← Chapters

ပထမဆုံးအကြိမ်

Vol. 1 Ch. 6

ပထမဆုံးအကြိမ်

Vol. 1 Ch. 6

သူမသည် အာရန်၏ ချီးကျူးစကားများတွင် မည်သည့် ဟန်ဆောင်လိမ်လည်မှုကိုမျှ ရှာမတွေ့သောကြောင့် ပို၍ပင် ရင်ထဲထိသွားခဲ့သည်။

အာရန်သည် ကျန်းဝေ၏ အမူအရာတွင် မသိမသာ ပြောင်းလဲသွားမှုကို သတိထားမိလိုက်သည်။ သူမ၏ နီရဲနေသော ပါးပြင်က သူမ၏ ရင်ထဲတွင် လှုပ်ခတ်နေသော ခံစားချက်တစ်ခုဖြစ်ပေါ်နေကြောင်းကို ဖော်ပြပေးနေသည်။

သူ မယုံနိုင်သေးပါ။ နတ်ဆိုးမသည် ချီးကျူးစကားတစ်ခုကြောင့် ရှက်သွားသည်တဲ့လား… သူမရဲ့ အားနည်းချက်ကို သူ ရှာဖွေတွေ့ရှိခဲ့တာလား။

[ရွေးချယ်မှု ပြီးမြောက်သည်]

[မေးခွန်းဘောက်ချာတစ်ခုကို ဆုအဖြစ်လက်ခံရရှိပါသည်]

[မည်သူ့ကိုမဆို ၎င်းတို့၏ အင်အားကို ဂရုမစိုက်ဘဲ မေးခွန်းဘောက်ချာကို အသုံးပြုနိုင်သည်။ မေးခွန်းဘောက်ချာကို ထုတ်သုံးခြင်းဖြင့် မေးခွန်းတစ်ခု မေးနိုင်ပြီး တစ်ဖက်လူမှ ဖြေကြားပေးရလိမ့်မည်]

အာရန်သည် သူ့မျက်လုံးထောင့်တွင် သေးငယ်သော ရတနာသေတ္တာနှင့် ဆင်တူသော ပုံစံကွက် တစ်ခုပေါ်လာသည်ကိုသတိထားမိလိုက်သည်။

ထိုသေတ္တာပုံ ပုံစံကွက် အောက်တွင် ဂဏန်းအနည်းငယ် ပေါ်လာသည်။

[၁/၂၅]

သူသည် ပုံစံကွက် ကို အမှန်တကယ် နှိပ်ချင်ပြီး ၎င်းသည် သူ့အတွက် သိုလှောင်မှုသေတ္တာတစ်ခုဖြစ်မလားဟု တွေးတောနေသည်။ အဓိက ဇာတ်ကောင်ပင် ဤကဲ့သို့အရာကို မပိုင်ဆိုင်ပါ။

အဓိက ဇာတ်ကောင်သည် စနစ်မှ ဆုလာဘ်အဖြစ် ရရှိသော သိုလှောင်ကွင်းကိုသာ အသုံးပြုရသည်။

ခဏကြာ စဉ်းစားပြီးနောက် ကျန်းဝေ၏ အာရုံပြောင်းနေမှုကို အခွင့်ကောင်းယူကာ စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။

သူသည် ရတနာသေတ္တာ ပုံစံကွက် ကို နှိပ်လိုက်သည်။

ပုံစံကွက် သည် ပိုမိုကြီးမားလာပြီး အကွက် ၂၅ ခုပါသော မျက်နှာပြင်အသစ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ပထမအကွက် တစ်ခုသာ ပြည့်နေပုံရပြီး သေးငယ်သော စာလိပ်ပုံစံကွက် တစ်ခု မြင်လိုက်ရသည်။

ရတနာသေတ္တာကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့စိတ်ထဲတွင် အသိပညာအချို့ ရိုက်နှိပ်သွားသည်ကို ခံစားလိုက်ရသည်။ ၎င်းတို့သည် ရတနာသေတ္တာကို မည်သို့ အသုံးပြုရမည်ကို ညွှန်ကြားချက်များဖြစ်သည်။

အသိပညာကို ရိုးရှင်းစွာ စုပ်ယူလိုက်သော်လည်း ဤရတနာသေတ္တာကို မည်သို့ အသုံးပြုရမည်ကို နဂိုကထဲက သိပြီးသားဖြစ်နေသကဲ့သို့ ခံစားလိုက်ရသည်။

သူသည် သူရဲကောင်းအကယ်ဒမီမှ လက်စွတ်ကို အလျင်အမြန် ယူလာပြီး ဒုတိယအကွက် ထဲသို့ ထည့်လိုက်သည်။ ၎င်းသည် သူ့အတွက် တစ်ခုတည်းသော အချိန်မရွေးထပေါက်နိုင်သည့် ချိန်ကိုက်ဗုံးတစ်လုံးကဲ့သို့ဖြစ်နေသည်။

ထပ်မံ စဉ်းစားပြီးနောက် ဖုန်းကိုလည်း ထုတ်ယူပြီး တတိယအကွက်တွင် ထည့်ကာ မျက်နှာပြင်ကို ပိတ်လိုက်သည်။

သူသည် အပြစ်ပေးနိုင်သော အထောက်အထားအားလုံးကို ဖယ်ရှားပြီးမှသာ စိတ်သက်သာရာရသွားသည်။ ထိုအရာများကို မတွေ့ရှိသရွေ့ သူသည် ပိုမိုအသက်ရှင်နိုင်မည်ဖြစ်သည်။

သူသည် တစ်ဖန် အတွေးယဉ်တွင်မြောနေသော အမျိုးသမီးဆီသို့ အာရုံပြောင်းလိုက်သည်။

အာရန်သည် ခြေတစ်လှမ်း ဆုတ်လိုက်ပြီး ကျန်းဝေကို သူ့စိတ်သူ ပြန်စုစည်းရန် အချိန်အနည်းငယ် ပေးလိုက်သည်။ သူသည် ငယ်စဉ်က သရုပ်ဆောင်အတန်းများတက်ခဲ့ခြင်းက ယခုတွင် အသုံးဝင်လာမည်ဟု ယခင်ကမသိခဲ့ပါ။

သူသည် အသူရာသွေးနတ်ဘုရားမကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။ ၎င်းအမူအရာ အများစုသည် သူအမှန်တကယ် သရုပ်ဆောင်ခြင်းမဟုတ်ပဲ

စကားလုံးအများစုသည် သူမကို ချီးကျူးသောအခါ သူ့ပါးစပ်မှ သူ့အလိုလို ထွက်ပေါ်လာခြင်းဖြစ်သည်။

"ကိုပြောတာတွေက အကြီးအကဲကျန်း ကို အံ့အားသင့်သွားစေခဲ့ရင် တောင်းပန်ပါတယ်" ဟု အာရန်က ရိုးသားစွာ ပြောလိုက်ပြီး သူ့အသံက ညင်သာသော်လည်း ခိုင်မာသည်။

"မင်းကို အဆင်မပြေဖြစ်စေချင်တာ မဟုတ်ပါဘူး။ မင်းရဲ့ ရှိနေခြင်းက ကို့အပေါ် သက်ရောက်မှု တစ်မျိုး ရှိလို့ပါ။"

ကျန်းဝေသည် အာရန်ကို လှည့်ကြည့်လိုက်ပြီး သူမ၏ အမူအရာသည် စပ်စုမှုနှင့် သံသယတို့ ရောနှောနေသည်။

"ဘယ်လို သက်ရောက်မှုမျိုးလဲ"

သူမက အနည်းငယ် သတိထားသော အသံဖြင့် မေးလိုက်သည်။

အာရန်သည် မဖြေကြားမီ သူ့အတွေးများကို စုစည်းရန် ခဏတာ အချိန်ယူလိုက်သည်။ သူ့နောက်ပြောမည့်

စကားများသည် အနာဂတ်တွင် ၎င်းတို့ အပြန်အလှန် ဆက်ဆံရေး၏ လမ်းကြောင်းကို ပြောင်းလဲသွားစေနိုင်ကြောင်းသိလေသည်။ ကျန်းဝေသည် အားကောင်းကြောင်း သူသိသည်။ ပိုမိုအသက်ရှင်လိုပါက သူမနှင့်ဆက်ဆံရေးကောင်းတည်ဆောက်ထားရန်လိုအပ်ကြောင်းသူသိသည်။ အသက်ရှင်ရေးအတွက် သူမသည် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။

"မင်းက အရမ်းသန်မာသလို လှလဲလှတယ်" သူစတင်ပြောဆိုလိုက်ပြီး စကားလုံးများကို ဂရုတစိုက် ရွေးချယ်လိုက်သည်။

"ဒါပေမယ့် အဲဒီ့ထက် ပိုပြီး မင်းပတ်လည်မှာ ကိုယ့်ကို ဆွဲဆောင်နိုင်တဲ့ ထူးခြားတဲ့ အငွေ့အသက်တစ်ခု ရှိနေတယ်လို့ခံစားရတယ် အများသိထားတာထက် မင်းမှာ ပိုပြီးထူးခြားတာ တစ်ခုခု ရှိနေသလိုပဲ။"

ကျန်းဝေ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသော်လည်း သူမသည် ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပါ။

အာရန်သည် စိတ်ရင်းမှန်ဖြင့်ပြောနေပုံဖြင့် ဆက်ပြောနေသည်။

"မင်းကို ပိုမိုခင်မင်ခွင့်ရခြင်းက ကို့အတွက် အခွင့်ထူးတစ်ခုလို့ ကိုယ်ယုံကြည်မိတယ်။"

Thae Nhyar, [3/2/2025 10:35 PM]

"မင်းနဲ့ မကြာခဏတွေ့ဆုံခွင့်ရဖို့ဆိုတာမလွယ်ကူပါဘူး ဒါကြောင့် ကိုယ့်ရှေ့မှာ မင်းရောက်လာတာသိလိုက်ရတဲ့ အချိန်က အလိုလို စိတ်လှုပ်ရှားမိသွားတာပါ"

ကျန်းဝေသည် ခဏတာ တိတ်ဆိတ်သွားပြီး အာရန်၏ စကားများကို စဉ်းစားနေသည်။ သူမသည် လူများ၏ ရည်ရွယ်ချက်များကို အမြဲတမ်း သတိထားခဲ့သည်။

သို့သော် အာရန်၏ စကားများသည် ကွဲပြားခြားနားသည်ဟု ခံစားရသည်။ ၎င်းတို့သည် သူမ၏ အတွင်းပိုင်းကို ထိတွေ့ကာ အခြားသူများအား မကြာခဏ မြင်ခွင့်မပြုသော အစိတ်အပိုင်းတစ်ခုကို ထိမိသွားသည်။

သူသည် သူမကို မကြောက်ရွံ့ပါ။ မဟုတ်ဘူး သူသည် သူမကို ကြောက်ရွံ့နေသော်လည်း သူ့ရဲ့ ကြောက်ရွံ့မှု

တွေကသူများနဲ့မတူတဲ့ပုံစံတစ်ခုဖြစ်နေသည်။

နောက်ဆုံးတွင် ကျန်းဝေက အရင်ကထက် ပိုမိုညင်သာသော အသံဖြင့် ပြောလိုက်သည်။ "အကြီးအကဲရန် ရှင်ကစကားပြောအတော်ကောင်းတာပဲ "

"ကျွန်မကိုအံ့အားသင့်စေခဲ့တယ် ဒါပေမဲ့ ရှင့်ရဲ့ ရိုးသားမှုကို ကျွန်မအသိအမှတ်ပြုပါတယ် ဒီကိစ္စကို မေ့လိုက်ရအောင် ဒါနဲ့ ကျွန်မဒီကို လာရင်းကိစ္စကိုတောင်မေ့တော့မလို့"

အာရန်က ခေါင်းညိတ်လိုက်ပြီး ကျန်းဝေက သူ့စကားများကို အပြုသဘောဖြင့် တုံ့ပြန်သည့်အတွက် သက်သာရာရသွားသည်။

"ကျေးဇူးပါ အကြီးအကဲကျန်း" ဟု သူက ရိုသေလေးစားစွာ ပြန်ဖြေလိုက်သည်။ "ကို့ ကြောင့် စိတ်မသက်မသာဖြစ်သွားရင် နောက်တစ်ကြိမ် အနူးအညွန့်ထပ်တောင်းပန်ပါတယ်။"

ထိုသို့ပြောလိုက်သောအခါ အခန်းတွင်းရှိ တင်းမာမှုများ ပြေလျော့သွားသည်။ ထို့အပြင် လက်စွတ် ကို ဝှက်ထားသောကြောင့် အာရန်သည် ပိုမိုတည်ငြိမ်သည်ဟု ခံစားလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ ဝတ္ထုထဲတွင်ပင် သူသည် ယခုအချိန်အထိ မသေသင့်သေးပါ။

ပိုကြီးသော ပြဿနာမှာ အနာဂတ်တွင် ဖြစ်ပေါ်လာမည့်အရာဖြစ်သည်။ သူသည် ပြင်ဆင်မှုများစွာ ပြုလုပ်ရမည်ဖြစ်သည်။ သူသည် ဇာတ်လမ်းတွင် အပြောင်းအလဲများစွာ ပြုလုပ်ရမည်ဖြစ်ပြီး သူသည် အဓိက ဇာတ်ကောင်ဆိုတဲ့ ဆူနာမီကပ်ဘေးကြီးကနေ ရှင်သန်နိုင်အောင်ကျိုးစားရဦးမည်ဖြစ်သည်။

ကျန်းဝေသည် သူမစိတ်ကို ပြန်လည်ထိန်းသိမ်းလိုက်သောအခါ သူမ၏ အသံသည် တစ်ဖန်ပြန်လည် အေးစက်သွားသည်။ သို့မဟုတ် ၎င်းသည် သူမ၏ ပုံမှန်ပြောဆိုနေကြလေသံလဲဖြစ်သည်။

"ဂိုဏ်းခေါင်းဆောင်က မနက်ဖြန်အကြောင်းကို ရှင့်ကို သတိပေးဖို့ ဒီကို စေလွှတ်လိုက်တာ။ ပြီးတော့ဒါဟာ ရှင့်ရဲ့ ပထမဆုံးအကြိမ်လဲ ဖြစ်မှာမို့လို့ပဲ။"

"ကို့ရဲ့ ပထမဆုံးအကြိမ်တဲ့လား"

အာရန်က သူမ ဘာအကြောင်းပြောနေတာလဲလို့ တွေးရင်း မေးလိုက်သည်။

ဘာ ပထမဆုံးအကြိမ်လဲ

"ရှင် မေ့သွားပြီလား"

ကျန်းဝေက တုံ့ပြန်မှုကို ကြားတော့ အံ့အားသင့်သွားသည်။

"ရှင် ဘယ်လိုများ ဒီလောက် မေ့လျော့နိုင်ရတာလဲ

မနက်ဖြန်က ရှင့် ရဲ့ ပထမဆုံး တပည့်ကို ရွေးချယ်နိုင်တဲ့ နေ့ပဲ ဒါက ဝင်ခွင့်အခမ်းအနားပဲလေ"

"ဝင်ခွင့်အခမ်းအနားတဲ့လား"

အာရန်က ဤစကားလုံးများ၏ အဓိပ္ပါယ်ကို သဘောပေါက်လိုက်သောအခါ စိတ်ကိုအသည်းအသန် ထိန်းချုပ်လိုက်ရသည်။

လူအများအတွက် ၎င်းသည် သာမန် ဝင်ခွင့်အခမ်းအနားတစ်ခုသာဖြစ်သည်။ သို့သော် သူ့အတွက် ၎င်းသည် အဓိက ဇာတ်ကောင် ဂိုဏ်းထဲသို့ ဝင်ရောက်တော့မည့် နေ့ဖြစ်သည်။

၎င်းသည် သူ၏ဇာတ်လမ်း စတင်မည့် နေ့လည်းဖြစ်သည်။

#Catfoot

All Chapters