← Chapters

#ဝိဉာဉ်ကိုဝါးမြိုတာလား၊ မင်းကမထိုက်တန်ဘူး#

Vol. 51 Ch. 716

#ဝိဉာဉ်ကိုဝါးမြိုတာလား၊ မင်းကမထိုက်တန်ဘူး#

Vol. 51 Ch. 716

ထိုအချိန်တွင် ငရဲမြို့၌ ပန်ရှီက နတ်ဆိုးဘုရင်မြို့ကို သိမ်းပိုက်ခဲ့သည့်အကြောင်း ငရဲဘိုးဘေးကို ပြောပြခဲ့သည်။ တစ်ချိန်တည်းမှာပင် အခြေအနေကို အမှန်အတိုင်း သူအစီရင်ခံခဲ့သည်။

"ဘိုးဘေး၊ လျှို့ဝှက်ကြံစည်မှုတစ်ခုခု ရှိနေတာများလား"

သို့စေကာမူ ငရဲဘိုးဘေးက လက်ဝှေ့ယမ်းကာ ပြောသည်။

"မင်းတို့ နတ်ဆိုးဘုရင်မြို့ကို တိုက်ခိုက်လာလိမ့်မယ်လို့ သူတို့ခန့်မှန်းထားခဲ့တာပဲ၊ အခု လျှို့ဝှက်ကျင့်စဉ်နဲ့ဆိုရင် သူတို့ မင်းတို့ကို မခုခံနိုင်တာကို သိကြတော့ အရင်ဆုံး နောက်ဆုတ်သွားကြတာပဲ"

"ဒါပေမယ့် ဒါကပြဿာနာတစ်ခုတော့ မဟုတ်ပါဘူး၊ ငါနတ်ဆိုးဘုရင်မြို့က အဲဒီဝိဉာဉ်ကို စုပ်ယူနိုင်သရွေ့ ဒီသောက်ကျိုးနည်းသေမင်းဝိဉာဉ်မြို့ရဲ့ စည်းတံဆိပ်ကို စိတ်ကြိုက်ချိုးဖျက်နိုင်ပြီ"

ထိုအချိန်က ငရဲဘိုးဘေး သေမင်းဝိဉာဉ်မြို့၌ ဖိနှိပ်ခံထားခဲ့ရသည့်အချိန်တွင် နတ်ဆိုးဘုရင်မြို့၌လည်း ဝိဉာဉ်တစ်ခု ဖိနှိပ်ခံထားရတာကို သူအာရုံခံမိခဲ့သည်။

ထိုဝိဉာဉ်၏ခွန်အားကို သူအာရုံခံမိသောအခါ ထိတ်လန့်တုန်လှုပ်သွားရသည်။

ထိုဝိဉာဉ်က ပြိုကွဲနေတာသိသာထင်ရှားနေသည်။

သို့သော် ထိုကွဲအက်နေသည့်ဝိဉာဉ်ကပင် အထွတ်အထိပ်အဆင့်တွင်ရှိသည့် သူ့နတ်ဝိဉာဉ်ထက် အဆပေါင်းများစွာ အားကောင်းသည့်ခံစားချက်ကို သူ့ကိုခံစားရစေသည်။

ဒီဝိဉာဉ်ကသာ ပြီးပြည့်စုံသွားပါကရော!

အသက်ရှင်စဉ်က ဒီဝိဉာဉ်က မည်မျှပင် အစွမ်းထက်လေသနည်း။

ဒီအကြောင်းကို တွေးနေစရာပင်မလို။

ဒီအကြွင်းအကျန်ဝိဉာဉ်က အဆင့်မြင့်ကြယ်နယ်မြေက ထိပ်တန်းအဆင့်ပုဂ္ဂိုလ်တစ်ဦး သေချာပေါက်ချန်ထားခဲ့ခြင်း ဖြစ်မယ်ဆိုတာ ငရဲဘိုးဘေးသိပါသည်။

သူတို့အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ငရဲဘိုးဘေး၏ နားလည်မှုအရ ဘယ်သူမှ ဒီအဆင့်ကို မရောက်နိုင်ပေ။

"ငါမင်းကိုပေးထားတဲ့ပစ္စည်းတွေကို နတ်ဆိူဘုရင်မြို့မှာ ချထားပြီးပြီလား"

ငရဲဘိုးဘေးပေးခဲ့သည့်စိတ်ဝိဉာဉ်ကို လျှို့ဝှက်ကျင့်စဉ်တစ်ခုအဖြစ် အသုံးပြုနိုင်သည်သာမက ငရဲဘိုးဘေး၏ ဝိဉာဉ်ကိုယ်ထည်နှင့် တံတိုင်းတစ်ခုအဖြစ်ပင် အသုံးပြုနိုင်သည်။

လက်ရှိငရဲဘိုးဘေးက ပန်ရှီနှင့် ကျန်သုံးယောက်ကြောင့် သေတ္တာ၏စည်းတံဆိပ်ကို ချိုးဖျက်ကာ နိုးထလာခဲ့သည်။

သို့စေကာမူ သူကျောက်တိုင်သုံးတိုင်၏ ဖိနှိပ်မှုကို မချိုးဖျက်နိုင်သေးပါ။

အကယ်၍ သူသာ နတ်ဆိုးဘုရင်မြို့တွင် ဖိနှိပ်ခံထားရသည့် အကြွင်းအကျန်ဝိဉာဉ်ကိုသာ စုပ်ယူလိုပါက တံတိုင်းတစ်ခု ဖန်တီးရမည်။

ဒီတံတိုင်းက ပန်ရှီနှင့်ကျန်သုံးယောက်ကို ပေးထားသည့် ဝိဉာဉ်စွမ်းအားဖြစ်သည်။

ပန်ရှီချက်ချင်းခေါင်းညိတ်သည်။

"ကျွန်တော် ဘိုးဘေးရဲ့ဝိဉာဉ်စွမ်းအားကို နတ်ဆိုးဘုရင်မြို့က ကျောက်တိုင်ဘေးမှာ ထားခဲ့ပါပြီ"

"ကောင်းတယ်"

ငရဲဘိုးဘေးကျေနပ်စွာ ခေါင်းညိတ်ရင်း ဆိူယုတ်စွာပြုံးသည်။

"ငါဒီအကြွင်းအကျန်ဝိဉာဉ်ကို စုပ်ယူပြီး ခန္ဓာကိုရှာပြီးတဲ့အခါကျရင် ငါ့ခွန်အားက အထွတ်အထိပ်အဆင့်မှာရှိစဉ်ကထက် အများကြီး ပိုအားကောင်းသွားလိမ့်မယ်"

ထို့နောက် ငရဲဘိုးဘေးမျက်လုံးများကို မှိတ်ကာ နတ်ဆိုးဘုရင်မြို့တွင် ချန်ထားခဲ့သည့် ဝိဉာဉ်စွမ်းအားကို အာရုံခံလိုက်၏။

ထို့နောက်သူ့၏ ကြည်လင်နေသောလက်များက စည်းတံဆိပ်များဖန်တီးသည်။

သွေးရောင်ရှေးဟောင်းစာလုံးက ငရဲဘိုးဘေးရှေ့ လေထဲတွင် ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် နတ်ဆိုးဘုရင်မြို့၏ ကျောက်တိုင်သုံးတိုင်ဘေးတွင် ချန်ထားခဲ့သည့် ဝိဉာဉ်စွမ်းအားလေးခု၌လည်း အလားတူ သွေးရောင်ရှေးဟောင်းစာလုံးများ ပေါ်လာပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ၌ ပေါ်လာခဲဘသည်။

သွေးရောင်ရှေးဟောင်းစာလုံး ပေါ်လာတာနှင့် ဝိဉာဉ်စွမ်းအားစီးကြောင်းလေးခုက မမြင်ရသည့် ခြေလက်များအဖြစ် ပြောင်းလဲကာ ကျောက်တိုင်ကိုထိသည်။

ဒါက ဝိဉာဉ်ကိုယ်ထည်မှတစ်ဆင့် အသက်သွင်းထားသည့် လျှို့ဝှက်ကျင့်စဉ်တစ်ခုဖြစ်သော်လည်း အတော်လေးထူးခြားသည်။

ဒီကျောက်တိုင်များက သူ့ကိုဖိနှိပ်မည်မဟုတ်။

မမြင်ရသည့်ခြေလက်လေးခုက ကျောက်တိုင်ထဲသို့ ရောက်သွားပြီး ဂူအနက်သို့ ၀င်သွားခဲ့သည်။

မမြင်ရသည့်ခြေလက်လေးခု ဂူထဲ၀င်လိုက်သည်နှင့် အဝေးငရဲမြို့၌ ရှိနေသည့် ငရဲဘိုးဘေး မျက်မှောင်ကြုတ်ကာ လေးနက်သည့် အမူအရာတစ်ခုက သူ့မျက်နှာထက်၀ယ် ပေါ်ပေါက်လာသည်။

အထဲက နတ်ဆိုးချီက သူ့ကို အတော်လေးအန္တရာယ်ရှိသည်ဟု ခံစားရစေသည်။

မသိစိတ်ကပင် ငရဲဘိုးဘေး၌ သူ့ကို အညံ့ခံအောင် လုပ်နေသည့် အသိစိတ်တစ်ခု ရှိနေခဲ့သည်။

ဒါဘယ်လိုအကြွင်းအကျန်ဝိဉာဉ်မျိုးလဲ!

အကြွင်းအကျန်ဝိဉာဉ်ကတောင် ဒီလိုအစွမ်းထက် အော်ရာကို ထုတ်လွှတ်နိုင်တာလား!

သို့စေကာမူ ဒီလိုပိုဖြစ်လေလေ၊ ငရဲဘိုးဘေးက ပို၍စိတ်လှုပ်ရှားကာ အံ့ဩသင့်လာလေလေဖြစ်သည်။

ဒီအကြွင်းအကျန်ဝိဉာဉ်အော်ရာက ပိုအားကောင်းလေလေ၊ လုံး၀စုပ်ယူပြီးနောက် ပိုအားကောင်းလာမည်မဟုတ်ပေလော။

တကယ်တမ်းတွင် ဒီအကြွင်းအကျန်ဝိဉာဉ်ကို စုပ်ယူပြီးနောက် သူ့ခွန်အားက အလယ်အလတ်အဆင့် ကြယ်နယ်မြေတစ်ခုလုံးတွင် ပြိုင်ဘက်ကင်းဖြစ်လာမှာကို ငရဲဘိုးဘေးသေချာသည်။

သူက အလယ်အလတ်အဆင့်ကြယ်နယ်မြေကို စုစည်းရန်အတွက် ကောင်းကင်ပြာမြစ်ဝါနန်းတော်၏ အကူအညီကို နောက်ထပ် မလိုအပ်တော့တာလည်း ဖြစ်နိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ဒီလိုအခြေအနေတွင် ငရဲဘိုးဘေး၌ နောက်ဆုတ်ရန် ရည်ရွယ်ချက်မရှိပါ။

မမြင်ရသည့်ခြေလက်များ၏ အောက်သို့ ဆန့်ထွက်နေသောနှုန်းက မြန်သထက် ပိုမြန်လာသည်။

တွင်းက အဆုံးမဲ့ပုံရသည်။

၎င်းတို့က တစ်ရက်ကြာ ငုပ်လျှိုးပြီးနောက်မှသာ ကျယ်ပြောသည့်နေရာတစ်ခုကို ရောက်လာကြသည်။

ထိုနေရာသို့ရောက်လာစဉ် မမြင်ရသည့်ခြေလက်များက ငရဲဘိုးဘေး၏ မျက်လုံးများပမာ။ သူပတ်ပတ်လည်က မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်ရသောအခါ ပို၍ပင် ထိတ်လန့်သွားသည်။

ဒီနေရာက ကြီးမားသည့်မြေအောက်ရဲတိုက်တစ်ခုပင်။

ရဲတိုက်တစ်ခုလုံးက အနက်ရောင်အဆင်းရှိပြီး ခမ်းနားထည်ဝါသည်။

ဒီရဲတိုက်ကိုမြင်သောအခါ သူပင်လျှင် အလွန်အမင်း သေးနုတ်သလိုခံစားရသည်။

သူ့ကိုပို၍ထိတ်လန့်စေတာက ရဲတိုက်၏ တည်ဆောက်ပုံက ကျောက်တိုင်များနှင့် အမှန်တကယ် တည်ဆောက်ထားခြင်းပင်။

ဒါတွေအားလုံးကို ကျောက်တိုင်များနှင့် ပြုလုပ်ထားသည်ဟု ဆို၍ရသည်။

ယှဉ်၍မရနိုင်လောက်အောင် ကြီးမားသည့် ဖိနှိပ်မှုက ငရဲဘိုးဘေးကို အသက်ရှူကျပ်သလို ခံစားရစေသည်။

အကြွင်းအကျန်ဝိဉာဉ်တစ်ခုကို ဒီလိုနည်းနဲ့ ဖိနှိပ်ဖို့ လိုသေးတာလား!

သေမင်းဝိဉာဉ်မြို့ရဲ့ ဉာဏ်ကြီးရှင်ကိုတောင် ဒီလိုလုပ်စေတာဆိုတော့ ဒါက ဘယ်လောက်တောင် အစွမ်းထက်တာလဲ!

သူ့ဝိဉာဉ်ကိုပင်လျှင် ချိပ်ပိတ်ရန်အတွက် ကျောက်တိုင်ထဲက သေတ္တာတစ်ခုတွင်သာ ထည့်ထားခဲ့သည်။

ဒါ့အပြင် ချိပ်ပိတ်ထားတာက သူ့၏ ပြည့်စုံသောဝိဉာဉ်ကိုယ်ထည်ပင်။

ငရဲဘိုးဘေး ရဲတိုက်ထုတ်လွှတ်သည့် ဖိနှိပ်မှုနှင့် ပြင်းထန်သည့်အော်ရာကို အတင်းသည်းခံမျိုသိပ်ရင်း စိတ်လှုပ်ရှားစွာ ရဲတိုက်အတွင်းပိုင်းကို ထိလိုက်၏။

သူတံခါးထဲသို့ ၀င်လိုက်သောအခါ သူ့ရှေ့၌ ရဲတိုက်အလယ်တွင် ထူထဲသည့်သံကြိုးများနှင့် ချိပ်ပိတ်ထားသည့် အနက်ရောင်အကြွင်းအကျန် ဝိဉာဉ်တစ်ခုရှိသည်။

ဒီလိုဖိနှိပ်ခံထားရသည့်တိုင် ဝိဉာဉ်ကို ထိုးမွှေနိုင်သည့် ခွန်အားရှိသေးသည်။

ငရဲဘိုးဘေး အလွန်အမင်းစိတ်လှုပ်ရှားသွားပြီး အကြွင်းအကျန်ဝိဉာဉ်ကို ထိလိုက်၏။

ယခုတွင်မူ ငရဲဘိုးဘေးက ဒီအစွမ်းထက် အကြွင်းအကျန်ဝိဉာဉ်ကို ရင်ဆိုင်ရသောအခါ သူ့၏ဆင်ခြင်တုံတရားကိုပင် ဆုံးရှုံးသွားပုံရသည်။

သူဒီအကြွင်းအကျန်ဝိဉာဉ်ကိုသာ စုပ်ယူချင်တော့သည်။

သူအကြွင်းအကျန်ဝိဉာဉ်ကို ထိတော့မည့်ဆဲဆဲတွင် ရုတ်တရက် နတ်ဆိုးဆန္ဒကို ခံစားလိုက်ရသဖြင့် ငရဲဘိုးဘေးရပ်လိုက်သည်။

ခြေလက်များရှေ့တွင် ဧရာမနတ်ဆိုးဆန္ဒက အနက်ရောင်ပုံရိပ်တစ်ခုအဖြစ် ကျုံ့သွားခဲ့သည်။

ပုံရိပ်က လုံး၀မည်းမှောင်နေပြီး ၎င်း၏မျက်နှာကို မမြင်ရပေ။

အနက်၀တ်ပုံရိပ်က ခေါင်းငုံ့ရင်း ငရဲဘိုးဘေးဝိဉာဉ်၏ ခြေလက်များကို ငုံ့ကြည့်သည်။

"မင်းငါ့ဝိဉာဉ်ကို ဝါးမြိုချင်တာလား"

ငရဲဘိုးဘေးစကားမပြောခဲ့ပေ။ ဒါက သူစကားမပြောချင်ခြင်း မဟုတ်ဘဲ ဒီနတ်ဆိုးဆန္ဒ၏ ဖိနှိပ်မှုအောက်တွင် သူစကားမပြောနိုင်တော့သောကြောင့်ပင်။

သူကအဝေးက ငရဲမြို့တွင်ဆိုသော်လည်း ဝိဉာဉ်ခြေလက်များမှ ဖိအားက သူ့ဝိဉာဉ်ကိုယ်ထည်ကို တုန်ယင်စေသည်။

ပန်ရှီနှင့် ကျန်သောသူများ၏ ထိတ်လန့်နေသည့်အကြည့်အောက်တွင် သူဒူးထောက်ကျသွားပြီး မြေ‌ပေါ်၌ လဲကျသွားသည်။

ဘာဖြစ်နေတာလဲ!

ပန်ရှီထိတ်လန့်တုန်လှုပ်သွား၏။

ဘယ်အရာကများ သူတို့ဘိုးဘေးကို ယခုလိုအရှက်ရဖွယ်အရာမျိုးကို လုပ်စေခဲ့လေသနည်း။

ထိုစဉ် ရဲတိုက်ထဲတွင် အနက်ရောင်အရိပ်က ခြေလက်များကိုငုံ့ကြည့်ရင်း တည်ငြိမ်စွာပြောသည်။

"မင်းကမထိုက်တန်ဘူး"

စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် အရိပ်က လက်ကို ဝှေ့ယမ်းသည်။

ရုတ်ချည်းဆိုသလို ခြေလက်များက ပြိုကွဲကာပျောက်ကွယ်သွား၏။

တစ်ချိန်တည်းမှာပင် ငရဲမြို့က ငရဲဘိုးဘေး၏ကိုယ်က ပို၍ပင်ကြည်လင်ပါးလွှာလာသည်။

အကယ်၍ သူသာသူ့ဝိဉာဉ်စွမ်းအားကို အတင်းမဖြတ်တောက်ခဲ့ပါက သူပျောက်ကွယ်သွားသည်မှာ ကြာမြင့်နေလေပြီ။

အပိုင်း(717) coming။

All Chapters