#အင်မော်တယ်ဓားနယ်ပယ် တစ်၀က်အဆင့်#
Vol. 51 Ch. 719
မဟာပြိုင်ပွဲအတွင်း ယဲ့ချိုးပိုင် အင်မော်တယ်ဓားဆန္ဒကို တစ်ခါအသုံးပြုဖူးသည်။
ဒါက အစစ်အမှန်အင်မော်တယ်ဓားနယ်ပယ်နှင့် ယှဉ်၍မရသော်လည်း အဆုံးသတ်တွင် အင်မော်တယ်ဓားနယ်ပယ်၏ အစွန်းကို ထိနေပြီဖြစ်သည်။
ဝိဉာဉ်ချီဖိနှိပ်ခံထားရသည့် အခြေအနေအောက်တွင် ကျင့်ကြံခြင်းမျှော်စင်က အစွမ်းထက် မှော်သားရဲများနှင့် တိုက်ခိုက်ရသောအခါ ရန်သူကို တိုက်ခိုက်ရန် ဓားဆန္ဒကိုသာ အသုံးပြုနိုင်သည်။
အပေါ်ယံတွင် ခွန်အားအရာ၌ ဒါက အကြီးအကျယ် လျော့ကျသွားခြင်းဖြစ်သော်လည်း ယဲ့ချိုးပိုင်၏အမြင်အရ ဒါက သူ့၏ဓားဆန္ဒနှင့် တိုက်ပွဲအတွေ့အကြုံကို ပြုပြင်မွမ်းမံနိုင်သည်။
ဆဌမအဆင့်ကိုရောက်ပြီးနောက် မျက်တစ်လုံးမှော်သားရဲများနှင့် ထိပ်တိုက်ရင်ဆိုင်မှုအောက်တွင် နောက်ဆုံးတော့ သူ့၏ ထူးကဲနယ်ပယ်ဓားဆန္ဒ၌ အင်မော်တယ်ဖမ်းစားမှု အရိပ်အယောင်တစ်ခု ရှိလာခဲ့လေပြီ။
သူ့နယ်ပယ်တိုးတက်လာပြီး အင်မော်တယ်တပိုင်းနယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်သောအခါ ဒါက သူအင်မော်တယ်ဓားနယ်ပယ် တစ်၀က်အဆင့်ကို တက်လှမ်းသည်နှင့် တူနေပေလိမ့်မည်။
ဒီအချိန်တွင် မြေအင်မော်တယ်ကျင့်ကြံသူတစ်ယောက်ကို လုံး၀အနိုင်ယူဖို့ကို မပြောသေးဘဲ အနည်းဆုံးတော့ ဒါက တစ်ဘက်လူကို အချိန်ဆွဲရာ၌ ပြဿာနာရှိမည်မဟုတ်။ သူအချိန်ဆွဲနိုင်သရွေ့ လျှို့ဝှက်ကျင့်စဉ်ကို အသက်သွင်းပြီးသည်နှင့် နောက်ဆက်တွဲက သူတို့၏တစ်ကိုယ်လုံးသို့ စတင်ကျူးကျော်၀င်ရောက်လာမည်သာ။
ဒီနည်းလမ်းဖြင့် ငရဲဂိုဏ်းက လူလေးယောက်ကို အနိုင်ယူရန်ဟူသည် မခက်ခဲပေ။
ဒါကိုတွေးမိသောအခါ ယဲ့ချိုးပိုင် မျက်တစ်လုံးမှော်သားရဲကို ထပ်မံရင်ဆိုင်ရန်အတွက် ပဏာမခြေလှမ်းလှမ်းလိုက်၏။
သူ့၏အဆက်မပြတ်ဓားချက်များအောက်တွင် ထိပ်တိုက်တွေ့ဆုံနေသော်လည်း မျက်တစ်လုံးမှော်သားရဲ၏ အစွမ်းထက်ရုပ်ခွန်အားကြောင့် လွင့်စင်သွားရသည်။
တကယ်တမ်းတွင် မျက်တစ်လုံးသားရဲသုံးကောင်၏ တစ်ပြိုက်တည်းတိုက်ခိုက်မှုအောက်တွင် သူ့ဒဏ်ရာများက ပို၍ပင် ပြင်းထန်လာသည်။
ထူးကဲနယ်ပယ်ဓားဆန္ဒ၏ တိုက်ခိုက်မှုနှင့်အတူ ဒါက မျက်တစ်လုံးမှော်သားရဲသုံးကောင်ထံ၌ အလတ်တန်းစားဒဏ်ရာတစ်ခုကိုသာ ချန်ခဲ့သည်။
ဒဏ်ရာပေါ်ပေါက်လာသည့်အချိန်တွင် မျက်တစ်လုံးသားရဲများ၏ကိုယ်မှ မီးခိုးဖြူအမျှင်တန်းများ ထိုးတက်လာပြီး ဒဏ်ရာကို မြင်နိုင်သည့်အမြန်နှုန်းနှင့် ပြုပြင်ပေးသည်။
ဒါကမျက်တစ်လုံးမှော်သားရဲများ၏ ထူးခြားသည့်စရိုက်လက္ခဏာဟုလည်း ဆို၍ရသည်။
ဒီအတွက်ကြောင့်ပင် ယဲ့ချိုးပိုင် ခါးသီးသည့် တိုက်ပွဲတစ်ခု၌ ဆင်းသက်သွားရသည်။
သို့စေကာမူ ယဲ့ချိုးပိုင် နောက်မဆုတ်သေးသလို မရှောင်တိမ်းပါ။
သူတိုက်ခိုက်ရန်အတွက် ဓားဆန္ဒကို သုံးသလို သားရဲများ၏ တိုက်ခိုက်မှုကို ခုခံရန်အတွက်လည်း ဓားဆန္ဒကိုသုံးသည်။
တိုက်ခိုက်မှုတိုင်းတွင် ဓားပိုင်နက်ထဲက ထူးကဲနယ်ပယ်ဓားဆန္ဒက ထပ်မံသိပ်သည်းလာနေသည်။
ဂျုန်း.....ဂျုန်း.....ဂျုန်း.....!
အချိန်သုံးရက်ကုန်ဆုံးသွားခဲ့သည်။
ဆဌမထပ်၏မြေကြီးက မြည်ဟီးသံများနှင့် ပြည့်နှက်နေသည်။
သို့စေကာမူ ကောင်းကင်အား ဖြတ်သန်းသွားသည့် ဓားဆန္ဒက ပို၍ပို၍ပင် သိပ်သည်းလာသည်။
ဒါက သူ့ဓားဆန္ဒကို တိုးမြှင့်ရန် နည်းလမ်းပေတည်း။
သူပါရမီနှင့် ဓားတာအို၏နားလည်မှုကို မှီခိုအားကိုးခဲ့သည်။
သို့စေကာမူ ဓားနိယာမအဆင့်က ပိုမြင့်လေလေ၊ ပါရမီက ပို၍မလုံလောက်လေလေပင်။
အကယ်၍ ဓားဆန္ဒကိုသာ ပြုပြင်မွမ်းမံခြင်းမရှိပါက တိုးတက်အောင် လုပ်နိုင်မည်မဟုတ်။
ယဲ့ချိုးပိုင်က ဒီလိုဖြစ်သည်။
သူ့တွင် လုံလောက်သည့်ပါရမီရှိသည်။
အရင်တိုက်ပွဲများက သူ့၏ ထူးကဲနယ်ပယ်ဓားဆန္ဒကို အင်မော်တယ်ဓားနယ်ပယ်သို့ ရောက်ရန် ခွင့်ပြုသည်အထိ မလုံလောက်သေးပါ။
သို့သော် ယခုတွင်မူ ကျင့်ကြံခြင်းမျှော်စင်၏ ထူးခြားသည့်သဘာ၀က ဒီအခြေအနေကို ဖြည်းဆည်းပေးခဲ့သည်။
ထိုအချိန်တွင် မျက်တစ်လုံးမှော်သားရဲသုံးကောင်က ယဲ့ချိုးပိုင်ထံသို့ မတူညီသည့် ဘက်သုံးဘက်ကနေ ပြေး၀င်လာကြ၏။
ယဲ့ချိုးပိုင် မျက်လုံးကျဉ်းလိုက်မိသည်။
ဓားပုံရိပ်က သူ့မျက်သူငယ်အိမ်နှစ်ခုအကြား ပေါ်လာခဲ့သည်။
သူလက်ထဲက သစ်သားဓားကို ကောင်းကင်အထိ မြှောက်လိုက်သည်။
တစ်ခဏအကြာတွင် ဓားပိုင်နက်ထဲ၌ ဓားဆန္ဒက ပေါက်ကွဲသွားပြီး ဓားဆန္ဒအားလုံးက သစ်သားဓားထဲ စုစည်းလာကြ၏။
အင်မော်တယ်ဖမ်းစားမှုအမျှင်တန်းများကလည်း ပေါင်းစည်းလာခဲ့သည်။
တဖြည်းဖြည်းနှင့် သစ်သားဓား၌ သိပ်သည်းနေသည့် အင်မော်တယ်ဓားဆန္ဒက ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
ဒီထူးကဲဓားဆန္ဒကို သူအပြည့်အ၀ ပြောင်းလဲပစ်ရန် လိုသော်လည်း ယခုလေးတင် ပေါ်လာသည့် အင်မော်တယ်ဆန္ဒများက ယဲ့ချိုးပိုင်၏ ဓားတာအိုက အင်မော်တယ်ဓားနယ်ပယ် တစ်၀က်အဆင့်ကို တက်လှမ်းနေပြီဆိုတာကို ကိုယ်စားပြုနေသည်။
ထိုအချိန်တွင် သူ့ရှေ့က မျက်တစ်လုံးမှော်သားရဲသုံးကောင်က တိုး၀င်လာကြလေပြီ။
မှော်သားရဲသုံးကောင်က သူ့ထံလက်သီးချက်နှင့် ခြေကန်ချက်များကို ပစ်လွှတ်ကြသည်။
လေထုက ပေါက်ကွဲသံများနှင့် ပြည့်နှက်နေသည်။
ဒီအသံလှိုင်းများက ယဲ့ချိုးပိုင်၏ခန္ဒာကို အဆက်မပြတ် ထိမှန်သည်။
ယဲ့ချိုးပိုင်ဒါကိုဂရုမစိုက်ပေ။
ဓားဆန္ဒက သူ့လက်ထဲက သစ်သားဓား၌ သိပ်သည်းလာသည်။
ထို့နောက်သူ့ပုံရိပ်က ရုတ်တရက်ထွက်ပြေးသွားပြီး မျက်တစ်လုံးမှော်သားရဲသုံးကောင်ကို ရင်ဆိုင်သည်။
ပုံရိပ်ဖြတ်သန်းသွားသည့်နေရာတိုင်း၌ ဓားအလင်းများသာ လင်း၀င်းသွား၏။
ထို့နောက် သူ မျက်တစ်လုံးမှော်သားရဲတစ်ကောင်၏ ကိုယ်အား အနှီမျက်လုံးနှင့် မြင်ရရန် ခက်ခဲသည့်အမြန်နှုန်းဖြင့် ဖြတ်သန်းသွားခဲ့သည်။
ဓားအလင်းပျောက်ကွယ်သွားသည့်အချိန်တွင် ယဲ့ချိုးပိုင်၏ပုံရိပ်က မျက်တစ်လုံးသားရဲတစ်ကောင်၏ နောက်တွင် ပေါ်လာခဲ့သည်။
သူပြန်လှည့်လိုက်သည့်အချိန်တွင် မျက်တစ်လုံးမှော်သားရဲတစ်ကောင်၏ ရင်ဘတ်က စတင်ကွဲအက်သွားသည်။
ထို့နောက် မျက်ခုံးအထိ ပျံ့သွားပြီး အက်ကြောင်းများကနေ လတ်ဆတ်သောသွေးများ စီးထွက်လာသည်။
ထိုအချိန်တွင် မျက်တစ်လုံးမှော်သားရဲက မြေပေါ်လဲကျသွားပြီး သန့်စက်သည့်ဝိဉာဉ်ချီတစ်ခုအဖြစ် ပြောင်းလဲကာ ယဲ့ချိုးပိုင်၏ လက်ကောက်၀တ်ရှိ သစ်သားပြားသို့ ၀င်ရောက်သွား၏။
ဓားချက်တစ်ချက်!
မျက်တစ်လုံးမှော်သားရဲတစ်ကောင်ကို သတ်ပစ်ခြင်း!
အင်မော်တယ်ဓားနယ်ပယ်တစ်၀က်အဆင့်က ထူးကဲနယ်ပယ်ထက် အများကြီး ပိုအားကောင်းသည်။
ယခုသူသာ လဲ့ကျန်းချီနှင့်ကျန်သောသူများကို ရင်ဆိုင်ပါက သူတို့အဖို့ သူ့တိုက်ချက်ကို ခုခံရန်သူသည် အရမ်းခက်ခဲသွားလေပြီ။
ယဲ့ချိုးပိုင်ဒီအတွက်ကြောင့် မရပ်ခဲ့ပေ။
သူ တစ်ခြားမျက်တစ်လုံးမှော်သားရဲနှစ်ကောင်ထံ လှည့်လိုက်၏။
ယဲ့ချိုးပိုင် လက်နှစ်ဖက်နှင့်ဓားကိုကိုင်ပြီး ဓားဆန္ဒကိုသိပ်သည်းစေသည်။
ထို့နောက် မျက်တစ်လုံးမှော်သားရဲနှစ်ကောင်ထံသို့ တစ်ချိန်တည်းတွင် ပိုင်းဖ်ျြပစ်သည်။
အင်မော်တယ်ဖမ်းစားမှုနှင့် ပြည့်နှက်နေသည့်ဓားချက်က မှော်သားရဲနှစ်ကောင်ထံသို့ လှီးဖြတ်လာသည်။
မျက်တစ်လုံးမှော်သားရဲများကလည်း ဒါကိုမြင်သဖြင့် တစ်ချိန်တည်းတွင် ဒေါသတကြီးဟိန်းကာ လက်သီးထိုးလိုက်ကြ၏။
လက်သီးချက်မှလေက ဓားချက်အား တည့်တည့်ပင် ချေမွပစ်သည်။
သို့စေကာမူ မျက်တစ်လုံးမှော်သားရဲနှစ်ကောင် ခုခံရန်အတွက် ပူးပေါင်းခဲ့လျှင်ပင် ဓားချက်ကြောင့် လက်ကဖြတ်တောက်ခံရပြီး နောက်သို့လွင့်စင်သွားကြသည်။
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင် သစ်သားဓားနှင့် ညွှန်လိုက်သည်။
ဓားပိုင်နက်ထဲတွင် အင်မော်တယ်ဓားတစ်၀က်ဆန္ဒက ဧရာမဓားများအဖြစ် ပြောင်းလဲကာ မျက်တစ်လုံးမှော်သားရဲများ၏ အပေါ်၌ သိပ်သည်းနေသည်။
ယဲ့ချိုးပိုင်လက်ထဲက သစ်သားဓားက ရုတ်တရက်ကျလာစဉ် ဧရာမဓားများကလည်း အထက်ကနေ အောက်သို့ ဆင်းသက်လာသည်။
အင်မော်တယ်ဓားဆန္ဒကနေ ဖန်တီးထားသည့် ဧရာမဓားများက မျက်တစ်လုံးမှော်သားရဲများ၏ ခန္ဓာကို ထိုးစိုက်သွားကာ မြေကြီးနှင့် ကပ်သွားစေသည်။
ချက်ချင်းဆိုသလို ဧရာမဓားများမှ ဓားဆန္ဒက ပေါက်ကွဲသွားခဲ့သည်။
ထို့နောက် မျက်တစ်လုံးမှော်သားရဲနှစ်ကောင်၏ ကိုယ်ခန္ဓာထဲသို့ အရူးအမူးတိုး၀င်ကာ အတွင်းပိုင်းကနေ အပြင်အထိ လုံး၀ဖျက်ဆီးပစ်ခဲ့သည်။
အသက်ရှူကြိမ်ရေသုံးကြိမ်အတွင်း မျက်တစ်လုံးမှော်သားရဲနှစ်ကောင်က အလွန်အမင်းသိပ်သည်းသည့် ဝိဉာဉ်ချီအမျှင်စများအဖြစ် ပြောင်းလဲကာ သစ်သားပြား၌ ပေါင်းစပ်သွားခဲ့သည်။
ယဲ့ချိုးပိုင် စိတ်သက်သာရာရစွာ သက်ပြင်းချသည်။
တိုက်ပွဲကြာရှည်စွာ ဆင်နွှဲလာရသဖြင့် သူ့ခန္ဓာက တုန်ယင်နေသည်။
သူသစ်သားဓားကို မြေကြီးပေါ်တွင် စိုက်ကာ ပြိုလဲမကျသွားအောင် ထောက်တိုင်အဖြစ် အသုံးပြုထားသည်။
ဒါကအံ့ဩသင့်စရာမရှိပါ။ စတုတ္ထအဆင့်ကနေ ယဲ့ချိုးပိုင် အပြင်းအထန် တိုက်ခိုက်ခဲ့သည်။
ထိုစဉ် ဓားဆန္ဒကိုလည်း အဆက်မပြတ်ပြုပြင်မွမ်းမံရင်း သူ့ကိုယ်ခန္ဓာက ဒဏ်ရာများကိုလည်း ကုသနေသည်။
သူ့၏ထူးခြားသည့်ပါရမီနှင့် အားကောင်းသောစိတ်စွမ်းအားကြောင့်သာ မဟုတ်ပါက ယဲ့ချိုးပိုင် ပြိုလဲကျသွားသည်မှာ ကြာမြင့်နေလေပြီ။
"ဒီဝိဉာဉ်ချီက ငါ့အတွက် အဆင့်ချိုးဖျက်ဖို့ လုံလောက်ပါပြီ...." အပြုံးတစ်ပွင့်က ယဲ့ချိုးပိုင်၏ ပင်ပန်းနေသည့် မျက်နှာထက်တွင် ပေါ်လာခဲ့သည်။
"အခုအပြင်ထွက်ပြီး အရင်ဆုံးကျင့်ကြံရမယ့်အချိန်ပဲ...."
ထို့နောက် သူအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မျှော်စင်အပြင်တွင် ပေါ်လာခဲ့သည်။
အပြင်တွင် မည်သူမှ မကျန်တော့ပါ။
သူမျှော်စင်ကို ထပ်မံကြည့်သောအခါ ဒုတိယထပ်၌ အလင်းစက်နှစ်ခုရှိသည်။
တတိယထပ်တွင်မူ အလင်းစက်သုံးခုရှိသည်။
ကြည့်ရသည်မှာ လဲ့ကျန်းချီနှင့် ကျန်သောသူများကလည်း တိုးတက်လာပုံရသည်။
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်အရင်ဆုံး ဒဏ်ရာများကို ကုသရန်အတွက် ဆေးတစ်လုံးသောက်လိုက်၏။ ထို့နောက် သစ်သားပြားထဲက ဝိဉာဉ်ချီနှင့် သူစတင်ကျင့်ကြံသည်။ ယဲ့ချိုးပိုင်အဆင့်ချိုးဖျက်ပြီးနောက် ကျန်သောဝိဉာဉ်ချီများက သူ့နယ်ပယ်ကို တည်ငြိမ်စေရန်ပင်။ ထို့ကြောင့် သူ့အတွက် အင်မော်တယ်တပိုင်းနယ်ပယ်ကို ချိုးဖျက်ရန်အတွက် အာရုံစိုက်ထားတာက ပိုကောင်းသည်။
အပိုင်း(720) coming။