အဓိကတာဝန်
Vol. 2 Ch. 11
ဂိုဏ်းရွေးချယ်မှု စာမေးပွဲများ စတင်တော့မည်ဖြစ်သောကြောင့် မိစ္ဆာဂိုဏ်း ၏ ဝင်ပေါက်ဝရှိ လေထုသည် စိတ်လှုပ်ရှားမှု မျှော်လင့်ချက်များဖြင့် ပွက်လောရိုက်နေသည်။
လူငယ်များ၏ အုပ်စုသည် တစ်မိနစ်ထက်တစ်မိနစ် ပိုမိုကြီးမားလာပြီး တစ်ဦးစီသည် အကြီးအကဲတစ်ဦး၏ တပည့်ဖြစ်ရန် ထိုက်တန်ကြောင်း သက်သေပြရန် အားတက်သရော ကြိုးစားနေကြသည်။
လူအများက ပစ်ပယ်ပြီး လှောင်ပြောင်ခံခဲ့ရသော အနီရောင်ဆံပင်ရှိသော ကောင်လေးသည် ထိုလူအုပ်ထဲတွင် မားမားမတ်မတ် ရပ်နေပြီး ပြက်ရယ်ပြုမှုများကို လျစ်လျူရှုနေသည်။
တစ်ခါတစ်ရံ သူ့ဘာသာသူ စကားပြောနေသည်ကို တွေ့ရနိုင်ပြီး သူ့ရှေ့ရှိ အကွာအဝေးအလွတ်ကို စိုက်ကြည့်နေတတ်လေသည်။
နောက်ထပ် တစ်နာရီကြာပြီးနောက် မိစ္ဆာဂိုဏ်း၏ တံခါးများ ပွင့်လာသည်။
၀င်ရောက်ယှဉ်ပြိုင်သူများကို ကြီးမားသော နံရံများ ဝန်းရံထားပြီး ဂိုဏ်း၏ ရှုပ်ထွေးသော သင်္ကေတများဖြင့် အလှဆင်ထားသော ကျယ်ပြောလှသော ရင်ပြင်တစ်ခုထဲသို့ ခေါ်ဆောင်သွားကြသည်။
"အကြီးအကဲတွေက ဘယ်မှာလဲ သူတို့က ငါတို့ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ရှုဖို့ မလာကြဘူးလား" လူငယ်တစ်ဦးက ၎င်းတို့အား ဤနေရာသို့ ခေါ်ဆောင်လာသော ဂိုဏ်းတပည့်တစ်ဦးကို မေးလိုက်သည်။
ငယ်ရွယ်သော တပည့်က နှာခေါင်းရှုံ့လိုက်သည်။
"မင်းက အကြီးအကဲတစ်ဦးရဲ့ အာရုံစိုက်မှုကို ခံယူဖို့ထိုက်တန်တယ် ထင်နေတာလား"
ဂိုဏ်းတပည့်၏ စကားများကို ကြားသောအခါ ထိုလူငယ်လေး၏ မျက်နှာသည် ရှက်ရွံ့သွားလေသည်။
သူသည် အကြီးအကဲတစ်ဦး၏ အာရုံစိုက်မှုကို ရရှိဖို့လား။ မည်သို့ ဖြစ်နိုင်မည်နည်း။ သူ့ဖခင်ပင် မိစ္ဆာဂိုဏ်း ၏ သာမန်တပည့်တစ်ဦးနှင့် တွေ့ဆုံလိုပါက တန်းစီစောင့်ဆိုင်းရမည်ဖြစ်ပြီး အကြီးအကဲတစ်ဦးကိုဆိုလျှင် ဝေလာဝေးပင်ဖြစ်သည်။
အခြားငယ်ရွယ်သော တပည့်တစ်ဦးက
သနားကြင်နာစွာ ပြုံးပြီး ရှေ့သို့ လှမ်းလာလိုက်သည်။
"ရပါတယ်ကွာ ညီငယ်လေးရ မင်းတို့ စိတ်လှုပ်ရှားနေတာကို နားလည်နိုင်ပါတယ်။ အကိုတို့
တုံးလည်း ဒီကို ရောက်လာတုန်းကအတူတူပါပဲ။"
သူသည် ထောင်နှင့်ချီ စုရုံးရောက်ရှိနေသော လူငယ်များဆီသို့ လှည့်သွားသည်။
"အကြီးအကဲတွေက နောက်ပိုင်းကျရင်
လာရောက်ကြလိမ့်မယ် ဒါပေမယ့် ပထမဦးစွာ မင်းတို့က ဝင်ခွင့်စာမေးပွဲမှာ ပါဝင်ဖို့ ထိုက်တန်မှု ရှိမရှိ သေချာအောင် လုပ်ရလိမ့်မယ်"
သူသည် အဝေးရှိ ကျောက်တုံးစားပွဲပေါ်တွင်
တင်ထားသော ကြည်လင်သော ဖန်လုံးတစ်လုံးကို ညွှန်ပြလိုက်သည်။
"ဒီစမ်းသပ် ဖန်လုံးက မင်းတို့၏ မွေးရာပါ ပါရမီကို စစ်ဆေးပေးလိမ့်မယ်"
"အနည်းဆုံး စံနှုန်းနဲ့ ကိုက်ညီသူတွေကပဲ အောင်မြင်ပြီး ဝင်ခွင့်စာမေးပွဲမှာ ပါဝင်ဖို့ အခွင့်အရေးကို အမှန်တကယ် ရရှိနိုင်မှာဖြစ်တယ်"
"မင်းတို့အများစု သိကြတဲ့အတိုင်း ပါရမီ အဆင့် ခုနစ်ဆင့် ရှိတယ် အဆင့်တစ်ခုစီကို အရောင်တစ်ခုနဲ့ ကိုယ်စားပြုတယ် ဖန်လုံးက အနီရောင် တောက်ပလာရင် မင်းက အဆင့် ၁ ပါရမီ ရှိတယ်လို့ဆိုလိုတယ်"
"အဆင့်တစ် ပါရမီတဲ့လား ကောင်းတယ်လို့ ဆိုလိုတာလား" လူငယ်တစ်ဦးက မေးလိုက်သည်။
"အခြေခံအားဖြင့် မင်းက အမှိုက်ထက်တောင် ဆိုးတယ်လို့ ဆိုလိုတာပဲ"
ဂိုဏ်းတပည့်က ရယ်မောလိုက်ပြီး လူအုပ်ကြားတွင် မယုံကြည်နိုင်သော ရေရွတ်သံများကို ဖြစ်ပေါ်စေသည်။
အဆင့် သုံးပါရမီ သို့မဟုတ် ထို့ထက်မြင့်သော ပါရမီရှိသူများသာ ဆက်လက်သွားရန် အခွင့်အရေး ရရှိမည်ဖြစ်သည်။ ကျန်လူအားလုံးသည် အကြီးအကဲတစ်ဦး၏ အရိပ်ကိုပင် မမြင်ရမီ ပြန်ပို့ခံရလိမ့်မည်။
လူငယ်များစွာသည် အသည်းအသန် တံတွေးများပြန်မျိုချလိုက်ကြသည်။ ၎င်းတို့သည် ဤမျှဝေးကွာသော ခရီးကို လာခဲ့ကြပြီး ဤနေရာတွင် ကျရှုံးပါက စာမေးပွဲတွင် ပါဝင်ရန် နေနေသာသာ အကြီးအကဲများကိုပင် မြင်နိုင်လိုက်မည်မဟုတ်ပါ။
တိုက်ခိုက်ခြင်းနှင့် ပတ်သက်လာလျှင် ၎င်းတို့သည် အနည်းဆုံး အနိုင်ရရန် အသက်ကိုပင် စတေးနိုင်သည်။ ၎င်းတို့သည် ကံကြမ္မာကို ထိန်းချုပ်နိုင်သည်။ သို့သော် ပါရမီနှင့် ပတ်သက်၍ကော။ ၎င်းတို့သည် ထိန်းချုပ်နိုင်စွမ်း မရှိပါ။
ယခင်က ပါရမီကို တစ်ကြိမ်မျှ မစမ်းသပ်ဖူးသော လူငယ်များစွာသည် စိုးရိမ်ပူပန်နေကြသည်။
တစ်ချိန်တည်းမှာပင် ကြီးကျယ်သော
မျိုးနွယ်စုကြီးများမှ လာသော လူငယ်များသည် ယုံကြည်မှု အပြည့်ရှိကြသည်။
၎င်းတို့၏ မိသားစုတွင် မိစ္ဆာဂိုဏ်း ဝင်ခွင့်စာမေးပွဲများအကြောင်း သတင်းအချက်အလက်များစွာ ရှိသည်။
အမှန်စင်စစ် ၎င်းတို့၏မိသားစုများက အလွန်အကျွံ ငွေကြေးသုံးစွဲ၍ ပါရမီတိုင်းတာသော ကျောက်တုံးများကို ဝယ်ယူကာ ၎င်းတို့၏ ပါရမီများကို စမ်းသပ်ပြီးဖြစ်သည်။
သူတို့သည် သူတို့၏ မျိုးနွယ်စုများကို ရှက်မရစေရန် အနည်းဆုံး ကြယ်သုံးပွင့်အထိ ရောက်ရှိမှသာ ဂိုဏ်းဝင်ခွင့် စာမေးပွဲများကိုတက်ရောက်ခွင့် ရကြခြင်းဖြစ်သည်။
အချိန်အနည်းငယ်ကြာပြီးနောက် စမ်းသပ်ခြင်းသည် နောက်ဆုံးတွင် စတင်ခဲ့သည်။ တစ်ယောက်ပြီးတစ်ယောက် လူငယ်များသည် ရှေ့သို့ ခြေလှမ်းလှမ်းပြီး စမ်းသတ်ဖန်လုံး ပေါ်တွင် လက်ကို တင်လိုက်ကြသည်။
အများစုမှာ ဖန်လုံး ကိုအနီရောင်အလင်းဖြင့်သာ တောက်ပစေသဖြင့် စိတ်ပျက်သွားကြရသည်။ ၎င်းတို့သည် အားအနည်းဆုံးပါရမီကို ပိုင်ဆိုင်ထားပြီး မိစ္ဆာဂိုဏ်း တွင် အစေခံပင် ဖြစ်ခွင့် မရနိုင်ပါ။
ပထမ တစ်နာရီအတွင်း လူငယ်ထောင်ပေါင်းများစွာကို စမ်းသပ်ခဲ့သည်။ ၎င်းတို့အနက် အများစုမှာ ကြယ်တစ်ပွင့် ပါရမီရှင်များများဖြစ်ကြသည်။
အနည်းစုသာ ကြယ်နှစ်ပွင့်ဖြစ်သည်။ ရှားရှားပါးပါး အနည်းငယ်သာ ကြယ်သုံးပွင့် သို့မဟုတ် ထို့ထက် ပိုများသည်ကို ရရှိကြသည်။
သုံးနာရီကြာပြီးနောက် လူငယ်အားလုံးနီးပါးကို စမ်းသပ်ပြီးသွားပြီးဖြစ်သည်။ ထောင်ပေါင်းများစွာအနက်မှ အယောက် ငါးရာဝန်းကျင်သာ ဝင်ခွင့်စာမေးပွဲ၏ နောက်တစ်ဆင့်အတွက် ရွေးချယ်ခံခဲ့ရသည်။
ယခု စမ်းသပ်ရန် ကျန်ရှိသူ တစ်ဦးတည်းသာ ကျန်တော့သည်။ ထိုသူမှာ နောက်ကျောတွင် လေးလံသော ဓားကို သယ်ဆောင်ထားသော အနီရောင်ဆံပင်ရှိသော လူငယ်လေးပင်။
အနီရောင်ဆံပင်ရှိသော လူငယ်လေးသည် ရှေ့သို့ ခြေတစ်လှမ်းချင်းလှမ်းလိုက်ပြီး သူ့ဘာသာသူ ရေရွတ်လိုက်သည်။
"စနစ်က နောက်ဆုံးအကြိမ်တုံးက ဆုလာဘ်အဖြစ် ကြယ်သုံးပွင့် ပါရမီကို ပေးခဲ့ပေမယ့် အဲဒါက စမ်းသပ်ဖန်လုံး မှာ အမှန်တကယ် လှည့်စားလို့ရနိုင်မှာလား ဒါမှမဟုတ် ကြယ်တစ်ပွင့်ပဲရှိတဲ့ င့ါရဲ့ အစစ်အမှန်ပါရမီကိုဖော်ပြပေးမှာလား"
သူ့ကိုယ်တိုင်ပင် ယုံကြည်မှု မရှိပုံရသည်။ သို့တိုင် သူသည် ရှေ့သို့ ခြေလှမ်းလှမ်းလိုက်သည်။
အသက်ကိုခပ်ပြင်းပြင်းတစ်ချက်ရှုထုတ်လိုက်ပြီး
ကြည်လင်သော စမ်းသပ်ဖန်လုံးပေါ်သို့ လက်တင်ကာ တုံ့ပြန်မှုကို စောင့်ဆိုင်းနေလိုက်သည်။
စက္ကန့်အနည်းငယ်သာ ကြာပြီးနောက် ဖန်လုံး သည် တုံ့ပြန်မှု စတင်ခဲ့သည်။ သေးငယ်သော အနီရောင် တောက်ပမှုက ဖန်လုံး တွင်ပေါ်လာခဲ့သည်။
"နောက်ထပ် ကြယ်တစ်ပွင့် ပါရမီရှင်တစ်ယောက်လား" ဂိုဏ်းတပည့်တစ်ဦးက မျက်လုံးကို လှန်လိုက်သည်။
"မင်းနောက်ပြန်လှည့်လို့ရပီ"
အနီရောင်ဆံပင်ရှိသော ကောင်လေးသည် မယုံကြည်စွာဖြင့်ကြောင် ကြည့်နေမိသည်။ ဒါဆို အမှန်ပဲလား။ ဖန်လုံး က င့ါရဲ့တကယ့် ပါရမီကိုသာ မြင်ပြီး သူ့စနစ်က ဆုလာဘ်အဖြစ် ပေးခဲ့တာကို မမြင်ဘူးတဲ့လား။
သူ စိတ်ပျက်သွားသည်။
သူသည် စမ်းသပ်မှုတွင် ကျရှုံးခဲ့သည်။ သို့တိုင် သူ့တွင် စနစ်၏ အကူအညီ ရှိသည်။ ဂိုဏ်းမရှိရင်တောင် သူ ပိုမိုအားကောင်းလာနိုင်တယ်လို့ ယုံကြည်တယ်။
စနစ်ရဲ့ လမ်းညွှန်မှုအောက်မှာရှိနေသရွေ့
သူ့မှာ ယုံကြည်မှုရှိတယ်။
"စနစ်က ပေးထားတဲ့ရှာဖွေမှုကို မပြီးမြောက်နိုင်တာက စိတ်မကောင်းစရာပဲ။"
သက်ပြင်းချရင်း သူသည် ဖန်လုံး မှ လက်ကို ဖယ်ရှားရန် ပြင်ဆင်နေသည်။ သို့သော် လက်ကို မဖယ်ရှားမီ ဖန်လုံး တွင်လှုပ်ရှားမှုအချို့ကို မြင်လိုက်ရသည်။
စမ်းသတ်ဖန်လုံး ရှိ အနီရောင်သည်ဖြည်းညှင်းစွာ လိမ္မော်ရောင်သို့ ပြောင်းသွားသည်။
"ကြယ်နှစ်ပွင့်လား"
ဂိုဏ်းတပည့်က အနည်းငယ် အံ့အားသင့်စွာ မေးလိုက်သည်။
"သနားစရာပဲ၊ အဲဒါက မလုံလောက်သေး-"
သူ စကားပင် မဆုံးသေးခင် ဖန်လုံး ရှိ အရောင်သည် ထပ်မံ ပြောင်းလဲသွားပြီး အဝါရောင်သို့ ပြောင်းသွားသည်။
"ကြယ်သုံးပွင့်လား"
ဂိုဏ်း၏ တပည့်များပင် အံ့အားသင့်သွားကြသည်။
ပုံမှန်အားဖြင့် ဖန်လုံး သည် ပါရမီကို စတင်ချိန်တွင်ပင် ပြသသည်။ အရောင်များသည် တကယ့် ပါရမီသို့ ဖြည်းညှင်းစွာတက်သွားသည်ကို ၎င်းတို့ မြင်တွေ့ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
အရောင်သည် ထပ်မံ ပြောင်းလဲသွားမည်လား
ကြည့်ရှုရန် မိနစ်အနည်းငယ် စောင့်ဆိုင်းခဲ့ကြသေးသည်။ သို့သော် ဘာမှထပ် မပြောင်းလဲပါ။
"ကြယ်သုံးပွင့်
ပါရမီ ဒါဆိုရင်တော့ဝင်ခွင့်အတွက်လုံလောက်ပါပြီ"
ဂိုဏ်းတပည့်က တိုကင်တစ်ခုကို ထုတ်ယူလိုက်သည်။
"မင်းနာမည် ဘယ်လိုခေါ်လဲ"
သူက တိုကင်တွင် နာမည်ကို ရေးထည့်ရန် ပြင်ဆင်ရင်း အနီရောင်ဆံပင်ရှိသော ကောင်လေးကို မေးလိုက်သည်။
" ရဲ့လန် " အနီရောင်ဆံပင်ရှိသော ကောင်လေးက ပြန်လည်ပြုံးပြ၍ ပြောလိုက်သည်။ သူ နောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီ။
သူသည် ဂိုဏ်းထဲသို့ ဝင်ရောက်နိုင်ပြီး
မကြာသေးမီက စနစ်မှ ပေးထားသော တာဝန်ကို ပြီးမြောက်နိုင်ခဲ့ပြီဖြစ်သည်။
သူသည် နောက်ဆုံးတွင် အကြီးအကဲရန်ဟု လူသိများသော လူကို သတ်ပစ်၍ သူ၏ စနစ်မှပေးအပ်သော အဓိကတာဝန် ကို ပြီးမြောက်နိုင်တော့မည်ဖြစ်သည်။
#Catfoot