#ထာ၀ရနတ်ဆိုးကိုယ်ထည်၏ ဆဌမအဆင့်#
Vol. 51 Ch. 717
သိုမွှေးထိုးရန်သွားခဲ့ပြီး ဖြတ်ပစ်ကာ အိမ်ပြန်လာခြင်း၊ ဒါက ငရဲဘိုးဘေးအတွက် အရှင်းဆုံးသရုပ်ဖော်ချက်ပေတည်း။
သူနတ်ဆိုးဘုရင်မြို့က အကြွင်းအကျန်ဝိဉာဉ်ကို မဝါးမြိုနိုင်ခဲ့သည်သာမက နောက်ဆက်တွဲကြောင့်ပင် ခံစားခဲ့ရသည်။
ရလဒ်အဖြစ် သူ့ဝိဉာဉ်ကိုယ်ထည်မှ ဝိဉာဉ်စွမ်းအားက အပြင်းအထန် ထိခိုက်ပျက်စီးသွားခဲ့သည်။
ဒါကငရဲဘိုးဘေးကို ကြောက်စိတ်တစ်ခု ဖြစ်လာစေသည်။
အကယ်၍သူသာ ပထမတဒင်္ဂလေးမှာပင် နတ်ဆိုးဘုရင်မြို့က ဝိဉာဉ်စွမ်းအားနှင့် ဆက်နွှယ်မှုကို မဖြတ်တောက်ခဲ့ပါက သူ့၏ဝိဉာဉ်ကိုယ်ထည်က ဒီကမ္ဘာကြီးကနေ လုံး၀ပျောက်ကွယ်သွားရပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ငရဲဘိုးဘေးက ဒီအကြောင်းအရာကြောင့်ပင် အသက်ရှင်နိုင်ခဲ့သည်။
"ဒီအကြွင်းအကျန်ဝိဉာဉ်က ဘယ်သူများလဲ...."
ငရဲဘိုးဘေးတုန်လှုပ်သွားခဲ့သည်။
ဒါကအကြွင်းအကျန်ဝိဉာဉ်တစ်ခုသာ။ ကျောက်တိုင်သုံးခုနှင့် သေမင်းဝိဉာဉ်မြို့က ရဲတိုက်ကြီး၏ ဖိနှိပ်မှုအောက်တွင် ၎င်းက ယခုလိုကြောက်မက်ဖွယ်ရာစွမ်းအားတစ်ခုကို ထုတ်လွှတ်နိုင်သည်သာမက သူ့ကို တိုက်ခိုက်ခဲ့တာက သာမန်တိုက်ခိုက်မှုတစ်ခုသာ။
အကြွင်းအကျန်ဝိဉာဉ်ပင်လျှင် ယခုလိုစွမ်းအားမျိုးကို ထုတ်လွှတ်နိုင်လေရာ အထွတ်အထိပ်အဆင့်တွင်သာ ရှိမည်ဆိုပါက သူ့ကို အတွေးတစ်ချက်တည်းနှင့် သတ်ပစ်နိုင်လောက်သည်။
ဒီလိုလူမျိုးက အဆင့်မြင့်ကြယ်နယ်မြေက ကျွမ်းကျင်သူတစ်ဦးဖြစ်ရပေမည်။ ဒါ့အပြင် သူက လူတိုင်းသိကြသည့် ထိပ်တန်းစွမ်းအားရှင်တစ်ဦး သေချာပေါက် ဖြစ်မည်သာ။
ဒါကငရဲဘိုးဘေး၏အတွေးဖြစ်သည်။
သူ နတ်ဆိုးဘုရင်မြို့အောက်က အကြွင်းအကျန်ဝိဉာဉ်ကို ထပ်ပြီး ဝါးမြိုရန် ကြိုးစားဦးမလားဆိုသည့် အချက်အတွက်မူ သူလုပ်ခဲ့သော်လည်း သူ့အသက်အတွက် ငရဲဘိုးဘေး ဒီလက်တွေ့မကျသည့် အတွေးကို အတင်းလက်လျှော့လိုက်ရသည်။
ဒီလိုနေရာမျိုးတွင် သူလုံး၀အသတ်မခံရချင်ပါ။
"ပန်ရှီ၊ သတိရ၊ နတ်ဆိုးဘုရင်မြို့ဗဟိုအနီးကို မသွားနဲ့"
ပန်ရှီနှင့်ကျန်သောသူများ ဒါကိုကြားသောအခါ သူတို့ ငရဲဘိုးဘေး၏ တိုးတိုးလာနေသည့် ဝေဝါးနေသောဝိဉာဉ်ကို ကြည့်ရင်း တုန်လှုပ်သွားကြ၏။ ငရဲဘိုးဘေးက ဒီလိုပြင်းထန်သည့် ရိုက်ခတ်မှုဖြစ်စေတာက နတ်ဆိုးဘုရင်မြို့၌ ဖိနှိပ်ထားသည့် အရာဖြစ်ရပေမည်။
"ဒီတော့အခုမင်းလုပ်ဖို့လိုတာက တစ်ခြားသူတွေရဲ့ ဝိဉာဉ်တွေကို ထုတ်ယူဖို့ပဲ"
သူ့ဝိဉာဉ်ကိုယ်ထည်၌ ကြီးမားသည့်ပျက်စီးမှုက ငရဲဘိုးဘေးကို တစ်ခြားဝိဉာဉ်များနှင့် အားဖြည်းမှုကို အရေးတကြီး လိုအပ်စေခဲ့သည်။
မဟုတ်ပါက သူခွန်အားကိုပြန်ရလာလျှင်ပင် ရှေ့ဆက်ဖို့ကိုမပြောနဲ့၊ အထွတ်အထိပ်အဆင့်ကိုပင် ပြန်ရောက်မည်မဟုတ်ပေ။
ပန်ရှီချက်ချင်းခေါင်းညိတ်သည်။
"ဘိုးဘေး၊ သူတို့တည်နေရာကို သွားရှာလိုက်ပါမယ်"
ငရဲဘိုးဘေးညင်သာစွာခေါင်းညိတ်သည်။
"ကောင်းပြီ၊ သွားကြတော့"
ထို့နောက်သူမျက်လုံးမှိတ်ကာ ဝိဉာဉ်ဒဏ်ရာများကို စတင်ပြုပြင်သည်။
အချိန်က တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။
ကြယ်တိမ်တိုက်မြို့၏တည်နေရာက အလွန်ဝေးလံပြီး တောင်ထိပ်တစ်ခုပေါ်တွင် ပုန်းကွယ်နေသည်။
ဘာသဲလွန်စမှမရှိသဖြင့် ငရဲဂိုဏ်းက လူလေးယောက်က လုံး၀ခြေရာခံ၍မရပေ။
လတစ်၀က်ခန့်ကြာပြီးနောက် သူတို့၌ ရွေးချယ်စရာမရှိတော့ဘဲ ပြန်လှည့်လာရသည်။
ထိုအချိန်တွင် ကျင့်ကြံခြင်းမျှော်စင်အပြင်၌ လဲ့ကျန်းချီနှင့် ကျန်သောသူများက သူတို့ရှေ့က မြင်ကွင်းကို ကြည့်နေကြသည်။
မျှော်စင်ထိပ်တွင် ပထမထပ်ကနေ ငါးထပ်မြောက်အထိ မည်သည့်အလင်းစက်မှ မရှိတော့ပါ။
သို့စေကာမူ ယဲ့ချိုးပိုင်ဖြစ်စေ၊ မုဖူရှန်း၊ ရှောင်ဟိုင်၊ သို့မဟုတ် အင်မော်တယ်မျောက်ဝံကျေးရွာက လူသုံးယောက်ဖြစ်စေ သူတို့မထွက်လာကြသေးပေ။
ဆဌမထပ်တွင် အလင်းငါးစက်လွင့်မြောနေသည်။
သတ္တမထပ်တွင်မူ အလင်းစက်တစ်စက်တည်းသာရှိသည်။
သတ္တမထပ်က အလင်းစက်က ဒီနေရာ၌ လတစ်၀က်ကြာရှိနေခဲ့သည်။
ဒါက သိသာစွာပင် ရှောင်ဟိုင်ဖြစ်လေသည်။
အင်မော်တယ်မျောက်ဝံကျေးရွာက လူသုံးယောက်ကမူ အံ့ဩသင့်စရာမရှိပါ။
မည်သို့ပင်ဆိုစေကာမူ သူတို့က ခန္ဓာကျင့်ကြံသူများဖြစ်ကြပြီး သူတို့ကိုယ်ခွန်အားက အတော်လေးအစွမ်းထက်သည်။
သူတို့ဆဌမထပ်ကိုရောက်အောင် တက်လှမ်းခဲ့သည့်အပေါ် အားလုံးက အနည်းငယ်မျှသာ အံ့ဩသင့်မိကြပါသည်။ ယဲ့ချိုးပိုင်နှင့် မုဖူရှန်းကမူ သူတို့၏ဝိဉာဉ်ချီနှင့် ဝိဉာဉ်စွမ်းအားက ဖိနှိပ်ခံထားရသည်။
သို့စေကာမူ သူတို့က အင်မော်တယ်မျောက်ဝံကျေးရွာက အစွမ်းထက်ခန္ဓာကျင့်စဉ်သုံးဦးနှင့် တန်းတူပင် ဆဌမအဆင့်ကို တက်လှမ်းခဲ့ကြသည်။
ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့ မျှော်စင်က ပထမဆုံးအကြိမ် ထွက်လာသောအခါ သူတို့ စတုတ္ထထပ်ကိုသာ ရောက်သေးသည်။
ဒါက ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့၏ တိုက်ပွဲအတွေ့အကြုံနှင့် ဆန္ဒနယ်ပယ်က အလွန်အမင်းကြောက်မက်ဖွယ်ရာ အမြန်နှုန်းတစ်ခုနှင့် တိုးလာနေသည်ဟု ဆိုလိုနေခြင်းပင် မဟုတ်ပေလော။
ထိုအချိန်တွင် သတ္တမထပ်၌ ရှောင်ဟိုင်ရှေ့တွင် မရေမတွက်နိုင်လောက်သည့် မှော်သားရဲများရှိနေသည်။
ဒီမှော်သားရဲများက ရှောင်ဟိုင်ထက် အနည်းငယ် ပိုမြင့်ကြသည်။ ၎င်းတို့တွင် ကြွက်ခေါင်းနှင့် နတ်ဆိုးဝံပုလွေခန္ဓာများရှိသည်။ အတောင်ပံတစ်စုံက ၎င်းတို့၏ ကျောတွင် ပေါက်ရောက်နေသည်။
ပို၍မျက်စိကျဖွယ်ကောင်းတာက ၎င်းတို့၏ နောင်ကျော၌ လှူပ်ယမ်းနေသည့် ယှဉ်၍မရလောက်အောင် ထူထဲသည့်အမြီးပင်။
မူလက သတ္တမထပ်တွင် ဒီမှော်သားရဲနှစ်ကောင်သာရှိသည်။
သို့စေကာမူ ဒီမှော်သားရဲနှစ်ကောင်တွင် အတော်လေးထူးခြားသည့် အထူးစွမ်းရည်တစ်ခုရှိသည်။
၎င်းတို့၏ သွေးစက်တစ်စက်က ပုံတူတစ်ခုပွားရန် လုံလောက်နေလေပြီ။
တစ်ချက်တည်းနှင့် သေသွားနိုင်သည်ဟူသော အချက်သာမရှိပါက ဒီဝံပုလွေကြွက်များက ဆက်၍ရှောင်ရှားနိုင်သည်။
ရှောင်ဟိုင်၏ လက်ရှိရုပ်ခွန်အားအရ သူဝံပုလွေကြွက်ကို လက်သီးတစ်ချက်တည်းနှင့် မသတ်ပစ်နိုင်ပေ။
ထို့ကြောင့် ဒီမြင်ကွင်းဖြစ်ပျက်လာခဲ့သည်။
ထာ၀ရနတ်ဆိုးကိုယ်ထည်၏ ဆဌမလိုင်းက အဆုံးမဲ့တိုက်ပွဲများကို လိုအပ်သည်။
ထို့ကြောင့်လည်း သတ္တမအဆင့်က သူ့အတွက် ထာ၀ရနတ်ဆိုးကိုယ်ထည်ကို ကျင့်ကြံရန် သင့်တော်သည်ဟု ရှောင်ဟိုင်ပြောခဲ့ခြင်းပင်။
လက်ရှိတွင် ရှောင်ဟိုင်တစ်ကိုယ်လုံး၌ ဆဌမမြောက်ပုံစံကွက်က ဖုံးနေသည်။
ဒီလ၀က်တာကာလ၌ အဆုံးမဲ့တိုက်ပွဲများဖြစ်ပျက်ခဲ့ပြီး ရပ်နားသည်ဟူ၍မရှိပါ။
ရှောင်ဟိုင် လက်သီးများကို ဆက်လက်ဝှေ့ယမ်းရင်း ဝံပုလွေကြွက်ထောင်ကျော်နှင့် တိုက်ခိုက်နေခဲ့သည်။
သူ့ခန္ဓာက ဒဏ်ရာရနေပြီဖြစ်သော်လည်း အစွမ်းထက်တိုက်ခိုက်ရေးစိတ်ဓာတ်နှင့် သွေးဆာနေသည့်အကြည့်က ရှောင်ဟိုင်ကို ပိုပို၍ပင် စိတ်လှုပ်ရှားလာစေသည်။
ယခုအချိန်တွင် ဆဌမမြောက်ပုံစံကွက်က ရှောင်ဟိုင်၏ ကိုယ်ခန္ဓာမျက်နှာပြင်နှင့် အပြည့်အ၀ ဆက်စပ်သွားခဲ့သည်။
ရှောင်ဟိုင်ကိုယ်၌ အသားများဖြစ်စေ၊ အရိုးများဖြစ်စေ မိုးကြိုးကဲ့သို့ဟိန်းသံများကို ထုတ်လွှတ်နေသည်။
သူမလှုပ်မယှက်ရပ်နေသည့်တိုင် ပတ်၀န်းကျင်ကလေထုက ဖိနှိပ်ခံနေရသည်။
ထာ၀ရနတ်ဆိုးကိုယ်ထည်၊ ဆဌမအဆင့်!
အချိန်အတော်ကြာပြီးနောက်ဆုံးတွင် ရှောင်ဟိုင် ဒီအဆင့်ကို ရောက်လာခဲ့လေပြီ။
သူ့ကိုယ်ခွန်အားကလည်း စတင်ထိုးတက်လာခဲ့သည်။
ယခုအခိုက်အတန့်၌ ရှောင်ဟိုင်သူ့ဒဏ်ရာများကို ခံစားနေရပုံမရပေ။ သူက ကြာလှပြီဖြစ်သည့် တိုက်ပွဲများကြောင့် ပင်ပန်းနေလေပြီ။
စွမ်းအားက ရှောင်ဟိုင်ကိုယ်ထဲတွင် ပြည့်သိပ်ကာ ပေါက်ကွဲမည်ကို စောင့်ဆိုင်းနေသည်။
ရှောင်ဟိုင်လက်သီးဆုပ်ရင်း အော်ဟစ်သည်။
သူ့အော်သံက မိုးနှင့်မြေကို တုန်ခါသွားစေသည်။
ရှေ့သို့ပြေး၀င်လာကြသည့် ပတ်ပတ်လည်က ဝံပုလွေကြွက်များက အသက်ရှူကြိမ်ရေ တစ်ကြိမ်ခန့် ရပ်သွားကြသည်။
ရှောင်ဟိုင် ဒီအသက်ရှူကြိမ်ရေတစ်ကြိမ်အတွင်းမှာပင် မြေကြီးကို ပြင်းထန်စွာ တက်နင်းပစ်သည်။
မြေပေါ်က အဝါရောင်သဲမှုန်များက ဘက်ပေါင်းစုံသို့ပြန့်ကြဲသွားကြ၏။ ဒါက သဲမုန်တိုင်းတစ်ခု လှုပ်ခတ်သွားသည့်အလားပင်။
သဲမုန်တိုင်းအလယ်တွင် အရိပ်နက်တစ်ခုက အမြှောက်ဆန်တစ်ခုပမာ ပစ်၀င်လာသည်။
၎င်းဖြတ်သန်းသွားသည့်နေရာတိုင်း ကျယ်လောင်သည့်အသံက ကမ္ဘာတစ်ခုလုံးအတွင်း ပဲ့တင်ထပ်နေသည်။
ဒီအစွမ်းထက်ခန္ဓာကြောင့် လေဟာနယ်က ပြင်းထန်စွာပုံပျက်နေခဲ့သည်။
ထို့နောက် သူ့ခန္ဓာက ဝံပုလွေကြွက်အုပ်ဆီသို့ ပြေးသွားခဲ့သည်။
အကယ်၍တစ်ယောက်ယောက်ကသာ ကြည့်နေမည်ဆိုပါက သူတို့အလွန်အမင်း ထိတ်လန့်သွားကြပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် လက်ရှိမြင်ကွင်းက အတော်လေးသွေးထွက်သံယိုဖြစ်ပြီး ပြင်းထန်လွန်းသောကြောင့်ပင်။
အရိပ်နက်ဖြစ်သွားသည့်နေရာတိုင်းတွင် ဝံပုလွေကြွက်များက တိုက်ရိုက်နှစ်ပိုင်းပြတ်သွားရသည်။
၎င်းတို့၏ကိုယ်မှ စွမ်းအင်ပုံဆောင်ခဲက ချက်ချင်းပြိုကွဲသွားသည်။
မှော်ပုံဆောင်ခဲပြိုကွဲသွားသည့်အချိန်တွင် ဝံပုလွေကြွက်က လုံး၀သေသွားရပြီး ဝိဉာဉ်အား ဆက်လက်အားဖြည့်ရန်အတွက် သွေးကို မသုံးနိုင်တော့ပါ။
အရိပ်နက်က ကြွက်များဝိုင်းရံမှုကနေ ပြေးထွက်လာသည်။
ရှောင်ဟိုင်ရပ်လိုက်စဉ် နောက်သို့ ပြန်လှည့်ကြည့်လိုက်၏။
လမ်းကြောင်း၌ သွေးနှင့်အလောင်းများဖြင့် ပြုလုပ်ထားသည့် လမ်းကြောင်းတစ်ခု ဖွင့်ထားသည်။
ရှောင်ဟိုင် ထာ၀ရနတ်ဆိုးကိုယ်ထည်၏ ဆဌမအဆင့်ကို ကျင့်ကြံစဉ်ကတည်းက သူ့အတွက် မြေအင်မော်တယ် အစောပိုင်းအဆင့်ကျွမ်းကျင်သူတစ်ဦးကိုပင် တိုက်ခိုက်ရန်အတွက် ဖြစ်နိုင်ချေရှိနေလေပြီ။
မည်သို့ပင်ဆိုစေကာမူ အရင်က ရှောင်ဟိုင် အင်မော်တယ်တပိုင်းနယ်ပယ် အထွတ်အထိပ်အဆင့်ကို တိုက်ခိုက်နိုင်သည် မဟုတ်ပေလော။
ရှောင်ဟိုင် ရှေ့က ဝံပုလွေကြွက်အုပ်ကို ကြည့်ရင်းပြုံးသည်။
"အခုအထက်ဆက်တက်ရမယ့်အချိန်ကျပြီ"
သတ္တမအဆင့်က မှော်သားရဲများ၏ ခွန်အားက ရှောင်ဟိုင်အား စိတ်ကျေနပ်အောင် မလုပ်ပေးနိုင်တော့ပေ။
အပိုင်း(718) coming။