← Chapters

#အင်မော်တယ်ဓား၏ အစွန်းအဖျား#

Vol. 51 Ch. 718

#အင်မော်တယ်ဓား၏ အစွန်းအဖျား#

Vol. 51 Ch. 718

နောက်ရက်တစ်၀က်ခန့်အကြာတွင် ကျင့်ကြံခြင်းမျှော်စင်အပြင်၌ လဲ့ကျန်းချီနှင့် ကျန်သောသူများက ဒဏ်ရာများကနေ သက်သာလာကြသဖြင့် ကျင့်ကြံခြင်းမျှော်စင်သို့ ပြန်၀င်ရန် ပြင်နေစဉ် မရည်ရွယ်ဘဲ မော့ကြည့်လိုက်ကြစဉ် သတ္တမအဆင့်က အလင်းစက်က ပျောက်ကွယ်သွားတာကို တွေ့လိုက်ရသည်။

ဒီမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။

သူတို့၏မျက်လုံးများ၌ မယုံနိုင်သည့် အမူအရာများပေါ်လာသည်။ သူတို့ခေါင်းမော့ရင်း ရှောင်ဟိုင်တွန်းထုတ်ခံရတာကို မြင်ချင်သည့်အလား တံခါးကို ကြည့်လိုက်ကြ၏။

ဘယ်သူမှ မပေါ်ပေါက်လာတာကို မြင်ရသောအခါ အဌမထပ်ကိုရောက်သည်အထိ ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။

ထိုနေရာ၌ မျကိစိကျချင်စရာ အလင်းစက်တစ်ခုရှိသည်။

အဌမအဆင့်!

ချန်ဟွီအသက်ပြင်းပြင်းရှုလိုက်သည်။

"ဒီသုံးယောက်ကို ဘယ်စီနီယာကများ လေ့ကျင့်ပေးခဲ့တာလဲ...."

"ဒီခွန်အားက နည်းနည်းတော့ ပုံမှန်မဟုတ်ဘူး...."

လင်းကျိနန်နှင့် စုမုယောင်တို့က ခါးသီးစွာပြုံးသည်။

ယဲ့ချိုးပိုင်နှင့်ကျန်နှစ်ယောက်နောက်ကွယ်က ဘယ်သူလဲဆိုတာကို သူတို့မစုံစမ်းခဲ့ကြသော်လည်း ယင်းနောက်တွင် စုမိသားစုနှင့် ဝိဉာဉ်အင်မော်တယ်နန်းတော်က အကြာကြီး တိတ်တဆိတ်စုံစမ်းခဲ့သည်။

သို့သော်မည်သူမှ ဘာသဲလွန်စမှမတွေ့ခဲ့ပါ။

သူတို့က အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ ဒေသခံများမဟုတ်ဘဲ အဆင့်နိမ့်ကြယ်နယ်မြေရှိ နိမ့်ကျသောနယ်မြေတစ်ခုကလာတာကိုသာ သိကြသည်။

သူတို့ထိတ်လန့်သွားပြီး သိချင်မိသည့်အရာက ဒီလိုကြောက်မက်ဖွယ်ရာ အခြေအနေမျိုးက အဆင့်နိမ့်ကြယ်နယ်မြေတွင် ဘာကြောင့် ပေါ်ပေါက်လာခဲ့သလဲဆိုတာကိုပင်။ သူတို့စုံစမ်းရန်အတွက် အဆင့်နိမ့်ကြယ်နယ်မြေကိုပင် သွားခဲ့ကြသည်။

သို့စေကာမူ သူတို့ကြယ်နယ်မြေအတားအဆီးကို ဖြတ်ကျော်ပြီးနောက် သဲလွန်စအားလုံးရှင်းလင်းနေတာကိုသာ ရှာတွေ့လိုက်ရသည်။

နောက်ဆက်တွဲသဲလွန်စဟူ၍ လုံး၀မရှိပါ။

ထို့နောက်တွင်သာ အဓိကအင်အားစုနှစ်စုက လက်လျှော့ခဲ့ကြရသည်။

သို့စေကာမူ ဒီအကြောင်းကို အရမ်းကြီးတွေးတာနေစရာမလိုပေ။

ဒါကလုချန်ရှန်း၏ အလုပ်ပေတည်း။

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ အလယ်အလတ်အဆင့်ကြယ်နယ်မြေကို သွားကတည်းက လုချန်ရှန်းဒါကို မျှော်လင့်ထားခဲ့ပြီးဖြစ်သည်။

အကယ်၍ ယဲ့ချိုးပိုင်နှင့် ထိုကောင်စုတ်တို့က အဖွဲ့တစ်ဖွဲ့ကိုတိုက်ခိုက်မိပါက ဉာဏ်ရှိသောသူတိုင်း ဒီကောင်စုတ်လေးသုံးယောက်က အတော်လေးပါရမီရှိတယ်ဆိုတာ သေချာပေါက်ပြောနိုင်ပေလိမ့်မည်။

ဒီကိစ္စတွင် သူတို့က ယဲ့ချိုးပိုင်တို့၏ နောက်ခံကို အရင်စုံစမ်းလာပေလိမ့်မည်။

လက်စွပ်ထဲကအဖိုးအိုတစ်ဦး၏ အကူအညီမရှိဘဲဖြစ်ဖြစ် နောက်ကွယ်တွင် မည်သည့်ဂိုဏ်းကောင်းမှမပါဘဲ ဒီလိုကြောက်စရာကောင်းသည့် ပါရမီနှင့် တိုက်ရိုက်ရေးစွမ်းအားကို ကိုယ်ပိုင်အားထုတ်မှုများနှင့် ရယူနိုင်ရန်ဟူသည် ၀တ္ထုများတွင်သာ တည်ရှိသည်။

အကြောင်းရင်းက အလွန်အမင်း အစွမ်းထက်သည့် ပါရမီရှိသောလူများတွင် ဘာစွမ်းအားမှ မရှိသောကြောင့်ပင်။ သူတို့က သူတို့ပါရမီကို မပြသနိုင်သလို တခြားစွမ်းအားများကိုလည်း စုဆောင်းကြပေလိမ့်မည်။

နောက်ပိုင်းအခြေအနေက နည်းနည်းပိုကောင်းသည်။

အနည်းဆုံးတော့ ထောက်ပံ့သူတစ်ယောက်ရှိပါသည်။

ထို့ကြောင့် ပါရမီတစ်ချို့ကို ထုတ်လွှတ်ရန်အတွက် အခွင့်အရေးတစ်ခုရှိနေဆဲပင်။

သို့စေကာမူ အောက်ခြေအဆင့်အတန်းရှိ အင်အားစုဘယ်လောက်ကများ ကြောက်ခမန်းလိလိ ပင်ကိုယ်ပါရမီကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတစ်ယောက်၏ အလားအလာတစ်၀က်ကိုပင် အသုံးပြုနိုင်မည်နည်း။

သို့စေကာမူ သူတို့က ဖုန်မှုန့်ထဲတွင် ဒီပါရမီတွေကို မြှုပ်နှံထားရမည်သာ။

ကိုယ်တိုင်တရကြမ်း၀င်လာရမည်ဆိုပါက သေဆုံးမှုနှုန်းက အနည်းဆုံး ၉၉.၉၉ရာခိုင်နှုန်းရှိသည်။

ဒီလိုကောင်းကင်ဘုံက ရွေးချယ်ထားသည့် ကလေးမျိုးက အိပ်မက်မက်နေတာကို ရပ်သင့်သည်။

အကယ်၍သူသာ အထွတ်အထိပ်အဆင့်ကို ရောက်လိုပါက အားကောင်းခိုင်မာသည့် နောက်ခံနှင့် ကြောက်ခမန်းလိလိပါရမီကို ပိုင်ဆိုင်ရမည်။

သာမန်လူများ၏ အမြင်အရ တစ်ခြားမျိုးဆက်သုံးဆက်၏ ကြိုးစားအားထုတ်မှုက ဆယ်စုနှစ်ချီ ကြိုးစားအားထုတ်မှုကို မဘ်သို့မည်ပုံကျော်လွှားနိုင်မည်နည်း။

ဒါကရက်စက်တယ်ဟုဆိုလျှင်ပင် အမှန်တရားဖြစ်သည်။

အနှစ်ချုပ်ရပါက ဝိဉာဉ်အင်မော်တယ်နန်းတော်နှင့် စုမိသားစုတို့က ယဲ့ချိုးပိုင်တို့သုံးယောက်၏ အခြေအနေကို တွေ့ပြီးနောက် သူတို့နောက်ကွယ်၌ အင်အားစုတစ်ခုခုရှိလိမ့်မည်ဟု သေချာပေါက် တွေးမိကြလိမ့်မည်။

ထို့ကြောင့် သူတို့ကအရင်ဆုံး စုံစမ်းရှာဖွေလာကြမည်သာ။

တခြားတစ်ဘက်တွင် လုချန်ရှန်းဒါကို ကြိုတင်ခန့်မှန်းထားပြီဖြစ်သဖြင့် သဲလွန်စများကို ဖျက်ပစ်ခဲ့ပြီး တစ်ဘက်လူကို ခြေရာခံမရအောင် လုပ်ပစ်ခဲ့သည်။

"အင်း၊ ဒီလူထူးဆန်းသုံးယောက်က နောက်ထပ်ကမ္ဘာတုန်လှုပ်ဖွယ်အရာတစ်ခုခုကို လုပ်လာမယ်ဆိုရင်တောင် ငါအံ့ဩသင့်မှာ မဟုတ်တော့ဘူး" လင်းကျိနန်ခေါင်းခါယမ်းရင်း ခါးသီးစွာပြုံးသည်။

"ငါ့ခွန်အားကို တိုးမြှင့်ဖို့က ပိုအရေးကြီးတယ်"

"မဟုတ်ဘူးဆိုရင် ငါတို့ငရဲမြို့ကို တိုက်ခိုက်တဲ့အခါ ငါတို့ထဲကတစ်ချို့က ၀န်ထုပ်၀န်ပိုးဖြစ်နေ‌လိမ့်မယ်"

စုမိသားစု၏သမီးကြီး!

ဝိဉာဉ်အင်မော်တယ်နန်းတော်၏ ဦးနှောက်!

တစ်ကိုယ်တော်ကျင့်ကြံသူများအကြားက နတ်ဆိုး!

ဒီလိုလူစာရင်းနှင့် သူတို့က ၀န်ထုပ်၀န်ပိုးဖြစ်လာပါက သတင်းထွက်လာသောအခါ လူရယ်စရာများ ဖြစ်လာကြပေလိမ့်မည်။

ထိုအချိန်တွင် ဆဌမထပ်၌ မုဖူရှန်း ဆန်းကြယ်ယင်ခရမ်းမိုးကြိုးကို သုံးရင်း သူ့ရှေ့က မျက်လုံးတစ်လုံးမှော်သားရဲများကို အဆက်မပြတ် တိုက်ခိုက်နေသည်။

ဒါကထိခိုက်မှုကို ဖြစ်စေသော်လည်း မျက်တစ်လုံးမှော်သားရဲသုံးကောင်၏ ရုပ်ခွန်အားများအရ ၎င်းတို့ကို သေစေလောက်သည့် ရိုက်ခတ်မှုတစ်ခု မလုပ်နိုင်သေးတာ ရှင်းလင်းနေသည်။

ဒါ့အပြင် ၎င်းတို့၏ အမြန်နှုန်းကလည်း အတော်လေးမြန်ဆန်သည်။ မုဖူရှန်း ဆန်းကြယ်ယင်ခရမ်းမိုးကြိုးကို ပစ်လိုက်စဉ်မှာပင် ၎င်းတို့က မုဖူရှန်းကို တိုက်ခိုက်လာသည်။

မုဖူရှန်း ယခုလိုအမြန်နှုန်းကို ရင်ဆိုင်ရန်အတွက် ဆန်းကြယ်ယင်ခရမ်းမိုးကြိုးကို အသုံးပြုရုံသာ တတ်နိုင်သည်။

သို့စေကာမူ သူလွင့်စင်သွားဆဲပင်။

ဝိဉာဉ်ချီကို အသုံးမပြုနိုင်သဖြင့် သူ့ခွန်အားက သိသိသာသာကျဆင်းသွားခဲ့သည်။

သူသာဝိဉာဉ်စွမ်းအားကို မသုံးနိုင်ပါက ဒါက သူအဆောင်ကို သုံး၍မရဟု ဆိုလိုနေခြင်းပင်။

အမြန်နှုန်းကို ထုတ်လွှတ်ရန်အတွက် အဆောင်ပေါ်၌ မုဖူရှန်း သူ့ဝိဉာဉ်အမှတ်အသားကို ရေးထွင်းရသည်။

တိုက်ပွဲဖြစ်စဉ်၌ ဒါကိုအသက်သွင်းရန်အတွက် အတွေးတစ်ချက်သာ လိုအပ်သည်။

မလိုအပ်သည့်လှုပ်ရှားမှုများကိုလည်း ချွေတာနိုင်ပေလိမ့်မည်။

သူ့ဝိဉာဉ်စွမ်းအားက ဖိနှိပ်ခံထားရလေရာ သူရန်သူများကို တိုက်ခိုက်ရန်အတွက် အဆောင်များကို သုံးရန်မဖြစ်နိုင်တော့။

ယခုအချိန်မှသာ မုဖူရှန်း သူ့ဆရာသူ့ကို ပေးခဲ့သည့် ကိုးသွယ်ရှေးဦးမိုးကြိုးက ဘယ်လောက်ထိ အရေးပါသလဲဆိုတာ သဘောပေါက်လာရသည်။

အရင်ရက်များက မုဖူရှန်း ဝိဉာဉ်ကို ပြုပြင်မွမ်းမံခြင်းနှင့် အဆောင်များ၏ အဆင့်အပေါ်တွင်သာ အမြဲအာရုံစိုက်ထားသည်။

ထို့ကြောင့် သူ့တွင် ကိုးသွယ်ရှေးဦးမိုးကြိုးကို ကျင့်ကြံရန်အတွက် အချိန်အများကြီး မရှိခဲ့ပါ။

သို့စေကာမူ နောက်ထပ်ရှုထောင့်တစ်ခုကနေဆိုပါက ကိုးသွယ်ရှေးဦးမိုးကြိုး၏ ပထမမိုးကြိုးဖြစ်သည့် ဆန်းကြယ်ယင်ခရမ်းမိုးကြိုးကို ယခုလိုအချိန်တိုအတွင်း ‌ကျင့်ကြံနိုင်ခြင်းကပင် ပါရမီရှင်ဖြစ်နေလေပြီ။

သို့သော် ဒါတွေအားလုံးကို ပြောနေတာက ဘာအဓိပ္ပာယ်များရှိသနည်း!

မုဖူရှန်းရှေ့က မျက်တစ်လုံးမှော်သားရဲသုံးကောင်ကို လေးနက်စွာကြည့်လိုက်၏။

ဒီလိုအခြေအနေရပ်မျိုးတွင် သူပထမဆုံး ကျရောက်ခြင်းဟု ဆို၍ရသည်။

သူကောင်းစွာမပြင်ဆင်ထားပေ။

မျက်တစ်လုံးမှော်သားရဲလေးကောင် ထပ်မံတိုက်ခိုက်လာတာကို မြင်သောအခါ ဆန်းကြယ်ယင်ခရမ်းမိုးကြိုးက ထိုသားရဲများကို အပြည့်အ၀ မခုခံနိုင်သဖြင့် မုဖူရှန်း ကျင့်ကြံခြင်းမျှော်စင်ကနေ အရင်ဆုံးထွက်ခွာရန် ပြတ်သားစွာ ရွေးချယ်လိုက်၏။

သူအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မျှော်စင်ထဲကနေ ပျောက်ကွယ်သွားသည်။

ယဲ့ချိုးပိုင်ကလည်း ဆဌမအဆင့်တွင်ဖြစ်သည်။

သူကလည်း အန္တရာယ်များသည့် အခြေအနေတစ်ခုကို ရင်ဆိုင်နေရပြီး မျက်တစ်လုံးမှော်သားရဲအပေါ် ထူးကဲနယ်ပယ် ဓားဆန္ဒကဖြစ်စေသည့် အထိအခိုက်က အတော်လေး အကန့်အသတ်ရှိသည်။

သို့စေကာမူ ယဲ့ချိုးပိုင် မျှော်စင်ကနေ ထွက်သွားရန် မရွေးချယ်ခဲ့ပါ။

ထိုအချိန်တွင် ဓားပိုင်နက်ထဲက ထူးကဲနယ်ပယ်ဓားဆန္ဒ၌ ဝိုးတဝါးအင်မော်တယ်ဆန္ဒအစက်လေးတစ်ခု ရှိလာသည်။

ထူးကဲနယ်ပယ်ဓားတာအိုအထက်က နယ်ပယ်က အင်မော်တယ်ဓားနယ်ပယ်ဖြစ်သည်။

အရင်က ယဲ့ချိုးပိုင် ရှေးဦးမူလဓားကျမ်းကို သုံးခဲ့ပြီး ဓားတာအိုအပေါ် သူ့နားလည်မှုက အင်မော်တယ်ဓားအစွန်းကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

ဒါက အိုးထဲက တောက်ပသည့်အလင်းတစ်ခုပမာသာ ဖြစ်သော်လည်း အလင်းတစ်ခုဖြစ်နေသေးသည်။

သူတို့ အဆက်မပြတ်တိုက်ခိုက်နေကြ၏။

သူတိုက်ခိုက်ရန်အတွက် ဓားဆန္ဒကို အသုံးပြုရုံသာ တတ်နိုင်သည်။

ယဲ့ချိုးပိုင်၏ ဓားတာအိုအပေါ် နားလည်မှုနှင့် ဓားဆန္ဒအပေါ် ထိန်းချုပ်နိုင်စွမ်းက အဆက်မပြတ် တိုးလာနေသည်။

ဆဌမထပ်တွင် သူကမျက်တစ်လုံး မှော်သားရဲများနှင့် ဆက်လက်တိုက်ခိုက်နေသည်။

ထူးကဲနယ်ပယ်ဓားဆန္ဒက အင်မော်တယ်ဆန္ဒအစက်အပျောက်လေးတစ်ခုကို အောင်မြင်စွာ ရလာခဲ့သည်။

လက်ရှိယဲ့ချိုးပိုင်က ဒဏ်ရာရထားသော်လည်း သူနောက်မဆုတ်သေးပေ။

အကြောင်းရင်းက ယခုလိုအခြေအနေမျိုးအောက်တွင် သူဆဌမအဆင့်၌ အင်မော်တယ်ဓားအစွန်းကို နားလည်ချင်သောကြောင့်ပင်။

ဒီလိုအခွင့်အရေးမျိုးက များများစားစားမရှိပါ။

အကယ်၍ ယဲ့ချိုးပိုင်က ယခုအချိန်လေးတွင် တိုက်ပွဲကနေ ထွက်ခွာပါက ဓားဆန္ဒထဲက အင်မော်တယ်ဆန္ဒ အစက်အပျောက်လေးကလည်း ပျောက်ကွယ်သွားပေလိမ့်မည်။

သူဒါကိုတစ်ကြိမ်တည်းနှင့် လုပ်ရမည်။

ထို့နောက်မှသာ မရေမတွက်နိုင်လောက်သည့် ဓားသမားများကို ပိတ်ဆို့တားဆီးထားသည့် တံခါးအစွန်းကို သူဖြတ်ကျော်နိုင်ပေလိမ့်မည်။

အပိုင်း(719) coming။

All Chapters