါယမ်းလိုက်တယ်..။

"ဟင့်အင်..မလိုတော့ပါဘူး..။တစ်ခုပဲဖြေပေး..အဲဒီဟာနဲ့ ငါတို့က ဂန်လောင်ကို ဘယ်လို အနိုင်တိုက်ခိုက်နိင်အောင် ကူညီပေးမှာလဲ.."

ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ ခနလောက် တွေဝေနေပြီးကာမှ ပုခုံးတွန့်လိုက်တယ်..။

"နင့်ဟာနင် ကြည့်လိုက်.."

ခနအကြာမှာတော့ ပထမ အရှင်သခင် ထားခဲ့တဲ့ ခေါင်းစည်းက..တောက်ပတဲ့ အလင်းရောင်တွေကနေ တဆင့် သူမရဲ့ ခေါင်းမှာပေါ်လာခဲ့တယ်..။

ပြီးတော့..ဆန်နီ ရဲ့ ပတ်ဝန်းကျင်က ကမ္ဘာကြီးမှာ တစ်ခုခု ပြောင်းလဲသွားခဲ့ပါတယ်..။

'ဘ..ဘယ်လို...'

သူ မျက်တောင် အကြိမ်အနည်းငယ် ခတ်ပြီး အောက်ကို ဖြည်းညှင်းစွာ ငုံ့ကြည့်ကာ ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ကို ကြည့်လိုက်တယ်..။

ဒါက မှော်စွမ်းအင် လှိုင်းတွေရဲ့ အောက်မှာ ရှိနေခဲ့တာပါ..။

ဆန်နီ မြင်လိုက်ရတဲ့ အရာက အသက်ရူ ရပ်လောက်မတတ်ပါပဲ..။

မှတ်သားမူ ရဲ့အောက်ဘက်..အဆုံးမရှိတဲ့ ကြိုးတွေကို ဆက်စပ်ပေးထားတဲ့ တောက်ပနေတဲ့ မီးစ ငါးခုဟာ ရုတ်တရက် ပိုပြီးတောင်ပလာခဲ့တယ်..။

ဒါက ပိုပိုပြီး တောက်ပလာခဲ့တာပါ..။

တကယ်တော့ သူတို့ရဲ့ တောက်ပမူက သူ မှတ်သားမူ စျေးထဲကနေ ဝယ်လာခဲ့တဲ့ မဟူရာ အကာအကွယ်လောက်တောင် တောက်ပနေခဲ့ပါပြီ..။ဒါက...ဒါက..

တက်ရောက်မူအဆင့် မှတ်သားမူ..

"သောက်ကျိုးနဲ..."

သူ့ရဲ့ လည်ပင်းမှာ ချိတ်ဆွဲထားတဲ့ အကာအကွယ်အင်္ကျီအောက်က သွေးပန်းပွင့်ကို ထုတ်လိုက်ပြီး ဆန်နီ သေချာကြည့်လိုက်တယ်..။ရှုပ်ထွေးတဲ့ ဆွဲသီး အထဲမှာ ရှိနေတဲ့ အလင်းရောင်ကလည်း ပိူပိုပြီးဟတောက်ပလာနေခဲ့ပါတယ်..။

ဆန်နီဟာ မှတ်သားမူ တွေရဲ့အတွင်းဖွဲ့စည်းမူ တွေကို ဘယ်လိုကြည့်ရမှန်းမသိတာကြောင့် နစ်ဖီက ရှင်းပြလိုက်တယ်..။

"အရုဏ်ဦး အမြုတေက..တစ်ခုတည်းပိုင်ဆိုင်ထားတာ ဆိုပေမယ် ပြိုင်ဘက်ကင်း တဲ့ တိုးမြှင့်ပေးနိုင်စွမ်းတွေ ရှိတယ်..။သူက ပတ်ဝန်းကျင်မှာ ရှိတဲ့ မှတ်သားမူ တွေ အကုန်လုံးကို တိုးမြှင့်ပေးနိုင်တယ်..။သူ့ရဲ့ သက်ရောက်နိုင်တဲ့ ဧရိယာကလည်း အရမ်းကိုကျယ်ပြန့်သလို..တို့မြှင့်ပေးနိုင်စွမ်းက ပိုတောင် ကြီးမားသေးတယ်.."

'...မပြောလိုက်နဲ့ဦး..'

မှတ်သားမူတွေကို စိုက်ကြည့်ရင်း ဆန်နီဟာ ​စကားမပြောနိုင်လုနီးပါး ဖြစ်နေခဲ့ပါပြီ..။ပြိုင်ဘက်ကင်းဆိုတဲ့ စကားလုံးက ဆည်းဆာချိန် အမြုတေ ရဲ့ သက်ရောက်မူကို ဖော်ပြပေးနိုင်တဲ့ တိကျတဲ့စကားလုံးပါပဲ..။တစ်ခြား မှတ်သားမူတစ်ခုရဲ့ အဆင့်ကို နောက်ထပ် တစ်ဆင့်အထိအောင် မြှင့်တင်ပေးနိုင်တဲ့ မှတ်သားမူ မျိုးကို သူ တစ်ခါမှ မကြားခဲ့ဖူးပေ..။

'ခနလေး..သူမပြောလိုက်တာ မှတ်သားမူ အကုန်လား..'

မှတ်သားမူ တွေ အကုန်...အကုန်လုံးကို..ကျယ်ပြန့်တဲ့ သက်ရောက်မူ နှုန်းနဲ့...။

'မဖြစ်နိုင်တာ..'

သူမ ခေါင်းမှာ ရှိနေတဲ့ အရာနဲ့ ဆိုရင်..နစ်ဖီက ဂန်လောင်ကို ယှဥ်နိုင်ရုံတင်မကပဲ..သူမရဲ့ နောက်လိုက်တစ်ယောက်ချင်းစီကိုပါ အရမ်းအန္တရာယ်များတဲ့ သူတွေ အဖြစ်ပြောင်းလဲ ပေးနိုင်တော့မှာပါ..။သူမက သေးငယ်တဲ့ နိုးထသူ စစ်တပ်ရဲ့ ဗိုလ်ချုပ်တစ်ယောက် ဖြစ်လာပါတော့မယ်..။

ခနလေး..ဒီထဲမှာ တစ်ခုခု မှားယွင်းနေတာ မဟုတ်ဘူးလား...။

ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။

'မှတ်သားမူ အကုန်လုံး..ခနလေး..အကုန်လုံးလား '

ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို ကြည့်ပြီး သူ မေးလိုက်တယ်..။

"ဒီတော့ ဒီအရာက နင့်ဘေးနားမှာ ရှိနေတဲ့ မှတ်သားမူ တိုင်းကို သန်မာလာစေတာလား.."

နစ်ဖီက သူ့ကို တိတ်တဆိတ် ခေါင်းညိမ့်ပြလိုက်တယ်..။

ဆန်နီ ပိုပြီးတောင် မျက်မှောင်ကျုတ်လိူက်ပါသေးတယ်..။

"ဒါဆို နင်က ပြသနာကို မတွေ့ဘူးလား..။ဒါက ဂန်လောင်ရဲ့ သောက်ကျိုးနဲ ရွှေရောင်အကာအကွယ် အင်္ကျီကိုပါ မြှင့်တင်ပေးတော့မှာလေ..။ဒါဆို နင်က သူ့ကို ဘယ်လိုလုပ် တိုက်ခိုက်ဖို့ အခွင်အရေး ရှိတော့မှာလဲ.."

သူမ အတော်ကြာအောင် တွေဝေနေပြီးကာမှ တွေးလိုက်တယ်..။

"ဒါက တ်ိုးမြှင့်ပေးမှာမဟုတ်ဘူး..။မပေးလောက်ဘူးမလား..။ဒါပေမဲ့..ဟေး..ငါ နင့်ကို လျိုဝှက်ချက်တစ်ခု ပြောပြပေးရမလား.."

ဆန်နီ သူမကို ဘာမှမပြောပဲကြည့်နေခဲ့တယ်..။ဒါက

ဒီလို မသေသပ်တဲ့ ထောင်ချောက်ထဲကို ရောက်သွားတာထက် ပိုကောင်းတယ် ဆိုတာကို သူသိထားပါတယ်..။

သို့ပေမယ် ဒီမှာ ဘာ ထောင်​ချောက်မှ ရှိမနေခဲ့ပါဘူး..။နစ်ဖီက ခနလောက်စောင့်နေပြီးကာမှ ထပ်ပြောလာခဲ့ပါတယ်..။

"ဒါက ငါ့ကို ကူညီပေးလိမ့်မယ်..။ဘာလို့လဲဆိုတော့ဂန်လောင် ဝတ်ထားတဲ့ ရွှေရောင် အကာအကွယ်က မှတ်သားမူ တစ်ခု မဟုတ်ဘူး.."

သူ ဘာမှ မပြောနိုင်ခင်မှာပဲ..သူမကပဲ ထပ်ပြောလိုက်တယ်..။

"တကယ်တော့..ဒါက ထပ်တူညီမူပဲ.."

All Chapters