ရင်ခွင်ထဲသို့ ဝင်လာတဲ့မိန်းမလှလေး
Vol. 2 Ch. 20
'ကောင်းပြီ သူမကို ငါ လက်ခံမယ်'
အာရန်သည် သက်ပြင်းချပြီး ဒုတိယရွေးချယ်မှုကို လက်ခံလိုက်လေသည်။
ထို့နောက် အာရန်သည် ခဏတာပြန်လည်စဥ့်စားကြည့်လိုက်မိသောအခါ ထို
ရွေးချယ်မှုများတွင် ပုံမှန်လိုသတ်မှတ်ထားသောအရာတစ်ခုရှိနေနိုင်သည်ဟု သတိထားမိလိုက်သည်။ မကြာခဏပင် ပထမရွေးချယ်မှုသည် အန္တရာယ်အရှိဆုံးဖြစ်နေလေ့ရှိသည်။ တစ်ချိန်တည်းမှာပင် အခြားရွေးချယ်မှု သုံးခုသည် ပိုမိုကောင်းမွန်နေတတ်သည်။
သူနောက်ထပ်သတိထားမိလိုက်သည့်အရာတစ်ခုမှာ သူသည် ယခုအချိန်အထိ ဒုတိယရွေးချယ်မှုကိုသာ အချိန်တိုင်းရွေးချယ်မိနေခဲ့ခြင်းဖြစ်သည်။ အချိန်တိုင်းနီးပါးတွင် ဒုတိယရွေးချယ်မှုသည် အဓိပ္ပာယ်အရှိဆုံးဖြစ်နေခဲ့သည်။
စနစ်က သူ့ကို လမ်းညွှန်ချက်ပေးနေတာလားဟုပင်တွေးမိလိုက်သည်။
''ဒါပေမယ့် ဘာလို့ င့ါကို လမ်းညွှန်ပေးနေမှာလဲ''
အကယ်၍ စနစ်ကိုဖန်တီးခဲ့သောသူသည် သူ့ကိုအမှန်တကယ် မုန်းသော စာရေးသူသာ ဖြစ်နေခဲ့ပါက အန္တရာယ်ရှိသော ရွေးချယ်မှုများကိုသာရွေး၍ ပေးသင့်သည် မဟုတ်ပါလား။ သို့မဟုတ် ဆုလာဘ်မပါသော ရွေးချယ်မှုများကိုလည်း ပေးနိုင်သေးသည်။
ဆုလာဘ်မပါခဲ့ရင်ပင် ပြစ်ဒဏ်ကို ရှောင်ရှားဖို့အတွက် ရွေးချယ်မှုတစ်ခုကို သူပြုလုပ်နိုင်ပါသေးသည်။ ဒါဆို ဘာလို့ ဆုချီးမြှင့်တာတွေပါရတာလဲ။
ဘာကြောင့်လဲဆိုတာကို သူ မသိသော်လည်း သူ့ရဲ့ ကနဦး ယူဆချက်မှာ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။
[အမည်မသိသော ဥ တစ်လုံးကို ဆုအဖြစ် လက်ခံရရှိပါသည်]
[ထိုဥကို သင်၏ စနစ်သိုလှောင်ခန်းထဲတွင် ထည့်သွင်းထားပါသည်။ အမြန်ဆုံး ထုတ်ယူပါ။]
"ကျေးဇူးတင်ရမလား အပြစ်တင်ရမလား မပြောတတ်တော့ဘူး" အကြောင်းကြားချက်ကို မြင်တော့ အာရန်က ရေရွတ်လိုက်သည်။
အရင်လည်ဆွဲကဲ့သို့ ထိုဥမှာ လေထဲမှ ရုတ်တရက် ပေါ်မလာသည့်အတွက် သူ အနည်းငယ် ဝမ်းသာသွားရသည်။ စနစ်က နဲနဲတော့နားလည်ပေးသားပဲ။
"တစ်ခုခု ပြောလိုက်တာလား" အကြီးအကဲ လီက တစ်ခုခု ကြားလိုက်ရသလို ခံစားရသောကြောင့် အာရန်ကိုမေးလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး။"
အာရန်သည် အသက် ၁၈ နှစ်သာ ရှိသေးပုံရသော မိန်းမပျိုလေးကို ကြည့်လိုက်သည်။ သူမသည် ငယ်ရွယ်သော်လည်း အလွန်အားကောင်းကြောင်း ထင်ရှားလှသည်။
မူရင်းဝတ္ထုထဲတွင် သူမသည် ကျန်းဝေလက်အောက်တွင် ပညာသင်ကြားခဲ့သည်။ သူမ၏ တိုးတက်မှုသည် ဂိုဏ်းတွင် အတော်လေး မြန်ဆန်ခဲ့သည်။ ထို့ကြောင့် သူမသည် ဂိုဏ်းတွင် မနာလိုမှုများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။
မနာလိုမှုများကြောင့် သူမ၏ အသက်ကို ရန်ရှာရန် ကြိုးပမ်းမှုများစွာ ရှိခဲ့သည်။ ထိုကြိုးပမ်းမှုအများစုသည် မအောင်မြင်ခဲ့သော်လည်း တစ်ကြိမ်တွင် သူမသည် သေလုမြောပါး ဖြစ်ခဲ့သည်။
သူမကို ကယ်တင်ခဲ့သူမှာ အဓိကဇာတ်ကောင်ရဲ့လန် ဖြစ်ပြီး သူမသည် သူ့နှင့်နောက်ပိုင်းတွင် ချစ်ကြိုက်သွားခဲ့ကြသည်။ ဝမ်ချင်းယု သည် မူလဝတ္ထုထဲတွင် အဓိကဇာတ်ကောင်၏ ချစ်သူများထဲမှ တစ်ဦးလေဖြစ်သည်။
အာရန်သည် သူ့ထံမှတုံ့ပြန်မှုကို စောင့်ဆိုင်းနေသော ဝမ်ချင်းယုကို ကြည့်လိုက်သည်။ သူမသည် သူမဆရာဖြစ်သူကို ရွေးချယ်မှု ပြုလုပ်ပြီးပြီ ဖြစ်သည်။ မည်သည့်ရွေးချယ်ခံရသည့်အကြီးအကဲမျှ သူမကို ငြင်းပယ်နိုင်မည် မဟုတ်ပါ။ သို့တိုင် အကြီးအကဲရန်ထံမှ အတည်ပြုချက်ရယူရန်ကိုမူ စောင့်ဆိုင်းနေဆဲဖြစ်သည်။
"ကျုပ်ကို ဘာလို့ ရွေးချယ်ခဲ့တာလဲလို့ မေးလို့ရမလား" အာရန်က ဝမ်ချင်းယု ကို မေးလိုက်သည်။
"ဆရာက အားအကောင်းဆုံးလို့ ယုံကြည်လို့ပါ"
မိန်းကလေးက ရိုးသားစွာ ပြန်ဖြေလိုက်သည်။
သူမသည် ကျန်းဝေကို ရွေးချယ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ သို့သော် အာရန်၏ ဂုဏ်သိက္ခာရှိသော အငွေ့အသက်နှင့် သူ့ရဲ့ လုပ်ရပ်များကို မြင်သောအခါ သူမသည် ကျန်းဝေထက် ပိုမို အားကောင်းသည်ဟု ခံစားလိုက်ရသည်။
သူသည် သူမကို ပိုမို အားကောင်းလာစေရန်နှင့် သူမ၏ ရည်မှန်းချက်များကို အောင်မြင်စေရန် ကူညီပေးနိုင်သည်ဟု သူမက ယုံကြည်လိုက်သည်။
"မင်းက တော်တော် ရိုးသားတာပဲ" အာရန်က ပြောလိုက်သည်။ အခြားအကြီးအကဲနှစ်ဦး ရှိနေပါလျက် သူ့ကို အားအကောင်းဆုံးဟု ခေါ်ဆိုရန်လုံး၀မတွန့်ဆုပ်ခဲ့ပေ။
"ကောင်းပြီ မင်းကို ငါ့ရဲ့ ပထမဆုံး တပည့်အဖြစ် လက်ခံမယ်"
အာရန်ဆီမှ တုံ့ပြန်မှုကို ကြားသောအခါ မိန်းကလေးသည် ချက်ချင်း ဒူးထောက်ကာ တပည့်တစ်ဦးကဲ့သို့ သူ့ကို အရိုအသေပေးလိုက်သည်။
"တပည့် ချင်းယုက ဆရာ့ကို အရိုအသေပေးပါတယ်"
တစ်ရက်တည်းမှာပင် အာရန်သည် ရွေးချယ်မှုများစွာ ပြုလုပ်ရန် အတင်းအကျပ် ခိုင်းစေခံခဲ့ရပြီး ထိုရွေးချယ်မှုတစ်ခုစီသည် အလွန်အရေးကြီးလေသည်။
ထို့ကြောင့် သူသည် အလွန်ပင် ပင်ပန်းနေပြီဖြစ်သည်။ သူသည် အနားယူရန် နေအိမ်သို့ ပြန်သွားချင်နေလေပြီ ။ အခြားမည်သည့် ရွေးချယ်မှုကိုမျှ ထပ်မလိုချင်တော့ပါ။
ဤနေရာတွင် တပည့်တစ်ဦးကို မရွေးချယ်ပါက တပည့်တစ်ဦးကို လက်ခံရန် သူ့ကို စေခိုင်းသော ဂိုဏ်းချုပ်က မည်သို့ပြုမူမည်ကို သူ မသိပါ။
အနာဂတ်အတွက် အန္တရာယ်ရှိသော ဖြစ်နိုင်ခြေများကို ဖယ်ရှားရန် သူသည် ယခု တပည့်ကို လက်ခံရန်သာ ဆုံးဖြတ်ခဲ့သည်။ ဇာတ်လမ်းကို ပြောင်းလဲစေသော်လည်း သူ ဂရုမစိုက်တော့ပါ။ မည်သို့ပင်ဖြစ်စေ သူ့အသက်ရှင်နေမှုကပင် မူလဇာတ်လမ်းကို ပြောင်းလဲစေလိမ့်မည်ဖြစ်သည်။
သူသည် အဓိကဇာတ်ကြောင်းကို ပြောင်းလဲပြီးဖြစ်သောကြောင့် အရာရာကို ထပ်မံ၍သေချာစွာ ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။ သူသည် ဤကမ္ဘာကို သူ့စိတ်ကြိုက် ဖန်တီးသွားမည်ဖြစ်သည်။
သူသည် အသက်ရှင်ရုံသာမက ဤကမ္ဘာတွင် သူ့ကို မည်သည့်အရာကမျှ မခြိမ်းခြောက်နိုင်အောင်လည်း ပြုလုပ်သွားမည်ဖြစ်သည်။
ဤကမ္ဘာတွင် အင်အားသည် အရာအားလုံးဖြစ်သည်။ ဤရွေးချယ်မှုများနှင့် ဆုလာဘ်များသည် သူ၏ အင်အားဖြစ်သည်။ အနာဂတ်ကိုကြိုတင်သိနိုင်သော အသိပညာက သူ့ရဲ့ အင်အားဖြစ်သည်။ ဖီးနစ်ငှက်ကလည်း သူ့ရဲ့ အင်အားဖြစ်သည်။ ယခု သူလက်ခံထားသော တပည့်မ သည်လည်းအနာဂတ်တွင် သူ့ရဲ့ အင်အား ဖြစ်လာလိမ့်မည်ဖြစ်သည်။
သူသည် အဓိက ဇာတ်ကောင် မဟုတ်သော်လည်း မည်သည့် အဓိက ဇာတ်ကောင်ကိုမဆို ကျော်လွန်ရန် ဆုံးဖြတ်ထားသည်။ သူ့တွင် အဓိကဇာတ်လိုက်ကဲ့သို့ စာရေးဆရာ၏ ဇာတ်ညွှန်း အကာအကွယ်မရှိလျှင်ပင် ထို့ထက်ပိုကောင်းသောအကာအကွယ်ကို ကိုယ်တိုင်ဖန်တီးယူမည်ဖြစ်သည်။
သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ဝမ်ချင်းယုဆီသို့ လက်ကိုကမ်းပေးလိုက်သည်။
ဝမ်ချင်းယုသည် သူမဆရာဆီမှ သူမဆီသို့ ကမ်းပေးလာသောလက်ကို မြင်လိုက်ရသည်။ သူမသည် သူ့မျက်နှာကို ပို၍ နီးကပ်စွာ မြင်နိုင်ရန် ခေါင်းကို မော့ကြည့်လိုက်ရာ အံ့အားသင့်သွားခြင်းကို ဟန်မဆောင်နိုင်တော့ပါ ။ သူမဆရာဖြစ်သူသည် အရမ်းကိုယောကျ်ားပီသ၍ ဖော်မပြနိုင်လောက်အောင် ချောမောလွန်းသူတစ်ဦး ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
ဝမ်ချင်းယုသည် သူမ မသိလိုက်ခင်မှာပင် သူ့အလိုလို အာရန်၏လက်ကို ဆုပ်ကိုင်ိမလျက်သားဖြစ်နေသည်။
နွေးထွေးသော လေများသည် ၎င်းတို့နှစ်ဦးကို ဝန်းရံထားပြီး ၎င်းတို့နှစ်ဦးကို လေထဲသို့ မြှောက်တင်ပေးလိုက်သည်။
၎င်းတို့နှစ်ဦးသည် အတောင်များကို ဖြန့်ကျက်ထားသော ဖီးနစ်ငှက်ပေါ်သို့ ဆင်းသက်လိုက်ပြီး ကောင်းကင်တွင်အတူတကွ မြင့်မားပျံသန်းသွာလေသည်။
ဖီးနစ်ငှက်သည် ပို၍အမြင့်သို့တက်သွားသောအခါ ဝမ်ချင်းယုတစ်ယောက် ကြောက်လန့်သွားရသည်။ သူမ ယခုလို ပျံသန်းဖူးသည်မှာ ယခုအချိန်သည် ပထမဆုံးအကြိမ်ဖြစ်သည်။
အောက်သို့ ပြုတ်ကျမည်ကိုသေမတတ် ကြောက်ရွံ့နေသောကြောင့် သူမသည် အာရန်ကို တင်းတင်းကြပ်ကြပ်ကလေး ဖက်ထားမိလိုက်သည်။ သူ့ရင်ခွင်ထဲသို့တဖြည်းဖြည်းရောက်သွားသည်ကိုပင် သတိမထားလိုက်မိပါ။
သူမသည် မျက်လုံးများ မှိတ်ထားပြီး ဖွင့်ကြည့်ရန်ပင် မဝံ့ရဲချေ။
အာရန်သည် မိန်းမပျိုလေး၏ ချိုမြိန်သော ကိုယ်သင်းနံ့ကြောင့် သူ၏ အာရုံများအနဲငယ် ထွေပြားလာသလို ခံစားလိုက်ရသည်။ သူမသည် သူ့ပေါင်ပေါ်တွင် ထိုင်မိရက်သားဖြစ်နေပြီး အလွန်ထိခိုက်လွယ်သော အနေအထားတစ်ခုအဖြစ်ရောက်ရှိသွားလေသည်။ သို့သော်သူမသည် သဘောမပေါက်သေးဘဲ အာရန်ကိုသာ တင်းတင်းကြပ်ကြပ်ပင် ပွေ့ဖက်ထားမိနေသည်။
ယခင်ကမ္ဘာမှာတုံးက အာရန်သည် ပညာရေးပိုင်းတွင် အလွန်အောင်မြင်မှုများ ရယူနိုင်ခဲ့သော်လည်း အချစ်ရေးတွင်မူ လုံး၀အတွေ့အကြုံမရှိခဲ့ဘူးသည့် လူပျိုရိုင်းလေးတစ်ဦးမျှသာ ဖြစ်ခဲ့လေသည်။
ဤကမ္ဘာတွင်ပင် သူသည် ငယ်ရွယ်သေးသည်။ သူသည် အကြီးအကဲ
ဖြစ်သော်လည်း ယခုပါလာသည့် မိန်းမလှလေးထက် သုံးနှစ်ခန့်သာကြီးလေသည်။
အာရန်သည် မိန်းကလေးကို တွန်းထုတ်ပစ်ပြီး သူ့ဂုဏ်သိက္ခာကိုပြန်လည် ထိန်းသိမ်းချင်ခဲ့သော်လည်း သူ့ခန္ဓာကိုယ်ကသူ့စကားကိုနားမထောင်သဖြင့် အခက်တွေ့နေရသည်။
အာရန်သည် ချင်းယု သူ့လက်မောင်းပေါ်တွင် ရှိနေသောအချိန် ဘာခံစားချက်မှ မဖြစ်ပေါ်ဘူးဆိုလျှင် မှားပါလိမ့်မည်။ တစ်စုံတစ်ခုကြောင့် အာရန်၏ ရင်ဘတ် သည် လှုပ်ခပ်မှုတစ်ခုကိုခံစားလိုက်ရသည်။
ဖီးနစ်ငှက်သည် ကောင်းကင်တွင် ခပ်မြင့်မြင့်ပျံသန်းလျက်ရှိသည်။ မြေပြင်ပေါ်ရှိ လူအများအပြားသည် ဖီးနစ်ငှက်ကို မြင်တွေ့လိုက်ကြပြီး ၎င်းသည် အကြီးအကဲ ရန်၏ ငှက်ဖြစ်ကြောင်း သဘောပေါက်လိုက်ကြသည်။ သို့သော် ဖီးနစ်ငှက်ပေါ်တွင် လူနှစ်ဦး တစ်ဦးကိုတစ်ဦး ပွေ့ဖက်ထားသည်ကို မည်သူတစ်ဦးမျှ တွေးမိကြမည်မဟုတ်ပါ။
အချိန်အတော်ကြာပြီးနောက် ဝမ်ချင်းယု သတိပြန်လည်လာသောအခါ သူမသည် အကြီးအကဲ ရန်ကို တင်းတင်းကြပ်ကြပ် ဖက်ထားမိကြောင်း သိရှိလိုက်သည်။
သူမ၏ မျက်နှာသည် ရဲရဲနီသွားပြီး အလျင်အမြန် ဖယ်ခွာလိုက်သည်။
သို့သော် ထိုသို့လုပ်လိုက်မိသဖြင့် သူမသည် ခြေချော်သွားပြီး ဖီးနစ်ငှက်၏ နောက်ကျောစွန်းနှင့် အန္တရာယ်ရှိစွာ နီးကပ်သွားလေသည်။
"သတိထား" အာရန်သည် သူမကို ပြုတ်ကျမသွားအောင် အလျှင်အမြန် ဆွဲယူထားလိုက်သည်။
ကံမကောင်းစွာဖြင့် သူသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်ကို မေ့လျော့သွားခဲ့သည်။
သူမကို ပြန်ဆွဲယူနိုင်လိုက်သောအခါ ၎င်းတို့နှစ်ဦး၏ ပေါင်းစပ်ထားသော အလေးချိန်ကြောင့် သူ့ကို ဟန်ချက်ပျက်သွားစေသည်။ ၎င်းတို့နှစ်ဦးသည် နောက်သို့ လဲကျသွားပြီး အာရန်သည် နောက်သို့လန်ကျသွားပြီး ချင်းယုက သူ့အပေါ်သို့ ထပ်၍ကျသွားလေသည်။
#Catfoot