#ပန်ရှီကို ဖြတ်သည့်ဓား#
Vol. 51 Ch. 727
ပိုမြင့်မြင့်သွားလေလေ၊ ခွန်အားကွာဟချက်က ပိုကြီးလာလေလေဟု ဆိုရလေသနည်း။
အဖြေကသိသာထင်ရှားပါသည်။
နယ်မြေတိုင်းတွင် နယ်မြေနှလုံးသားတစ်ခုစီ ရှိကြသည်။ နယ်မြေနှလုံးသားဖြင့်သာ ဒီနယ်မြေ၏ ကောင်းကင်ဘုံတာအို ဖြစ်နိုင်မည်သာ။
အလားတူပင် ကြယ်နယ်မြေတွင်လည်း ၎င်း၏ကိုယ်ပိုင်နှလုံးသားရှိသည်။
ပို၍ကြီးမားသည့်နှလုံးသားကိုပင် ပိုင်ဆိုင်သည့် ပိုမြင့်မားသောကြယ်နယ်မြေသုံးခုရှိသည်။
တကယ်တမ်းတွင် ဒါကနားလည်ရလွယ်ကူသည်။ ဒါက အဆင့်မြင့်နှင့်အဆင့်နိမ့်အဆင့်များကြားက ဆက်နွှယ်မှုတစ်ခုပင် မပိုပေ။
နယ်မြေနှလုံးသားက ကြယ်နယ်မြေနှလုံးသားနှင့်တူသည်။ တစ်ချိန်တည်းမှာပင် ကြယ်နယ်မြေနှလုံးသားက သေမျိုးနယ်မြေနှလုံးသားထက် ပိုသေးသည်။
သေမျိုးနယ်မြေနှလုံးသားက သေမျိုးနယ်မြေထိပ်တွင် တည်ရှိသည်။ ထို့ကြောင့် ပိုနီးသည့်အရာက ဒီခုန်နေသည့်နှလုံးသားဖြစ်ပြီး ဝိဉာဉ်ချီပို၍ကြွယ်၀လေလေ၊ ဆန္ဒနယ်ပယ်နှင့် မဟာတာအိုစည်မျဉ်း၃၀၀၀ကျော်ပင် ဖြစ်လာနိုင်ပေသည်။
တခြားတစ်ဘက်တွင် မြေအောက်ကမ္ဘာ၏ အဝါရောင်စမ်းရေက ဆန့်ကျင်ဘက်ဖြစိသည်။
မြေအောက်အဝါရောင်စမ်းရေက ရှင်သန်ရန်အတွက် ဝိဉာဥ်ချီကို မမှီခိုထားသလို ယင်းအစား အဝါရောင်စမ်းမှ သေခြင်းစွမ်းအင်များကို မှီခိုထားသည်။
အဝါရောင်စမ်း၏ သေမင်းအော်ရာအရင်းအမြစ်က မြေအောက်ကမ္ဘာပင်။
မြေအောက်ကမ္ဘာက သေမျိုးကမ္ဘာ၏ အောက်တွင် တိုက်ရိုက်တည်ရှိသည်။
ဒါကြောင့်လည်း အဆင့်နိမ့်ကြယ်နယ်မြေက မြေအောက်ကမ္ဘာမြစ်က အလယ်အလတ်နှင့် အဆင့်မြင့်ကြယ်နယ်မြေထက် ပိုအားကောင်းနေရသည့် အကြောင်းရင်းပင်။
ထိုအချိန်တွင် လူတိုင်း၏အပိုအချိန်လေးများက ယဲ့ချိုးပိုင်နှင့်ပန်ရှီတို့၏ တိုက်ပွဲမြေပြင်ကို အာရုံစိုက်နေကြသည်။
လေဟာနယ်ထဲတွင် သွားစွယ်တစ္ဆေအုပ်စုကြီးတစ်စုက ပန်ရှီကို ဝိုင်းရံထားသည်။
ထို့ထဲတွင် သွေးသတ်ဖြတ်ခြင်းဆန္ဒက လေပြင်းတစ်ချက်ပမာ ကမ္ဘာကြီးအား တိုက်ခတ်သွားခဲ့သည်။ ပန်ရှီက လေပြင်း၏မျက်လုံးဖြစ်ပြီး ၎င်းက ဆက်လက်လှည့်ပတ်နေသည်။
ယဲ့ချိုးပိုင်တွင် ပန်ရှီကဲ့သို့ ယခုလို ကြောက်မက်ဖွယ်ရာအော်ရာမျိုး မရှိပါ။
သူ့၀န်းကျင်က ဓားဆန္ဒက လုံး၀အတိအလင်း ပျောက်ကွယ်သွားခဲ့သည်။
ထိုနေရာတွင် ယဲ့ချိုးပိုင်၏ကိုယ်ကို လွှမ်းခြုံထားသည့် အင်မော်တယ်ဓားတစ်၀က်အဆင့် ဓားဆန္ဒနှင့် သူ့လက်ထဲက ကိုးပေရှည်ကြယ်ကြွေဓားတို့သာ ရှိသည်။
သို့စေကာမူ ဒီအတွက်ကြောင့်ပင် လူတိုင်း သူ့ကို အထင်အမြင်သေးနေတာကို ရပ်လိုက်ကြရသည်။
လူတိုင်းက သူတို့ခွန်အားကို ဒီလိုအတိုင်းအတာတစ်ခုအထိ မဖိသိပ်နိုင်ပေ။
ဓားက ဓားဆန္ဒပေါ်၌ အလွန်အမင်း အားကောင်းသည့် ထိန်းချုပ်နိုင်စွမ်းလိုအပ်ပြီး ဒါကို ဓားတာအိုဟုပင် ခေါ်သည်။
ဓားတာအိုထဲသို့ ဂီတဖြင့် ၀င်လာခဲ့သည့် ပါရမီရှင်လဲ့ကျန်းချီဖြစ်စေ၊ သေသွားခဲ့ပြီးပြီဖြစ်သော ဝိဉာဉ်အင်မော်တယ်နန်းတော်၏ အဆင့်တစ်ဓားသမား ကုရှီဖြစ်စေ သူတို့တွင် ဒီလိုလုပ်နိုင်သည့် စွမ်းရည်မရှိပါ။
ထို့ကြောင့်ပင် ယဲ့ချိုးပိုင်တစ်ဦးတည်းသာ ဒါကို လုပ်နိုင်ခဲ့သည်။
ယဲ့ချိုးပိုင်၏နောက်ထပ်ဓားချက်က အလွန်အမင်း ကြောက်စရာကောင်းနေသည်။
ပန်ရှီ သူ့ရှေ့က ယဲ့ချိုးပိုင်ကို လေးနက်သည့် အမူအရာဖြင့် ကြည့်လိုက်၏။
ယခုလိုလူမျိုးကို မကြီးထွားလာနိုင်သေးခင်မှာပင် သတ်ပစ်ရပေမည်။
သူ့၏ကြီးထွားနှုန်းက အရမ်းမြန်ဆန်လွန်းသည်။
ဓားတာအိုအပေါ် သူ့ပါရမီက အရမ်းအားကောင်းလွန်းသည်။
အကယ်၍သူ့ကိုသာ ဆက်လက်ကျင့်ကြံခွင့်ပေးမည်ဆိုပါက အနာဂတ်တွင် ငရဲဂိုဏ်းအတွက် ကြီးမားသည့်ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည်။
ဒါကိုတွေးမိသောအခါ ပန်ရှီ အလွန်အမင်း ဖိနှိပ်နိုင်သည့်အော်သံကို ထုတ်လွှတ်ရင်း လက်ဖဝါးကို ရှေ့သို့တွန်းလိုက်၏။
ပန်ရှီ၏လက်ဖဝါးက ခုခံမှုအနည်းငယ် ရှိပုံရပြီး သူအစွမ်းကုန်တွန်းနေသည်။ သူ့လက်မောင်းတစ်ခုလုံးက သွေးကြောများက အရေပြားတွင် တီကောင်များပမာ ဖုထစ်ကာ တွားတွားနေသည်။
သူ့နောက်က ဧရာမသွေးရောင်လက်သည်းများက ဒီကမ္ဘာကြီးက အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်ချင်ပုံရပြီး ယဲ့ချိုးပိုင်ထံ တိုး၀င်လာသည်။
သွေးရောင်လက်သည်းများက ယူဆောင်လာသော အရိပ်က ယဲ့ချိုးပိုင်၏ကိုယ်ခန္ဓာကို အပြည့်အ၀ဖုံးလွှမ်းသွားခဲ့သည်။
သူ့မျက်နှာကို ကျူးကျော်နေသည့် သွေးအော်ရာနှင့်အတူ သွားစွယ်တစ္ဆေများက တစ်ကောင်ပြီးတစ်ကောင် ထက်ရှသည့် မြည်ကြွေးသံများကို ထုတ်လွှတ်ကြသည်။
တုံ့ပြန်သည့်အနေနှင့် ယဲ့ချိုးပိုင်၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိပါ။
ကမ္ဘာတုန်လှုပ်ဖွယ်ရာ သွေးအနံ့ဖြစ်စေ၊ မကောင်းဆိုးဝါးတစ္ဆေများ၏ နာကျည်းဖွယ်ရာ ဟစ်ကြွေးသံများဖြစ်စေ၊ အားလုံးက ယဲ့ချိုးပိုင်၏ကိုယ်ခန္ဓာကို ဖုံးအုပ်ထားသည့် အင်မော်တယ်ဓားတစ်၀က်အဆင့် ဓားဆန္ဒအောက်၌ ပိတ်ဆို့ခံရသည်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်လှုပ်ရှားသည်။
ယဲ့ချိုးပိုင် ဓားလက်ကိုင်ကို လက်နှစ်ဖက်နှင့် တင်းတင်းကိုင်ပြီး ညာခြေနှင့် ရှေ့တစ်လှမ်းလှမ်းကာ ဒူးကို အနည်းငယ် ကွေးလိုက်၏။
ဒီအခိုက်အတန့်၌ အဆုံးစွန်ထိ ဖိသိပ်ခံထားရသည့် ကြယ်ကြွေဓားပညာရပ်နှင့် အင်မော်တယ်ဓားတစ်၀က်အဆင့်ဓားဆန္ဒတို့က လုံးလုံးလျားလျား ပေါင်းစပ်သွားခဲ့သည်။
ရလဒ်အဖြစ် ကြယ်ကြွေဓားတစ်ဝိုက်က လေဟာနယ်က ပုံပျက်ကာ စုတ်ပြဲသွားပုံရသည်။
သွေးရောင်လက်သည်းက ယဲ့ချိုးပိုင်ရှေ့သို့ ရောက်လာသောအခါ ယဲ့ချိုးပိုင် ရုတ်တရက် ခြေများကို ဖြောင့်တန်းပစ်သည်။
သူ့ကိုယ်ခန္ဓာက လေးကြိုးမှ လွှတ်လိုက်သည့်အမာ ပစ်၀င်သွား၏။
တစ်ချိန်တည်းမှာပင် သူ့လက်ထဲက ကိုးပေရှည်ကြယ်ကြွေဓားက ရှေ့သို့ ပိုင်းဖြတ်ပစ်သည်။
ဘန်း......!
ကိုးပေရှည်ကြယ်ကြွေဓားက ကျယ်လောင်သည့် မြည်သံနှင့်အတူ သွေးရောင်လက်သည်းလက်ဖဝါးချက်အား ထိမှန်သည်။
ဧရာမနောက်ဆက်တွဲလှိုင်းကြီးက ပတ်၀န်းကျင်ကို လှုပ်ခတ်သွားစေသည်။
ကြယ်တိမ်တိုက်မြို့၏စံအိမ်များက ထိုအချိန်တွင် အဆက်မပြတ် ပြိုကျနေသည်။
မြေပေါ်တွင်ရှိသည့် လဲ့ကျန်းချီတို့မှာ ကုသအားဖြည့်နေတာကို ရပ်လိုက်ပြီး နောက်ဆက်တွဲလှိုင်းကို ခုခံရန်အတွက် ဝိဉာဉ်ချီအတားအဆီးတစ်ခုစီ ထုတ်လွှတ်လိုက်ရသည်။
ဒီနောက်ဆက်တွဲငလျင်၏ ခွန်အားကို သူခံစားမိသည်။
စုမုယောင်ဖြစ်စေ၊ လဲ့ကျန်းချီ သို့မဟုတ် ချန်ဟွီဖြစ်စေ အားလုံး တုန်လှုပ်ချောက်ချားသွားကြ၏။
ဒီနှစ်ယောက်ကြားတိုက်ပွဲက ထုတ်လွှတ်တဲ့ နောက်ဆက်တွဲငလျင်က ဒီလိုအဆင့်တစ်ခုကို တကယ်ရောက်နိုင်တာလား!
ဒီလိုဆိုပါက ဒီနှစ်ယောက်ရဲ့ခွန်အားက ဘယ်အဆင့်ထိ ရှိနေလေသနည်း။
လက်ရှိယဲ့ချိုးပိုင်ကို ရင်ဆိုင်ပါက သူတို့တွက် ခုခံရန်အတွက် အခွင့်အရေးတစ်ခုလေးပင် ရှိမည်မဟုတ်။
သူတို့က အင်မော်တယ်တပိုင်းနယ်ပယ် အထွတ်အထိပ်အဆင့်ကို ချိုးဖျက်ခဲ့လျှင်ပင် ဒါကတူညီနေဆဲသာ။
ခြားနားချက်က အရမ်းကြီးမားလွန်းသည်။
သွေးနီလက်သည်းများကို ထုတ်လွှတ်ခဲ့သည့် ပန်ရှီမှာ ဒီမြင်ကွင်းကို မြင်သောအခါ အတော်လေးကြည့်ရဆိုးနေခဲ့သည်။
မူလက သူ့ဝိဉာဉ်ကိုလုံး၀လောင်ကျွမ်းကာ ဒီအစွမ်းကုန်တိုက်ချက်ကိုသုံးရင်း ယဲ့ချိုးပိုင်အား ဒီနေရာတွင် သတ်ပစ်လိုခဲ့ခြင်းဖြစ်သည်။
သို့စေကာမူ ဒီတိုက်ချက်ကလည်း ယဲ့ချိုးပိုင်အား မခွဲနိုင်ခဲ့သလို တစ်ခြားဘက်ကို ဖိနှိပ်ရန်အတွက်ပင် မစီမံနိုင်ခဲ့ပေ။
ဒါကိုတွေးမိသောအခါ ပန်ရှီ၏မျက်သူငယ်အိမ်များက ရုတ်တရက် ကျုံ့သွားခဲ့သည်။
သူ့မျက်သူငယ်များက မြေငလျင်တစ်ခုပမာ အဆက်မပြတ် တုန်ယင်နေသည်။
ကွေ့ကောရင်၏ အမူအရာကလည်း လေးနက်နေသည်။
မနီးမဝေးတစ်နေရာက တိုက်ပွဲမြေပြင်ကို အဆက်မပြတ် အာရုံစိုက်နေသည့် မုဖူရှန်းမှာ ဒီမြင်ကွင်းကို မြင်သောအခါ ပြုံးလိုက်မိသည်။
တကယ်တမ်းတွင် သူ့အစ်ကိုကြီးက အစ်ကိုကြီးဖြစ်နေဆဲပါ။
သူတို့ထဲကဘယ်သူမှ နယ်ပယ်ဖြတ်ကျော်တိုက်ပွဲများတွင် သူ့လောက် အတွေ့အကြုံပိုမရှိကြပေ။
ယဲ့ချိုးပိုင်က နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်ရာ၌ ကျွမ်းကျင်သူဆရာတစ်ဆူဟု ဆို၍ရသည်။
ထိုအချိန်တွင် ပန်ရှီ အခြေအနေကို ပြန်လည်ကယ်တင်ချင်သည်။
သို့စေကာမူ သူ့ခွန်အားကို ပြန်လည် မဖြည့်နိုင်တော့ပါ။
အကယ်၍သူသာ သူ့ဝိဉာဉ်ကို ထပ်မံလောင်ကျွမ်းစေပါက သူ့ဝိဉာဉ်က ပြာဖြစ်သွားမည်ဖြစ်ပြီး လုံး၀သေဆုံးသွားရပေလိမ့်မည်။
ဝိဉာဉ်ချီအတွက်မူ ဒီတိုက်ချက်က သူ့ဝိဉာဉ်ချီအကုန်လုံးကို ဗလာကျင်းသွားစေသည့် တိုက်ချက်တစ်ခုပင်။
လျှို့ဝှက်ကျင့်စဉ်မှ တန်ပြန်အကျိုးဆက်က သူ့တစ်ကိုယ်လုံးအတွင်း စိမ့်၀င်နေလေပြီ။
ဒါကပန်ရှီ၏ နောက်ဆုံးတိုက်ခိုက်မှုဖြစ်သည်။
ထိုအချိန်တွင် သွေးရောင်လက်သည်းလက်ဖဝါးပေါိက အက်ကြောင်းက ကျယ်ပြောကာ နေရာတိုင်းတွင် ဆန့်ထွက်လာသည်။
ယဲ့ချိုးပိုင် ရှေ့ကို နောက်တစ်လှမ်းလှမ်းလိုက်သောအခါ အက်ကြောင်းများက ပင့်ပူအိမ်ကဲ့သို့ ချွတ်ထက်သည့်လက်သည်းများနှင့် ဖုံးနေလေပြီ။
ခရက်ခ်.....ခရက်ခ်......!
မရေမတွက်နိုင်လောက်သည့် မကောင်းဆိုးဝါးတစ္ဆေများက ယင်းထဲကနေ ထွက်ပြေးသွားကြသည်။
သွေးသတ်ဖြတ်ခြင်းဆန္ဒကိုလည်း အဆက်မပြတ် ထုတ်လွှတ်လာသည်။
နောက်ဆုံးတွင် ပန်ရှီ၏မျက်နှာက ဖြူရော်သွားခဲ့သည်။
သွေးရောင်ချွန်ထက်သည့် ခြေသည်းများက သွေးအလင်းစက်များအဖြစ် ပြောင်းလဲကာ လေဟာနယ်ထဲတွင် ပြန့်ကြဲသွား၏။
ယဲ့ချိုးပိုင်၏ တိုက်ခိုက်မှုက ဒီအတွက်ကြောင့် ရပ်မသွားခဲ့ပေ။
သူ သူ့ဆရာ့၏သွန်သင်မှုကို လိုက်နာခဲ့သည်။
ပြဿာနာ၏ အရင်းအမြစ်ကိုဖယ်ရှားပစ်ရမည်!
စိတ်ဓာတ်ပျက်ပြားနေတုန်း ဘ၀ကို အဆုံးစီရင်ပစ်ရမည်!
ယဲ့ချိုးပိုင်၏ ကိုးပေရှည်ကြယ်ကြွေဓားက ပန်ရှီကိုယ်ကို ဖြတ်သွားခဲ့သည်။
ဖူး.......!
ပန်ရှီခန္ဓာအလယ်ကနေ အပေါ်မှအောက် သွေးတစ်လုပ်အန်လိုက်ရပြီး နှစ်ခြမ်းခြမ်းသွားကာ ကောင်းကင်ပေါ်မှ ကျဆင်းလာသည်။
အပိုင်း(728) coming။