← Chapters

ယောက်ျားပီသပါ

Vol. 1 Ch. 7

ယောက်ျားပီသပါ

Vol. 1 Ch. 7

အစပိုင်းတွင် ထိတ်လန့်တုန်လှုပ်သွားပြီးနောက် တဖြည်းဖြည်း ပျော်ရွှင်မှုတစ်ခုကအစားဝင်ရောက်လာသည်။

ယခုရရှိသော သတင်းအချက်အလက်အသစ်က သူ့ကို ဇာတ်လမ်း၏ မည်သည့် အချိန်ကာလသို့ ရောက်ရှိနေကြောင်းကို အကြမ်းဖျင်း ခန့်မှန်းနိုင်စေခဲ့သည်။

မူရင်း ဝတ္ထုတွင် အဓိကဇာတ်ကောင်သည် ဂိုဏ်းသို့ ဝင်ခွင့်စာမေးပွဲအတွက် ရောက်ရှိလာချိန်မှ အစပြုခဲ့ခြင်းဖြစ်သည်။

စာမေးပွဲများတစ်လျှောက်လုံးတွင် အဓိကဇာတ်ကောင်သည် ထူးခြားသော ကျွမ်းကျင်မှုများကို ပြသခဲ့ပြီး သူ့ကို အထင်သေးသူများကို အံ့အားသင့်စေခဲ့သည်။

ထိုနေ့သည် အဓိကဇာတ်ကောင်နှင့် အကြီးအကဲရန် တို့ စတင်ပြသနာဖြစ်ကြသော နေ့လည်းဖြစ်လေသည်။

အကြီးအကဲရန်တွင် တပည့်မရှိသောကြောင့် သူသည် အဓိကဇာတ်ကောင်ကို တပြည့်သစ်အဖြစ် ခေါ်ယူရန် ဆုံးဖြတ်ခဲ့သည်။

ကံမကောင်းစွာဖြင့် အဓိကဇာတ်ကောင်သည် ထိပ်ဆုံးနေရာကို ရရှိခဲ့ပြီး သူ့ကိုယ်ပိုင် ဆရာကို လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ရရှိခဲ့သည်။

အကြီးအကဲ ရန်က ဆန္ဒရှိသော်လည်း အဓိကဇာတ်ကောင်သည် သူ့ကို မရွေးချယ်ခဲ့ပါ။ ထိုအစား သူ့ဘေးတွင်ရှိနေခဲ့သော အသူရာသွေးနတ်ဘုရားမ ကျန်းဝေကို ရွေးချယ်သွားခဲ့သည်။

ဤသို့ဖြင့် မူရင်းဇာတ်လမ်းတွင် အသူရာသွေးနတ်ဘုရားမကျန်းဝေသည် အဓိကဇာတ်ကောင်၏ ရွေးချယ်ခံ ဆရာသခင်ဖြစ်လာခဲ့သည်။ သူမ ငြင်းဆန်ချင်သော်လည်း ရွေးချယ်စရာ မရှိခဲ့ပေ။

စည်းမျဉ်းများအရ စာမေးပွဲ၏ ပထမနေရာ ရရှိသူသည် မည်သည့် အကြီးအကဲကိုမဆို သူတို့၏ ဆရာအဖြစ် ရွေးချယ်ပိုင်ခွင့်ရှိသည်။

ထိုစဉ် အာရန် ရုတ်တရက် တွေးမိလိုက်သည်။

"ခဏလေး ဝင်ခွင့်စာမေးပွဲ မစသေးဘူးဆိုရင် ငါ့မှာ အနာဂတ်ကို ပြောင်းလဲပစ်ဖို့ အခွင့်အရေးရှိသေးတယ်မလား"

သူသည် သူ့မူလကမ္ဘာသို့ ပြန်သွားရန် မည်သို့ ပြုလုပ်ရမည်ကို မသိရှိရသေးသော်လည်း ဤကမ္ဘာသစ်တွင် ပိုမိုကြာရှည်စွာ အသက်ရှင်ရန် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်။

သူလုပ်ရမှာက အဓိကဇာတ်ကောင်၏ အာရုံကို ရှောင်ရှားရန်နှင့် သူ့ရဲ့ အစစ်အမှန်ပုံစံကို ဖုံးကွယ်ထားရန်သာဖြစ်သည်။

ကျန်းဝေသည် အာရန်၏ အမူအရာများ အဆက်မပြတ် ပြောင်းလဲနေသည်ကို စောင့်ကြည့်နေပြီး သူ့စိတ်ထဲတွင် ဘာတွေဖြစ်နေသည်ကို နားမလည်နိုင် ဖြစ်နေသည်။ တစ်ခါတစ်ရံ ဝမ်းနည်းနေပုံရပြီး တစ်ခါတစ်ရံ ပျော်ရွှင်နေပုံရသည်။

"ခုလိုအကြောင်းကြားပေးတဲ့အတွက် ကျေးဇူးပါ"

အာရန်သည် သတိပြန်ဝင်လာပြီး အခြားအရာများကို စဉ်းစားရန် အချိန်မဟုတ်သေးကြောင်း သဘောပေါက်လိုက်သည်။ ကျန်းဝေသည် သူ့ရှေ့တွင် ရှိနေဆဲ မဟုတ်ပါလား။

"ကိုယ် ဝင်ခွင့်စာမေးပွဲကို သေချာပေါက် တက်ရောက်ပြီး တပည့်တစ်ယောက်ကို ရွေးချယ်ပါ့မယ် ဂိုဏ်းချုပ်ကို စိတ်မပူဖို့ ပြန်ိပြောပေးပါ"

ကျန်းဝေကပြန်လည် ခေါင်းညိတ်ပြလိုက်သည်။

သူမသည် သတင်းစကားကို ပေးပို့ပြီးသောကြောင့် ထွက်ခွာရန်ပြင်လိုက်သည်။

အာရန်သည် သူမ ထွက်ခွာသွားသည်ကို ကြည့်နေရင်း သက်ပြင်းတစ်ချက် ခိုးချလိုက်သည်။ သူသည် အသူရာသွေးနတ်ဘုရားမ နှင့် ပထမဆုံး တွေ့ဆုံမှုမှ အသက်ရှင်နိုင်ခဲ့ပြီးဖြစ်သည်။ သို့သော် ထိုသို့ ဘယ်လောက်ကြာကြာ အရူးဆက်လုပ်နိုင်မည်ကို သူ မသေချာပါ။

ကျန်းဝေသည် သူ့အမြင်မှ ပျောက်ကွယ်သွားသောအခါ သူသည် အိပ်ယာပေါ်သို့ မောပန်းစွာ လှဲချလိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ချွေးများဖြင့် စိုရွှဲနေသည်။

သူသည် ထပ်မန်လှုပ်ရှားရန်ပင် သတ္တိမရှိတော့ပါ။ ထို့ကြောင့် ရိုးရှင်းစွာပင် မျက်နှာကျက်ကိုသာကြည့်နေလိုက်တော့သည်။

"ညတစ်ညတည်းနဲ့ ငါ့ဘ၀ တစ်ခုလုံး ပြောင်းလဲသွားတယ် လုံးဝကို အဓိပ္ပါယ် မရှိဘူး အဲဒီ ဝက်ဘ်ဆိုဒ်က ဘာလဲ ဒီဝတ္ထုကကော ဘာလဲ ဘယ်လိုလုပ် ငါ့ကို ဒီအထဲကို ဆွဲခေါ်လာနိုင်ရတာလဲ"

တစ်ယောက်ထဲစကားပြောနေစဉ် ရွေးချယ်စရာအချို့ပါသော မျက်နှာပြင်တစ်ခုက ထပ်မံပေါ်လာသည်။

[ရွေးချယ်မှု တစ် : သင်သည် မရင်းနှီးသော ကမ္ဘာတစ်ခုသို့ ပို့ဆောင်ခံရသည်။ ဤကြောက်စရာကောင်းသော ကမ္ဘာတွင် နေထိုင်ခြင်းထက် သေဆုံးခြင်းက ပိုကောင်းသည်ဟု သင် ဆုံးဖြတ်ခဲ့သည်။ ချောက်ကမ်းပါးမှ ခုန်ချပါ။ ဖီးနစ်ငှက်၏ အကူအညီကို မယူပါနဲ့။

ဆုလာဘ်: ခွန်အား +၁]

[ရွေးချယ်မှု နှစ် : ဘဝက ခက်ခဲတယ်။ ယောက်ျားပီသစွာ နေထိုင်ပြီး ရေလိုက်ငါးလိုက်ဆက်လက်ရှင်သန်ပါ။

ဆုလာဘ်: ကံကောင်းခြင်း + ၁]

[ရွေးချယ်မှု သုံး : သူရဲကောင်းအကယ်ဒမီ ကို ဆက်သွယ်ပြီး နုတ်ထွက်ကြောင်း ပြောပြပါ။

ဆုလာဘ်: လှပသော အနက်ရောင် ခေါင်းတလားတစ်လုံး။(ရှားပါးအဆင့်)]

[ရွေးချယ်မှု လေး : ဂိုဏ်းချုပ်ကို သင်သည် အကြီးအကဲ ရန်မဟုတ်ကြောင်း ပြောပြပါ။ သင့်ကို မူလကမ္ဘာသို့ ပြန်ပို့နိုင်သော နည်းလမ်းတစ်ခုခုကို သူမ သိရှိပါသလားဟု မေးမြန်းပါ။

ဆုလာဘ်: လှပသော အဖြူရောင် ခေါင်းတလားတစ်လုံး။ (ရှားပါးအဆင့်)]

"ချောက်ကမ်းပါးက ခုန်ချရမယ် နင့်အမေဂျီးတော်xxx" အာရန်သည် ပထမရွေးချယ်မှုကို မြင်သောအခါ ကျယ်လောင်စွာ ဆဲဆိုလိုက်မိသည်။

"နောက်နေတာလား ချောက်ကမ်းပါးက ခုန်ချရမယ်ဟုတ်လား နင့် အမေ-xx ငါ့ကို တစ်ခါလောက်ပဲလာတွေ့ပါလား ချောက်ကမ်းပါးက ခုန်ချရတာ ဘယ်လိုခံစားရလဲဆိုတာကို သိသွားအောင်လုပ်ပေးမယ်"

ရွေးချယ်စရာများကို မြင်သောအခါ အာရန်သည် ဒေါသကို မထိန်းချုပ်နိုင်တော့ပါ။

ပထမရွေးချယ်မှုသည် အခြေခံအားဖြင့် ဤကမ္ဘာတွင် မနေထိုင်ချင်ပါက သေရန် ပြောနေခြင်းဖြစ်သည်။ ချောက်ကမ်းပါးမှ ခုန်ချပါက သူ့ကို စောင့်နေသော တစ်ခုတည်းသောအရာမှာ သေခြင်းတရားပင်ဖြစ်သည်။

သေပြီးနောက် ခွန်အား တစ်မှတ် တိုးလာခြင်းဖြင့် သူ ဘာလုပ်မည်နည်း ဒါ ဘယ်လိုမျိုး မိုက်မဲတဲ့ အကြံပြုချက်မျိုးလဲ။

တတိယနှင့် စတုတ္ထ ရွေးချယ်မှုအတွက်ကလည်း အဓိပ္ပါယ် မရှိပါ။ သူသည် သူရဲကောင်းအကယ်ဒမီ ၏ အင်အားအကြောင်းကို မသိသည်မဟုတ်ပါ။

သူတို့ကိုသာ နုတ်ထွက်ကြောင်း ပြောပြပါက သေဖို့ထိုင်စောင့်နေရန်သာလိုတော့မည်။ အဆိုးဆုံးမှာ သူ သေဆုံးမှုကိုပင် သူကိုယ်တိုင်သိလိုက်မည်မဟုတ်ပါ။

ဇာတ်လမ်းအတိုင်းအလိုက်သင့် လိုက်ပါပါက အနည်းဆုံး အမှားအချို့ကို ရှောင်ရှားနိုင်မည်။ အဘယ်ကြောင့်ဆိုသော် သူသည် အနာဂတ်အကြောင်းကို သိထားပြီးဖြစ်သည်။

သို့သော် ထိုအရာများကို လုံး၀အကုန် ပြောင်းလဲပစ်မိပါက သူ့ကိုယ်တိုင်ပင် အနာဂတ်တွင် ဘာတွေဖြစ်လာနိုင်သည်ကို မခန့်မှန်းနိုင်ပါ။

ဇာတ်လမ်းတွင် အကြီးအကဲရန် သည် မူလစာစဉ်၏ အပိုင်း (၅၀) တွင် သေဆုံးခဲ့သည်။ သို့သော် ဇာတ်လမ်း မစတင်မီတွင် သူသည် သူရဲကောင်းအကယ်ဒမီမှ နုတ်ထွက်ကြောင်း ပြောပြခဲ့ပါက ပထမ အပိုင်း (၁၀) အတွင်း သေဆုံးရန် မဖြစ်နိုင်ဟု မဆိုနိုင်ပါ။

ဂိုဏ်းချုပ်အား သူ့၏ကမ္ဘာကူးပြောင်းလာသောအမှန်တရားကို ပြောပြရန်မှာ သူမ ရူးနေမှသာလက်ခံမည်ဖြစ်သည်။ သူမသည် သူ့ကို ရူးသွားပြီဟုဆိုကာ တိုက်ရိုက်ပင် သတ်ပစ်နိုင်သည်။

"ပြီးတော့ ဆုလာဘ်အဖြစ် ခေါင်းတလားတဲ့ ဒါဟာ ရယ်စရာလို့ ထင်နေတာလား ဟင် စနစ်ရေ မင်က အပေါစားလူပျက် တစ်ယောက်လား"

အာရန်က ကျယ်လောင်စွာ မေးလိုက်မိသည်။ "မင်းစာစဉ်ကို မကောင်းတဲ့ ရီဗျူးလေးတစ်ကြောင်း ရေးခဲ့မိတဲ့အတွက် င့ါကို လက်စားချေနေတာလား မင်းကတကယ့်ကို ကလေးဆန်လိုက်တာကွာ''

....

အလွန်ကြီးမား၍ လှပလွန်းသော ဖီးနစ်ငှက်ကြီးတစ်ကောင်သည် တောင်တစ်ခုလုံးကို ပတ်ပတ်လည် ပျံဝဲနေရင်းမှ တစ်ခါတစ်ရံ သူ့သခင်၏ အော်ဟစ်သံကို ကြားနေရသည်။ ကံကောင်းစွာဖြင့် အာရန်၏ အော်ဟစ်ဆဲဆိုသံများကို ကြားနိုင်သူ မည်သူမျှ ပတ်ပတ်လည်တွင် ရှိမနေပါ။

အကြီးအကဲများမှလွဲ၍ မည်သူ့ကိုမျှ တောင်သို့ ချဉ်းကပ်ခွင့် မပြုသောကြောင့်ဖြစ်သည်။

အာရန်သည် စာရေးဆရာကို အချိန်အတော်ကြာအားရပါးရ ဆဲဆိုပြီးနောက် နောက်ဆုံးတွင် ပြန်လည်တည်ငြိမ်သွားခဲ့သည်။ သူသည် ဆဲဆိုရုံသာတတ်နိုင်ပြီး အခြားဘာမှ မတတ်နိုင်ပါ။ သူသည် အဘယ်ကြောင့် ဝတ္ထုထဲသို့ ရောက်ရှိနေရသည်ကိုပင် မသိရှိနိုင်သေးပါ။

''မကောင်းတဲ့ ရီဗျူးသေးသေးလေးတစ်ကြောင်းရေးမိတာလေးကြောင့်များလားကွာ''

မည်သည့် ဝက်ဘ်ဆိုဒ်က လူတစ်ယောက်ကို အခြားကမ္ဘာတစ်ခုသို့ ဆွဲခေါ်သွားနိုင်သနည်း။ ဤဝတ္ထုကို ရေးသားသူသည် မည်သို့သော သတ္တဝါမျိုးနည်း။ ပြီးတော့ ဘာလို့ သူ့ကိုမှရွေးရတာလဲ ဒီဝေဖန်မှုလေးတစ်ခုကြောင့်လား။

သူသည် သူ၏သီအိုရီကို ယုံကြည်ချင်သော်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားနေရသည်။

"အော် ဟုတ်သားပဲ ငါ့ဖုန်း..." သူ့နှင့်အတူ ဤကမ္ဘာသို့ ရောက်လာသော သူ့ဖုန်းကို ရုတ်တရက်သတိရလိုက်သည်။

သူသည် သူ့စနစ်သိုလှောင်ခန်းကို ဖွင့်ပြီး ဘက်ထရီ ၅၀ ရာခိုင်နှုန်း ကျန်ရှိနေသေးသော ဖုန်းကို ထုတ်ယူလိုက်သည်။

"ဘာလဲ ဒါက ကော်နရှင် ရနေတုန်းလားဟ"

-------------------------------------------------------

All Chapters