← Chapters

ဒါက ငါ့ရဲ့ ကံကောင်းခြင်းလား

Vol. 1 Ch. 8

ဒါက ငါ့ရဲ့ ကံကောင်းခြင်းလား

Vol. 1 Ch. 8

အာရန်သည် သူ့ဖုန်းတွင် ကော်နရှင် ရနေသေးသည်ကို အံ့အားသင့်သွားသည်။ ယခုလို လုံးဝ ကွဲပြားခြားနားသော ကမ္ဘာတစ်ခုတွင်ဒီကိစ္စ ဖြစ်နိုင်စရာ အကြောင်းမရှိပါ။

သူသည် လွတ်သွားသော ခေါ်ဆိုမှု အသိပေးချက်အချို့ကိုပင် တွေ့မြင်နိုင်ပြီး အများအားဖြင့် တက္ကသိုလ်မှ သူ့လုပ်ဖော်ကိုင်ဖက်များထံမှ ဖြစ်သည်။

[သတိပေးချက်: ရွေးချယ်မှုတစ်ခုကို အတည်ပြုပါ သို့မဟုတ် ပြစ်ဒဏ်တစ်ခု ရရှိလိမ့်မည်]

"ဘယ်လို ပြစ်ဒဏ်လဲ ငါ့ကို ခေါင်းတလား တစ်လုံးအစား နှစ်လုံး ပေးမှာလား" အာရန်သည် စိတ်ပျက်စွာ မျက်လုံးကို လိုက်စကားလိုက်သည်။

ဒါပေမဲ့ အာရန် သည် ရွေးချယ်မှုတစ်ခုကို ပြုလုပ်ခဲ့ရသည်။ သူသည် မလိုအပ်သော ပြဿနာများကို မဖန်တီးချင်ပါ။

"ရွေးချယ်မှု နှစ် ... ရေလိုက်ငါးလိုက်ဆက်သွားဖို့ကိုပဲရွေးပါမယ် တခြား ရွေးချယ်စရာလဲကောင်းကောင်းမရှိဘူးလေ"

[ဂုဏ်ယူပါတယ်။ သင့်ရဲ့ ကံကောင်းခြင်း တစ်မှတ် တိုးလာပါတယ်။]

"တစ်မှတ် တိုးလာတယ် အခု ဘယ်လောက်လဲ အနုတ် ၆၈ လား"

 အာရန်သည် သရော်၍မေးလိုက်သည်။ သူ့မှာသာ တကယ် ကံကောင်းခြင်းရှိရင် ဒီကမ္ဘာမှာ ပိတ်မိနေမှာ မဟုတ်ဘူး။

သူ့မှာ ကံကောင်းခြင်းရှိရင် မနေ့ညက သံသယဖြစ်ဖွယ် ဝတ္ထုတစ်အုပ်ကို ဖတ်မယ့်အစား စောစော အိပ်ပျော်သွားခဲ့ရမှာပေါ့။

ထို့နောက် ဖုန်းခေါ်ဆိုမှုကိုဖွင့်ကြည့်လိုက်ရာ မစ်ကောများစွာရှိနေသည်ကိုတွေ့လိုက်ရသည်။ အချို့မှာ အုပ်ချုပ်ရေးဌာနမှလည်း ဖြစ်လေသည်။

ယနေ့တွင် သူသည် စာသင်ခန်းတွင် ရှိနေပြီး ဟောပြောချက်တစ်ခု ပို့ချပေးရမည်ဖြစ်သည်။ 

ဒါပေမယ့် ထိုအစားသူက ဒီမှာ အနက်ရောင် ခေါင်းတလားလား၊ အဖြူရောင် ခေါင်းတလားလား ဆိုတာကို ဆုံးဖြတ်နေရလေသည်။

သူသည် ကမ္ဘာသို့ ပြန်၍ ရနိုင်သည်ဟု မယုံကြည်ပါ။ ဘယ်လိုဖုန်းဆာဗာမျိုးကများ အခြားကမ္ဘာထိ ဖုန်းလိုင်းမိနိုင်ရတာလဲ။ ရမရသိလိုသောကြောင့် ဖုန်းတစ်ကောစမ်းခေါ်ကြည့်လိုက်သည်။ 

"ဟင် ခေါ်လို့ရတယ်လား "

အာရန်သည် အခြားတစ်ဖက်မှ ညင်သာသော ဖုန်းမြည်သံကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားသည်။ သူ့နားကိုပင် မယုံကြည်နိုင်ပါ။

သံသယအတွေးတို့ ရောထွေးနေသော အာရန်သည် တစ်စုံတစ်ယောက်က ဖုန်းလာကိုင်မည်ကို စိတ်လှုပ်ရှားစွာဖြင့်  စောင့်ဆိုင်းနေသည်။

ထာဝရလောက်ကြာသည်ဟု ခံစားရပြီးနောက် တစ်ဖက်မှပြန်ပြောသံတစ်ခုသည် နောက်ဆုံးတွင် ဖုန်းမှ ထွက်ပေါ်လာလေသည်။

အမျိုးသမီးတစ်ဦး၏ အသံထွက်ပေါ်လာသည်။  

"နင်ဘယ်မှာလဲ လူတိုင်းက နင့်ကို စိတ်ပူနေကြတာ နင်အရင်ကဒီလိုအတန်းတစ်ခါမှ မပျက်ဘူးပါဘူး "

အာရန်တွင် လုံး၀ပျက်ရက်မရှိသော မှတ်တမ်းကောင်းပိုင်ဆိုင်ထားကြောင်း လူတိုင်းသိကြသည်။ ယခုအကြိမ်သည် သူအတန်းကို ပျက်ကွက်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။

အမျိုးသမီးသည် သူ့လုပ်ဖော်ကိုင်ဖက် ပါမောက္ခအိဗ် ဖြစ်သည်။ သို့သော် လုပ်ဖော်ကိုင်ဖက်မဖြစ်မီကထဲကပင် သူမသည် သူ့သူငယ်ချင်းဖြစ်ခဲ့သူဖြစ်သည်။

သူမ၏ စိတ်ပူနေသော စကားသံများကို ကြားသောအခါ အာရန်သည် ဤခေါ်ဆိုမှု သည် အမှန်တကယ် အလုပ်လုပ်ကြောင်း သေချာသွားသည်။ ထို့အပြင် ဤကမ္ဘာနှင့် ကမ္ဘာမြေကြီးကြားတွင် အချိန်ကွာခြားမှု မရှိပါ။ သို့သော် ပြဿနာကတော့ ရှိနေဆဲဖြစ်သည်။

သူသည် ကမ္ဘာမြေနှင့် ဆက်သွယ်နိုင်သော်လည်း မည်သို့ ပြန်သွားနိုင်မည်နည်း။

"ငါ နင်နဲ့ ဆက်သွယ်နိုင်ရင် အဲ့ကို ပြန်သွားနိုင်တဲ့ နည်းလမ်းတစ်ခု ရှိကိုရှိရမယ်"

" ပြန်သွားနိုင်တဲ့ နည်းလမ်းတစ်ခု  ဘာလဲနင်က မြို့ပြင်ထွက်သွားတာလား" 

အိဗ် က အာရန် ကိုပြန် မေးလိုက်သည်။

"အဲလိုပဲဆိုပါတော့" အာရန်က ရေရွတ်လိုက်သည်။ သူသည် သူမကို အရာအားလုံးကို ပြောပြချင်သော်လည်း သူမသည် သူ့ကို ယုံကြည်မည်မဟုတ်ကြောင်း သိသည်။

သူမကိုထားပါဦး သူသာ သူမနေရာတွင် ဆိုလျှင်ပင် ဤရုတ္တိမရှိသော ဇာတ်လမ်းကို ယုံကြည်မိမည် မဟုတ်ပါ။

နောက်ဆုံးတွင် အာရန်သည် ဤအခြားကမ္ဘာအကြောင်းကို သူမအား မဖော်ပြရန် ရွေးချယ်ခဲ့သည်။

အချိန်အတော်ကြာ စကားပြောဆိုပြီးနောက် သူသည် လေးပင်စွာဖြင့် ဖုန်းကို ချလိုက်သည်။

ထို့နောက် အုပ်ချုပ်ရေးဌာနသို့ ခေါ်ဆိုပြီး ခွင့်ယူခွင့်တောင်းခံစာအတွက် ယုံကြည်နိုင်လောက်သော ဆင်ခြေတစ်ခု ပေးခဲ့လေသည်။

အုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများသည် သူတို့အား နောက်ကျမှ အကြောင်းပြန်ခြင်းအတွက် မပျော်ကြသော်လည်း ဘာမှထပ်မပြောကြပါ။ အာရန်သည် သူတို့တက္ကသိုလ်၏ တောက်ပသော ကြယ်ပွင့် ဖြစ်သောကြောင့်ဖြစ်သည်။

အာရန်သည် ဤကမ္ဘာတွင် ဘယ်လောက်ကြာကြာ ရှိနေမည်ကို မသိပါ။ ထာဝရပင် ဖြစ်နိုင်သော်လည်း သူသည် တစ်ပတ်သာ ခွင့်ယူခဲ့လေသည်။

ထိုအချိန်အထိ ပြန်မလာနိုင်ပါက ရာထူးမှ နုတ်ထွက်ခြင်းက ပိုကောင်းမည်ဖြစ်သည်။

ခွင့်ရပြီးနောက် သူသည် ဖုန်းကို ပိတ်လိုက်သည်။ သူသည် သူ့သူငယ်ချင်းများအား ပြည်နယ်ပြင်ပသို့ ခရီးလွန်နေကြောင်း သတင်းစကား ပေးပို့ခဲ့ပြီး သူ့အတွက် စိတ်မပူစေရန် မှာကြားခဲ့သည်။

"ငါ အဲဒီ သာမန်ဘဝကို ဒီလောက်တောင် လွမ်းဆွတ်နေမိလိမ့်မယ်လို့ တကယ်မထင်ထားမိခဲ့ဘူး။" သူသည် ဖုန်းမျက်နှာပြင်ပေါ်ရှိ အချိန်ကို ကြည့်ရင်း ထိုင်ချလိုက်သည်။

နေ့လည်ပိုင်းရောက်နေပြီဖြစ်ပြီး သူသည် ဤနေရာတွင် နာရီအနည်းငယ်သာ ရှိသေးသော်လည်း ထာဝရလောက်ကြာနေသလို ခံစားနေရသည်။

"ငါ အိပ်မပျော်ခင် ဖုန်းကို အားသွင်းသင့်တယ်။"

"ငါ့မှာ ဒီမှာ အားသွင်းစရာဘာမှလဲ မရှိဘူး ဒီဖုန်းက မကြာခင် အားကုန်တော့မယ့်"

သူသည် ငါးရာခိုင်နှုန်း ကျဆင်းသွားသော ဘက်ထရီ ရာခိုင်နှုန်းပြနေရာကို ကြည့်လိုက်သည်။

ဆက်သွယ်မှုကော်နရှင် ရနေသေးသောကြောင့် အင်တာနက်လည်း အလုပ်လုပ်သေးကြောင်းတွေ့လိုက်ရသည်။ ထို့ကြောင့် သူ့ကို ဤကမ္ဘာသို့ ပို့ဆောင်ပေးသော ဝက်ဘ်ဆိုဒ်အကြောင်း ပိုမိုရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။

"ဟင် ဘာလဲ"

အင်တာနက်ဘရောက်ဆာကို ဖွင့်လိုက်သောအခါ ထိုဝက်ဘ်ဆိုဒ်မှာ ပျောက်ဆုံးနေသည်ကို သတိထားမိလိုက်သည်။ ညကထိုလင့်ခ်သည် မှတ်တမ်းတွင်လည်း မရှိပါ။

သူသည် ရှာဖွေရေး အင်ဂျင်တစ်ခုကို ဖွင့်ပြီး ဝက်ဘ်ဆိုဒ်၏ အမည်ကို ရိုက်ထည့်လိုက်သည်။

" ကောင်းကင်ဝတ္ထုများ"

သူသည် ရှာဖွေရန်ကို နှိပ်လိုက်ပြီး ရလဒ်များစာရင်းတစ်ခု ပေါ်လာသည်။ သို့သော် ရလဒ်များထဲမှ တစ်ခုမျှ သူလိုချင်သောအရာ ပါမလာပါ။

ပင်မစာမျက်နှာ၏ အများစုမှာ သူ့ရှာဖွေမှုနှင့် သက်ဆိုင်ခြင်းမရှိသော ရလဒ်များဖြင့် ပြည့်နှက်နေသည်။

သူသည် အောက်သို့ ဆက်လက် ရွှေ့နေသော်လည်း သူရှာနေသော ဝက်ဘ်ဆိုဒ်ကို မတွေ့ရပါ။

အလုပ်မဖြစ်သောကြောင့် သူသည် မတူညီသော နည်းလမ်းတစ်ခုကိုပြောင်း၍ ကြိုးစားကြည့်သည်။ သူသည်  လုံးဝကို မမှတ်မိသော URL ကို တိုက်ရိုက် အသုံးပြုခဲ့သည်။

ကံမကောင်းစွာဖြင့် URL သည် သူ့ကို ဈေးဝယ်ဝက်ဘ်ဆိုဒ်တစ်ခုသို့သာ ပြန်ညွှန်းပေးခဲ့သည်။ ဘာတစ်ခုမှ သူ့အတွက် အဆင်မပြေပါ။

"ဒါကို မင်းတို့ပြောတဲ့ ကံကောင်းခြင်းတိုးလာတယ်ဆိုတာလား" သူသည် အထက်ကိုမော့ကြည့်ရင်း မေးလိုက်မိသည်။

သူလိုချင်သော ဝက်ဘ်ဆိုဒ်သည် မရှိတော့သကဲ့သို့ ပျောက်ကွယ်သွားသလိုမျိုး ဖြစ်နေသည်။

"ငါ့အကြံပေးချက်ကို နားထောင်ပြီး အဲဒီဝတ္ထုကို ဖျက်လိုက်တာလို့တော့ မပြောနဲ့နော်" 

သူက သရော်သောလေသံဖြင့် မေးလိုက်သည်။

သူ့မေးခွန်းကို မည်သူမျှ ပြန်မတုံ့ပြန်ပါ။

အချိန်အတော်ကြာအောင် အာရန်သည် လိုအပ်သောအချက်အလက်များအတွက် ရှာဖွေနေခဲ့သည်။ ထိုကြော်ငြာကို ထပ်မံတွေ့ရှိရန် မျှော်လင့်ချက်လေးဖြင့် လူမှုမီဒီယာအက်ပ်သို့ပင် သွားရောက်ကာ အဆုံးမရှိသော ဗီဒီယိုအတိုများကို လှည့်ပတ်ကြည့်ရှုခဲ့သေးသည်။

သူသည် ကြော်ငြာများစွာကို တွေ့ရှိခဲ့သော်လည်း သူလိုချင်သော ကြော်ငြာတစ်ခုကိုတော့ လုံး၀မတွေ့ရတော့ပါ။

ဤသို့ဖြင့် မသိလိုက်ခင်မှာပင် ညနေအချိန်သို့ရောက်ရှိသွားလေသည်။ ဖုန်းက လည်း ဘက်ထရီအားနည်းလာကြောင်း သတိပေးချက်ကို ပြသနေသည်။ ဘက်ထရီ လေးရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။

သူ့ယခင်အိမ်တွင်ဆိုလျှင်  အားသွင်းစရာကြိုးကို အလွယ်တကူရှာဖွေနိုင်မည်ဖြစ်သည်။ သို့သော် ယခုတော့ထိုကဲ့သို့ မလုပ်ဆောင်နိုင်တော့ပါ။

အရေးပေါ်အခြေအနေအတွက် ဘက်ထရီကို ချွေတာရန် သူသည် ရှာဖွေမှုကို ရပ်တန့်လိုက်ရုံသာ ရှိတော့သည်။ သူသည် ဖုန်းကို ပိတ်လိုက်ပြီး သူ့စနစ်သိုလှောင်ခန်းတွင်းသို့ ပြန်ထည့်ထားလိုက်သည်။

#Catfoot

--------------------

All Chapters