#အန္တရာယ်ရှိသောမြို့#
Vol. 51 Ch. 722
မြို့ခြေရင်း၌ ထိုအချိန်တွင် ကြယ်တိမ်တိုက်မြို့ရိုးနံရံအပြင်တွင် လေထုက တင်းကြပ်သိပ်သည်းလာသည်။
လဲ့ကျန်းချီနှင့် ကျန်သောသူများက သူတို့ဝိဉာဉ်ချီများကို ထုတ်လွှတ်ကြသည်။
ယဲ့ချိုးပိုင်မရှိသဖြင့် လင်းကျိနန်က ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။
လင်းကျိနန် ခေါင်းဆောင်ဖြစ်လာသည့်အပေါ် လဲ့ကျန်းချီနှင့်ကျန်သောသူများက လုံး၀မကျေမနပ် မဖြစ်ကြပါ။
မည်သို့ပင်ဆိုစေကာမူ ဒီလူက အတွေးအခေါ်ဘုရင်ဟု ကျော်ကြားသော လူတစ်ယောက် မဟုတ်ပေလော။
လင်းကျိနန် လေးနက်စွာပြောသည်။
"ကောင်းကင်ပြာမြစ်ဝါနန်းတော်မှာ ထောင်ချောက်အခင်းအကျင်းတစ်ခုရှိတယ်၊ ဒါကသေချာပေါက်ငါတို့ကို နှောင့်နှေးစေလိမ့်မယ်၊ သူတို့ကိုတော့ အင်မော်တယ်မျောက်ဝံကျေးရွာက လူတွေအတွက် ချန်ထားလိုက်မယ်"
ဒါကိုကြားသောအခါ ယွမ်ဟန်နှင့် ကျန်နှစ်ယောက်က ခေါင်းညိတ်သည်။
သူတို့၏အစွမ်းထက်ရုပ်ခန္ဓာများအရ သူတို့ဘေးကင်းကင်းနှင့် လွတ်မြောက်နိုင်မှာ သေချာသည်။
ထို့နောက် လင်းကျိနန် လဲ့ကျန်းချီကို ကြည့်ရင်းပြောသည်။
"မင်းတို့ပန်ရှီနဲ့ကျန်တဲ့သူတွေကို ကိုင်တွယ်လို့ရတယ်၊ ဒါပေမယ့် သူတို့ပစ်မှတ်က သေချာပေါက် ယဲ့ချိုးပိုင်တို့သုံးယောက်ဖြစ်မယ်လို့ ငါထင်တယ်၊ သူတို့သုံးယောက် မပေါ်လာသေးခင် သူတို့သေချာပေါက် လျှို့ဝှက်ကျင့်စဉ်ကို အသက်သွင်းမှာမဟုတ်ဘူး"
"ဒါကငါတို့အခွင့်အရေးလည်းဖြစ်တယ်၊ ငါတို့အရင်ဆုံးအစွမ်းကုန် တိုက်ခိုက်ပြီး သူတို့ကို လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုဖို့ တွန်းအားပေးရမယ်၊ ယဲ့ချိုးပိုင်တို့ ကျင့်ကြံပြီးသွားတဲ့အခါထိ ငါတို့သူတို့ကို ကြယ်တိမ်တိုက်မြို့အပြင်မှာ ထားနိုင်လိမ့်မယ်"
ဒါကိုကြားသောအခါ လဲ့ကျန်းချီနှင့် ကျန်သောသူများက သဘောတူသည့်အသွင် ခေါင်းညိတ်သည်။
လင်းကျိနန်က အတော်လေးတတ်စွမ်းနိုင်သူတစ်ဦးဟု ဆို၍ရသည်။
သူ့ခန့်မှန်းမှုတွင် အမှားဟူ၍မရှိပါ။
မည်သို့ပင်ဆိုစေကာမူ သူတို့ဆိုပါကလည်း သူတို့ သေချာပေါက် ယဲ့ချိုးပိုင်တို့သုံးယောက်ကို ပစ်မှတ်ထားမည်သာ။
ဒီလိုပါရမျိုးက အတော်လေး ကြောက်စရာကောင်းလွန်းသည်။
ထိုအချိန်တွင် ယွမ်ဟန်နှင့်ကျန်နှစ်ယောက်က ကွေ့ကောရင်တို့ အုပ်စုရှိရာသို့ ပြေး၀င်သွားကြလေပြီ။
ဒါကိုမြင်သောအခါ ကွေ့ကောရင် ညင်သာစွာ ရယ်မောလိုက်၏။
သူတို့ငါတို့ကို ပစ်မှတ်ထားနေကြတာလား!
ထို့နောက်တွင် သံလိုက်အိမ်မြှောင်တစ်ခုစီက ကောင်းကင်ပြာမြစ်ဝါနန်းတော်၏ လူလေးယောက်လက်ထဲတွင် ပေါ်လာသည်။ ယွမ်ဟန်နှင့် ကျန်သောသူများပတ်လည်၌ အတားအဆီးတစ်ခု ပေါ်လာခဲ့သည်။
သူတို့ကို တားဆီးရပေမည်။
တစ်ချိန်တည်းမှာပင် မြို့ရိုးပေါ်၌ လဲ့ကျန်းချီ အနည်းငယ်ဒူးကွေးရင်း ညာခြေကို ဘယ်ဘက်ဒူးပေါ်တင်ကာ ဗျပ်စောင်းကိုမူ ညာခြေသလုံးပေါ်၌ တင်လိုက်သည်။
သူ့၏သေးသွယ်သောလက်အစုံက ဗျပ်စောင်းကြိုးများပေါ်၌ ဖြတ်ပြေးသွားကြ၏။
သံစဉ်က ခမ်းနားထည်ဝါသည့် စစ်တပ်တစ်ခုအဖြစ် ပြောင်းသွားပြီး ထူးကဲနယ်ပယ် တစ်၀က်အဆင့်ဓားဆန္ဒနှင့်အတူ ပန်ရှီနှင့် ကျန်သောသူများထံ ဦးတည်လာသည်။
ချန်ဟွီကလည်း အော်ဟစ်ကာ ခြေဖြင့် ဆောင့်လိုက်သည်။ လေနှင့်မိုးကြိုးစွမ်းအားက သူ့လှံတစ်ချောင်း ၀င်ရောက်လာ၏။ သူပန်ရှီအား စိုက်ကြည့်ပြီး လှံကို အရူးအမူး ဝှေ့ယမ်းလိုက်သည်။
စုမုယောင်ကလည်း ဒယ်စောက်ကို ထုတ်ကာ လက်နှစ်ဖက်နှင့် တွန်းလိုက်၏။
ဒယ်စောက်က ငရဲဂိုဏ်းက လေးယောက်အပေါ်တွင် ပေါ်လာပြီး ၎င်း၏ဖိနှိပ်ခြင်းစွမ်းအားက ပျံ့သွားခဲ့သည်။
လင်းကျိနန်ကမူ အထောက်အကူပေးနေသည်။
ပန်ရှီဒါကိုမြင်သောအခါ အေးစက်သည့်အပြုံးတစ်ပွင့်က သူ့မျက်နှာထက်တွင် ပေါ်လာခဲ့သည်။
"မင်းတို့အဆင့်ချိုးဖျက်လိုက်ရုံမျှနဲ့ ငါတို့ပြိုင်ဘက်ဖြစ်မယ်လို့ တွေးထင်နေကြတာလို့တော့ ငါ့ကိုမပြောနဲ့နော်"
ပန်ရှီနှင့်ကျန်သောသူများကလည်း အမွေအနှစ်ကို ရခဲ့ကြသည်။ ငရဲဘိုးဘေး၏ တိုတောင်းသော လမ်းညွှန်ပေးမှု ကာလအတွင်း သူတို့ခွန်အားကလည်း တိုးတက်လာခဲ့ကြသည်။
လေးယောက်စလုံး တစ်ချိန်တည်းမှာပင် စည်းတံဆိပ်များ ဖန်တီးလိုက်ကြ၏။
လေးယောက်စလုံး၏ ကိုယ်ခန္ဓာများမှ စိတ်မချမ်းမြေ့ဖွယ်ဟစ်ကြွေးသံများကို ကြားနိုင်သည်။
ဒါက သူတို့ဝိဉာဉ်များက ငိုကြွေးမြည်တမ်းနေသည့်အလားပင်။
ဟစ်ကြွေးသံများ လေထဲတွင် ပြည့်နှက်သွားသည်နှင့် သွေးရောင်ဆန္ဒက ကောင်းကင်ထဲ၌ ထိုးတက်လာခဲ့သည်။
ဧရာမသွေးတိမ်တိုက်တစ်ခုက ပန်ရှီနှင့်ကျန်သောသူများအပေါ်က ကောင်းကင်ယံ၌ ပေါ်လာခဲ့သည်။
သွေးတိမ်တိုက်ထဲတွင် နှလုံးကိုပင် ခုန်ပေါက်စေသည့် သွေးဆာပြီး ဆိုးယုတ်သည့် မိစ္ဆာအော်ရာရှိသည်။
လဲ့ကျန်းချီနှင့်ကျန်သောသူများ တိုက်ခိုက်လာတာကို ကြည့်ရင်း ပန်ရှီနှာခေါင်းရှုံ့သည်။ သွေးတိမ်တိုက်၏ သိပ်သည်းမှုအောက်တွင် ဝိဉာဉ်စွမ်းအားကနေ သွေးဘီလူးတစ်ယောက် ကျစ်လျစ်လာခဲ့ပြီး သွေးရဲရဲမိစ္ဆာဆန္ဒက လူတိုင်းအပေါ် ကောင်းကင်၌ ပေါ်လာခဲ့သည်။
ထို့နောက် တစ်ချိန်တည်းတွင် ၎င်းကထိုးနှက်လိုက်သည်။
ချန်ဟွီမျက်မှောင်ကြုတ်သည်။ လှံနှင့်ခုခံရာ၌ သူ့တွင် နည်းနည်းလေးပင် နေရာမရှိပါ။
လတ်ဆတ်သောသွေးများက ဖြာထွက်လာပြီး သွေးလိုင်းငါးကြောင်းက သူ့လက်မောင်းကနေ စီးထွက်လာသည်။
ထို့နောက် သူလွင့်စင်သွားပြီး ကြယ်တိမ်တိုက်မြို့၏ မြို့နံရံနှင့် တိုက်မိသည်။
သွေးဘီလူး၏လက်သီးချက်ကြောင့် စုမုယောင်ဒယ်စောက်စွမ်းအားကလည်း လွင့်စင်သွားခဲ့ရသည်။
မြို့ရိုးပေါ်၌ရပ်နေစဉ် တန်ပြန်အကျိုးဆက်က ချက်ချင်းပင် စုမုယောင်ထံ ပြန်ရောက်လာသည်။ သူမပါးစပ်ထောင့်စွန်းမှ သွေးများစီးကျလာပြီး သူမမျက်နှာက ချက်ချင်းဖြူရော်သွားခဲ့သည်။
ဒီလက်သီးချက်က လဲ့ကျန်းချီ၏ စစ်သားထောင်ချီသောစစ်တပ်နှင့် မြင်းများကိုလည်း လုံး၀အနိုင်ယူပစ်သည်။
လင်းကျိနန်နှင့် မြောင်ပန်တုံတို့က တိုက်ရိုက်ပင် နောက်ဆုတ်သွားရသည်။
လူတိုင်း ဒီမြင်ကွင်းကို အံ့ဩသင့်တကြီး ကြည့်လိုက်မိကြသည်။
ဒီလောက်ထိအစွမ်းထက်ရအောင် ဒါဘယ်လိုကျင့်ကြံခြင်းကျင့်စဉ်မျိုးလဲ!
သူတို့က အင်မော်တယ်တပိုင်းနယ်ပယ် အထွတ်အထိပ်အဆင့်ကို ချိုးဖျက်ခဲ့ကြပြီဖြစ်သည်။
သို့စေသည့်တိုင် မည်သည့်လျှို့ဝှက်ကျင့်စဉ်ကိုမှ မသုံးဘဲ ငရဲဂိုဏ်းက လူလေးယောက်ကြောင့် ပြန်လည်တုံ့ပြန်နိုင်စွမ်းပင် မရှိဘဲ အနေအထားအထိ အရိုက်ခံရသည်။
ဒါကိုမြင်သောအခါ ပန်ရှီနှင့် ကျန်သောသူများက အကျည်းတန်စွာ ပြုံးလိုက်ကြသည်။
ဒီလှုပ်ရှားမှုကို ဘိုးဘေးပေးခဲ့ခြင်းဖြစ်သည်။
ဒါက ငရဲဂိုဏ်း၏ ရွှေခေတ်ကာလနောက်တွင် အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့သည့် ကျင့်ကြံခြင်းကျင့်စဉ်တစ်ခုပေတည်း။
ဒီကျင့်ကြံခြင်းကျင့်စဉ်က အသုံးပြုရန် လူများစွာကိုလိုအပ်သည်။
ပန်ရှီနှင့်ကျန်သောသူများက ဒီကျင့်ကြံခြင်းကျင့်စဉ်၏ အပြည့်အ၀ခွန်အားကို အသုံးပြုရန် မလုံလောက်သေးသော်လည်း ဒါက လဲ့ကျန်းချီနှင့် ကျန်သောသူများကို ကိုင်တွယ်နိုင်တာထက် ပိုနေလေပြီ။
ပန်ရှီ အေးစက်စွာနှာခေါင်းရှုံ့သည်။
"ဘာလဲ၊ ယဲ့ချိုးပိုင်တို့မှာ ပေါ်လာဖို့အတွက် အစီအစဉ်မရှိသေးဘူးလား"
"သူတို့သာ မပေါ်လာသေးဘူးဆိုရင် မင်းတို့အသက်ကို ဒီနေရာမှာ ဆုံးရှုံးရလိမ့်မယ်"
လင်းကျိနန်နှင့် ကျန်သောသူများတွင် ကြည့်ရဆိုးသည့် အမူအရာကိုယ်စီ ရှိနေကြသည်။
နည်းဗျူဟာများကို အသုံးချရန်အတွက် အချိန်မရှိပါ။
ယခုလိုအခြေအနေအောက်တွင် ပန်ရှီနှင့် ကျန်သောသူများ၏ ခွန်အားက သူတို့ခုခံနိုင်သည့် သူတို့ခွန်အားအတိုင်းအတာထက် သာလွန်နေလေပြီ။
တခြားတစ်ဘက်တွင် ယွမ်ဟန်နှင့် ကျန်နှစ်ယောက်ကလည်း ထောင်ချောက်အခင်းအကျင်း၏ နှောင့်နှေးမှုအောက်တွင် မလွတ်မြောက်နိုင်ကြပေ။
သို့စေကာမူ သူတို့အခြေအနေက အနည်းငယ်ပိုကောင်းသည်။
ကွေ့ကောရင်နှင့် ကျန်နှစ်ယောက်တို့၏ အဝါရောင်စမ်းချီက ယွမ်ဟန်တို့အတွက် အရမ်းကြီး အသုံးမ၀င်လေရာ ဒါက နောက်ဆက်တွဲ အားနည်းမှု သို့မဟုတ် ထိခိုက်မှုကို မဖြစ်စေပါ။
သို့စေကာမူ သူတို့က ဒီထောင်ချောက်အခင်းအကျင်းကနေ မလွတ်မြောက်နိုင်ကြပေ။
လင်းကျိနန် လေးနက်သည့်အမူအရာဖြင့် ပြောသည်။
"ငါတို့သူတို့ကို လျှို့ဝှက်ကျင့်စဉ်သုံးဖို့ တွန်းအားပေးလို့ မရနိုင်တော့ဘူး၊ ဒါပေမယ့် သူတို့ကိုအချိန်ဆွဲထားပြီး ယဲ့ချိုးပိုင်တို့ထွက်လာတာကို စောင့်ရမယ်"
လူတိုင်းခေါင်းညိတ်သည်။
အော်ရာကို ပြန်လည်ထိန်ညှိပြီးနောက် ချန်ဟွီမြို့ရိုးပေါ်သို့ ပြန်လာခဲ့သည်။
ပန်ရှီနှာခေါင်းရှုံ့ကာ အထင်အမြင်သေးသည့် အမူအရာဖြင့် ပြောသည်။
"မင်းတို့မြို့ရိုးကို သေတဲ့အထိကာကွယ်ပြီး တိုက်ခိုက်ဖို့ ပဏာမခြေလှမ်းမလှမ်းဘူးဆိုရင် ဒါကဘာများအသုံး၀င်လို့လဲ"
သွေးဘီလူး၏ခေါင်းဆောင်တစ်ဖြစ်လဲ ပန်ရှီ သွေးဘီလူးကို ထိန်းချုပ်ပြီး ခြေလှမ်းကြီးများနှင့်အတူ မြို့ရိုးဆီသို့ ချဉ်းကပ်သည်။
ထို့နောက် မြို့ရိုးပေါ်တွင်ရှိသည့် လဲ့ကျန်းချီနှင့် ကျန်သောသူများထံ အောက်ကနေ လက်သီးတစ်ချက် ပစ်ကျွေးလိုက်သည်။
ဒါကိုမြင်သောအခါ လဲ့ကျန်းချီနှင့် ကျန်သောသူများက ဒီတိုက်ချက်ကို ခုခံရန် ရည်ရွယ်ချက်ဖြင့် ခွန်အားအပြည့် အသုံးပြုလိုက်ကြသည်။
သို့စေကာမူ ရလဒ်ကအတူတူပင်။
အရင်တိုက်ချက်က သူတို့ကို ဒဏ်ရာရစေခဲ့ပြီးဖြစ်လေရာ ယခုတွင်မူ ဒီလက်သီးချက်က လူတိုင်းကို သွေးအလိပ်လိပ်ထစေပြီး သွေးအန်စေသည်။
ချန်ဟွီလက်ထဲက လှံကမူ လွတ်ထွက်သွားခဲ့သည်။
သူ့လက်မနှင့်လက်ညိုးကြားက အရေပြားကမူ ပွင့်သွားခဲ့သည်။
ထိုတိုက်ချက်ပြီးနောက် ပန်ရှီနှင့်ကျန်သောသူများက တိုက်ခိုက်ခြင်းကနေ မရပ်ပေ။
သွေးဘီလူးက ခြေကိုမြှောက်ပြီး ကြယ်တိမ်တိုက်မြို့ရိုးကို ကန်ကျောက်ပစ်သည်။
ဂျုန်း.....!
ထိုအချိန်မှာပင် ကြယ်တိမ်တိုက်မြို့၏ မြို့ရိုးက ပြိုကျသွားရသည်။
ထို့နောက် အားနည်းနေသည့်လဲ့ကျန်းချီနှင့် ကျန်သောသူများထံ ထပ်မံခြေဆောင့်ပစ်သည်။
ဒီအခိုက်အတန့်၌ ဓားချက်တစ်ချက်က သွေးဘီလူး၏ ခြေကို ထိုးဖောက်သွား၏။
သွေးဘီလူး၏ခြေက ရုတ်ချည်းဆိုသလို နှစ်ခြမ်းခွဲခံလိုက်ရပြီး သွေးဆန္ဒအဖြစ် ပြောင်းလဲကာ လေဟာနယ်၌ ပြန့်ကြဲသွားရသည်။
ဒါကိုမြင်သောအခါ လင်းကျိနန်နှင့် ကျန်သောသူများက အတော်လေး ပျော်သွားကြသည်။
ပန်ရှီတို့ကမူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြ၏။
ထိုအချိန်မှာပင် ပုံရိပ်သုံးခုက လင်းကျိနန်နှင့် ကျန်သောသူများဘေး၌ တစ်ချိန်တည်းတွင် ပေါ်လာခဲ့ကြသည်။
ဓားကိုင်ထားသည့်လူတစ်ယောက်က တည်ငြိမ်စွာပြောသည်။
"အဆင့်ချိုးဖျက်တာက အချိန်နည်းနည်း ကြာသွားခဲ့တယ်၊ ကျန်တာတွေကို ငါတို့ကို လက်လွှဲထားလိုက်....."
အပိုင်း(723) coming။