← Chapters

နှင်းဘောလုံးအကျိုးသက်ရောက်မှု

Vol. 2 Ch. 18

နှင်းဘောလုံးအကျိုးသက်ရောက်မှု

Vol. 2 Ch. 18

[ဒုတိယရွေးချယ်မှုကို ပြီးမြောက်ခဲ့ပါသည်]

[အကာအကွယ်လည်ဆွဲကို ဆုအဖြစ်လက်ခံရရှိပါသည်]

[အကာအကွယ်လည်ဆွဲသည် မည်မျှ

အင်အားကြီးမားသည့်အရာဖြစ်ပါစေ ၎င်းဆီမှ အသက်အန္တရာယ်ရှိသော တိုက်ခိုက်မှု သုံးခုကိုပိတ်ဆို့ထားနိုင်သည်]

ရဲ့လန်တစ်ယောက် ဖီးနစ်လက်ချက်ဖြင့်

အီစလန်ဝေနေချိန်တွင် အာရန် မှာမူ သူ့ရှေ့ အကြောင်းကြားချက်များကိုကြည့်ရှုရင်း အကျေနပ်ကြီးကျေနပ်နေလေသည်။

လှပသော လည်ဆွဲတစ်ခုသည် မည်သူမျှ သတိမထားမိလိုက်ဘဲ သူ့လည်ပင်းတွင် အလိုအလျှောက်ပေါ်လာလေသည်။

၎င်းလည်ဆွဲသည် သူ့ရွေးချယ်မှုအတွက် ဆုလာဘ်ကို ဖော်ပြချက်နှင့်အတူ ရရှိခဲ့ခြင်းဖြစ်သည်။

အစပိုင်းတွင် ဤဆုလာဘ်သည်လည်း အခြားအရာများကဲ့သို့ပင် အသုံးမဝင်ဟု ထင်ခဲ့သေးသည်။ သို့သော် ဆုလာဘ်၏ ဖော်ပြချက်ကိုကြားလိုက်ရသောအခါ အတော်လေး အံ့အားသင့်သွားရသည်။

''ဘယ်တိုက်ခိုက်မှု သုံးခုကိုမဆို ပိတ်ဆို့နိုင်တဲ့ အသက်ကယ်အဆောင် တစ်ခုဆိုပါလား''

တစ်နည်းအားဖြင့် မိစ္ဆာဂိုဏ်းချုပ်က သူ့ကို အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြင့် တိုက်ခိုက်လျှင်ပင် သူသည် သေဘေးမှလွတ်မြောက်နိုင်သေးသည်။

သူ့ရဲ့ ကြွားလုံးထုတ်စကေးနဲ့အတူ

တွဲလိုက်ပါက ၎င်းသည် သူ့အတွက်များစွာ အသုံးဝင်နိုင်လေသည်။

ဤကမ္ဘာတွင် အသက်ရှင်ရန်အတွက်အပြင်းအထန် ကြိုးစားနေရသော သူ့အတွက် ဤဆုလာဘ်သည် သူအတိအကျ လိုအပ်နေ သောအရာပင်ဖြစ်သည်။

သို့သော် ဤလည်ဆွဲ၏ အသုံးပြုမှုတွင်

အားနည်းချက်များကိုလည်း သူမြင်နေရသည်။ ၎င်းကို သုံးကြိမ်သာ အသုံးပြုနိုင်ခြင်းဖြစ်သည်။

သူသည် အားနည်းသောကြောင့်

တိုက်ခိုက်မှုတိုင်းနီးပါးသည် သူ့အတွက် အသက်အန္တရာယ်ရှိသည်ဟု ယူဆနိုင်သည်။ ဂိုဏ်းချုပ်ဆီမှတင်မကပါ။ အဘက်ဘက်မှ အန္တရာယ်အပြည့်ရှိနေပါသည်။

ထို့ကြောင့် သုံးကြိမ် အသုံးပြုနိုင်ခြင်းသည် အလွန်နည်းပါးသည်ဟု ပြော၍ရပါသည်။

သူသည် လည်ဆွဲ၏ သုံးကြိမ် အသုံးပြုနိုင်မှုကိုဖြုန်းတီးလိုစိတ် မရှိပါ။

....

မိစ္ဆာဂိုဏ်း၏ ဂိုဏ်းဝင်ခွင့်စာမေးပွဲသည် ဆက်လက်၍ကျင်းပခဲ့သည်။ သို့သော် ထိုအချိန်မှစ၍ မည်သူမျှ အကြီးအကဲရန်ကို မစိန်ခေါ်ရဲတောပါ။

ကျန်ပါဝင်သူများသည် ၎င်းတို့၏

စမ်းသပ်မှုအတွက် အကြီးအကဲကျန်း သို့မဟုတ် အကြီးအကဲလီကိုသာ ရွေးချယ်ခဲ့ကြသည်။

နောက်ထပ် နာရီအနည်းငယ်ကြာပြီးနောက်

စမ်းသပ်မှုများအားလုံး နောက်ဆုံးတွင် ပြီးဆုံးခဲ့တော့သည်။

အကြီးအကဲ သုံးဦးစလုံးသည်

ပါဝင်သူများကို သီးခြားစီ အမှတ်ပေးခဲ့ကြသည်။ ၎င်းတို့ ပြီးဆုံးပြီးမှသာ အမှတ်စာရင်းသုံးခုကို ပေါင်းစပ်ပြီး ပါဝင်သူများ၏ အဆုံးသတ်ရမှတ်များကို ဖန်တီးခဲ့သည်။

အာရန်သည် အရန်ဇာတ်ကောင်များ၏

အမှတ်များကို မမှတ်မိသောကြောင့် သူ့ရဲ့ အကြမ်းဖျင်း နားလည်မှုအပေါ် အခြေခံ၍ အမှတ်ပေးခဲ့သည်။

ဝတ္ထုတွင် ဖော်ပြထားသော အရေးကြီးသော ဇာတ်ကောင်များအတွက်

ကတော့ ယခင်ကဲ့သို့ မည်သည့် ကွဲလွဲမှုမျှ မရှိစေရန် မူလဇာတ်လမ်းနှင့် တတ်နိုင်သမျှတူညီအောင် ကျိုးစားအမှတ်ပေးခဲ့သည်။

သူသည် အမှတ်ပေးခြင်းကို ထပ်မံပြောင်းလဲစေခြင်းဖြင့် နှင်းဘောလုံးအကျိုးသက်ရောက်မှုမျိုးကိုထပ် မလိုချင်ပါ။

အမှတ် သုံးခု ပြီးဆုံးသောအခါ နောက်ဆုံး စာရင်းတစ်ခုကို ဖန်တီးခဲ့သည်။

အကြီးအကဲလီသည် ထိပ်ဆုံးငါးဦး၏

စာရင်းကို အမှတ်များအား ကြေညာခြင်းမပြုမီ ဤနေရာသို့ရောက်မလာခဲ့သော ကျန်အကြီးအကဲများအားလုံးထံ ပေးပို့ခဲ့ပြီးဖြစ်သည် ။

သူသည် ဆယ်ရာခိုင်နှုန်းအောက်

အမှတ်ရရှိသော ပါဝင်သူများ၏ အမည်များကို ပြောဆိုခြင်းဖြင့် စတင်ခဲ့ပြီး ၎င်းအမှတ်ရရှိသူများသည် ပါဝင်သူများ၏ ရှစ်ဆယ်ရာခိုင်နှုန်းနီးပါးဖြစ်လေသည်။

အမည်ခေါ်ခံရသူအားလုံးသည် ဂိုဏ်းဝင်ခွင့် စာမေးပွဲကို မအောင်မြင်သောကြောင့် တာဝန်ရှိ တပည့်တစ်ဦးက အားလုံးကိုဂိုဏ်းမှ ထွက်ခွာသွားစေခဲ့သည်။ ထို့နောက်လူတစ်ရာသာ ကျန်ရှိတော့သည်။

အကြီးအကဲလီသည် ဆယ်ရာခိုင်နှုန်းထက် ပိုသော အမှတ်ရရှိသူများ၏ အမှတ်များကို ထပ်မံကြေညာခဲ့သည်။

၎င်းသည် ကျန်ရှိခဲ့သော ပါဝင်သူများ၏ ခုနစ်ဆယ်ရာခိုင်နှုန်းကျော် ပါဝင်နေသည်။

"အမည်ခေါ်ခံရသူအားလုံး… ဂုဏ်ယူပါတယ်" ဟု အကြီးအကဲ လီက ပြောလိုက်သည်။

"ဒီနေ့ကစပြီး သင်တို့ဟာ ဂိုဏ်းရဲ့ အပြင်စည်း တပည့်တွေဖြစ်သွားကြပြီ သင်တို့ နေထိုင်ရာနေရာကို တာဝန်ရှိသူတွေကခေါ်ဆောင်သွားပေးလိမ့်မယ် ပြီးရင် စည်းမျဉ်းတွေနဲ့ အခြားအရေးကြီးတဲ့ အရာတွေကို သူတို့ကပဲပြောပြပေးလိမ့်မယ် သေခြာ လိုက်နာဆောင်ရွက်ပါ"

အခြားတပည့်တစ်ဦးသည် ထိုဝင်ခွင့်အောင်မြင်သော ဂိုဏ်သားအသစ်ကလေးများကို ဂိုဏ်း၏ အပြင်စည်းသို့ ခေါ်ဆောင်သွားလေသည်။

ထိုသို့ဖြင့် အဓိကမျိုးနွယ်များ၏ အမွေခံများ၊ ကြယ်ခြောက်ပွင့်ပါရမီရှင်နှင့် ရဲ့လန်အပါအဝင် လူငယ် ၂၅ ဦးသာ ကျန်ရှိတော့သည်။

အကြီးအကဲကျန်း သည် သုံးဆယ်ရာခိုင်နှုန်းကျော်အမှတ်ရရှိထားသော ကျန်လူ ၂၅ ဦး၏ အမှတ်များကိုကြေညာခဲ့သည်။

သူမသည် ထိပ်ဆုံးငါးဦးမှလွဲ၍

ကျန်လူအားလုံး၏ အမည်များကို ကြေညာခဲ့သည်။

အမည်ခေါ်ခံရသော ၂၀ ဦးကိုလည်း

အလားတူပင် ဂိုဏ်း၏ အတွင်းစည်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုသို့ဖြင့် လူငါးဦးသာကျန်ရှိတော့သည်။ ၎င်းတို့သည် ဤစာမေးပွဲ၏ ထိပ်ဆုံးရသူများဖြစ်သည်။

၎င်းတို့ထဲမှ မည်သူမျှ လေးဆယ်ရာခိုင်နှုန်းအထက် မကျော်လွန်ခဲ့သော်လည်း ၎င်းတို့၏ အလားအလာသည် အကြီးအကဲများကို အထင်ကြီးစေရန် လုံလောက်ခဲ့လေသည်။

"ကဲခုကျန်တဲ့ ထိပ်ဆုံးငါးဦးအလှည့်ပဲ

"

အခြားသောအကြီးအကဲများထံမှ တုံ့ပြန်မှုများကို ရရှိသောအခါ အကြီးအကဲကျန်းက စတင်ကြေငြာလိုက်သည်။ "ပဉ္စမနေရာကို ယူလင်း က ရရှိသွားပါတယ်။"

သူမသည် ချမ်းသာသော မိသားစုမှ လာခဲ့ပုံရသော လူငယ်လေးကို ကြည့်လိုက်သည်။ သူသည် ပါဝင်သူအားလုံးတွင် အကောင်းဆုံး အဆောင်ရတနာများကိုပိုင်ဆိုင်ထားသည်။

သူသည် ဘုရင်နိုင်ငံရှိ အဓိကအင်အားစုတစ်ခုဖြစ်သော ယုမျိုးနွယ်၏ အမွေဆက်ခံသူဖြစ်သည်။

"သူ့အတွက်ကတော့ သေချာတာပေါ့"

အာရန်က အပြုံးတစ်ခုဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

ကျန်းဝေ မသိသော်လည်း ယူလင်းသည် ဤကဲ့သို့ အမှတ်ရရှိရခြင်း၏ အကြောင်းရင်းမှာ ယူလင်း ၏ ဦးလေးဖြစ်သူအကြီးအကဲ လီကြောင့်ပင်ဖြစ်သည်။

အကြီးအကဲလီသည် ယုမျိုးနွယ်၏ ဘိုးဘေးကို ကျေးဇူးဆပ်ရန်ရှိနေပြီး ယခု သူ့အမှတ်ကို တိုးမြှင့်ခြင်းဖြင့် ထိုကျေးဇူးကို ပြန်ဆပ်ခြင်းဖြစ်ကြောင်း မူလဇာတ်လမ်းတွင် ရှင်းလင်းစွာ ဖော်ပြထားသည်။

ကံမကောင်းစွာဖြင့် အကြီးအကဲလီ၏ အမှတ်ဖြင့်ပင် ယူလင်သည် ပဉ္စမနေရာကိုသာ ရယူနိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အခြားအကြီးအကဲနှစ်ဦး၏ ပေးမှတ်များမှာ နည်းပါးသောကြောင့် ဖြစ်လေသည်။

တစ်ခုတည်းသော အကျိုးကျေးဇူးမှာ

အကြီးအကဲလီ၏အမှတ်ဖြင့် ထိပ်ဆုံးငါးဦးသို့ တော့ရောက်ရှိနိုင်ခဲ့လေသည်။ မဟုတ်ပါက သူသည်ထွက်သွားရမည့်လူများစာရင်းတွင်ပင်ပါဝင်သွားနိုင်သည်။။

"မင်းကို တပည့်အဖြစ် လိုချင်နေတဲ့ အကြီးအကဲ သုံးဦးရှိပါတယ်။ သူတို့ကတော့..."

ကျန်းဝေသည် အကြီးအကဲများအကြောင်းကိုဖော်ပြခဲ့သည်။ ယူလင်းသည် ၎င်းတို့ထဲမှ တစ်ဦးကိုသာ ရွေးချယ်နိုင်ခဲ့သည်။

အကြီးအကဲလီသည် သူ့ကျေးဇူးကို ပြန်ဆပ်ပြီးဖြစ်သောကြောင့် ၎င်းတို့ထဲတွင် မပါဝင်ခဲ့ပါ။ သူသည် ယူလင်းကို တပည့်အဖြစ်မရွေးချယ်ခဲ့ပါ။

အကြီးအကဲ သုံးဦးအနက် ယူလင်းသည် တစ်ဦးကို ရွေးချယ်မှု ပြုလုပ်ခဲ့သည်။ သူ့ကို အခြားတပည့်တစ်ဦးက သူရွေးချယ်ထားသော အကြီးအကဲ၏ နေအိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။

စတုတ္ထနှင့် တတိယနေရာတွင်ရှိသူများသည်လည်း၎င်းတို့၏ ဆရာများကို ရွေးချယ်ခဲ့ကြသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ၎င်းတို့၏ စွမ်းဆောင်ရည်သည်အမှန်တကယ် ကောင်းမွန်သောကြောင့် ရွေးချယ်စရာများ ပိုမိုရှိသွားခြင်းပင်ဖြစ်သည်။

ဇာတ်လမ်းတွင် ကျန်သည့်အရာများမှာ အပြောင်းအလဲမရှိသဖြင့် အာရန်သည်လည်းအနည်းငယ် ဝမ်းသာသွားသည်။ ယခု တပည့်နှစ်ဦးသာကျန်တော့သည်။

အဓိက ဇာတ်ကောင် ရဲ့လန်နှင့် ကြယ်ခြောက်ပွင့်ပါရမီရှင် ဝမ်ချင်းယုတို့ဖြစ်ပြီး ၎င်းတို့၏ အစစ်အမှန် အထောက်အထားသည်ကျန်းဝေနှင့် အကြီးအကဲလီပင် မခန့်မှန်းနိုင်လောက်အောင် ပို၍ ထူးခြားနေသည်။

၎င်းကိုမူရင်းဝတ္ထုတွင်ပင် ဒုတိယတွဲရောက်သည်အထိ လျှို့ဝှက်ထားခဲ့ခြင်းဖြစ်သည်။

"ဒုတိယအဆင့်ရတဲ့သူက..."

ကျန်းဝေသည် ကျန်ရှိသော အမည်နှစ်ခုပါရှိသော စာရင်းကို ကြည့်ရှုခဲ့သည်။

"အမှတ် သုံးဆယ်ခြောက်မှတ်နဲ့ ရဲ့လန်။"

ကျန်းဝေ၏ ကြေညာချက်ထုတ်ပြန်အပြီးတွင် ရဲ့လန်တစ်ယောက်အလွန်ရှော့ရသွားလေသည်။

သို့သော် ရဲ့လန်ထက်ပို၍ ရှော့ရသွားသူတစ်ဦးလဲရှိလေသည်။ ထိုသူမှာအခြားသူမဟုတ်ပေ အကြီးအကဲရန်ဟုအများကခေါ်ကြသူ ‌အမောင် အာရန်ပင်ဖြစ်လေတော့သည်။

………………………………………………………………………………………………

{ဘသာပြန်သူမှတ်ချက်။ ။ Snowball Effect (နှင်းဘောလုံးအကျိုးသက်ရောက်မှု) ဆိုတာ သေးသေးလေးကနေ တဖြည်းဖြည်းချင်းကြီးထွားလာတဲ့ အကျိုးသက်ရောက်မှုကိုပြောချင်တာပါ။ Butterfly Effect နဲ့ဆင်တူပါတယ်}

#Catfoot

All Chapters