ရွေးချယ်မှုနှင့် ဆုလာဘ်များ
Vol. 2 Ch. 14
[သတိပေးချက်။ နောက်စက္ကန့်
ခြောက်ဆယ်အတွင်း ရွေးချယ်မှုတစ်ခုကို ရွေးချယ်ပါ၊ သို့မဟုတ် ပြစ်ဒဏ်တစ်ခု ကျခံရလိမ့်မည်။]
အာရန်သည် ရွေးချယ်စရာများကို
ကြည့်ရင်း ခေါင်းကိုက်လာသည်။ ရွေးချယ်စရာအားလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင် အားနည်းချက်များရှိနေသည်။ သို့သော် ၎င်းတို့ထဲမှ တစ်ခုသာ ဖြစ်နိုင်ချေရှိပြီး အန္တရာယ်အနဲဆုံးဖြစ်ပုံရသည်။
"ဒုတိယတစ်ခုကိုရွေးမယ်"
နောက်ဆုံးတွင် သူသည်ဒုတိယရွေးချယ်မှုကို ရွေးချယ်ခဲ့သည်။ ပထမရွေးချယ်မှုသည် ဤနေရာတွင် ရှိနေသူအားလုံးရှေ့တွင်သူ့အားနည်းချက်ကို ဖော်ထုတ်နိုင်သောကြောင့် အန္တရာယ်အရှိဆုံးဖြစ်သည်။
တတိယရွေးချယ်မှုသည် အခြေခံအားဖြင့်
သူ့ကို ပထမဆုံး တပည့်ကို ရွေးချယ်ရန် လိုလားသော ဂိုဏ်းချုပ်၏ အမိန့်ကို တိုက်ရိုက် ဆန့်ကျင်ခြင်းဖြစ်သည်။
စတုတ္ထရွေးချယ်မှုအတွက်ကတော့
တပည့်ကို ရွေးချယ်ရန် အလျင်စလိုလုပ်နေပါက သူ့အပေါ် သံသယများ ပိုမိုများပြားလာစေနိုင်သည်။
ဒုတိယရွေးချယ်မှုဖြင့်အကြီးအကဲအနည်းငယ်ကို စော်ကားမိနိုင်သော်လည်း မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းချုပ်ကို စော်ကားခြင်းထက်တော့
ပိုကောင်းသေးသည်မဟုတ်လား။
အကြီးအကဲလီသည် ကောင်းကင်ရှိ
ဖီးနစ်ကို ကြည့်ရင်း အနည်းငယ် စိတ်ရှုပ်သွားသည်။ "သူက အောက်ကို မဆင်းလာတော့ဘူးလား"
သူသည် အကြီးအကဲရန်နှင့်ပတ်သက်၍ မည်သည့်အမြင်မျှ မရှိပါ။ ထိုအကြီးအကဲအကြောင်းကို သူကောင်းကောင်း မသိပေ။ သူသည်မည်သို့သော လူမျိုးဖြစ်ကြောင်းကိုပင်သူမသိချေ။
သူသိထားသည်မှာ ဂိုဏ်းချုပ်သည်
သူ့ကို အကြီးအကဲအဖြစ် ကိုယ်တိုင် ရွေးချယ်ခဲ့ခြင်းပင်ဖြစ်သည်။
"အကြီးအကဲရန် ခင်ဗျာရွေးချယ်မှု စမ်းသပ်မှုတွေကို စတင်ဖို့ အချိန်တန်ပါပြီ ကျွန်တော်တို့ စတင်တော့မှာမလို့
အောက်ကို ဆင်းလာပေးနိုင်မလားခင်ဗျာ" သူသည် နောက်ထပ် စက္ကန့်အနည်းငယ် စောင့်ပြီးနောက် မေးလိုက်သည်။
အာရန်သည် အောက်ကို ဆင်းလာရန်
ရည်ရွယ်ချက်ရှိပုံ မပေါ်ပါ။
" စမ်းသပ်မှုတွေကိုစတင်နိုင်ပါပြီ ကျုပ် ဒီကနေပဲ စောင့်ကြည့်နေပါ့မယ်" ဟု အာရန်က ပြန်လည်ဖြေကြားလိုက်သည်။
သူ့အသံသည် ယုံကြည်မှုအပြည့်ရှိပုံရသော်လည်းသူ့စိတ်ထဲတွင် ဆက်တိုက် ဆုတောင်းနေသည်။
'င့ါကိုစိတ်မဆိုးပါနဲ့နော် စိတ်မဆိုးကြပါနဲ့'
"အကြီးအကဲရန် ဒါက… ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်"
အကြီးအကဲလီက တုံ့ပြန်သည့်အနေဖြင့် မျက်မှောင်ကြုတ်၍ပြောလိုက်သည်။
အခြားအကြီးအကဲတစ်ဦးက
၎င်းတို့၏ ခေါင်းပေါ်တွင် ရှိနေခြင်းသည် ကောင်းမွန်သောအရာတစ်ခုဟုခေါ်နိုင်မည်လား။ သူသည်အခြားသူများကို အထင်သေးသည့် အနေဖြင့် သူ့၏ ဂုဏ်သိက္ခာကို တည်ဆောက်ရန် ကြိုးစားနေခြင်းလား။
"မင်းက လူမိုက်လားကွ ဒါ ငါ့ရဲ့ အကြံဉာဏ်လို့ ထင်နေတာလား ငါဒီအကြံကိုကြိုက်တယ်များထင်နေတာလား"
အာရန်သည် အသံကုန်အော်ဟစ်ချင်သော်လည်း သူ့ကိုယ်သူ ထိန်းချုပ်ထားလိုက်သည်။
[ဒုတိယရွေးချယ်မှုကို ရွေးချယ်သည့်အတွက် ဂုဏ်ယူပါတယ်။ သင်သည် ဓားဧကရာဇ်၏ အော်ရာကို ဆုအဖြစ်လက်ခံရရှိပါသည်။]
[သတိပေးချက်: ရွေးချယ်မှုတစ်ခုကို
ရွေးချယ်မှု မပြီးမြောက်ပါက ပြစ်ဒဏ်ကို ခံရလိမ့်မည်]
အာရန်သည် ဓားဧကရာဇ်၏
အော်ရာကို ဆုအဖြစ်လက်ခံရရှိလိုက်သည်။ သို့သော်သူသည် ရှုပ်ထွေးမှုများဖြစ်ပွားလျှက်ရှိသည်။ သူသည် သူ့ အင်အားတွင်
မည်သည့် ပြောင်းလဲမှုကိုမျှ မခံစားရပါ။ သူသည် အရင်အတိုင်းပဲရှိနေဆဲဟု ခံစားနေရသည်။
ဓားဧကရာဇ်၏ အော်ရာ အကြောင်းကို
ပထမဆုံးအကြိမ် ကြားဖူးသော်လည်း ၎င်းကို ရရှိသောအခါ ပိုမို သိသာထင်ရှားသင့်သည် မဟုတ်လား။
အာရန်သည် လှည့်စားခံရခြင်း
ရှိမရှိ တွေးတောနေချိန်တွင် သူ့အောက်ရှိ လူများသည် အရင်ကဲ့သို့ မဟုတ်တော့ပါ။
ကျောင်းသားအားလုံးက အကြီးအကဲရန်သည်
အကြီးအကဲ သုံးဦးတွင် အားအနည်းဆုံးဖြစ်သည်ဟု ထင်ခဲ့ကြသည်။ အကြောင်းမှာ သူရောက်ရှိလာချိန်တွင် သူ့၏ အရှိန်အဟုန်သည် အခြားအကြီးအကဲများကဲ့သို့ ပြင်းထန်မနေသောကြောင့်ဖြစ်သည်။ သူသည် နာမည်ပင် မကြီးပါ။ ဂိုဏ်းတွင် သူ့ရာထူးနှင့် ဖီးနစ်သာ မရှိပါက မည်သူမျှ သူ့ကို အလေးအနက်ထားမည်မဟုတ်ပါ။
သို့သော် ယခုအခိုက်အတန့်တွင်
အရာအားလုံး ပြောင်းလဲသွားသည်။
၎င်းတို့သည် ၎င်းတို့အထက်မှ
ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရပြီး ၎င်းတို့သည် အသက်ရှူကြပ်သကဲ့သို့ ခံစားလာရသည်။
ဤအငွေ့အသက်သည် အခြားအကြီးအကဲများရောက်ရှိချိန်တွင် ခံစားခဲ့ရသော ဖိအားထက် မအားနည်းပါ။ ထိုအစား ပို၍ပင် အားကောင်းသည်ဟု ခံစားရသည်။
အခြားအကြီးအကဲများသည်
အားကောင်းသော အငွေ့အသက်များရှိသော်လည်း အကြီးအကဲရန်၏ အငွေ့အသက်သည် ပို၍ ဖျက်ဆီးနိုင်စွမ်းရှိသည်ဟုခံစားရသည်။
၎င်းသည် မည်သည့်အချိန်တွင်မဆို
၎င်းတို့၏ လည်ပင်းကို ပြတ်သွားစေနိုင်သော ဓားတစ်လက်ကဲ့သို့ ပြင်းထန်သည်။
ဤအခိုက်အတန့်တွင် အကြီးအကဲ
ရန်သည် သူ့လက်ထဲရှိ ဓားတစ်လက်ဖြင့် ဘုရင်နိုင်ငံတစ်ခုလုံးကို ဖျက်ဆီးနိုင်သော ဓားနတ်ဘုရားအစစ်အမှန်နှင့် ပိုတူနေသည်။
ကျန်းဝေပင် ခဏတာ အံ့အားသင့်သွားရသည်။ သူမသည် အကြီးအကဲရန်ကို အတိတ်တွင် အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ဖူးသည်။
သူမသည် သူ့ကို တွေ့တိုင်း
သူ့တွင် ထူးခြားသည့် အစွမ်းတစ်ခုကိုမျှ မတွေ့ခဲ့ရပါ။ သူသည် အရာများစွာကို ဖုံးကွယ်ထားသည်ဟုသာခံစားခဲ့ရသည်။
သို့သော် ယခုဖိနှိပ်ထားသော
အငွေ့အသက်သည် သူမကိုပင် အံ့အားသင့်စေခဲ့သည်။ သူမသည် ၎င်းက သူမထက် ပိုမိုအားကောင်းကြောင်းသေချာသည်။ ကျင့်ကြံသူတစ်ဦး ၏ အော်ရာ သည် ၎င်းတို့ နားလည်ခဲ့သော နိယာမများနှင့် ၎င်းတို့၏
အင်အားများနှင့် တိုက်ရိုက် ဆက်စပ်နေလေသည်။
သူမသည် သွေးအော်ရာ ကို
ပိုင်ဆိုင်ထားပြီး သူမ၏ ကျင့်ကြံခြင်းအဆင့်သည် အလွန်မြင့်မားလှသည်။ အလားတူ အကြီးအကဲလီသည် ရေခဲအော်ရာ ကို ပိုင်ဆိုင်ထားပြီး သူ့၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ဂိုဏ်းတွင် အထက်တန်းအဆင့်တွင်
ရှိသည်။
သို့တိုင် ကျန်းဝေသည် လူငယ်ကျင့်ကြံသူများထက် ပိုမို ရှင်းလင်းစွာ သိရှိထားသည်။ သူမ၏ အော်ရာ သည် အကြီးအကဲရန်၏အော်ရာ ထက် အားနည်းကြောင်း ခံစားနိုင်သည်။ ၎င်းက သူသည် သူမထက် ပိုမိုအားကောင်းသည်ဟုဆိုလိုခြင်းမဟုတ်ပါလော။ ၎င်းသည် သူ့၏ ကျင့်ကြံမှုအဆင့်သည်လည်း သူမထက်ပိုမိုမြင့်မားသည်ဟု ဆိုလိုခြင်းလား။
အကြီးအကဲလီပင် အံ့အားသင့်သွားမိသည်။ ဤအငွေ့အသက်သည် သူထင်ထားသည်ထက် ပိုမိုအားကောင်းသည်။ ဂိုဏ်းချုပ်၏ အငွေ့အသက်ကဲ့သို့ မအားကောင်းသော်လည်း တူညီစွာ ထူးခြားသည်ဟု ခံစားရသည်။
သူ၏ ကျင့်ကြံမှုသည် တူညီသောအဆင့်တွင်သာ ရှိပါက အကြီးအကဲ ရန်၏ အငွေ့အသက်သည် ၎င်းတို့ ဂိုဏ်းချုပ်၏ အငွေ့အသက်ထက် ပို၍ပင် အန္တရာယ်များနိုင်ကြောင်း ခန့်မှန်းမိလိုက်သည်။ ၎င်းသည် သူ ယခင်ကလုံး၀ မကြားဖူးမမြင်ဘူးသော အငွေ့အသက်တစ်ခုလဲဖြစ်လေသည်။
အာရန်သည် ဖီးနစ်ပေါ်တွင်
ရပ်နေဆဲဖြစ်ပြီး စိတ်ရှုပ်ထွေးနေဆဲဖြစ်သည်။ သူသည် သူ့ခန္ဓာကိုယ်တွင် မည်သည့် ပြောင်းလဲမှုများဖြစ်နေသည်ကို
စောင့်ကြည့်ရင်း မေးစေ့ကို ပွတ်သပ်နေမိသော်လည်း မည်သည့်ပြောင်းလဲမှုကိုမျှ မတွေ့ရှိနိုင်သေးပါ။
သူသည် အရင်ကဲ့သို့ပင်အားနည်းနေဆဲဖြစ်သည်။ သူသည် ယခင်ကဲ့သို့ အမြင့်မှ ခုန်ချပါက အရိုးများ ကျိုးသွားနိုင်ဆဲပင်ဖြစ်သည်။
"ငါ တကယ် လှည့်စားခံလိုက်ရတာလား"
သူသည် တပည့်များကို ကြည့်ရင်း တွေးတောလိုက်သည်။
သူသည် ၎င်းတို့အား အထက်မှ
ကြည့်နေရင်းနှင့် ထူးဆန်းသောအရာတစ်ခုကို သတိထားမိလိုက်သည်။ ၎င်းတို့သည် သူ့ကို လေးစားအားကျခြင်းအပြင် ကိုးကွယ်မှုများပါပါသော အကြည့်များဖြင့် ကြည့်နေကြခြင်းကြောင့်ဖြစ်သည်။ ယခင်ကနှင့်မတူဘဲ ကြောက်ရွံ့မှုသည် ၎င်းတို့၏ မျက်လုံးများထဲတွင် ထင်ရှားစွာ မြင်တွေ့နိုင်သည်။
သူသည် အကြီးအကဲဝေနှင့်
အကြီးအကဲလီတို့ဆီသို့ အာရုံပြောင်းလိုက်ပြီး နှစ်ဦးစလုံး မတူညီသော အမူအရာများ ရှိနေကြသည်ကိုတွေ့လိုက်ရသည်။
"သူတို့က ဘာလို့ ငါ့ကို အဲလိုကြည့်နေကြတာလဲ သူတို့နဲ့ တူညီတဲ့ အဆင့်မှာ ဒါမှမဟုတ် ပိုပြီးတောင် အားကောင်းတဲ့ တစ်ယောက်ယောက်ကို ကြည့်နေရသလိုမျိုးအကြည့်မျိုးနဲ့ အကြီးအကဲလီက င့ါကိုအောက်ဆင်းလာခိုင်းတုန်းက အဲလို မဟုတ်ပါဘူး ဘာတွေ ပြောင်းလဲသွားတာလဲ''
သူစဉ်းစားနိုင်သော တစ်ခုတည်းသောအရာမှာဓားဧကရာဇ်၏ အော်ရာပဲ ဖြစ်သည်။
"ခဏလေနေပါဦး ဓားဧကရာဇ်ရဲ့အော်ရာ
ဒါက... တကယ်ပဲ အော်ရာသက်သက်ပဲလား အဲ့ဒါထက်ဘာမှမပိုဘူးလား"
သူ သဘောပေါက်လိုက်သည်နှင့်
သူ့အမူအရာများမဲနက်သွားတော့သည်။
"ထူးခြားတဲ့ အဆင့်ဆုလာဘ်တစ်ခုဆိုတာကက... ကြွားလုံးထုတ်စကေးလေးတစ်ခုပဲတဲ့လား "
#Catfoot