← Chapters

ဂုဏ်သိက္ခာ

Vol. 1 Ch. 10

ဂုဏ်သိက္ခာ

Vol. 1 Ch. 10

ယနေ့သည် မိစ္ဆာဂိုဏ်း၏ဂိုဏ်းသားရွေးချယ်မှု စာမေးပွဲ ကျင်းပသည့်နေ့ဖြစ်သည်။ များပြားလှသော လူငယ်လေးများ သည် ဂိုဏ်းဝင်ပေါက်ဝတွင် အုပ်စုကြီးတစ်ခုအဖြစ်သို့ စတင် စုရုံးနေကြပြီဖြစ်သည်။

ဤဒေသတွင် မိစ္ဆာဂိုဏ်းကို အုပ်ချုပ်သူဂိုဏ်းအဖြစ် အားလုံးကသတ်မှတ်ထားကြသည်။ ၎င်းတို့သည် ဂုဏ်သတင်းကောင်းမွန်နေခြင်း မရှိသော်လည်း ၎င်းတို့၏ အင်အားကို မည်သူမျှအန်မတုနိုင်​ကြသောကြောင့်ဖြစ်သည်။

လူငယ်များစွာတို့သည် ဂိုဏ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်လာလိုကြပြီး သူတို့၏ ကျင့်ကြံခြင်းခရီးစဉ်အတွက် ပိုမိုသန်မာသူများဖြစ်လာလိုကြသည်။

ဂိုဏ်းကို ဆိုးယုတ်သောဂိုဏ်းအဖြစ် လူအများသတ်မှတ်ကြသည်ကိုပင် ဂရုမစိုက်ကြပါ။ အဘယ်ကြောင့်ဆိုသော် ဤဂိုဏ်းသည်သာ ၎င်းတို့၏ တစ်ခုတည်းသော ရွေးချယ်စရာဖြစ်သောကြောင့်လည်းဖြစ်လေသည်။

မိစ္ဆာဂိုဏ်းသည် ဤဒေသတွင်တည်ရှိသော တစ်ခုတည်းသော ဂိုဏ်းဖြစ်သည်။ ဤဒေသရှိ အခြားဂိုဏ်းများကို မိစ္ဆာဂိုဏ်းက ဖျက်ဆီးခဲ့ပြီးဖြစ်သည်။

အကယ်၍ မိစ္ဆာဂိုဏ်းမဟုတ်ပဲ

အခြားဂိုဏ်းတစ်ခုခုတွင် ပါဝင်လိုပါက အခြားပြည်နယ်များသို့ သွားရောက်ရမည်ဖြစ်ပြီး ခရီးစရိတ်ကပင် အလွန်တရာကုန်ကျမည့်အပြင် ခရီးစဉ်မှာလည်းအချိန်အတော်ကြာလိမ့်မည်ဖြစ်သည်။

မိစ္ဆာဂိုဏ်းနှင့် တူညီသောအဆင့်အတန်းရှိသည့်  အခြားဂိုဏ်းတစ်ခုဆီသို့ရောက်ရှိရန် အနဲဆုံးခြောက်လကျော်ခန့် သွားရောက်ရမည်ဖြစ်သည်။

အခြားရွေးချယ်စရာ မရှိသောကြောင့် ဤပြည်နယ်ရှိ လူငယ်များသည် မိစ္ဆာဂိုဏ်းကိုပင် မျက်စိမှိတ်ရွေးချယ်ခဲ့ကြရလေသည်။ ရှောင်လွှဲ၍ မရပါက လက်ခံခြင်းက ပိုကောင်းမွန်သည်မဟုတ်ပါလား။

၎င်းတို့အတွက် မိစ္ဆာဂိုဏ်းတွင် ပါဝင်ခြင်းသည် ဂုဏ်သိက္ခာ၏ ပြယုပ် သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။

မိစ္ဆာဂိုဏ်းမှ အုပ်ချုပ်သော နက်သာပရိုဗင့်စ်ပြည်နယ် တွင် မြို့ပေါင်း ထောင်နှင့်ချီ ရှိသည်။ ထိုမြို့တစ်မြို့ချင်းစီတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင် အာဏာတည်ဆောက်ပုံများ ရှိသည်။

အားနည်းသော မိသားစုအချို့သည် မိစ္ဆာဂိုဏ်း ကို ၎င်းတို့၏ တစ်ခုတည်းသော ရှင်သန်ရေးမျှော်လင့်ချက်အဖြစ် ရှုမြင်ကြသည်။ အကယ်၍ မိသားစုဝင်တစ်ဦးဦးသာ ဂိုဏ်းတွင် ပါဝင်နိုင်ပါက အကာအကွယ်တစ်ခုရရှိရန် လုံလောက်ပြီဖြစ်သည်။

မိစ္ဆာဂိုဏ်းသည် သာမန်သေမျိုးများ၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိသော်လည်း ဝင်ပါခြင်းမရှိနိုင်ဟု မဆိုလိုပါ။

တစ်စုံတစ်ယောက်သည် မိစ္ဆာဂိုဏ်းမှအကြီးအကဲတစ်ဦး၏ အာရုံကို ဖမ်းစားနိုင်ပြီး ဂိုဏ်းတွင် အရေးပါအောင် လုံလောက်သောအစွမ်းအစရှိပါက တစ်ဟုန်ထိုး ထိပ်သို့ ထိုးတက်သွားနိုင်လေသည်။

ထို့အတူ အလွန်ကျော်ကြားသော ဇာတ်လမ်းတစ်ပုဒ်လည်း ရှိခဲ့ဘူးသည်။ တစ်ခါက မြို့တစ်မြို့တွင် အဓိကအင်အားကြီးမျိုးနွယ်စုများကြောင့် ဖျက်ဆီးခံရလုနီးပါးဖြစ်ခဲ့ရသော မျိုးနွယ်စုတစ်ခု ရှိခဲ့ဘူးသည်။

ထိုမျိုးနွယ်စုသည် မျှော်လင့်ချက်မှန်သမျှ ဆုံးရှုံးလိုက်ရပြီးဖြစ်သည်။ သို့သော် တစ်နေ့တွင် ထိုမျိုးနွယ်စုဝင်တစ်ဦးသည် မိစ္ဆာဂိုဏ်းမှ ပြန်လာပြီး သူသည် အကြီးအကဲတစ်ဦး၏ တပည့်ဖြစ်လာခဲ့ကြောင်း လူတိုင်းကို ပြောပြခဲ့သည်။

ထိုမြို့ရှိ အခြားအဓိကမျိုးနွယ်စုများသည် သူ့စကားကို အလေးအနက် မထားခဲ့ကြပါ။

သူသည် အကြီးအကဲတစ်ဦး၏ တပည့်ဖြစ်လာလျှင်ပင် မိစ္ဆာဂိုဏ်း သည် ထိုတပည့်တစ်ဦးကြောင့် ၎င်းတို့ကဲ့သို့ သေးငယ်သော မြို့လေး၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟု ယုံကြည်ခဲ့ကြသည်။

သူတို့၏ တပည့်ကို မထိခိုက်သရွေ့  ထိုမိသားစုကို ဘာမဆို လုပ်နိုင်သည်ဟု ယုံကြည်ခဲ့ကြသည်။

သူတို့သည် လူငယ်၏ တောင်းပန်မှုကို ဂရုမစိုက်ဘဲ လူငယ်၏ မိသားစုတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ သို့သော် နောက်တစ်နေ့တွင် လူငယ်၏ ဆရာ လက်ချက်ဖြင့်  မြို့တစ်ခုလုံးသွေးချင်းချင်းနီခဲ့ရသည်။

ထိုနေ့မှစ၍ မိစ္ဆာဂိုဏ်း ၏ ဂုဏ်သတင်းသည် ပိုမို၍ပင် မြင့်တက်လာခဲ့သည်။

မိစ္ဆာဂိုဏ်း တွင် အကြီးအကဲတစ်ဦး၏ တပည့်ဖြစ်သွားပါက နက်သာပရိုဗင့်စ်ပြည်နယ် တွင် ဘာမဆို လုပ်နိုင်သည်ဟုပင် ဆိုလာကြလေသည်။

အကြီးအကဲတစ်ဦး၏ တပည့်သည် အချို့သော မိသားစုကြီးများ၏ ဘိုးဘေးများကိုပင် ရိုက်နှက်နိုင်သည့်အပြင် ထိုအရိုက်နှက်ခံရသည့် မိသားစုအနေနှင့်လည်း မည်သည့်တုံ့ပြန်မှုမှမပြုလုပ်နိုင်ပါ။ 

သို့သော်ဤပြည်နယ်အတွက် ကံကောင်းသည့်အချက်မှာ အနည်းငယ်သော လူများသာလျှင် အကြီးအကဲတစ်ဦး၏ တပည့်ဖြစ်လာရန် အခွင့်အရေးရှိသောကြောင့်ဖြစ်သည်။ ဤအခွင့်အရေးကိုရရှိသောသူများသည်လည်း မိမိတို့၏မျိုးနွယ်စုကို

စွန့်ခွာ၍ ဂိုဏ်းထဲသို့ဝင်ရောက်သွားကြသည်သာများလေသည်။

သူတို့သည် သူတို့၏ ဆရာကို စိတ်မပျက်စေချင်သောကြောင့် ပိုမိုအားကောင်းလာစေရန် အချိန်ပြည့်ပိုမို ကြိုးစားကြရလေသည်။

ယနေ့တွင်လည်း လူငယ်အားလုံးသည် ထိုကဲ့သို့သော အခွင့်အရေးတစ်ခုအတွက် ဤနေရာတွင် စုရုံးရောက်ရှိနေကြခြင်းဖြစ်လေသည်။ စာမေးပွဲတွင် အကယ်၍သာ ထိပ်ဆုံးနေရာများကို ရယူနိုင်ပါက အကြီးအကဲတစ်ဦးဦး၏ ရွေးချယ်ခြင်းကို ခံရနိုင်လေသည်။

သို့သော် ကျရှုံးခဲ့ပါက နောက်ထပ် အခွင့်အရေးတစ်ခုအတွက် အချိန်အတော်ကြာ စောင့်ဆိုင်းရမည်ဖြစ်သည်။ နောက်ထပ် အခွင့်အရေးအတွက် သူတို့သည် ပို၍ပင် ပြိုင်ဆိုင်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ယခုဝင်ခွင့်စာမေးပွဲတွင် ရရှိသော အခွင့်အရေးကိုသာ ကျရှုံးသွားပါက နောင်တွင်အကြီးအကဲတစ်ဦး၏ တပည့်ဖြစ်လာရန် လုံးဝ မဖြစ်နိုင်တော့ဟု ဆို၍ရလေသည်။

ထိုအခါ အကြီးအကဲတစ်ဦး၏ တပည့်ဖြစ်ရန်နေနေသာသာ အကြီးအကဲတစ်ဦးကို မြင်တွေ့ခွင့်ကိုပင် မလွယ်ကူနိုင်တော့ပါ။

"ငါ ပထမနေရာကို သေချာပေါက် ယူပြမယ်" လူငယ်တစ်ဦးက ဂိုဏ်းဝင်ပေါက်ကို ကြည့်ရင်း ကြိမ်းဝါးလိုက်သည်။

အချိန်မကျသေးသောကြောင့်

ဝင်ပေါက်ကို ဂိုဏ်း၏ တပည့်အနည်းငယ်က ပိတ်ဆို့ထားပြီး ဖြစ်သည်။

"ဟားဟားဟား ဒီငမိုက်သားကို ကြည့်စမ်း သူက ပထမနေရာကို ယူမယ်တဲ့" ကဲ့ရဲ့သော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။

"မင်း သာငမိုက်သား ပထမနေရာက ငါ့အတွက်ပဲကွ"

မိသားစုကြီးများစွာသည် ၎င်းတို့၏ အမွေဆက်ခံသူများကို စေလွှတ်ခဲ့ပြီး အောင်မြင်မှုအရယူရန် မျှော်လင့်နေကြသည်။ ဤနေရာတွင် စုရုံးရောက်ရှိနေသော လူငယ်အများစုသည် မာနကြီးပြီး မောက်မာကြသူများဖြစ်သည်။

၎င်းတို့သည် ပါရမီရှင်များဖြစ်ရုံမက မိသားစု၏ အထောက်အပံ့ကိုလည်း ရရှိထားကြသည်။ ထိုမိသားစုအချို့၏ နောက်တွင် ဂိုဏ်းအတွင်း၌ပင် သြဇာလွှမ်းမိုးနိုင်သူအချို့ ပင်ရှိလေသည်။

"ဒီငမိုက်သားတွေ  သူတို့က ပထမနေရာကို ယူနိုင်တယ်လို့ ထင်နေကြတာလား ပထမနေရာက ငါ့အတွက်လို့ မသိကြဘူး" အခြားလူငယ်တစ်ဦးက အခြားသူများ၏ ယုံကြည်မှုအပြည့်ရှိသော အသံများကို ကြားရင်း အဝေးမှ ပြုံးလိုက်သည်။

"ငါ့ဦးလေးက ဂိုဏ်းရဲ့ အကြီးအကဲတစ်ဦး ဖြစ်နေပြီဆိုတာ သူတို့ မသိကြဘူး သူ့ရဲ့ အကူအညီကြောင့် ပထမနေရာက ငါ့အတွက် သေချာသလောက်ပဲ သူက ဒီစာမေးပွဲတွေကို တာဝန်ယူမှာ"

ထိုလူသည် သူ့အတွေးများကို ကျယ်လောင်စွာ မပြောခဲ့ပါ။ သို့သော် သူသည် ထိပ်ဆုံးနေရာကို အရယူပြီး ဆရာ ရွေးချယ်သောအခါ လူတိုင်း၏ မနာလိုအားကျသော အကြည့်များကို စိတ်ကူးယဉ်ကြည့်လိုက်မိသည်။ သူသည် မည်သူ့ကို သခင်အဖြစ် ရွေးချယ်မည်ကိုပင် ဆုံးဖြတ်ပြီးဖြစ်သည်။

တစ်ချိန်တည်းမှာပင် အခြားလူငယ်တစ်ဦးသည် ဂိုဏ်း၏ လှေကားထစ်များသို့ တက်လာနေသည်။

အမျိုးမျိုးသော မိသားစုများမှ ထင်ရှားသော လူငယ်သခင်လေးများနှင့် မတူဘဲ အနီရောင်ဆံပင်ရှိသော ထိုကောင်လေးသည် ဇိမ်ခံဝတ်စုံအကောင်းစားများ ဝတ်ဆင်ထားခြင်း မရှိပါ။ သူ့အဝတ်အစားများသည် ဟောင်းနွမ်းနေသော်လည်း သန့်ရှင်းနေဆဲဖြစ်သည်။

ထိုကောင်လေးသည် မည်သည့် မိသားစုဝင်မှ နောက်တွင် လိုက်ပါခြင်း မရှိပါ။ ထိုအစား သူသည် နောက်ကျောတွင် လေးလံသော ဓားတစ်လက်ကို သယ်ဆောင်ထားပြီး တစ်ကိုယ်တော်တက်လှမ်းလာခြင်းဖြစ်လေသည်။

လူအများအပြားသည် သူ့ကိုတစ်ချက်စောင်းငဲ့ ကြည့်လိုက်ကြသော်လည်း ဒုတိယအကြိမ်တော့ အာရုံမစိုက်ကြတော့ပါ။ ထိုကောင်လေးကို ကြည့်ရုံဖြင့် ၎င်းတို့သည် အာရုံစိုက်ရန်မထိုက်တန်ဟု သေချာသွားကြသောကြောင့်ဖြစ်သည်။

သူသည် ဆင်းရဲပုံရသည်။ ထင်ရှားသော မိသားစုက သူ့ကို အထောက်အပံ့ မပေးထားကြောင်း ထင်ရှားသည်။ မိသားစု၏ ရင်းမြစ်များ မရှိဘဲ အကန့်အသတ်တစ်ခုအထိသာလျှောက်လှမ်းနိုင်မည်ဖြစ်သည်။

"ကြည့်စမ်း အခု တောင်းစားသူတွေတောင် မိစ္ဆာဂိုဏ်းစာမေးပွဲမှာ ပါဝင်နေကြပြီလားဟ"

လူအများစုသည် အနီရောင်ဆံပင်ရှိသော ထိုကောင်လေးကို လျစ်လျူရှုကြသော်လည်း အားလုံးတော့မဟုတ်ပါ။ သူ့ကို အထင်သေးပြီး ၎င်းတို့၏ အတွေးအမြင်များကို ဖော်ထုတ်ရန် ဝန်မလေးသူများစွာကလည်းရှိနေသေးလေသည်။

#Catfoot

All Chapters