#စုမိသားစု၏သက်သေ#
Vol. 51 Ch. 720
ထိုအချိန်တွင် သေမင်းဝိဉာဉ်မြို့အပြင်၌ အင်အားစုတိုင်းလိုလိုက သေမင်းဝိဉာဉ်မြို့အပေါ် အာရုံစိုက်နေကြသည်။
ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများပင်လျှင် အထဲက အခြေအနေကို အာရုံမခံနိုင်သလို မခန့်မှန်းနိုင်ပေ။
"ဘယ်သူအောင်အောင်မြင်မြင်နဲ့ ထွက်လာနိုင်မလဲ၊ ဒါမှမဟုတ် နောက်ဆုံးအဆင့်ကို ရောက်နိုင်မလဲဆိုတာ ငါသိချင်မိတယ်"
"မှတ်တမ်းတွေအရတော့ သေမင်းဝိဉာဉ်မြို့ထဲမှာ ဘယ်သူမှ နောက်ဆုံးအဆင့် ဆုလာဘ်ကို မရခဲ့ဖူးဘူး၊ ဒီတော့ ဒီကိစ္စကို မတွေးတာက ပိုကောင်းတယ်"
"မှန်တယ်၊ အဓိကအရာကတော့ ၀င်သွားတဲ့ပါရမီရှင်တွေ ဘယ်လောက်များများ အဲကနေ အကျိုးရခဲ့သလဲဆိုတာနဲ့ ဘယ်နှစ်ယောက် ထာ၀ရနေသွားခဲ့ရသလဲဆိုတာကိုပဲ ကြည့်ရမယ်"
ထိုအချိန်တွင် အဖိုးအိုတစ်ဦး ဟောင်ကျန်းဟန်ဘေးကို ရောက်လာသည်။
ဟောင်ကျန်းဟန်တစ်ချက် စိုက်ကြည့်ပြီးနောက်တွင် သူ့အမူအရာက လေးနက်သွားရသည်။
ဒီအဖိုးအို၏ခွန်အားက သူ့အထက်တွင် ရှိသည်မှာ ရှင်းလင်းမြင်သာနေသည်။
မည်သို့ပင်ဆိုစေကာမူ ဟောင်ကျန်းဟန်က ကောင်းကင်အင်မော်တယ် အလယ်အလတ်အဆင့် စွမ်းအားရှင် မဟုတ်ပေလော။
ဒါကအလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ထိပ်တန်းအဆင့်တည်ရှိမှုတစ်ခုဖြစ်သည်။
သူ့ထက်အားကောင်းသောသူက အများကြီးမရှိပါ။
ဟောင်ကျန်းဟန်ပင်လျှင် ပိုအစွမ်းထက်သည်ဟုခံစားရပါက ဒီလူ၏ခွန်အားက ကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့်ကို ရောက်နေပြီဟု ဆိုလိုနေခြင်းပင်။
"ဘာလို့ စီနီယာကျုပ်ကို ရှာနေရသလဲဆိုတာ သိခွင့်ရှိမလား"
ဟောင်ကျန်းဟန်အပြုံးဖြင့်မေးသည်။
ဒါကိုကြားသောအခါ အဖိုးအိုက ညင်သာစွာပြုံးရင်း ဟောင်ကျန်းဟန်ဘေးတွင် ရပ်လိုက်၏။ ထို့နောက် သူ့အကြည့်ကို သေမင်းဝိဉာဉ်မြို့၀င်ပေါက်သို့ တစ်ချက်ပို့လွှတ်ကာပြောသည်။
"ငါကစုမိသားစု၀င်တစ်ယောက်ပဲ"
စုမိသားစု!
ဟောင်ကျန်းဟန်၏မျက်သူငယ်များ ကျုံ့သွားခဲ့သည်။
တစ်ခြားသူများက ဒီဂိုဏ်းအကြောင်းကို မသိကောင်းမသိနိုင်သည်။
သို့စေကာမူ ဟောင်ကျန်းဟန်က ဒီကြယ်နယ်မြေတွင် ထိပ်တန်းတည်ရှိမှုတစ်ခုဖြစ်သည်။
ထို့ကြောင့် စုမိသားစုအကြောင်းကို သူသိပါသည်။
ဒါက လျှို့ဝှက်အင်အားစုများအကြား ထိပ်တန်းတည်ရှိမှုတစ်ခုပေတည်း။
၎င်း၏အခြေခံအုတ်မြစ်က အပေါ်ယံ၌ မြင့်မြတ်အဆောင်ဂိုဏ်းကဲ့သို့ ထိပ်တန်းဂိုဏ်းများထက် အားမနည်းသလို တကယ်တမ်းတွင် ပို၍ပင်အားကောင်းသည်။
စုမိသားစု ဘယ်လောက်ကြာကြာတည်ရှိနေပြီလဲဆိုတာ ဘယ်သူမှမသိပါ။
သူတို့စတင်သတိရမှတ်မိနိုင်သည့်အချိန်မှစ၍ စုမိသားစုက ယနေ့ထိတိုင် တည်ရှိလာခဲ့တာကိုသာ သူတို့သိကြသည်။
"စီနီယာစု၊ ဘာကိစ္စများလဲ"
အဖိုးအိုက သူ့ထက်ပင်ပို၍အားကောင်းသည့် စုမိသားစု၀င်တစ်ယောက်ဖြစ်တာကို သိပြီးနောက် စုမိသားစု၌ ဒီအဖိုးအို၏ ပုံရိပ်က နိမ့်ကျမှာမဟုတ်ဘူးဆိုတာကိုလည်း သူသေချာသွားခဲ့သည်။
သူ့အသံက ပို၍ပင်လေးစားမှုရှိခဲ့သည်။
အကြီးအကဲစုပြုံးသည်။
"ဒီလိုတသီးတခြားလုပ်စရာမလိုပါဘူး၊ ဂိုဏ်းချုပ်ဟောင်၊ ငါမင်းကို တစ်ခုမေးချင်လို့ပါ"
"အို" ဟောင်ကျန်းဟန်ပြုံးလိုက်သည်။
"စုမိသားစုက ကျုပ်ထက်ပိုသိသင့်တယ်လေ၊ ကျုပ်က်ုမေးဖို့လိုသေးတဲ့အရာ တစ်ခုခုများရှိလို့လား"
"ယဲ့ချိုးပိုင်"
အကြီးအကဲစုလှည့်လာပြီး ဟောင်ကျန်းဟန်ကို စိုက်ကြည့်သည်။
ဒီစကားလုံးသုံးလုံးကို ပြောပြီးနောက် အကြီးအကဲစု၏ သိမ်မွေ့ကြင်နာသည့်အပြုံးက အနည်းငယ်နက်နဲသွား၏။
ဟောင်ကျန်းဟန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
ဟောင်ကျန်းဟန်၏ လေးနက်သောအမူအရာကို မြင်သောအခါ အကြီးအကဲစုလက်ဝှေ့ယမ်းသည်။
"ဂိုဏ်းချုပ်ဟောင်၊ မင်းဒီလောက်ကြီး သတိထားနေစရာမလိုဘူး၊ ငါတို့စုမိသားစုမှာ ယဲ့ချိုးပိုင်နဲ့ပတ်သက်ပြီး မကောင်းတဲ့ အတွေးတွေ မရှိပါဘူး"
"ဒီကလေးက မင်းတို့ရဲ့ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကလားဆိုတာ ငါမေးချင်လို့ပါ"
ဟောင်ကျန်းဟန်လေးနက်စွာပြောသည်။
"စီနီယာစု၊ ဒီအကြောင်းကို ကျုပ်ကို မေးစရာမလိုပါဘူး၊ စုမိသားစုက ယဲ့ချိုးပိုင်ကို စုံစမ်းချင်တယ်ဆိုမှတော့ သူအလယ်အလတ်အဆင့်ကြယ်နယ်မြေက လာတာမဟုတ်ဘူးဆိုတာ ခင်ဗျားသိမှာပါ"
ဒါကိုကြားသောအခါ အကြီးအကဲစု ညင်သာစွာခေါင်းညိတ်သည်။
"ငါအတည်ပြုချင်လို့ပါ၊ အဆင့်နိမ့်ကြယ်နယ်မြေကို ရောက်ပြီးနောက်မှာ သဲလွန်စအားလုံး ပျောက်ကွယ်သွားခဲ့တယ်"
"ဒါက ယဲ့ချိုးပိုင်ရဲ့ဘ၀ဇာတ်လမ်းကို နောက်ကွယ်ကနေ တခြားတစ်ယောက်က ရည်ရွယ်ချက်နဲ့ လုံး၀ပယ်ဖျက်ပစ်လိုက်သလိုပဲ"
"ဒါကြောင့် ယဲ့ချိုးပိုင်က အဲဒီအဆင့်နိမ့်ကြယ်နယ်မြေကလည်း မဟုတ်ဘူးလို့ ငါတို့စုမိသားစုက သံသယဖြစ်မိလို့ပါ"
ဒါကိုကြားသောအခါ အကြီးအကဲစု ဘာကို ပြောနေသလဲဆိုတာ ဟောင်ကျန်းဟန်သိလိုက်၏။
ဒါက ယဲ့ချိုးပိုင်နောက်ကွယ်က ကြောက်စရာကောင်းသည့် ဆရာဖြစ်ရပေမည်။
သို့စေကာမူ စီနီယာက ယဲ့ချိုးပိုင်၏ သဲလွန်စများကို ဖျက်ပစ်ခဲ့သဖြင့် တစ်ခြားသူများကို သူ့တည်ရှိမှုကို မစုံစမ်းစေလိုခြင်းသာ။
ဟောင်ကျန်းဟန်တည်ငြိမ်စွာပြောသည်။
"ကျုပ်လည်းမသေချာဘူး၊ စုမိသားစုတောင် မသိနိုင်တာလေ"
ဟောင်ကျန်းဟန်ထိုစကားကို ပြောနေစဉ် အကြီးအကဲစု ဟောင်ကျန်းဟန်၏ အမူအရာနှင့် ဝိဉာဉ်အတက်အကျကို စောင့်ကြည့်နေသည်။
သို့သော် ပုံမှန်မဟုတ်တာ ဘာတစ်ခုမှ သူမတွေ့ခဲ့ရပါ။
ထို့ကြောင့် သူခေါင်းညိတ်သည်။
"ကြည့်ရတာ ယဲ့ချိုးပိုင်နောက်ကွယ်က လူက အရမ်းအားကောင်းပြီး အတော်လေးသတိကြီးပုံပဲ"
"ဒီအဆင့်နိမ့်ကြယ်နယ်မြေက လူမျိုးစုံနဲ့ ပြည့်နှက်နေတာပဲ...."
ဟောင်ကျန်းဟန်ပြုံးသည်။
"ပိုကောင်းတဲ့သူဆိုတာ အမြဲရှိပါတယ်၊ နေရာတိုင်းမှာ ပုန်းကွယ်နေတဲ့ ကျွမ်းကျင်သူတွေက အများကြီးပါ"
အကြီးအကဲစု အဓိပ္ပာယ်ရှိရှိ ခေါင်းညိတ်သည်။
"ဒါမှန်တယ်"
ဒီစကားဝိုင်းအတွင်း အကြီးအကဲစုကလည်း စုမိသားစုကို ပြောပေလိမ့်မည်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်အပေါ် စုမိသားစု၏ သဘောထားက ထပ်မံပြောင်းလဲသွားလောက်သည်။
သူယဲ့ချိုးပိုင် စုမိသားစုကို၀င်လာမည်ကို ထပ်မံမစဉ်းစားတော့ဘဲ ယင်းအစား ယဲ့ချိုးပိုင်နှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ရန် တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားပေလိမ့်မည်။
ဒီလိုအရာမျိုးကိုလုပ်နိုင်သော သူတစ်ယောက်က သေချာပေါက် အရမ်းအစွမ်းထက်ပေလိမ့်မည်။
သူ့တွင် ယဲ့ချိုးပိုင်နှင့် ဆက်ဆံရေးကောင်းရှိမည်သာ။
သူယဲ့ချိုးပိုင်နောက်ကွယ်က ဆန်းကြယ်သောကျွမ်းကျင်သူကို ဆက်သွယ်ရန်အတွက် တခြားနည်းလမ်းတစ်ခုကိုလည်း သုံးခဲ့သည်။
အကြီးအကဲစုပြုံးသည်။
"ကောင်းပါပြီ၊ ဒီလိုဆိုမှတော့ ကလေးတွေထွက်လာတာကို စောင့်ကြတာပေါ့၊ အဲဒီအချိန်ကျရင် ငါဓားတောင်ထိပ်ဂိုဏ်းကို လာလည်ပါမယ်"
အကြီးအကဲစုဘာကိုဆိုလိုသလဲဆိုတာ ဟောင်ကျန်းဟန်နားလည်ပါသည်။
သူ ယဲ့ချိုးပိုင်နှင့်ဆက်ဆံရေးကောင်းတွေ ရှိချင်တာ ရှင်းလင်းနေသည်။
ထို့ကြောင့် ဟောင်ကျန်းဟန် လက်နှစ်ဖက်ဆုပ်ကာပြုံးပြသည်။
"အဲဒီအချိန်ကျရင် ဓားတောင်ထိပ်ဂိုဏ်းက သေချာပေါက် စုမိသားစုကို ကြိုဆိုမှာပါ"
ထို့နောက် နှစ်ယောက်စလုံးစကားပြောနေတာကို ရပ်လိုက်ကြပြီး ဘေးချင်းယှဉ်ရပ်ကာ သေမင်းဝိဉာဉ်မြို့၏ထွက်ပေါက်ကို ကြည့်နေသည်။
ထိုအချိန်တွင် သေမင်းဝိဉာဉ်မြို့၊ ကြယ်တိမ်တိုက်မြို့၌ ကျင့်ကြံခြင်းမျှော်စင်အပြင်တွင် လဲ့ကျန်းချီနှင့် ကျန်သောသူများ ဒဏ်ရာရပြီး ထွက်လာကြသည်။
ယခုတစ်ကြိမ်တွင် သူတို့၏မျက်နှာ၌ ကျေနပ်နေသည့်အပြုံးများ ရှိသည်။
ချန်ဟွီပြုံးသည်။
"နောက်ဆုံးတော့ ငါတို့တတိယထပ်က မှော်သားရဲတစ်ကောင်ကို သတ်နိုင်ခဲ့ပြီ၊ မင်းတို့ရောဘယ်လိုလဲ"
သူ့ဘေးက လဲ့ကျန်းချီက ထူးမခြားနားစွာပြောသည်။
"နှစ်ကောင်"
စုမုယောင်ကလည်း ပြောသည်။
"နှစ်ကောင်"
လင်းကျိနန်နှင့် မြောင်ပန်တုံတို့က ဒါကိုကြားသော်လည်း သက်ရောက်ခြင်းမခံရပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ယောက်က တိုက်ခိုက်ရေးစွမ်းရည်ကြောင့် ကျော်ကြားသောသူများမဟုတ်ပေ။
ဒုတိယအဆင့်တွင် အကြာကြီးနေနိုင်ပြီး မှော်သားရဲတစ်၀က်ကျော်ကို သတ်နိုင်ခဲ့သည့်အပေါ် သူတို့ကျေနပ်နေပြီဖြစ်သည်။
"ဒီတော့ကြည့်ရတာ လူတိုင်းရဲ့ခွန်အားက လုံလုံလောက်လောက် တိုးတက်တာပုံပဲ"
"ဟုတ်တယ်၊ ငါတို့နောက်ထပ် အကြိမ်ရေ အနည်းငယ်လောက် သွားနိုင်သရွေ့ ရှေ့ဆက် တိုးတက်နိုင်ဦးမယ်"
"ကောင်းပြီ၊ အရင်ဆုံးကျင့်ကြံကြရအောင်"
စုမုယောင်နှင့် ကျန်သောသူများ လျှောက်လာရင်း စကားစမြည်ပြောနေစဉ် သူတို့ရှေ့၌ အလွန်အမင်းသိပ်သည်းသည့် ဝိဉာဉ်ချီအတက်အကျတစ်ခုက မြေပြိုကျကာ ဆူနာမီထလာသည့်အလား ထင်ရပြီး လေဟာနယ်ထဲတွင် ပြည့်နှက်သွားခဲ့သည်။
ဒါက ပေါက်ကွဲနေသည်။
တစ်ယောက်ယောက် အဆင့်ချိုးဖျက်နေခြင်းပင်။
ဒီအော်ရာ သူတို့ထဲက ဘယ်သူ့ထက်မဆို အများကြီးပိုအားကောင်းသည်။
ငါးယောက်စလုံး ရှေ့သို့ကြည့်လိုက်မိကြ၏။
သူတို့ယဲ့ချိုးပိုင်ကိုမြင်သောခါ ဆွံအသွားကြသည်။
အစက တစ်ခြားတစ်ယောက်ယောက်က အင်မော်တယ်တပိုင်းနယ်ပယ် အထွတ်အထိပ်အဆင့်ကို ချိုးဖျက်နေခဲ့သည်ဟု သူတို့ထင်ခဲ့ခြင်းပင်။
ဒါက အင်မော်တယ်တပိုင်းနယ်ပယ်ကို ချိုးဖျက်နေသည့် ယဲ့ချိုးပိုင်ဖြစ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
လင်းကျိနန် စုမုယောင်ကိုကြည့်ရင်း ခြောက်ကပ်စွာမေးသည်။
"မုယောင်၊ နင်အင်မော်တယ်တပိုင်းနယ်ပယ်ကို ချိုးဖျက်တုန်းက နင့်မှာ ဒီလိုအော်ရာမျိုးရှိခဲ့လား"
စုမုယောင်တိုက်ရိုက်ပင် ခေါင်းခါယမ်းသည်။
လဲ့ကျန်းချီနှင့်ချန်ဟွီတို့ကမူ ပို၍ပင် ဆွံအနေပုံရသည်။
သူတို့ကလည်း စုမုယောင်နှင့်အလားတူဆိုတာ သိသာထင်ရှားနေသည်။
ဒီစိတ္တဇကောင်က သွေးပြောင်းလဲခြင်းနယ်ပယ်နှင့် အင်မော်တယ်တပိုင်းနယ်ပယ်ကို ချိုးဖျက်ခဲ့သည်။ ဒီမြင်ကွင်းက သူမြေအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်သွားခဲ့သည့်အလားပင်။
မြေအင်မော်တယ်နယ်ပယ်ကို အမှန်တကယ် ချိုးဖျက်ရန်အတွက် အချိန်ကျလာပါက ဘယ်လိုမြင်ကွင်းမျိုးများ ဖြစ်လာနည်နည်း။
အပိုင်း(721) coming။