← Chapters

ဘာလို့ မူလဇာတ်လမ်းအတိုင်း သွားရမှာလဲ

Vol. 2 Ch. 17

ဘာလို့ မူလဇာတ်လမ်းအတိုင်း သွားရမှာလဲ

Vol. 2 Ch. 17

"ငါ ရွေးချယ်မှု ပြုလုပ်ပြီးပြီ"

အာရန်က ဆုံးဖြတ်ပြီးလေသံဖြင့် ပြောလိုက်သည်။

"ဒုတိယရွေးချယ်မှုကို ငါရွေးမယ်။"

ရွေးချယ်မှုကို အပြီးသတ်လိုက်သည်နှင့် သူသည် မြေပြင်ပေါ်တွင် ရပ်နေသော ဇာတ်လိုက်လူငယ်လေး ကို ကြည့်လိုက်သည်။

အာရန်၏ အသံက အေးစက်ပြီး ခံစားချက်မဲ့နေသည်။

"သတ္တိရှိတာ ကောင်းပါတယ် ဒါပေမယ့် မင်းက ငါ့ကို ရင်ဆိုင်ဖို့ အရမ်းအားနည်းသေးတယ် ငါ့ရဲ့ အင်အားကို ကန့်သတ်ထားရင်တောင် မင်းကိုသေသွားစေနိုင်တယ် ဒါပေမယ့် မင်းကို အခွင့်အရေးတစ်ခု ပေးပ့ါမယ်"

"ငါကိုယ်တိုင် ရင်ဆိုင်မယ့်အစား ငါ့ရဲ့ အားနည်းတဲ့ အိမ်မွေးတိရိစ္ဆာန်လေးကို မင်းနဲ့ ရင်ဆိုင်ခိုင်းမယ်"

သူက ရဲ့လန်ကို မျက်နှာသာပေးနေသယောင်ဖြင့်ပြန်ပြောလိုက်သည်။ သို့သော် အတွင်းစိတ်ထဲတွင်တော့ လှောင်ပြောင်နေမိသည်။

'ဟေ့ ချာတိတ် ငါ့ရဲ့ အသက်ကို မင်းရဲ့ ပြပွဲမှာ ခြေနင်းခံကျောက်တုံးအဖြစ် စတေးခံမယ်လို့ ထင်နေတာလား မင်းက မင်းရဲ့ ပထမဆုံးနေ့မှာပဲ ပါးရိုက်ခံရဖို့ အရမ်းစိတ်အားထက်သန်နေတော့လဲ ငါက မင်းကို အခွင့်အရေးတစ်ခုလုပ်ပေးရတာပေ့ါ ငါက အရမ်းသဘောထားကြီးတတ်ပါတယ် ဟုတ်တယ်မလား''

"အားနည်းတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတဲ့လား "

အခြားလူငယ်လေးများက အနည်းငယ် ပြုံးမိလိုက်ကြသည်။

၎င်းတို့သည် ဤနေရာတွင် အိမ်မွေးတိရိစ္ဆာန်ဆိုလို့ တစ်ကောင်ကိုသာ မြင်နိုင်သည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော ဖီးနစ်ငှက်ပင်ဖြစ်သည်။ ဘယ်ရှုထောင့်မှ ကြည့်ကြည့် အားနည်းတဲ့ အိမ်မွေးတိလေးလို့ဘယ်သူ မြင်ရဲမည်နည်။

အခြားပြိုင်ပွဲဝင်များသည် ဖီးနစ်ငှက်ပါဝင်လာမည်ကို အံ့အားသင့်ကြသော်လည်း အာရန်၏ စကားများကြောင့် ပို၍ အံ့အားသင့်ခဲ့ကြရသည်။

"အကယ်၍ ထိုဖီးနစ်သည် သူ့မျက်လုံးထဲတွင် အားနည်းသော အိမ်မွေးတိရိစ္ဆာန်လေးဖြစ်ပါက သူသည် မည်မျှ အားကောင်းမည်သနည်း"

"အကြီးအကဲကျန်းနဲ့ အကြီးအကဲလီ တို့ပင် ခွန်အားကိုလျော့ထားပါက ပြိုင်ပွဲဝင်များအား မထိခိုက်အောင်ထိမ်းထားနိုင်ကြလေသည်။ သို့သော် အကြီးအကဲရန်က သူ ခွန်အားလျှော့ထားရင်တောင် ပြိုင်ပွဲဝင်တွေကို သေသွားစေနိုင်တယ်လို့ ပြောနေတာလား ဆိုလိုတာက သူက အခြားအကြီးအကဲတွေထက် ပိုအားကောင်းတယ်ပေ့ါ"

"မိစ္ဆာဂိုဏ်းကြီးက ဒီလောက် အားကောင်းတာ အံ့သြစရာ မရှိတော့ပါဘူး"

"လူသိများတဲ့ အကြီးအကဲတွေက နည်းနည်းလေး စိတ်ဆိုးရုံနဲ့ ဘုရင်နိုင်ငံတွေကို ဖျက်ဆီးပစ်နိုင်လောက်အောင် အားကောင်းတယ်။ တစ်ချိန်တည်းမှာပဲ မသိရသေးတဲ့ အကြီးအကဲတွေက ပိုပြီးတောင် အားကောင်းတယ်တဲ့လား ဒီဂိုဏ်းက တကယ်တမ်းဆို ဘယ်လောက်ထိတောင် အင်အားကြီးမားနေတာလဲ"

အာရန်သည် သူ့ဂုဏ်သတင်းသည် ယှဉ်ပြိုင်သူအသစ်များကြားတွင် မြင့်တက်လာသည်ကို သတိမထားမိလိုက်ပါ။ ကြယ်ခြောက်ပွင့် ပါရမီရှင် မိန်းကလေးသည်ပင် သူ့ကို အလွန်စိတ်ဝင်စားစွာ ကြည့်နေလေသည်။

အကြီးအကဲ ကျန်းနှင့် အကြီးအကဲလီတို့လည်း အံ့အားသင့်သွားကြသည်။ ဤလူသည် တကယ်ကြီး ဒီလောက်တောင် အားကောင်းတာလား။

၎င်းတို့ တွေးတောနေချိန်တွင် အာရန်သည် ဖီးနစ်၏ အကူအညီဖြင့် သူ့ဘေးရှိ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ခဲ့သည်။

လူတိုင်းသည် သူ့စကားများကြောင့် အာရုံပြောင်းသွားသောကြောင့် သူ အောက်ကို မခုန်ချဘဲ ဖီးနစ်၏ လေကို အသုံးပြု၍ ဆင်းသက်လာသည်ကို မည်သူမျှ အာရုံမစိုက်မိလိုက်ကြပါ။

"ကို့ မျက်နှာမှာ တစ်ခုခု ရှိနေတာလား"

အာရန်က သူ့မျက်နှာကိုကြည့်နေသော သူ့ဘေးရှိ ကျန်းဝေကို မေးလိုက်သည်။

"ဘာမှ မရှိပါဘူး"

ကျန်းဝေက သူမအကြည့်ကို လွှဲလိုက်သည်။

သူမသည် အာရန်၏အော်ရာ သည် သူမထက် ပိုမိုအားကောင်းသည်ဟု ထင်ခဲ့သည်။ သို့သော် ယခု သူသည် သူမဘေးတွင် ရှိနေသောအခါ သူမသည် သူ့ကို လျှော့တွက်မိကြောင်း သဘောပေါက်လိုက်သည်။

သူ့ရဲ့ အော်ရာက သူတို့နဲ့ အဝေးတွင်ရှိနေချိန်တုံးက ပင် အားကောင်းသည်ဟုခံစားရသည်။ သို့သော် ယခုလို ပိုနီးကပ်မိသောအခါ ပိုမို၍ပင် အားကောင်းနေသေးတယ်။ သူမသည် သူ့ဘေးတွင် ရပ်နေသောအခါ ဤအော်ရာ သည် ၎င်းတို့ ဂိုဏ်းချုပ်ကြီး၏ အော်ရာအောက် မလျော့ကြောင်း သေချာစေခဲ့သည်။

၎င်းက သူ့စကားများကို ပို၍ပင် ယုံကြည်စေသည်။ အကြီးအကဲရန်သည် အားကောင်းသည်။ သူသည် အခြားမည်သည့် အကြီးအကဲထက်မဆို ပိုအားကောင်းသည်။ ဒဏ္ဍာရီလာ သားရဲတစ်ကောင်ကို အားနည်းသော အိမ်မွေးတိရိစ္ဆာန်လေးဟု ခေါ်ဆိုခြင်းသည် အဓိပ္ပာယ်ရှိသည်။

"သူက ဒီလောက် အားကောင်းတာလား" အကြီးအကဲလီ ပင် အံ့အားသင့်သွားသည်။ သူသည်ပင် အနည်းငယ်ဖိနှိပ်ခံနေရသည်ဟု ခံစားရသည်။

အကြီးအကဲရန်၏ အော်ရာသည် ဖျက်ဆီးနိုင်စွမ်းရှိသည်။ ၎င်းသည် အခြားမည်သည့် အော်ရာကိုမဆို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။

သူသည် အကြီးအကဲ ရန်ကို ပိုမို အာရုံစိုက်မိလာသည်။

....

ရဲ့လန်သည် အာရန်ကို စိုက်ကြည့်လိုက်ပြီး သူ့မျက်နှာ အနည်းငယ် ဖြူဖျော့သွားသည်။

ဤလူသည် မြေပြင်ပေါ်တွင် ရပ်နေသောအခါ လူတိုင်းကို ဖိနှိပ်ခံရသကဲ့သို့ ခံစားစေသည်။

အနီးအနားတွင် ရှိနေရုံဖြင့် အာရန်သည် သူ့ပခုံးပေါ်တွင် လေးလံသော တောင်ကြီးတစ်ခု တင်ထားသကဲ့သို့ ခံစားလိုက်ရသည်။ အာရန်သည် လိမ်လည်နေသည်ဟု မထင်ပါ။

အကယ်၍ ဤလူသည် သူ့ကို အမှန်တကယ် ရင်ဆိုင်ခဲ့ပါက သူသည် လေးဘက်ထောက်သွားလျှင်ပင် အာရန်အနားသို့ကပ်နိုင်မည်မဟုတ်ပါ။ ၎င်းတို့၏ အင်အားကွာခြားမှုက ကြီးမားလွန်းသည်။

ရဲ့လန်သည် သူ၏တွေ့ရှိချက်ကို မယုံကြည်နိုင်သေးပါ။

သူထင်ထားခဲ့သည်မှာဤပုံစံမဟုတ်ပေ။ ၎င်းတို့ကြား ကွာခြားမှုက ကြီးမားလွန်းလှသည်။ သို့သော် ၎င်းသည် သူ့အတွက် အကျိုးရှိသည်။

ရဲ့လန်သည် စနစ်မှပေးခဲ့သော တာဝန် များထဲမှ တစ်ခုကို ပြန်လည်စဉ်းစားမိလိုက်သည်။ ယင်းတွင် အကြီးအကဲ ရန်ကို သတ်ရန် ပါဝင်သည်။

ယခု အခြေအနေအရ ထိုတာဝန်မှာ ရေတိုအတွင်း ပြီးမြောက်နိုင်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးအလွန်ခက်ခဲမည်မှန်း သဘောပေါက်လိုက်သည်။

သူသည် စနစ်ခိုင်းထားသည့် အခြား တာဝန် များကို အရင် အပြီးသတ်ရမည်ဖြစ်ပြီး သူ့ရည်မှန်းချက်ကို အောင်မြင်သည်အထိ စနစ်၏ အကူအညီဖြင့် ပိုမို အားကောင်းလာရမည်ဖြစ်သည်။

"ဒီ တာဝန် က ဒဏ္ဍာရီအဆင့် ဖြစ်နေတာ အံ့သြစရာ မရှိပါဘူး..." ဟု ရဲ့လန်က ရေရွတ်လိုက်သည်။

သူသည် ယခု အားနည်းသောကြောင့် အာရန်ကို အန္တရာယ်ပြုနိုင်ဦးမည် မဟုတ်သော်လည်း ဤဂိုဏ်းထဲသို့ ဝင်ရောက်ပြီး သင့်လျော်သော အချိန်တစ်ခုကို စောင့်ဆိုင်းရမည်ကို သိသည်။

ဂိုဏ်းဝင်ခွင့် စာမေးပွဲများကို အောင်မြင်ခြင်းနှင့် ထိပ်ဆုံးအဆင့်ကို ရယူခြင်းသည် လည်း သူလုပ်ဆောင်ရမည့် စနစ်၏ တာဝန်တစ်ခုဖြစ်သည်။

ထိုမှရရှိသော ဆုလာဘ်သည် အဓိကတာဝန် (အာရန်ကိုသတ်ရန်) ကဲ့သို့ အရေးမပါသော်လည်း မဆိုးလှပါ။

ဖီးနစ်ငှက်လည်း အောက်ကိုဆင်းလာပြီး လယ်ကွင်းအလယ်တွင် ဆင်းသက်လိုက်သည်။ ၎င်းသည် စမ်းသပ်မှုတစ်ခုဖြစ်သောကြောင့် ဖီးနစ်ငှက်သည် မပျံသန်းခဲ့ပါ၊ ထို့ကြောင့် စိန်ခေါ်သူသည် ၎င်းကို အမှန်တကယ် စိန်ခေါ်နိုင်သည်။

ဖီးနစ်ငှက်သည် အာရန်၏ ညွှန်ကြားချက်အရ အင်အားကို လျှော့ချထားသော်လည်း တကယ်တန်းတွင် အရေးမကြီးပါ။ နောက်ဆုံးတွင် ၎င်းသည် ဒဏ္ဍာရီလာသားရဲဖြစ်သည်။

ရဲ့လန်သည် သူ့ရဲ့ လေးလံသော ဓားကို မြှောက်ပြီး ဖီးနစ်ငှက်ဆီသို့ ပြေးသွားကာ တိုက်ပွဲကိုစတင်လိုက်သည်။

....

ဆယ်စက္ကန့်…….

ဆယ်စက္ကန့်မျှ အချိန်ကုန်လွန်သွားပြီးနောက် ရဲ့လန်သည် မြေပြင်ပေါ်တွင် လဲလျောင်းပြီး သတိမေ့သွားတော့သည်။ သူ့မျက်နှာသည် ဖီးနစ်၏ ရိုက်နှက်မှုကြောင့် ရောင်ရမ်းနေလေသည်။

(ဘာသာပြန်သူမှတ်ချက်။ ။စိတ်တောင်မကောင်းဘူး ဟိ)

၎င်းသည် တိုတောင်းသော တိုက်ပွဲဖြစ်သော်လည်း အာရန်သည် ၎င်းကို အပြည့်အဝကျေနပ်မှုရလိုက်သည်။ သူ့အမူအရာများ တည်ငြိမ်နေသော်လည်း အတွင်းပိုင်းတွင်တော့ ဟားတိုက်ရယ်မောနေမိသည်။

'ဇာတ်လမ်းအတိုင်း မလိုက်နာရင် ဒီလိုပဲဖြစ်တတ်တယ်ကွ မှတ်ထား'

ဂိုဏ်းတပည့်များက ရှေ့သို့တက်လာပြီး ကုသဆေးများ ပေးသောအခါမှ ရဲ့လန် သည် နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာပြီး သတိပြန်လည်လာသည်။

တပည့်များသည် သူ့ကို သူ၏ အုပ်စုဆီသို့ ပြန်သွားရန် အကူအညီပေးခဲ့ကြသည်။ ရဲ့လန်သည် ရှက်ရွံ့စွာဖြင့် ခေါင်းပင် မဖော်နိုင်တော့ပါ။

သူသည် ဆယ်စက္ကန့် အတွင်း တိုက်ပွဲကို ရှုံးနိမ့်ခဲ့ပြီး ပထမ ငါးစက္ကန့်ကို ဖီးနစ်ငှက်ဆီသို့ ပြေးသွားရင်း ကုန်ဆုံးခဲ့သည်။ အချုပ်အားဖြင့်ဆိုရသော် သူသည် ငါးစက္ကန့်အတွင်း တိုက်ပွဲကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

သူ့အခြေအနေကို ကြည့်ပြီး အခြားပါဝင်သူများစွာက ရယ်မောနေကြပြီး အကြီးအကဲရန်ကို မစိန်ခေါ်ခဲ့သည့်အတွက် ကိုယ့်ကိုယ်ကို ကျေးဇူးတင်နေကြသည်။

အနည်းဆုံးတော့ ၎င်းတို့သည် အခြားအကြီးအကဲများကိုသာ ရှုံးနိမ့်ခဲ့သည်။ သို့သော် ဤချာတိတ်သည် အကြီးအကဲက အိမ်မွေးတိရိစ္ဆာန်ဟု ခေါ်သည့် သားရဲတစ်ကောင်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

#Catfoot

All Chapters