← Chapters

#စစ်သားများ မြို့ကို တိုက်ခိုက်ခြင်း#

Vol. 51 Ch. 721

#စစ်သားများ မြို့ကို တိုက်ခိုက်ခြင်း#

Vol. 51 Ch. 721

ယဲ့ချိုးပိုင် အင်မော်တယ်တပိုင်းနယ်ပယ်ကို တက်လှမ်းမည့်အပေါ် မုဖူရှန်း မျှော်လင့်ထားပြီးဖြစ်သည်။ အစ်ကိုကြီး၏ တိုးတက်နှုန်းက စံအိမ်တော်က တပည့်များအနက် အနှေးဆုံးဖြစ်သော်လည်း တာအိုအခြေခံအုတ်မြစ်၌ မည်သူမှ သူ့ကိုမယှဉ်နိုင်ပေ။

နယ်ပယ်ပိုမြင့်လာသည်နှင့်အမျှ ဒီအရာ၏ အသာစီးရမှုက ပိုပို၍ပင် သိသာထင်ရှားလာသည်။

ဥပမာအားဖြင့် ယဲ့ချိုးပိုင် အင်မော်တယ်တပိုင်းနယ်ပယ် အစောပိုင်းအဆင့်ကို မည်သည့်အတားအဆီးမှ မရှိဘဲ ချိုးဖျက်နိုင်ခဲ့သည်။

သူ့အဆင့်ချိုးဖျက်ခဲ့သည့် အော်ရာကလည်း သေချာပေါက် တစ်ခြားသူများထက် အများကြီးပိုအားကောင်းမည်သာ။

တစ်ချိန်တည်းမှာပင် မုဖူရှန်း၏အမြင်တွင် နယ်ပယ်တူ၌ ဘယ်သူမှ ယဲ့ချိုးပိုင်၏ ပြိုင်ဘက်မဟုတ်ပါ။

ယဲ့ချိုးပိုင် အဆင့်ချိုးဖျက်ပြီးနောက် မျက်လုံးဖွင့်လိုက်စဉ် သူ့ရှေ့က မုဖူရှန်းကို တွေ့လိုက်ရသဖြင့် ပြုံးရင်းမေးသည်။

"ဘယ်လိုလဲ"

မုဖူရှန်းပြုံးရင်း ရွှေရောင်မိုးကြိုးစင်းတစ်ခုက သူ့လက်ဖဝါးပေါ်၌ ပေါ်လာသည်။ ဒီမိုးကြိုးစွမ်းအား ပမာဏအနည်းငယ်က မုဖူရှန်းလက်ဖဝါးပေါ်၌ ပေါ်လာသောအခါ လင်းကျိနန်နှင့် ကျန်သောသူများ မသိစိတ်က နောက်တစ်လှမ်း ဆုတ်လိုက်မိသည်။

သူတို့၏မျက်နှာထဲတွင် ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာတစ်ခု ပေါ်လာခဲ့သည်။

ဒါကအနည်းငယ်သာဖြစ်သော်လည်း ၎င်းက ယူဆောင်လာသည့် အဖျက်ခံစားချက်က သူတို့ကိုမတိုက်ခိုက်လာသည့်တိုင် သူတို့နှလုံးများကို ခုန်ပေါက်စေသည်။

သူတို့မိုးကြိုးစွမ်းအားနှင့် ထိမိသည်နှင့်တစ်ပြိုင်နက် ချက်ချင်းအသတ်ခံရမည့်အလားပင်။

ယဲ့ချိုးပိုင်က သူတို့ထက်ပိုမြင်သည်။

မုဖူရှန်း၏ ဆန်းကြယ်ယင်ခရမ်းမိုးကြိုးနှင့် ယှဉ်ပါက ဒီရွှေရောင်မိုးကြိုးက ကောင်းကင်ဘုံတာအိုစွမ်းအားကို သယ်ဆောင်ထားသည်။

ဒါက ကောင်းကင်ဘုံတာအိုမှ အပြစ်ပေးနေသည်နှင့်တူသည်။

မုဖူရှန်း သူ့နားထဲသို့ အသံပို့လာသည်။

"ဆရာကျွန်တော့်ကို ပေးခဲ့တဲ့ ကိုးသွယ်ရှေးဦးမိုးကြိုးပညာရပ်က ဒုတိယမိုးကြိုးဖြစ်တဲ့ ကောင်းကင်အပြစ်ပေးနတ်မိုးကြိုးအဆင့်ကို ချိုးဖျက်သွားခဲ့တယ်"

ကောင်းကင်အပြစ်ပေးနတ်မိုးကြိုးဆိုတာက သင့်လျော်သည့်အမည်ဖြစ်သည်။

"မင်းအခုဘယ်အထပ်မှာလဲ"

မုဖူရှန်းပြောသည်။

"ဆဌမထပ်၊ ထပ်ပြီးမြင့်မြင့်သွားချင်တယ်ဆိုရင် မသွားခင် သစ်သားပြားထဲက ဝိဉာဉ်ချီကို အရင်စုပ်ယူဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တာ"

ဒါက မုဖူရှန်း၏စရိုက်နှင့် ကိုက်ညီပေသည်။

"ရှောင်ဟိုင်ဘယ်အထပ်ကို ရောက်နေပြီလဲဆိုတာ ငါသိချင်မိတယ်"

စကားပြောနေရင်း ယဲ့ချိုးပိုင်မျှော်စင်အား မော့ကြည့်ကာ ပြုံးလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် အဌမထပ်တွင် အလင်းစက်တစ်စက်တည်းသာ ရှိသည်။

ဒီအလင်းစက် ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို ဘယ်သူကမှ မေးနေစရာမလိုပါ။ ရှောင်ဟိုင်တစ်ယောက်တည်းသာလျှင် အဌမထက်ကို ဒီလောက်မြန်မြန်ရောက်နိုင်သည်။

အဆက်မပြတ်တိုက်ပွဲများအတွင်း ရှောင်ဟိုင်၏ ရုပ်ခွန်အားကလည်း ထူးကဲသော အဆင့်ချိုးဖျက်မှုများရှိသည်မှာ ရှင်းနေသည်။

"ကောင်းပြီ၊ အရင်ဆုံးကျင့်ကြံကြရအောင်" ထို့နောက် ယဲ့ချိုးပိုင်ထရပ်ကာ ကျင့်ကြံခြင်းမျှော်စင်သို့ လျှောက်သွားသည်။

ယခုသူ့ဒဏ်ရာများက သက်သာနေပြီဖြစ်လေရာ သူသတ္တအဆင့်ကို စိန်ခေါ်ရပေမည်။

သူ့ဓားတာအိုကလည်း အင်မော်တယ်ဓားနယ်ပယ် တစ်၀က်အဆင့်ကို တက်လှမ်းသွားခဲ့ပုံရသည်။

ယခုအချိန်တွင် သူတစ်ချက်တည်းနှင့် အဆင့်ချိုးဖျက်နိုင်သည်။

သို့စေကာမူ အချိန်က တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်။

သေမင်းဝိဉာဉ်မြို့ပိတ်ရန်အတွက် အချိန်အများကြီးမကျန်တော့ပါ။

ခုနှစ်ရက်အတွင်း ဒါကအပြည့်အ၀ ပိတ်သွားမည်ဖြစ်သည်။

ခုနှစ်ရက်ကြာပြီးနောက်တွင် မြို့သုံးမြို့ကို မည်သူက ကြီးစိုးခဲ့သည်ဖြစ်စေ၊ မကြီးစိုးခဲ့သည်ဖြစ်စေ၊ သို့မဟုတ် သူတို့‌နောက်ဆုံးဆုလာဘ်ကို ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သေမင်းဝိဉာဉ်မြို့က သူတို့ကို ထုတ်ပယ်ပစ်မည်သာ။

မည်သည့်အတွက်ကြောင့် မည်သူကမှ သေမင်းဝိဉာဉ်မြို့၏ နောက်ဆုံးဆုလာဘ်ကို မရခဲ့ကြလေသနည်း။

သေမင်းဝိဉာဉ်မြို့အလယ်ဗဟိုကို ၀င်နိုင်သည့် ကျင့်ကြံသူများက ထိပ်တန်းအဆင့် တည်ရှိမှုများဖြစ်ကြသည်။

ဂိုဏ်းကြီးအသီးသီးမှ ထိပ်တန်းပါရမီရှင်များနှင့် ထိပ်တန်းတစ်ကိုယ်တော်ကျင့်ကြံသူများက တူညီသည့်စင်မြင့်ပေါ်၌ ယှဉ်ပြိုင်ကြလေရာ ကွာဟချက်က အရမ်းမကြီးမားဟု ဆို၍ရသည်။

အစကနေအဆုံးထိ မြို့သုံးမြို့ကို အုပ်ချုပ်ခဲ့သည့် အခြေအနေက တစ်ကြိမ်သာလျှင် ဖြစ်ပျက်ခဲ့သည်။

ထိုတစ်ကြိမ်ကလည်း နှစ်ထောင်ကျော်ရှိနေပြီဖြစ်ကာ ထိုအချိန်က မြို့သုံးမြို့ကို အုပ်စိုးခဲ့သောသူကလည်း နောက်ဆုံးဆုလာဘ်ကို မရနိုင်ခဲ့ပေ။ တစ်ယောက်ယောက် မေးခဲ့သည်။

ထိုအခါ ထိုလူကပြောခဲ့သည်။

"သေမင်းဝိဉာဉ်မြို့ရဲ့ နောက်ဆုံးဆုလာဘ်က အရမ်းကြမ်းတမ်းပြင်းထန်လွန်းတယ်"

"ဘယ်သူမှ ဒါကိုမရနိုင်ကြဘူး"

ထိုစကားနှင့်အတူ လူတိုင်း ထွက်ခွာလာရုံသာ တတ်နိုင်တော့သည်။

သို့စေကာမူ မရေမတွက်နိုင်လောက်သော သူများက အမွေအနှစ်နှင့် သဘာ၀ရတနာများကို ရှာဖွေခဲ့ကြသည်။

သေမင်းဝိဉာဉ်မြို့ကနေ အောင်အောင်မြင်မြင်နှင့် ထွက်လာနိုင်ပြီး တစ်ချိန်တည်းမှာပင် နောက်ဆုံးခြေလှမ်းကို ရောက်နိုင်ခဲ့သူများကမူ သူတို့ခွန်အားနှင့်နယ်ပယ်က အကြီးအမား တိုးတက်လာခဲ့သည်။

ဒီနေ့တွင်ပင် နောက်ဆုံးတော့ ပန်ရှီနှင့်ကျန်သောသူများက ကြယ်တိမ်တိုက်မြို့၏ တည်နေရာကို တွေ့လိုက်ရလေပြီ။ လဲ့ကျန်းချီ မြို့ရိုးအပြင်က အုတ်သောင်းအုတ်နင်းဖြစ်မှုကို ခံစားမိသောအခါ သူချက်ချင်းပင် စုမုယောင်နှင့် ကျန်သောသူများနှင့်အတူ ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်သည်။

"ငရဲဂိုဏ်းက ဒီနေရာကို ရှာတွေ့သွားပြီ" လဲ့ကျန်းချီ လေးနက်သည့်အမူအရာဖြင့် ပြောသည်။

"အရင်သွားပြီး ဒါကိုကိုင်တွယ်ကြရအောင်"

ယခုအချိန်တွင် လဲ့ကျန်းချီကလည်း အင်မော်တယ်တပိုင်းနယ်ပယ် အထွတ်အထိပ်အဆင့်ကို ချိုးဖျက်သွားခဲ့လေပြီ။

ချန်ဟွီနှင့် စုမုယောင်တို့ကလည်း ထိုအဆင့်ကိုပင် ချိုးဖျက်ခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သုံးယောက်က အင်မော်တယ်တပိုင်းနယ်ပယ် အလာ်အလတ်အဆင့်၌ နှစ်များစွာကြာ နေခဲ့ရသည်။ ယခုတွင်မူ ‌ကျင့်ကြံခြင်းမျှော်စင်က သူတို့ရရှိခဲ့သည့် ဝိဉာဉ်ချီများက သူတို့အတွက် အဆင့်ချိုးဖျက်ရန် လုံလောက်နေပါပြီ။

လင်းကျိနန်နှင့် မြောင်ပန်တုံတို့ကလည်း အင်မော်တယ်တပိုင်းနယ်ပယ် အလာ်အလတ်အဆင့်ကို ချိုးဖျက်ခဲ့ကြသည်။

မြောင်ပန်တုံမျက်မှောင်ကြုတ်သည်။

"ငါတို့လက်ရှိခွန်အားနဲ့ဆိုရင်တောင် တဘက်လူ လျှို့ဝှက်ကျင့်စဉ်ကိုသုံးပြီး မြေအင်မော်တယ်နယ်ပယ်ကို ၀င်သွားခြင်းကနေ ငါတို့တားနိုင်မှာ မဟုတ်သေးဘူး"

"ငါတို့ယဲ့ချိုးပိုင်တို့ကို ထွက်လာဖို့အတွက် ခေါ်လိုက်ရင်ရော"

လင်းကျိနန် ချက်ချင်းခေါင်းခါယမ်းသည်။

"ငါတို့ အနာဂတ်မှာ ငရဲဂိုဏ်းကို ကိုင်တွယ်ချင်သေးတယ်ဆိုရင် ယဲ့ချိုးပိုင်တို့ကို မှီခိုအားကိုးရဦးမယ်၊ သူတို့ကအခု အရေးကြီး အခြေအ‌နေမှာ ရှိနေကြတာ၊ ငါတို့မှာ တခြားရွေးချယ်စရာ မရှိတော့မှသာ ငါတို့သူတို့ကို ခေါ်လို့ရမယ်"

ထိုအချိန်တွင် ရှောင်ဟိုင် နောက်ဆုံးအထပ်ဖြစ်သည့် န၀မထပ်ကိုပင် ရောက်နေလေပြီ။

အဌမထပ်တွင် အလင်းစက်နှစ်စက်ရှိသည်။ သူတို့က ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့ဆိုတာ ရှင်းနေသည်။

လဲ့ကျန်းချီ လင်းကျိနန်ပြောတာကို သဘောတူသည့်အသွင် ခေါင်းညိတ်သည်။

"မှန်တယ်၊ သူတို့ကို အရင်အချိန်ဆွဲထားကြရအောင်"

ထိုအချိန်တွင် ကျင့်ကြံခြင်းမျှော်စင်အပြင်၌ ပုံရိပ်သုံးခုပေါ်ပေါက်လာသည်။

လဲ့ကျန်းချီနှင့် ကျန်သောသူများ လှမ်းကြည့်လိုက်ကြ၏။

သူတို့က အင်မော်တယ်မျောက်ဝံကျေးရွာက လူသုံးယောက်ဖြစ်သည်။

ယွမ်ဟန်မေးသည်။

"ဘာဖြစ်နေတာလဲ"

လင်းကျိနန် အဖြစ်အပျက်ကို ပြန်ပြောပြလိုက်သည်။

ယွမ်ဟန်ချက်ချင်းပြောသည်။

"သူတို့ကိုမနှောက်ယှက်နဲ့၊ ငါတို့မင်းတို့နဲ့အတူ အရင်ဆုံးသွားမယ်"

သူတို့ခေါင်းညိတ်ကြသည်။

ထိုအချိန်တွင် ကြယ်တိမ်တိုက်မြို့ရိုးအပြင်၌ ပန်ရှီ ကွေ့ကောရင်ဘက်လှည့်ကာ မေးသည်။

"ဘယ်လိုလဲ၊ ဒီမှာအော်ရာတစ်ခုခုရှိလား"

ကြယ်တိမ်တိုက်မြို့၏ တည်နေရာကို သိပြီးနောက် ပန်ရှီ ကောင်းကင်မြေအောက်နန်းတော်က လူလေးယောက်ကို ချက်ချင်းခေါ်လိုက်သည်။

ဒီစစ်ဆင်ရေးတွင် ဘာတစ်ခုမှ မမှားစေရန်အတွက် သူသေချာအောင် လုပ်ရပေမည်။

အကယ်၍သူသာ ထပ်မံကျရှုံးသွားပါက ဘိုးဘေးက သေချာပေါက် သူ့ကို အပြစ်တင်လာပေလိမ့်မည်။

ပန်ရှီ အကျိုးဆက်များကို တွေးပင်မတွေးရဲပါ။

ကွေ့ကောရင်ခေါင်းညိတ်သည်။

"သူတို့ဒီမှာရှိတယ်"

သူတို့စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် မြို့ရိုးပေါ်၌ လဲ့ကျန်းချီနှင့် ကျန်သောသူများ၏ ပုံရိပ်များက ပေါ်လာကြသည်။

ပန်ရှီအကျည်းတန်စွာပြုံးရင်း ထိုလူများထံ အကြည့်ပို့လွှတ်လိုက်၏။ အဆုံးသတ်တွင် သူအနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

"ဘာလို့လဲ၊ အဲဒီသုံးယောက်ဘယ်မှာလဲ၊ သူတို့နောက်မှာပုန်းနေပြီး မထွက်လာရဲကြတာများလား"

ပန်ရှီ ဘယ်သူတွေကို ရည်ညွှန်းပြောဆိုနေသလဲဆိုတာ လဲ့ကျန်းချီတို့သိပါသည်။

ထို့ကြောင့် သူအပြုံးဖြင့်ပြန်ဖြေသည်။

"သူတို့ဒီမှာမရှိရင်ရော ဘာဖြစ်လဲ"

ဒါကိုကြားသောအခါ ပန်ရှီနှာခေါင်းရှုံ့သည်။

"မင်းတို့က အရည်အချင်းမပြည့်မီဘူး"

ပန်ရှီ၏မျက်လုံးထဲတွင် လျှို့ဝှက်ကျင့်စဉ်က ယဲ့ချိုးပိုင်တို့သုံးယောက်အတွက်သာ။ မည်သို့ပင်ဆိုစေကာမူ ယဲ့ချိုးပိုင်တို့က သူတို့ငရဲဂိုဏ်းအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုပင် မဟုတ်ပေလော။

သူတို့ပါရမီနှင့်ခွန်အားက အရမ်းအစွမ်းထက်လွန်းသဖြင့် သူ့တို့နှလုံးများကိုပင် ခုန်ပေါက်စေသည်။

သူတို့သုံးယောက်သာမရှိပါက ပန်ရှီ လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုမည်မဟုတ်။

ဒါကိုမြင်သောအခါ ချန်ဟွီလှံကို ထုတ်လိုက်ပြီး သူ့အော်ရာက ပေါက်ကွဲသွား၏။

သူအော်ဟစ်သည်။

"ဘာလို့လဲ၊ မင်းတို့ငါတို့ကို အနိုင်ယူနိုင်တယ်ဆိုတာ သေချာလား"

အင်မော်တယ်တပိုင်းနယ်ပယ် အထွတ်အထိပ်အဆင့်လား!

ပန်ရှီဆိုးယုတ်စွာပြောသည်။

"ဘာလဲ၊ မင်းကအခုလေးတင် အင်မော်တယ်တပိုင်းနယ်ပယ် အထွတ်အထိပ်အဆင့်ကို ချိုးဖျက်ခဲ့လို့ ငါတို့ရဲ့ပြိုင်ဘက် ဖြစ်မယ်လို့ ထင်နေတာလား"

"သူတို့မထွက်လာကြသေးဘူးဆိုမှတော့ မင်းကနေ ငါစလိုက်မယ်"

အပိုင်း(722) coming။

All Chapters