← Chapters

ငါ ရွေးချယ်လိုက်တာက...

Vol. 2 Ch. 15

ငါ ရွေးချယ်လိုက်တာက...

Vol. 2 Ch. 15

အာရန်သည် သဘောပေါက်သွားသောအခါ သူ့ခေါင်းကို သူပြန်ကုတ်လိုက်သည်။

ထူးခြားအဆင့်ဆုလာဘ်တစ်ခုသည် သူ့ကို ပိုမိုအားကောင်းလာစေရန် ကူညီပေးနိုင်သော အရာတစ်ခု ဖြစ်လိမ့်မည်ဟု ထင်ခဲ့သော်လည်း နောက်ဆုံးတွင် ၎င်းသည် ကြွားလုံးထုတ်ရုံစကေးလေးတစ်ခုမျှသာ ဖြစ်ခဲ့လေသည်။

''ကြွားလုံးထုတ်စကေးတစ်ခုနဲ့ ငါကဘာလုပ်ရမှာလဲ မိစ္ဆာဂိုဏ်းချုပ်က သတ်ဖို့လာတဲ့အခါ အဲ့စကေးနဲ့ သူ့ မျက်နှာကို ပြန်ပစ်ပေါက်ပေးရမှာလား''

" ငါ့ရဲ့ ချစ်စရာကောင်းတဲ့ စနစ်လေးရယ် မင်းက အရမ်းကြင်နာတတ်တာပဲနော် " အာလန် က ထေ့ငေ့ါ၍ ပြောလိုက်သည်။

သူ စိတ်ပျက်သွားသော်လည်း သူရရှိထားသောအရာဖြင့် အကောင်းဆုံးလုပ်ဆောင်ရမည်ကို သိသည်။

ဓားဧကရာဇ်၏ အော်ရာ သည် တကယ့်တိုက်ပွဲတွင် သူ့ကို မကူညီနိုင်သော်လည်း အခြားအကြီးအကဲများ၏ တုံ့ပြန်မှုမှ အကျိုးသက်ရောက်မှုကိုကြည့်ခြင်းအားဖြင့် အရမ်းမဆိုးလှကြောင်း သတိထားမိလိုက်သည်။

ထိုကြွားလုံးထုတ်စကေးဖြင့် ကလိန်ကကျစ်ကျနိုင်ပါက အမှန်တကယ် အသက်ရှင်လွတ်မြောက်ရန် လမ်းတစ်ခုဖြစ်နိုင်လိမ့်မည်ဟု သူထင်လိုက်မိသည်။

အာရန်သည် သူ့သီအိုရီကို စမ်းသပ်လိုခဲ့သည်။ သူသည် သူ့ကိုယ်ပိုင်အော်ရာ၏ ငွေ့အသက် ကို မခံစားနိုင်သောကြောင့် အခြားအကြီးအကဲများကို လှည့်စားရန် လုံလောက်မှု ရှိမရှိ သိချင်ခဲ့သည်။

အန္တရာယ်ရှိသော်လည်း သူ ကြိုးစားကြည်ရမည်။

"ငါ ဘာလုပ်သင့်လဲဆိုတာ မင်းက ငါ့ကို ပြောနေတာလား"

အာလန် က မြေပြင်ပေါ်ရှိ အကြီးအကဲလီကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။

အကြီးအကဲလီသည် ဤလူသည် အမှန်တကယ် မည်မျှ အားကောင်းကြောင်း မသိသေးပါ။သို့သော် သူ့ကို ဂိုဏ်းချုပ်က အကြီးအကဲရာထူး ရွေးချယ်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သူ့၏ အော်ရာအငွေ့အသက်အရ ဤသူသည် အန္တရာယ်ရှိနိုင်သည်ဟု သူခံစားရသည်။

အကြီးအကဲလီသည် အာရန်က သူ့ကို အနိုင်ယူရန် လုံလောက်အောင် အားကောင်းခြင်း ရှိမရှိ မသိသော်လည်း စမ်းသပ်လိုစိတ် မရှိပါ။

၎င်းတို့ အချင်းချင်း တိုက်ခိုက်ပါက ဂိုဏ်းချုပ် ပါဝင်လာလိမ့်မည်။ အကြီးအကဲ လီသည် မိစ္ဆာဂိုဏ်းချုပ်ကို အကြောက်ရွံ့ဆုံးဖြစ်သည်။ သူ မလိုချင်ဆုံး အရာမှာ သူမ ဤနေရာသို့ ရောက်ရှိလာမည်ကိုဖြစ်သည်။

"အကြီးအကဲရန် မင်း ဘာလုပ်ရမယ်ဆိုတာ ငါဝင်မပြောနိုင်ပါဘူး "

အကြီးအကဲ လီက သူ့ရင်ဘတ်ကိုလက်ဖြင့်ဖိနှိပ်ထားလိုက်ကာ ပြန်ဖြေလိုက်သည်။

"မင်း အဲဒီမှာ ဆက်နေချင်ရင်လဲ မင်းဆန္ဒပါပဲ။"

အာရန်က ခေါင်းညိတ်လိုက်သည်။

"အဲဒီလိုဆိုရင် ငါတို့ စတင်နိုင်ပါပြီ"

သူ၏ ကြွားလုံးထုတ်စကေး အကျိုးသက်ရောက်မှုသည် အတော်လေး ကောင်းမွန်ကြောင်း သိလိုက်ရသည့်အတွက် အနည်းငယ် ကျေနပ်သွားသည်။ အမှန်စင်စစ် ၎င်းသည် သူမျှော်လင့်ထားခဲ့သည်ထက် ပိုကောင်းနေသည်။

သူသည် သူ့အားနည်းချက်ကို မဖော်ထုတ်သရွေ့ အနာဂတ်ကို ပြောင်းလဲပြီး အသက်ရှင်နိုင်လိမ့်မည်။

....

မိစ္ဆာဂိုဏ်းတွင် ပါဝင်လိုသော လူငယ်များအတွက် ဂိုဏ်းဝင်ခွင့် စာမေးပွဲသည် အရေးကြီးဆုံး အခမ်းအနားဖြစ်သည်။

စာမေးပွဲကို ဂိုဏ်း၏ အကြီးအကဲ သုံးဦးက ကိုယ်တိုင်ကိုယ်ကျ စောင့်ကြည့်ကြသည်။ နှစ်စဉ်နှစ်တိုင်း စာမေးပွဲများကို တာဝန်ယူသော အကြီးအကဲ သုံးဦးသည် မတူညီကြပါ။

နောက်နှစ်တွင် မည်သည့် အကြီးအကဲ သုံးဦးကို ရွေးချယ်ခံရမည်ကို မည်သူမျှ မသိနိုင်ပါ။ အကြီးအကဲ သုံးဦးသည် စောင့်ကြည့်သူများဖြစ်သော်လည်း ၎င်းတို့သည် တပည့်များကသာ ရွေးချယ်ခြင်းကိုခံရနိုင်သည်ဟု မဆိုလိုပါ။

အကြီးအကဲ သုံးဦးသည် တပည့်များအား အမှတ်ပေးသော တရားသူကြီးများဖြစ်လေသည်။ ထိုအမှတ်ပေါ်မူတည်၍ ပါဝင်သူများကို အဆင့်သတ်မှတ်ကြသည်။

အဆင့်သတ်မှတ်ခြင်း ပြီးဆုံးသည်နှင့် အကြီးအကဲများ၏ အမှတ်တွင် ဆယ်ရာခိုင်နှုန်းထက် ပိုမိုရရှိသော တပည့်အားလုံးကို ဂိုဏ်း၏ အပြင်ပိုင်း တပည့်အသစ်များအဖြစ် ရွေးချယ်ခံရသည်။

၎င်းတို့၏ အမှတ်အဖြစ် သုံးဆယ်ရာခိုင်နှုန်းထက် ပိုမိုရရှိသူများကို အတွင်းပိုင်း ဂိုဏ်းတပည့်အသစ်များအဖြစ် ရွေးချယ်ခံရသည်။ ငါးဆယ်ရာခိုင်နှုန်းထက် ပိုမိုရရှိသူများအတွက်ကတော့... သို့သော်ငါးဆယ်ရာခိုင်နှုန်းထက်ပိုသူခုချိန်ထိမရှိသေးပါ။

အချိန်အစကတည်းက မည်သူမျှ စမ်းသပ်မှု အမှတ်တွင် ငါးဆယ်ရာခိုင်နှုန်းထက် ပိုမိုမရရှိခဲ့ဘူးပါ။

ထိပ်ဆုံး အမှတ်ရသူ ငါးဦးတွင် နောက်ထပ် အခွင့်ထူးတစ်ခုလည်း ရှိသေးသည်။ ၎င်းတို့သည် ဂိုဏ်း၏ အကြီးအကဲများက ရွေးချယ်ခြင်းကိုလည်းခံရနိုင်လေသည်။

အဆင့်သတ်မှတ်ခြင်း ပြီးဆုံးပြီးမှသာ ထိပ်ဆုံး ငါးဦး၏ အမှတ်များကို ၎င်းတို့၏ စာမေးပွဲ စွမ်းဆောင်ရည် မှတ်တမ်းများနှင့်အတူ ဂိုဏ်းရှိ အကြီးအကဲအားလုံးထံ ပေးပို့ကြမည်ဖြစ်သည်။

ထိုရမှတ်များနှင့် မှတ်တမ်းများအပေါ် အခြေခံ၍ အကြီးအကဲများသည် ၎င်းတို့ထဲမှ မည်သူ့ကိုတပည့်အဖြစ် လိုချင်ကြောင်း ဆုံးဖြတ်နိုင်သည်။

အကြီးအကဲတစ်ဦးသည် တပည့်တစ်ဦးကိုသာ ရွေးချယ်နိုင်သည်။ တစ်ဦးထက်ပိုသော အကြီးအကဲများက ထိုတပည့်ကို ရွေးချယ်ခဲ့ကြပါက မည်သည့်အကြီးအကဲကို ဆရာအဖြစ် လိုချင်ကြောင်းကို တပည့်က ရွေးချယ်နိုင်မည်ဖြစ်သည်။

ထိပ်ဆုံးအဆင့်ရသူတွင် နောက်ထပ် အားသာချက်တစ်ခု ရှိသည်။ သူ့ကို မည်သည့်အကြီးအကဲက ရွေးချယ်သည်ဖြစ်စေ မရွေးချယ်သည်ဖြစ်စေ သူသည် မည်သည့်အကြီးအကဲကိုမဆို သူ့ဆရာအဖြစ် ရွေးချယ်နိုင်သည်။

ထို့ကြောင့် လူအများအပြားသည် စာမေးပွဲတွင် ထိပ်ဆုံးအဆင့်ကို ရယူရန် မျှော်လင့်ကြပြီး အားအကောင်းဆုံး အကြီးအကဲများအောက်တွင် လေ့လာနိုင်ရန်ဖြစ်သည်။

အကြီးအကဲ သုံးဦးစလုံး ရောက်ရှိလာသောအခါ ဂိုဏ်းဝင်ခွင့် စမ်းသပ်မှုများ စတင်ရန် အချိန်တန်ပြီဖြစ်သည်။

စမ်းသပ်မှုတွင် အပိုင်း နှစ်ပိုင်းရှိသည်။ ပထမအပိုင်းတွင် တပည့်များသည် တကယ့်တိုက်ပွဲများတွင် ၎င်းတို့၏ ကျွမ်းကျင်မှုများကို ပြသကြရသည်။

တပည့်အားလုံးကို နှစ်ယောက်တစ်အုပ်စုစီ ခွဲထားသည်။ အုပ်စုတစ်ခုစီသည် ၎င်းတို့နှင့် တွဲဖက်ထားသော အခြားအုပ်စုတစ်ခုနှင့် တိုက်ခိုက်ရမည်ဖြစ်သည်။

ရှုံးနိမ့်သော အုပ်စုကို ဖယ်ရှားခြင်း မခံရသော်လည်း တိုက်ပွဲတွင် ၎င်းတို့၏ စွမ်းဆောင်ရည်သည် ၎င်းတို့၏ ရမှတ်များကို ထိခိုက်စေသည်။

ဤနည်းဖြင့် တိုက်ပွဲပေါင်း တစ်ရာကျော် တိုက်ခိုက်ရမည်ဖြစ်သည်။ ပါဝင်သူတိုင်းသည် ၎င်းတို့၏ တိုက်ခိုက်ရေး စွမ်းရည်ကို ပြသရန် အခွင့်အရေး ရရှိကြသည်။

အာရန်သည် အဓိက တိုက်ပွဲများ၏ ရလဒ်များကို စာအုပ်တွင် ဖတ်ခဲ့ပြီးဖြစ်သောကြောင့် ဤတိုက်ပွဲများကို အာရုံမစိုက်ချင်တော့ပါ။

စာမေးပွဲတွင် အကောင်းဆုံး စွမ်းဆောင်ရည်ရှိသော အသင်းမှာ အဓိက ဇာတ်ကောင်နှင့် ကြယ်ခြောက်ပွင့် ပါရမီရှင်တို့ မှာတွဲဖက်ထားသော အသင်းဖြစ်သည်။

လူအများစုက အဓိက ဇာတ်ကောင်သည် ကြယ်ခြောက်ပွင့် ပါရမီရှင် မိန်းကလေးနှင့် တွဲဖက်ခံရခြင်းအတွက် ကံကောင်းသည်ဟု ထင်ခဲ့ကြသည်။ သူသည် မတိုက်ခိုက်ဘဲပင် အနိုင်ရလိမ့်မည်ဟု ထင်ခဲ့ကြသည်။

သို့သော် နောက်ဆုံးတွင် အဓိက ဇာတ်ကောင်သည် သူ့၏ စွမ်းဆောင်ရည်ဖြင့် လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ သူသည် ကြယ်ခြောက်ပွင့် ပါရမီရှင်နောက်တွင် ပြတ်မကျန်ခဲ့ပါ။ သူသည် ကြယ်ခြောက်ပွင့် ပါရမီရှင်ထက် ပင် သူ့ ပြိုင်ဘက်ကို အရင်အနိုင်ယူခဲ့လေသည်။

သူ၏ စွမ်းဆောင်ရည်သည် လူအနည်းငယ်ကို အံ့အားသင့်စေခဲ့သည်။ အကြီးအကဲကျန်းဝေနှင့် အကြီးအကဲလီ တို့ပင် သူ့ကို အတော်လေး အာရုံစိုက်ခဲ့ကြသည်။

"သူ နိုင်တာ သေချာပါတယ်" အာရန်က တိုက်ပွဲပြီးဆုံးသည်ကို ကြည့်ရင်း မျက်လုံးကို လှန်လိုက်သည်။

သူသည် အဓိက ဇာတ်ကောင်ကို မကြိုက်သော်လည်း ဤဇာတ်လိုက်သည် အနာဂတ်တွင် သူ့ကို သတ်မည့်သူဖြစ်သောကြောင့် ၀တ္ထုတွင်စာလုံးများဖြင့်သာ ဖတ်ခဲ့ရသော တိုက်ပွဲကို အမှန်တကယ် မျက်စိဖြင့် တိုက်ရိုက်မြင်တွေ့ရခြင်းသည် စိတ်ဝင်စားစရာကောင်းလှသည်။

တိုက်ပွဲ၏ ပထမအဆင့် ပြီးဆုံးသောအခါ အသင်းများကို တစ်ဖန် ခွဲလိုက်ပြန်သည်။

မကြာမီ နောက်တစ်ဆင့် စတင်ခဲ့သည်။ တပည့်များသည် ၎င်းတို့ရွေးချယ်ထားသော အကြီးအကဲများနှင့် အမှန်တကယ် တိုက်ခိုက်ရမည့် အဆင့်ဖြစ်သည်။

ဤနေရာတွင် ရှိနေသော သုံးဦးအနက် မည်သူ့ကိုမဆို ရွေးချယ်နိုင်သည်။

လူငယ်များအတွက် အနိုင်ရရန် မဖြစ်နိုင်သော်လည်း ၎င်းတို့တွင် အနိုင်ရရန် အခွင့်အရေးမရှိသော ရန်သူကို ရင်ဆိုင်သောအခါ ၎င်းတို့၏ တိုက်ခိုက်ရေး ကျွမ်းကျင်မှုများကို ပြသခြင်းသည် နည်းလမ်းတစ်ခုဖြစ်သည်။

ဤနည်းဖြင့် အကြီးအကဲများသည် ၎င်းတို့အား ပိုမိုကောင်းမွန်စွာ အကဲဖြတ်နိုင်သည်။ ၎င်းသည် အကြီးအကဲများအတွက် လူငယ်များကို နှိမ့်ချရန်နှင့် ၎င်းတို့တွင် ရှည်လျားသော ခရီးတစ်ခု ရှိသေးကြောင်း သဘောပေါက်စေရန် ညွှန်ပြပေးသောနည်းလမ်းတစ်ခုလည်းဖြစ်သည်။

၎င်းသည် လူငယ်များအတွက် ၎င်းတို့ အထင်ကြီးစေလိုသော အကြီးအကဲများနှင့် တိုက်ရိုက် အပြန်အလှန် ဆက်သွယ်ရန် အခွင့်အရေးလည်းဖြစ်သည်။

အာရန်သည် ဤအဆင့်တွင် အကြီးအကဲရန်ကိုမည်သူမျှတိုက်ခိုက်ရန် မရွေးချယ်​ကြကြောင်း သိနေလေသည်။ ထို့ကြောင့် သူသည် အတော်လေး အေးဆေးနေသည်။

ဇာတ်လမ်းတွင် သူဖတ်ခဲ့ရသည့်အရာများအရ လူတိုင်းသည် အကြီးအကဲကျန်း သို့မဟုတ် အကြီးအကဲလီ ကိုသာ ရွေးချယ်ခဲ့ကြသည်။ ၎င်းတို့သည် လူတိုင်း အထင်ကြီးကြသည့် ကျော်ကြားသော အကြီးအကဲများဖြစ်လေသည်။

အာရန်အတွက် ၎င်းသည် အကောင်းဆုံးအရာဖြစ်သည်။ သူသည် လူငယ်တစ်ဦးနှင့် တိုက်ခိုက်ပြီး သူ့ရဲ့ လိမ်လည်မှုကို ဖော်ထုတ်ခံရရန် မလိုချင်ပါ။

ဒုတိယ စမ်းသပ်မှု စတင်ခဲ့ပြီး အာရန် မျှော်လင့်ထားသည့်အတိုင်း ဆက်လက် ဖြစ်ပေါ်ခဲ့သည်။

ကြယ်ခြောက်ပွင့် ပါရမီရှင်သည် တိုက်ခိုက်ရန် ပြိုင်ဘက်အဖြစ် အကြီးအကဲ ကျန်းကို ရွေးချယ်ခဲ့သည်။ သူမသည် အကြီးအကဲကျန်းကိုအနည်းငယ်မျှပင်မယှဉ်နိုင်ခဲ့သော်လည်း သူမ၏ စွမ်းဆောင်ရည်မှာ မဆိုးခဲ့ပါ။

သူမသည် သတိလစ်သွားသော်လည်း သူမ၏ အကောင်းဆုံးကို ပြသနိုင်ခဲ့သည်။

တစ်နာရီကျော်ကြာအောင် လူငယ်များသည် အကြီးအကဲလီ သို့မဟုတ် အကြီးအကဲကျန်းကို စိန်ခေါ်ခဲ့ကြသည်။

မကြာမီ အဓိက ဇာတ်ကောင်၏ အလှည့်ရောက်လာသည်။

အာရန်သည် ဤတိုက်ပွဲကို အာရုံစိုက်ခဲ့ပြီး အဓိက ဇာတ်ကောင်သည် စာအုပ်ထဲတွင် အကြီးအကဲလီကို ရွေးချယ်ခဲ့သည်။

၎င်းသည် အဓိက ဇာတ်ကောင် ပထမဆုံး ကြမ်းတမ်းစွာ ရိုက်နှက်ခံရသည့် အကြိမ်လည်းဖြစ်သည်။ သို့သော် သူသည် လူတိုင်းထက် အကောင်းဆုံး ရမှတ်ကို ရရှိခဲ့ပြီး နောက်ဆုံးတွင် စာမေးပွဲတွင် ထိပ်ဆုံးအဆင့်ကို ရယူနိုင်ခဲ့သည်။

"မင်း ဘယ်သူ့ကို စိန်ခေါ်ချင်လဲ" ကျန်းဝေက ရဲ့လန် ကို မေးလိုက်သည်။

"မေးဖို့တောင် လိုသေးလား သူက အကြီးအကဲ လီကို ရွေးချယ်မှာပေါ့"

အာရန်က တွေးလိုက်သော်လည်းဘာမှထုတ် မပြောခဲ့ပါ။

သို့သော် ရဲ့လန် ၏ တုံ့ပြန်မှုကို ကြားသောအခါ သူ့အမူအရာများ မဲမှောင်သွားတော့သည်။

"ငါ အကြီးအကဲ ရန်ကို ရွေးချယ်ပါတယ်" ဟု ရဲ့လန် က ပြောလိုက်သည်။

"နင့်အမေဂျီးတော်…."

အာရန်သည် အသံကုန်ထအော်ဆဲ မိလုနီးပါးဖြစ်သွား၍ ကဗျာကယာပြန်ထိန်းလိုက်ရသည်။

#Catfoot

All Chapters