← Chapters

ငါ သေချာအောင် လုပ်ရမယ်

Vol. 2 Ch. 16

ငါ သေချာအောင် လုပ်ရမယ်

Vol. 2 Ch. 16

တိုက်ပွဲအားလုံးသည် အာရန် မျှော်လင့်ထားသည့်အတိုင်းသာ ပြီးသွားခဲ့ကြသောကြောင့် စိတ်သက်သာရာရပြီး အေးအေးလူးလူး

ဖြစ်နေခဲ့ခြင်းဖြစ်သည်။

ဇာတ်လမ်း၏ အရေးပါသော

ဇာတ်ကောင်များအားလုံးသည် ဝတ္ထုထဲကအတိုင်း ပင် သူတို့၏ ပြိုင်ဘက်များကို ရွေးချယ်ခဲ့ကြသည်။ သို့သော်ကံမကောင်းစွာဖြင့်

တစ်ခုတော့လွဲချော်သွားခဲ့သည်။

"ကျုပ် အကြီးအကဲ ရန်ကို ရွေးချယ်ပါတယ်" ဟု ရဲ့လန် ၏အပြောသည် အာရန် အား မှင်သက်သွားစေခဲ့သည်။

အာရန်သည် ဤသို့ မည်ပုံဖြစ်ပျက်သွားသည်ကို နားမလည်လိုက်ပါ။ မူလဇာတ်လမ်းတွင် ရဲ့လန် သည် စမ်းသပ်မှုအတွင်း အကြီးအကဲ လီကို သာ ရွေးချယ်ခဲ့သည်ကို သူ အတိအကျ မှတ်မိနေသည်။

ရဲ့လန် သည် ထိုတိုက်ပွဲတွင် အချိန်အတော်များများ ရိုက်နှက်ခံခဲ့ရသော်လည်း အကြီးအကဲ လီကို အထင်ကြီးစေရန်တော့ လုံလောက်စွာအစွမ်းပြနိုင်ခဲ့သည်။ အကြီးအကဲရန် သည် ဤကောင်လေးကို တပည့်အဖြစ် ရွေးချယ်ရန် စဉ်းစားခဲ့သည်မှာလည်း ဤတိုက်ပွဲကြောင့်ဖြစ်သည်။

အကြီးအကဲရန်သည် သူလျှိုတာဝန်ကို လျှို့ဝှက် ထမ်းဆောင်နေသောကြောင့် ပုံမှန်အားဖြင့် တပည့်မလိုချင်ခဲ့ပါ။

သို့သော် ဂိုဏ်းချုပ်က တပြည့်တစ်ဦးကိုတော့ အနဲဆုံး ရွေးချယ်ရန် ဖိအားပေး ခိုင်းစေခဲ့သောကြောင့် ရဲ့လန် ကို ခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ရဲ့လန် သည် အကြီးအကဲရန်၏ ဖိတ်ကြားမှုကို ငြင်းပယ်ခဲ့ပြီး အကြီးအကဲကျန်း ကိုသာ သူ့ဆရာအဖြစ် ရွေးချယ်ခဲ့သည်။ ဤသည်မှာ ရိုင်းစိုင်းသောအပြုအမူတစ်ခု ဖြစ်သဖြင့် ရဲ့လန် နှင့် အကြီးအကဲရန် အကြား တင်းမာသော ဆက်ဆံရေးတစ်ခု အစပြုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ဝတ္ထုထဲမှ အကြီးအကဲရန်နှင့် မတူဘဲ အာရန်သည် ရဲ့လန် ကို ရွေးချယ်ရန် စိတ်မဝင်စားခဲ့ပါ။ အရေးကိစ္စတစ်စုံတစ်ရာမရှိလျှင် သူသည် အဓိက ဇာတ်ကောင်ဖြစ်သော ရဲ့လန် နှင့် တတ်နိုင်သမျှ ဝေးဝေးတွင်သာ နေချင်ခဲ့သည်။

သူသည် အဓိက ဇာတ်ကောင်နှင့် ဘာမှ မပတ်သက်လိုပါ။ စကားပြောဆိုရန်ပင် မလိုချင်ပါ။ သို့သော် ယခု သူသည် ရဲ့လန် ကတိုက်ခိုက်ရန် ရွေးချယ်ခြင်းကို ခံလိုက်ရသည်။

စာရေးသူသည် အကြီးအကဲလီနှင့် ရဲ့လန် အကြား တိုက်ပွဲကို အပိုင်းတစ်ပိုင်းစာအပြည့် ရေးသားပေးခဲ့သည်။ ရဲ့လန် သည် သတိမေ့မသွားမီ တစ်မိနစ်ထက်ပိုကြာအောင် တိုက်ပွဲတွင် ကြံ့ကြံ့ခံနိုင်ခဲ့သော တစ်ဦးတည်း

သော ပြိုင်ပွဲဝင်သူဖြစ်လာခဲ့သည်။

အကြီးအကဲလီ၏ ခွန်အားသည် ကြောက်မက်ဖွယ်ကောင်းသောအဆင့်တွင် ရှိခြင်းကြောင့် ၎င်းသည် သေချာပေါက်နိုင်ကိုနိုင်မည်ဖြစ်သည်။ အကယ်၍ သူသာ လျော့မပေးခဲ့ပါက ရဲ့လန် သည် ပထမစက္ကန့်ပိုင်းအတွင်းမှာပင် ရေခဲရုပ်တုအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။

ထိုအစား အကြီးအကဲလီသည် သူ့အင်အားကို ရဲ့လန် နှင့် တူညီသောအဆင့်သို့ ကန့်သတ်ထားခဲ့သည်။ အင်အားကို ကန့်သတ်ထားသော်လည်း သူသည် ပိုမို အတွေ့အကြုံရင့်သောကြောင့် အနိုင်ရလဒ်ကတော့ သေချာနေဆဲပင်ဖြစ်သည်။

ကံမကောင်းစွာဖြင့် ဤဇာတ်ကြောင်းသည် ပြောင်းလဲသွားပုံရသည်။ အကြီးအကဲလီသည် ရဲ့လန်၏ ရွေးချယ်ခြင်းကို မခံရတော့ပါ။

အာရန်သည် မည်သို့ တုံ့ပြန်ရမည်ကို မသိဖြစ်နေသည်။ သူသည် ရဲ့လန် နှင့် အမှန်တကယ် တိုက်ခိုက်နိုင်ပါ့မလား။ သူ့ရဲ့ အားနည်းချက်ကို ဖော်ထုတ်ခံရခြင်းသည် တစ်ကဏ္ဍ ဖြစ်ပြီး ဂိုဏ်းတပည့်ပင် မဖြစ်သေးသော လူငယ်တစ်ဦးက ပါးရိုက်တာကိုခံရမည်ဆိုပါက သူ့တွင်ဘာဂုဏ်သိက္ခာမှကျန်

တော့မည်မဟုတ်ပါ။

အာရန်သည် သူ၏အားနည်းချက်ကိုမပေါ်အောင် မည်သည့်နည်းနှင့်မဆို ဤတိုက်ပွဲကို ရှောင်ရှားရမည်ဖြစ်သည်။

သူသည် တစ်စုံတစ်ခု ဆင်ခြေပေးရန် ပါးစပ်ကို ဖွင့်လိုက်သောအခါ ရုတ်တရက် ရွေးချယ်စရာ လေးခု ပေါ်လာသည်။

အာရန်သည် သူ့နဖူးကို ရိုက်ချင်သလို ခံစားလိုက်ရသည်။ သူသည် အသက်ရှူခွင့်ပင် မရလိုက်ချေ။

[ရွေးချယ်မှု ၁: လူငယ်တစ်ဦးက သင့်ကို စိန်ခေါ်ရဲသည်။ ၎င်းသည် အကြီးအကဲတစ်ဦး၏ ဂုဏ်သိက္ခာကို ဆန့်ကျင်သည်။ မိစ္ဆာဂိုဏ်း၏ ဂုဏ်သတင်းကို ထိန်းသိမ်းပါ။ အောက်ကိုဆင်းပြီး သင့်ကို စိန်ခေါ်ရဲသော လူငယ်ကို ရင်ဆိုင်ပါ။ သူ့ကို သနားကြင်နာမှုတောင်းခံသည်အထိ ရိုက်နှက်ပါ။

ဆုလာဘ်: ကောင်းကင်မိုးကြိုးဓား (အဆင့်မြင့်)]

[ရွေးချယ်မှု ၂: သင်သည် တိုက်ခိုက်ရန် ပျင်းရိလွန်းသည်။ ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသော လူငယ်လေးကို ရင်ဆိုင်ခြင်းသည် သင့်ဂုဏ်သိက္ခာကိုထိခိုက်စေသည်။ သူ့ကို ကိုယ်တိုင် မတိုက်ခိုက်ဘဲ အနိုင်ယူပါ။

ဆုလာဘ်: အကာအကွယ်လည်ဆွဲ (ရှားပါးအဆင့်)]

[ရွေးချယ်မှု ၃: လူငယ်လေးသည် ဇာတ်လမ်းကို ပြောင်းလဲပစ်လိုက်သည်ကို သင်တွေ့လိုက်ရသည်။ ထို့ကြောင့်မူလဇာတ်လမ်းကိုမပြောင်းလဲရန် အကြီးအကဲ လီကိုသာပြန်စိန်ခေါ်ရန် လူငယ်လေးအားဖြောင်းဖြပေးပါ။

ဆုလာဘ်: နွေဦးကိုကြီးတစ်ဗူး (အဆင့်မြင့်)]

(ဘာသာပြန်သူမှတ်ချက်။ ။ ဒီဆေးနာမည်လေးတော့ ဆရာစိုးပိုင်မှူး အာဘော် နဲနဲခိုးသုံးမယ်နော် စိတ်မရှိကြနဲ့ 😜 )

[ရွေးချယ်မှု ၄: လူငယ်လေးကို တိုက်ခိုက်ရန်မလိုအပ်ဘူးပြောပါ။ နောက်ဆုံး စမ်းသပ်မှုတွင် သူ၏ ကျွမ်းကျင်မှုများကို သင်မြင်ခဲ့ပြီးဖြစ်၍

သူ့ကို အနိုင် ပေးလိုက်ကာ သင့်တပည့်အဖြစ် ရွေးချယ်ကြောင်း ပြန်ပြောလိုက်ပါ။

ဆုလာဘ်: ကံကောင်းခြင်း +၁ ]

အာရန်သည် ရွေးချယ်စရာ လေးခုကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ပထမရွေးချယ်မှုသည် သူ လုံးဝ ငြင်းပယ်လိုသော အရာဖြစ်သည်။ ဘယ်လိုနည်းနဲ့မှ သူသည် အောက်ကိုဆင်း၍ ဇတ်လိုက်ကောင်ပါးရိုက်

တာကို ခံမည်မဟုတ်ပါ။

သူသည် အမှန်တကယ် အကြီးအကဲရန် မဟုတ်သော်လည်း သူ့တွင် ဂုဏ်သိက္ခာလေးတော့ကျန်ရှိပါသေးသည်။

" သူ့ကို သနားကြင်နာမှုတောင်းခံသည်အထိ ရိုက်နှက်ပါ ဟုတ်လား"

အာရန်က ပထမရွေးချယ်မှု၏ နောက်ဆုံးစာကြောင်းကို ကြည့်ရင်း ရေရွတ်လိုက်သည်။

"ငါကမရိုက်ပါနဲ့ သူ့ကိုပြန်တောင်းပန်ရမယ်လို့ပြောရင်ပိုမှန်မယ်မထင်ဘူးလား"

သူသည် ဒုတိယရွေးချယ်မှုဆီသို့ ရွှေ့လိုက်သည်။

" သူ့ကို ကိုယ်တိုင် မတိုက်ခိုက်ဘဲ အနိုင်ယူပါ ဆိုပါလား င့ါအစား တစ်ယောက်ယောက်ကို စေလွှတ်ခိုင်းသင့်တယ်လို့ ဆိုလိုတာမလား…. အခြားအကြီးအကဲက

နောက်ထပ်နှစ်ဦးပဲရှိတယ် ဘယ်သူကမှ အစားထိုးအဖြစ် လက်ခံချင်မှာမဟုတ်ဘူး။ သူတို့ အကူအညီတောင်းခဲ့ရင်တောင် သံသယဖြစ်စေရုံပဲ ရှိလိမ့်မယ်"

သူသည် တတိယရွေးချယ်မှုကို ကြည့်လိုက်သည်။ ၎င်းသည် ဒုတိယရွေးချယ်မှုထက်ပင် ပိုမသင့်လျှော်ဖြစ်နေလေသည်။

သူသည် စတုတ္ထရွေးချယ်မှုဆီသို့ ကြည့်လိုက်သည်။

"တပည့်အဖြစ် လက်ခံရမယ်ဟုတ်လား ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး ဒါက သူ အချိန်တိုင်း ငါ့အနားမှာ ရှိနေလိမ့်မယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား ငါက အဓိက ဇာတ်ကောင်နဲ့ တတ်နိုင်သမျှ ဝေးဝေးမှာ နေချင်တာလေ သူ့ကို ငါ့အိမ်ကို ခေါ်သွားချင်တာ မဟုတ်ဘူး"

"ဒါ့အပြင် ငါသာ အဲဒီလို လုပ်ခဲ့ရင်တောင် မိစ္ဆာဂိုဏ်းရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်နေတာနဲ့ အတူတူပဲမလား ဆိုလိုတာက ဂိုဏ်းချုပ်နဲ့ တွေ့ရလိမ့်မယ် အဲဒါလည်း အန္တရာယ်များတယ်"

"ကံကောင်းခြင်းဆုအတွက်လား ရပါတယ် ကျေးဇူးတင်ပါတယ် မင်းရဲ့ ကံကောင်းခြင်းက ငါ့အတွက် ဘယ်လောက် ထိရောက်လဲဆိုတာ ငါမြင်ပြီးပြီ"

အာရန်သည် ရွေးချယ်စရာ လေးခုကို ကြည့်ရင်း ခေါင်းကိုက်နေသည်။ တစ်ဖန် သူသည် ကျောက်တုံး၊ကပ်ကြေး ရွေးချယ်ရမလားဟူ၍ပင်စဉ့်စားမိလိုက်သေးသည်။

မည်သည့်ရွေးချယ်မှုကို ရွေးချယ်ပါစေ ၎င်းတို့နှင့် ဆက်စပ်သော အန္တရာယ်များ ကရှိနေသည်။

"အကြီးအကဲ ရန် ကျွန်တော့်ကို လမ်းညွှန်ပေးပါဦး" တစ်ချိန်တည်းမှာပဲ ရဲ့လန်သည် သူ၏ လေးလံသော ဓားကို ထုတ်ယူပြီး အကြီးအကဲ ရန်ကို စတင်စိန်ခေါ်လိုက်သည်။

အကြီးအကဲလီနှင့် အကြီးအကဲကျန်းတို့လည်း ဤအရာကို မျှော်လင့်နေကြခြင်းဖြစ်သည်။

အကြီးအကဲရန်သည် မည်သို့သော ကျွမ်းကျင်မှုများကို အသုံးပြုမည်ကို သူတို့လည်း စပ်စုချင်နေကြသည်။

''သူက ဓားကို အသုံးပြုပြီး ဒီလူငယ်လေးကို ချက်ချင်း အနိုင်ယူမှာလား ဒါမှမဟုတ် သူ့ကို လွယ်လွယ်ကူကူပဲဖြစ်အောင် ဆက်ဆံမည်လား"

ထိုအချိန်တွင် အခြားအကြီးအကဲများကအမျိုးမျိုး အတွေးပွားနေကြလေသည်။

အခြားလူငယ်များသည်လည်း စိတ်လှုပ်ရှားနေကြသည်။ ၎င်းတို့သည် ကျန်ရှိသော အကြီးအကဲ နှစ်ဦး၏ လုပ်ဆောင်ချက်ကို မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ ယခုအခါ သူတို့သည် ဘာတစ်ခုမှသိမထားသေးသော တတိယအကြီးအကဲ၏စွမ်းရည်ကို မြင်တွေ့ရတော့မည်ဖြစ်သည်။

အာရန်သည် အောက်ကိုဆင်းပြီး မူလဇာတ်လမ်းကိုပြောင်းပစ်ပြီး

သူ့အသက်ကို ရန်ရှာချင်နေသော ခွေးကောင်ဇာတ်လိုက်

ကို ခပ်နာနာလေး ရိုက်ပစ်ချင်နေမိသည်။

"ခဏနေပါဦး... အစားထိုးဆိုတာ…" အာရန်သည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိလိုက်ပြီး မျက်လုံးများ လင်းလက်သွားသည်။ မကောင်းဆိုးဝါး ဆန်သော အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ပေါ်ပေါက်လာသည်။

"မင်းက ငါ့ကို စိန်ခေါ်ဖို့ အရမ်းစိတ်အားထက်သန်နေတဲ့အတွက် မင်းက ဘယ်လောက် ထိုက်တန်လဲဆိုတာကို

ကိုယ်တိုင်သိအောင် ငါ လုပ်ပေးရမှာပေါ"

အာရန်သည် အစီအစဉ်တစ်ခုကို စဉ်းစားမိသောအခါ ကျယ်လောင်စွာ ရယ်ချင်သလိုတောင် ခံစားလိုက်ရသည်။

ရဲ့လန် သည် အကြောင်းရင်းကို မသိသော်လည်း ရုတ်တရက် သူ့ကျောရိုးတွင် အေးစိမ့်သွားသည်ဟု ခံစားလိုက်ရသည်။ သူသည် ပတ်ဝန်းကျင်ကိုတစ်ချက် ကြည့်လိုက်ပြီး ဤထူးဆန်းသော အန္တရာယ် ခံစားချက်က ဘာလဲဟု တွေးတောနေမိသည်။

#Catfoot

All Chapters