← Chapters

#မုဖူရှန်း၏ အစစ်အမှန်ခွန်အား#

Vol. 51 Ch. 715

#မုဖူရှန်း၏ အစစ်အမှန်ခွန်အား#

Vol. 51 Ch. 715

ကျင့်ကြံခြင်းမျှော်စင်ထဲတွင် မှော်သားရဲများကို သတ်ဖြတ်ခြင်းကနေ ရနိုင်သည့် ဝိဉာဉ်ချီများက သူ့လက်ကောက်၀တ်ရှိ သစ်သားပြားပေါ်၌ စုစည်းလာသည်။

ယဲ့ချိုးပိုင်က စတုတ္ထအဆင့်ကိုပင် ရောက်ခဲ့ပြီး ရေခဲပြင်သားရဲတစ်ကောင်ကို သတ်ပစ်နိုင်ခဲ့သည်။

သစ်သားပြားထဉက ဝိဉာဉ်ချီပါ၀င်မှုက ယဲ့ချိုးပိုင်ကို အံ့ဩသင့်သွားစေသည်။

အကယ်၍သူသာ ဒီနေရာတွင် ဆက်ပြီးကျင့်ကြံနိုင်ပါက သူ့အတွက် အင်မော်တယ်တပိုင်းနယ်ပယ် အလယ်အလတ်အဆင့် သို့မဟုတ် အထွတ်အထိပ်အဆင့်ကို တာအိုအခြေခံအုတ်မြစ်ကို တည်ငြိမ်အောင်လုပ်ရင်း ချိုးဖျက်ရန်ဟူသည် မဖြစ်နိုင်တာတော့မဟုတ်။

ဒါ့အပြင် သူ့ဆန္ဒနယ်ပယ်နှင့် တိုက်ပွဲအတွေ့အကြုံကိုပါ သူပြုပြင်မွမ်းမံနိုင်သည်။

ဒါက တံခါးပိတ်ကျင့်ကြံခြင်းထက် အများကြီးပိုအသုံး၀င်သည်။

လင်းကျိနန်၏ အကြံပေးချက်ကို ကြားပြီးနောက် ယဲ့ချိုးပိုင်ခေါင်းညိတ်ကာ ‌ထိုနေရာ၌ပင် ချက်ချင်း တင်ပလ္လင်ခွေထိုင်လိုက်၏။

ကျင့်ကြံခြင်းမျှော်စင်အပြင်၌ ဝိဉာဉ်ချီဖိနှိပ်ခြင်းမရှိပေ။

ယဲ့ချိုးပိုင် အချိန်အတန်ကြာ ဖိနှိပ်ခံခဲ့ရသည့် ဝိဉာဉ်ချီကို ထုတ်လွှတ်လိုက်သည်။

ထိုအချိန်တွင် ဝိဉာဉ်ချီက သဘာ၀တရားကို ပြန်ရလာသည့် ပျော်နေသောငါးတစ်ကောင်ပမာ ရေကန်ထဲ ခုန်နေသည်။

ယခုအခိုက်အတန့်၌ ယဲ့ချိုးပိုင် လက်ကောက်၀တ်ရှိ သစ်သားပြားကို ဆွဲဖြုတ်လိုက်သောအခါ ဝိဉာဉ်ချီ၏ ဆွဲယူခြင်းကို ခံရပြီး ယဲ့ချိုးပိုင်ဒန်တျန်ရှေ့တွင် မျောလွင့်နေသည်။

ထို့ထဲမှ သိပ်သည်းထူထဲသော ဝိဉာဉ်ချီများက ထွက်လာခဲ့သည်။

လင်းကျိနန်နှင့် ကျန်သောသူများက ဒီမြင်ကွင်းကို အထိတ်တလန့်ကြည့်နေကြ၏။

ဒီဝိဉာဉ်ချီ၏ သိပ်သည်းမှုနှင့်သန့်စင်မှုက အတော်လေးကြောက်စရာကောင်းသည်။

အပြင်ပကမ္ဘာတွင် တားမြစ်ဧရိယာတစ်ချို့တွင်ပင် ဝိဉာဉ်ချီက ဒီနေရာကလောက် မသန့်စင်ပေ။

ထိုအချိန်တွင် သူတို့တွေးမိကြသည်။

ဒီလက်ရာမြောက်တဲ့ကျင့်ကြံခြင်းမျှော်စင်ကို ဘယ်သူတည်ဆောက်ခဲ့တာလဲ!

ဒါက ယခုလိုမြင့်မားသန့်စင်သည့် ဝိဉာဉ်ချီကို သန့်စင်နိုင်သလို ဖိနှိပ်ထားနိုင်သည်။ ဒါ့အပြင် ယခုလိုမြင့်မားသန့်စင်သော ဝိဉာဉ်ချီကို ကျင့်ကြံရန်ရည်ရွယ်ချက်ဖြင့် ကိုယ်ထဲတွင် တိုက်ရိုက်စုပ်ယူနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သန့်စင်ရန် မလိုတော့သလို အညစ်အကြေးများကို ဖယ်ရှားရန်လည်း မလိုသောကြောင့်ပင်။

ဒီကမ္ဘာထဲတွင် ဝိဉာဉ်ချီက သဘာ၀၏ အညစ်အကြေးများနှင့် ရောယှက်နေသည်။

ကိုယ်ထဲတွင် စုပ်ယူပြီးနောက် ကိုယ်ပိုင်ဖြစ်လာရန်အတွက် ဒန်တျန်နှင့် ကိုယ်တွင်းအင်္ဂါများထံတွင် လုံး၀ပေါင်းစပ်ရန်အတွက် အရင်ဆုံးသန့်စင်ရန် လိုအပ်သည်။

လူတစ်ချို့၏ ကျင့်ကြံခြင်းအမြန်နှုန်းက သူတို့၏သန့်စင်မှုနှုန်းကြောင့် အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးခံရသည်။

ဒါက ပါရမီအပေါ်တွင်သာ မူတည်ခြင်းမဟုတ်ဘဲ ကျင့်ကြံခြင်းကျင့်စဉ်ကိုလည်း ကြည့်သည်။

ကျင့်ကြံခြင်းကျင့်စဉ်က ပိုကောင်းလေလေ၊ အဆင့်ပိုမြင့်လေလေ၊ ဝိဉာဉ်ချီသန့်စင်မှု ပိုမြန်လေလေဖြစ်သည်။

ရှေးဦးမူလဓားကျမ်းပင်လျှင် ဝိဉာဉ်ချီသန့်စင်ခြင်းအဆင့်ကို ဖြတ်ကျော်ခဲ့ရသည်။ သို့စေကာမူ ရှေးဦးမူလကျမ်းစာ ဝိဉာဉ်ချီကို သန့်စင်သည့် အမြန်နှုန်းက သာမန်ကျင့်ကြံခြင်းကျင့်စဉ်များ ယှဉ်နိုင်သည့်အရာတစ်ခုမဟုတ်ပေ။

သစ်သားပြားထဲက ဝိဉာဉ်ချီထွက်လာစဉ် ယဲ့ချိုးပိုင်ပတ်လည်၌ သူ့ကိုဗဟိုပြုရင်း ဝိဉာဉ်ချီဝဲဂယက်တစ်ခု ဖြစ်တည်လာသည်။

ဝိဉာဉ်ချီသိပ်သည်းမှုက အလွန်အမင်း မြင့်မားသဖြင့် မူလမမြင်ရသလို အရောင်အဆင်းမဲ့သည့် ဝိဉာဉ်ချီကို ထိုအချိန်၌ အဖြူရောင်ပြောင်းသွားစေသည်။

ယဲ့ချိုးပိုင် မျက်လုံးများကိုမှိတ်ကာ ကိုယ်ထဲတွင် ဝိဉာဉ်ချီကို စုပ်ယူရန်အတွက် ရှေးဦးမူလဓားကျမ်းကို လှည့်ပတ်လိုက်၏။

ဒါက သူ့မရီဒျန်များနှင့်အတူ တိုးလာခဲ့ပြီး ဒန်တျန်အတွင်း ပေါက်ကွဲသွား၏။

ထိုအချိန်တွင် ယဲ့ချိုးပိုင်၏ ဖိနှိပ်ထားသည့်နယ်ပယ်က စတင်လျှော့လာသည်။

ရက်တစ်၀က်အတွင်းမှာပင် ယဲ့ချိုးပိုင်၏ကိုယ်မှ အစွမ်းထက်အော်ရာတစ်ခု ထိုးတက်လာခဲ့သည်။

ဒီအော်ရာက လင်းကျိနန်၊ စုမုယောင်၊ လဲ့ကျန်းချီ၊ ချန်ဟွီနှင့် မြောင်ပန်တုံတို့ကို ထိတ်လန့်သွားစေသည်။

သူသွေးပြောင်းလဲခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်ကို ချိုးဖျက်ပြီးပြီမလား!

သို့စေကာမူ ဒီချိုးဖျက်သည့်အော်ရာက သူတို့ အင်မော်တယ်တပိုင်းနယ်ပယ်တွင် နယ်ပယ်အသေးလေးတစ်ခု ဖြတ်ကျော်စဉ်ကထက်ပင် ပို၍အားကောင်းသည်။

စုမုယောင်သက်ပြင်းချသည်။

"သူနယ်ပယ်သေးသေးလေးတစ်ခု ချိုးဖျက်စဉ်က ဖန်တီးဖြစ်စေခဲ့တဲ့ ဆူပူအုံကြွမှုက ငါတို့နဲ့ကွဲပြားတယ်...."

လင်းကျိနန် ပို၍ရှင်းလင်းစွာသိသဖြင့် ရှင်းပြသည်။

"ဒါကနယ်ပယ်ကို အရူးအမူးဖိနှိပ်ထားတဲ့ လက္ခဏာပဲ"

လင်းကျိနန် လေးနက်သည့်အမူအရာဖြင့် ပြောသည်။

"နယ်ပယ်ကို အဆက်မပြတ် ဖိနှိပ်ထားမှသာ အဆင့်ချိုးဖျက်နေတုန်း ဒီလိုအစွမ်းထက်တဲ့ ဝိဉာဉ်ချီအတက်အကျကို ဖြစ်စေနိုင်မှာ"

"ယဲ့ချိုးပိုင်မှာ ဒီလိုကြောက်မက်ဖွယ်ရာ တိုက်ခိုက်ရေးစွမ်းရည်ရှိတာ အံ့ဩသင့်စရာမရှိတော့ပါဘူးလေ...."

ဒါကိုကြားသောအခါ မြောင်ပန်တုံအားတင်းပြုံးသည်။

"ကျင့်ကြံသူတိုင်းက အဆင့်ချိုးဖျက်စဉ် သူတို့နယ်ပယ်ကို အရမ်းကြီးမဖိနှိပ်ထားကြဘူး၊ တစ်ချို့ဆိုရင် တိုက်ရိုက်တောင် ချိုးဖျက်ပစ်ကြတယ်"

"ဒါကနယ်ပယ်ကို အရမ်းကြီးဖိနှိပ်ထားတဲ့ ယဲ့ချိုးပိုင်လိုလူတစ်ယောက်ကို ငါပထမဆုံးတွေ့ဖူးတာပဲ..."

သို့စေကာမူ ဒါကအဓိပ္ပာယ်ရှိပါသည်။

ယဲ့ချိုးပိုင်က သွေးပြောင်းလဲခြင်းနယ်ပယ်ဆိုတာ ရှင်းနေသော်လည်း အင်မော်တယ်တပိုင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို တိုက်ခိုက်အနိုင်ယူနိုင်သည့် တိုက်ခိုက်ရေးစွမ်းရည်ရှိသည်။

ရက်တစ်၀က်ကြာပြီးနောက် ယဲ့ချိုးပိုင် သွေးပြောင်းလဲခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်ကို ချိုးဖျက်သွားခဲ့သည်။

(မူရင်းစာရေးဆရာက အထွတ်အထိပ်အဆင့်နှစ်ခါသုံးထားပါတယ်၊ ညီမထင်တာကတော့ ပထမက နောက်ဆုံးအဆင့်ဖြစ်ပြီး ဒုတိယမှ အထွတ်အထိပ်အဆင့်ဖြစ်တာဖြစ်ပါမယ်)

ဝိဉာဉ်ချီဝဲဂယက်က မပျောက်ကွယ်သွားသေးပေ။

ယဲ့ချိုးပိုင် ဆက်လက်အဆင့်ချိုးဖျက်ရန် မရွေးချယ်ဘဲ ယင်းအစား ကျန်သည့် ဝိဉာဉ်ချီများကို သူ့နယ်ပယ်ကို တည်ငြိမ်အောင် လုပ်ရန်အတွက် အသုံးပြုခဲ့သည်။

ဒါကယဲ့ချိုးပိုင်၏ ကျင့်ကြံခြင်းအမြင်နှင့် ခံယူချက်တစ်ခုလည်းဖြစ်သည်။

နောက်နယ်ပယ်ကို ချိုးဖျက်မည့်အကြောင်းကို စိုးရိမ်နေစရာမလို။

အကယ်၍ သူသာနောက်နယ်ပယ်ကို ချိုးဖျက်ရန်အတွက် အလျင်လိုနေပါက သူ့တာအိုအခြေခံက မတည်မငြိမ်ဖြစ်သွားပေလိမ့်မည်။

ထို့နောက်တွင် နယ်ပယ်ချိုးဖျက်မည့် အမြန်နှုန်းကလည်း နှေးသထက်ပို၍ နှေးကွေးလာပေလိမ့်မည်။

ကျန်သောဝိဉာဉ်ချီများက ယဲ့ချိုးပိုင်အတွက် တည်ငြိမ်အောင်လုပ်ရန် လုံလောက်နေပါပြီ။

ယဲ့ချိုးပိုင်မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် မုဖူရှန်းနှင့် ရှောင်ဟိုင်တို့ကလည်း ထွက်လာကြပြီဖြစ်သည်။

မုဖူရှန်းက ကျင့်ကြံရန်အတွက် သစ်သားပြားမှ ဝိဉာဉ်စွမ်းအင်ကို စုပ်ယူနေသော်လည်း ရှောင်ဟိုင်ကမူ ဒဏ်ရာများကို ပြန်လည်ကုသနေသည်။

ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင် ရှောင်ဟိုင်အား လှမ်းကြည့်ရင်းမေးသည်။

"မင်းဘယ်အထပ်ထိ ရောက်ခဲ့လဲ"

ရှောင်ဟိုင်မျက်လုံးဖွင့်ကာ ခေါင်းကုတ်ရင်း ပြုံးသည်။

"သတ္တမထပ်"

စုမုယောင်၊ လင်းကျိနန်နှင့် ကျန်သောသူအားလုံး ထိတ်လန့်တုန်လှုပ်သွားကြ၏။

သူတို့ ရှောင်ဟိုင်ကိုကြည့်သောအခါ မွန်းစတားတစ်ကောင်ကို ကြည့်နေသည့်အလား အမူအရာများက ပြောင်းလဲနေကြသည်။

ယဲ့ချိုးပိုင် အနည်းငယ်အံ့ဩသင့်သွားရသည်။

သို့စေကာမူ သူ့ကိုအံ့ဩသင့်စေသည့်အချက်က ရှောင်ဟိုင် သတ္တမထပ်ကို ရောက်နိုင်သည့်အတွက်ကြောင့် မဟုတ်ဘဲ သတ္တိအထပ်ထိသာ ရောက်နိုင်ခဲ့သည့် အချက်ကြောင့်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ကျင့်ကြံခြင်းမျှော်စင်၌ ဝိဉာဉ်ချီနှင့် ဝိဉာဉ်စွမ်းအားဖိနှိပ်ခြင်းက ကိုယ်ခန္ဓာက ပြုပြင်မွမ်းမံသည့် ရှောင်ဟိုင်အတွက် အသုံးမ၀င်ပါ။

ကျင့်ကြံခြင်းမျှော်စင်ထဲကို ၀င်ပြီးနောက် တစ်ခြားသူများအားလုံး၏ ခွန်အားက အနည်းဆုံး၈၀ရာခိုင်နှုန်းအထိ အားနည်းသွားရသည်။

တခြားတစ်ဘက်တွင် ရှောင်ဟိုင်က အစွမ်းကုန် တိုက်ခိုက်နေခဲ့သည်။

"သတ္တမအဆင့်ရဲ့ခွန်အားက ဘယ်လိုလဲ" ယဲ့ချိုးပိုင် အနည်းငယ်မျက်မှောင်ကြုတ်ကာမေးသည်။

"မင်းတောင်မှ သတ္တမအဆင့်ကိုပဲ ရောက်နိုင်တာလား"

ရှောင်ဟိုင်ခေါင်းခါယမ်းသည်။

"သတ္တမအဆင့်က ထာ၀ရနတ်ဆိုးကိုယ်ထည်ရဲ့ အဆင့်ခုနှစ်ကို ပြုပြင်မွမ်းမီနိုင်တယ်၊ ဒီတော့ သတ္တမအဆင့်မှာ ဆက်လက်မကျင့်ကြံသေးခင် ဒဏ်ရာတွေကို အရင်ကုသချင်လို့ ကျွန်တော် ထွက်လာဖို့ ရွေးချယ်လိုက်တာပါ"

"ဒါပေမယ့် သတ္တမအဆင့်က မှော်သားရဲတွေရဲ့ခွန်အားက အောက်က ခြောက်ထပ်နဲ့ အဆင့်တူမှာမဟုတ်ဘူး"

ယဲ့ချိုးပိုင်မေးသည်။

"ဒီတော့ မင်းတိုက်ခိုက်ခဲ့လား"

ရှောင်ဟိုင်ခေါင်းညိတ်သည်။

"တိုက်ခိုက်ခဲ့ပါတယ်"

ဒီစကားလုံးများက လင်းကျိနန်နှင့် ကျန်သောသူများကို ပို၍ပင် ဆွံအသွားစေသည်။

ဒါက သတ္တမအဆင့်ကို မကျော်ဖြတ်နိုင်တာမဟုတ်ဘဲ ဒီအဆင့်က ကျင့်ကြံရန်အတွက် အတော်လေးသင့်တော်သောကြောင့်ပင်။ ထို့ကြောင့် သူက သတ္တမအဆင့်တွင် ဆက်နေရန် ဆန္ဒရှိသည်။

ဒီခြားနားချက်က နည်းနည်းလေးပဲမဟုတ်ပါ။

ထိုအချိန်တွင် အဆောင်သုံးခုက မုဖူရှန်း၀န်းကျင်၌ ပေါ်လာခဲ့သည်။

အဆောင်တစ်ခုစီက အော်ရာကို သီးသန့်ဖယ်ရှားရန်အတွက် အတားအဆီးတစ်ခုစီကို ထုတ်လွှတ်ရင်း မုဖူရှန်းအား ၀န်းရံပစ်သည်။

လူတိုင်းလှမ်းကြည့်လိုက်ကြ၏။

သူဘာလုပ်နေတာလဲ!

ယဲ့ချိုးပိုင်နှင့် ရှောင်ဟိုင်တို့ကသာ မုဖူရှန်း အဆင့်ချိုးဖျက်နေတာကို သိကြသည်။

ဒီကလေး၏စရိုက်အရ သူအဆင့်ချိုးဖျက်လျှင်ပင် တစ်ခြားသူများကို သိခွင့်ပေးမည်မဟုတ်။

ယဲ့ချိုးပိုင်တို့ပင်လျှင် မုဖူရှန်း၏ တိကျသောနယ်ပယ်ကို မသိပါ။

သို့သော် ဒါက သေချာပေါင် အင်မော်တယ်နယ်ပယ်အောက်တွင် ရှိမည်သာ။

မဟုတ်ပါက သေမင်းဝိဉာဉ်မြို့ကို သူဘယ်လိုလုပ် ၀င်နိုင်မည်နည်း။

သေမင်းဝိဉာဉ်မြို့က မြေအင်မော်တယ်နယ်ပယ်နှင့် အထက်အဆင့်များကို ၀င်ခွင့်မပြုပေ။

အမွေးတိုင်တစ်တိုင်စာခန့်ကြာပြီးနောက် အတားအဆီးက ပျောက်ကွယ်သွားသည်။

မုဖူရှန်းပြုံးကာ ထရပ်သည်။

"ဒီကျင့်ကြံခြင်းမျှော်စင်က တကယ်ပဲ နေရာကောင်းတစ်ခုပဲ"

မုဖူရှန်းလည်း စတုတ္ထအဆင့်ကိုရောက်ခဲ့သည်။

ယဲ့ချိုးပိုင်ပြုံးကာခေါင်းညိတ်သည်။

"မြန်မြန်ဆက်ပြီးကျင့်ကြံရအောင်"

သူတို့သုံးယောက် ကျင့်ကြံခြင်းမျှော်စင်ဆီသို့ လျှောက်သွားသည့်မြင်ကွင်းကိုကြည့်ရင်း လင်းကျိနန်နှင့် ကျန်သောသူများက စိတ်ရှုပ်ထွေးနေကြသည်။

ဒီသုံးယောက်က မွန်းစတားသုံးယောက်ပေတည်း။

အပိုင်း(716) coming။

All Chapters